ဖူးငုံတို့နဲ့ Plan များစွာ
Posted by
Unknown
at
1:01 AM
Friday, June 6, 2014
လူ့ဘ၀ရဲ့ အဖြစ်ကို ရလာခဲ့ပြီဆိုရင် လူတစ်ယောက် အနေနဲ့ သူ့မှာ ဖြစ်နိုင်တာ မှန်သမျှ ဖွံ့ဖြိုး တိုးတက်မှုမှာ အကောင်းဆုံး ဖြစ်အောင် လုပ်ချင်ကြတာချည်းပါပဲ။ဒါပေမဲ့ လူတွေက ကိုယ်ဘာလုပ်ချင်လဲ၊ကိုယ်ဘာလိုချင်သလဲဆိုတာကို တိတိကျကျ မသိကြပါဘူး။သူများဘာလုပ်နေလဲဆိုတာ ကြည့်ပြီး သူများလုပ်တာ လုပ်ရရင် ကောင်းမှာပဲလို့ တွေးတတ်ကြပါတယ်။ဒါကြောင့်လည်း ဒီခေတ်လူငယ်တွေ ကိုယ့်အလုပ်မှာ မပျော်မွေ့တာ၊ ကိုယ့်အလုပ်ကိုယ် ကျေနပ်မှု မရှိကြတာတွေဟာ ကိုယ်တစ်ကယ်လိုချင်တာ ဘာလဲဆိုတာကို မသိကြလို့ပါ။ကိုယ်ဘာလုပ်ချင်သလဲ၊ကိုယ် ဘယ်လိုပညာမျိုး သင်ချင်တာလဲဆိုတာ ခိုင်ခိုင်မာမာ မသိတော့ သူများ အယူအဆနောက် အသာလေးမျှောပြီးတော့ လိုက်နေကြတယ်။ ခိုင်မာတဲ့ ယုံကြည်ချက်မရှိတော့ ဒီကွေ့မှာ ဒီတက်နဲ့လှော်မယ်၊ဟိုတစ်ကွေ့ရောက်တော့ ဟိုတက်နဲ့လှော်တာပေါ့ ဆိုသလိုမျိုးပဲ သူတို့လက်ထဲမှာ တက်တွေ အများကြီး ဖြစ်လာတော့တယ်။
ဒီနေရာမှာ “တက်”ဆိုတာကို ဖူးငုံတို့ရဲ့ Plan လို့တွေးကြည့်ရအောင်။ကြီးကြီးကျယ်ကျယ် သုံးနှုန်းရရင် ဖူးငုံတို့ရဲ့ မဟာစီမံကိန်းလို့ ဆိုကြပါစို့။လူငယ်တွေကြား
မှာ အငြင်းပွားနေကြတာ က အဲဒီ Plan ဆိုတာကို တစ်ခုတည်း ထားရမှာလား။Plan တွေအများ ကြီး ထားရမှာလားဆိုတာပါပဲ။ဘုရင့်နောင်ထုံး နှလုံးမူရရင်တော့ ဖောင်ဖျက်တိုက်တဲ့ နည်းဗျူဟာက အောင်မြင်တယ်လို့ ဆိုရမယ်။အဲဒါက စစ်မြေပြင်တိုက်ပွဲဖြစ်နေတာကိုး။ဘ၀တိုက်ပွဲကျတော့ စဉ်းစားစရာ ဖြစ်လာပြီ။ ဏူညေ တစ်ခုတည်းကိုပဲထားပြီး ဘ၀တိုက်ပွဲဝင်ကြတဲ့အခါ အောင်အောင်မြင်မြင် ဆုံးခန်းတိုင်သွား တဲ့သူတွေလည်း ရှိသလို၊ကျဆုံးသွားကြတဲ့သူတွေအဖို့လည်း အပိုဆောင်းထားတဲ့ ဏူညေ မရှိလေတော့ ဘာဆက်လုပ်ရမှန်း မသိကြဘဲ လမ်းခုလတ်မှာ ခါးဆက်ပြတ်သွားသလို ဖြစ်နေတော့တယ်။
ဒါဆို Plan တွေ အများကြီးထားရမှာလားလို့ မေးစရာရှိလာတယ်။အဲဒီလို ဆိုတော့ လည်း အထက်က ဖော်ပြခဲ့သလိုပဲ လက်ထဲမှာ ကိုင်ထားရမယ့် “တက်”အရေ အတွက်တွေ များနေလို့လည်း မဖြစ်ပြန်ပါဘူး။အင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်ကတော့ Plan တွေကို A B C ထားလေ့ရှိတယ်လို့ ဖတ်ဖူးခဲ့တယ်။ကမ်္ဘာမှာ အကြီးကျယ်ဆုံး အော်ပရေးရှင်းတစ်ခုဖြစ်တဲ့ အိုစမာဘင်လာဒင်ကို ဖမ်းဆီးတဲ့ ကိစ်္စမှာ Plan A နဲ့ မအောင်မြင်လို့ Plan Bကိုသုံးခဲ့ရတယ်လို့ တာဝန်ရှိ ပုဂ်္ဂိုလ်တွေ ဖြေတာ နားထောင် ခဲ့ရပါတယ်။Plan B မအောင်မြင်ခဲ့ရင် သူတို့မှာ Plan C ရှိနေသေးတဲ့ အတွက် အောင်ကို အောင်မြင်ရမှာပါလို့ ဆက်လက်ဖြေကြားထားပါသေးတယ်။ဒါပေမဲ့လည်း အောင်မြင်ပြီးတဲ့ အချိန်မှ ပြောတာ ဆိုတော့ ဒါဟာ အမှန်ပါလို့ တတစ်ချ မှတ်ယူလို့ တော့ မဖြစ်သေးဘူးနော်။
အဲဒီတော့ Plan တွေ ဘယ်လောက် ထားရမယ်ဆိုတာ မတွေးခင် ဘယ်လိုထား ရမလဲဆိုတာ အရင်စဉ်းစားကြည့်ရအောင်။တစ်ချို့ကလည်း ဆိုကြတယ် ဘယ်နှနှစ်နေရင် စီးပွားရေး လုပ်ငန်းရှင်ကြီးဖြစ်ရမယ်။နောင်ငါးနှစ်ကြာရင် အောင်မြင်တဲ့ စာရေးဆရာ တစ်ယောက်ဖြစ်ရမယ်။အသက်ဘယ်အရွယ် ရောက်ရင် အထူးကု ဆရာဝန်ကြီး ဖြစ်နေရမယ်။
စသည်ဖြင့် ရည်မှန်းထားတယ်ပေါ့။စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ယောက်ဖြစ်ချင်တဲ့သူက ကိုယ့်မိဘ အသိုင်းအ၀ိုင်း နောက်ခံအင်အားနဲ့ ကိုယ့်မှာ စီးပွားရေးအမြင်၊အတွေ့အကြုံ ဘယ်လောက်ရှိနေလဲဆိုတာ အရင်စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။နောက်ငါးနှစ်နေရင် စာရေးဆရာ ဖြစ်ရမယ် ဆိုတဲ့သူကတော့ အစကတည်းကကို သူ့စီမံကိန်း မှားနေပြီလို့ ဆိုရလိမ့်မယ်။အောင်မြင်တဲ့ စာရေးဆရာ တစ်ယောက်လို့ တွေးနေရင် ပိုပြီးမဖြစ်နိုင်ပါဘူး။စာရေးဆရာဆိုတာ အဲဒီလို စီမံကိန်းနဲ့ ဖြစ်လို့ရတဲ့ အမျိုးအစားထဲမှာ ပါမနေလို့ပါပဲ။
စာရေးဆရာဆိုတာ စာတွေအများကြီးဖတ်ဖို့ လိုတာ မှန်ပေမယ့် စာတွေ အများကြီး ဖတ်နိုင်တဲ့သူတိုင်း စာရေးဆရာ မဖြစ်နိုင်ပါဘူး။ဒါကြောင့်ပဲ မြန်မာနိုင်ငံရဲ့ လူဦးရေ သန်းငါးဆယ်ကျော်မှာ လူသိများအောင်မြင်နေတဲ့ စာရေးဆရာ အရေအတွက်က ငါးသန်း၊ငါးသိန်း၊ငါးသောင်း၊ငါးထောင် မဟုတ်ဘူး။ငါးရာတောင် ရှိ မနေနိုင်ပါဘူး။နောက်တစ်ခုက အသက် ငါးဆယ်အရွယ်ရောက်ရင် အထူးကု ဆရာဝန်ကြီးဖြစ်ရမယ်လို့ စီမံကိန်းချထားတဲ့သူ ဆိုပါတော့။ဒီနေ့ချိန်ခါ မြန်မာနိုင်ငံမှာ အထူးကု ဆရာဝန်တွေ ပေါများလာပြီလို့ ဆိုနိုင်ပေမယ့် လူဦးရေ သန်းငါးဆယ်နဲ့ ယှဉ်လိုက်ရင် အထူးကု အရေအတွက်က လက်တစ်ဆုပ်လောက်ပဲ ရှိတယ် လို့ ပြောရမယ်။သင်္ချာ စကားနဲ့ပြောရရင်တော့ လူတစ်ယောက်နဲ့ တစ်ယောက်က ပေးထားချက်တွေ မတူနိုင်ကြဘူး။ဒါကြောင့် ရလဒ်တွေ ကလည်း ကွဲလွဲကြမှာပဲလေ။
ဒီနေရာမှာ အလျင်းသင့်လို့ စာရေးသူ ဖတ်ဖူးတဲ့ ဟာသလေး တစ်ခု အကြောင်းပြောပြချင်တယ်။ဗဟို ကျန်းမာရေး အဖွဲ့တစ်ဖွဲ့က ကျန်းမာပြီး အသက်ရှည်တဲ့ ယောက်ျားတွေက သေရည်သေရက် မသောက်သုံးကြဘူးဆိုတာ အတည်ပြုဖို့ ကျေးလက်ဒေသတွေထိ ကွင်းဆင်းပြီး စာရင်းကောက်ကြတယ်တဲ့။ရွာတစ်ရွာကို ရောက်တော့ ဦးကြီးတစ်ယောက် ထင်းခွဲနေတာကို တွေ့လို့ ၀င်ပြီးစုံစမ်းကြတယ်။အဲဒီအခါမှာ ထင်းခွဲနေတဲ့သူဟာ ဦးကြီးအရွယ်မဟုတ်ဘဲ အသက် ၈၇ နှစ်ရှိတဲ့ အဖိုးတစ်ယောက် ဖြစ်နေတယ်တဲ့။အဖိုးက သူ့ဘ၀မှာ သေရည်သေရက်နဲ့ပတ်သက်လို့ တစ်ကြိမ်တစ်ခါမှ မသောက်သုံး ဖူးခဲ့ဘူးလို့ ဆိုပါတယ်။ဗဟိုကျန်းမာရေးအဖွဲ့လည်း သူတို့လိုချင်တဲ့ အချက်ရပြီမို့ ၀မ်းသာအားရ နဲ့အဖိုးကို မှတ်တမ်းတင်ကြတယ်။
အဲဒီအချိန်မှာပဲ အိမ်ပေါ်က ပုဂံခွက်ယောက် ကွဲသံတွေ နဲ့အတူ လူတစ်ယောက် အော်ဟစ်သောင်းကျန်း နေသံကို ကြားလိုက်ရတယ်။ဗဟိုကျန်းမာရေးအဖွဲ့လည်း အထိတ်တလန့် ဖြစ်သွားကြပြီး ဘာဖြစ်တာလဲလို့ အဖိုးကို မေးကြတယ်။အဲဒီအခါမှာ အဖိုးက “မလန့်ကြပါနဲ့ ကျွန်တော့် အဖေ အရက်မူးပြီးသောင်းကျန်းနေတာပါ။သူအရက်သောက်တိုင်း ဒီလိုပဲသောင်းကျန်းလာတာ ကျွန်တော့် တစ်သက် ရှိပြီလို့”ပြန်ဖြေလိုက်သတဲ့။ဒီဟာသလေးမှာ အသက်အရှည်ဆုံး အမျိုးသားက တစ်သက်လုံး အရက်သောက်လာတဲ့သူ ဖြစ်နေတယ်။ဆိုလိုချင်တာ လူတစ်ယောက်နဲ့ တစ်ယောက် ခန်္ဓာကိုယ် ဖွဲ့စည်းပုံ၊ခံနိုင်ရည်ရှိပုံ၊ ကျန်းမာသန်စွမ်းပုံချင်းတောင် မတူနိုင်ကြပါဘူး။ကိုယ့်ခံနိုင်ရည်နဲ့ ကျန်းမာရေးအတွက် ဘ၀နေထိုင်မှု ပုံစံတွေလည်း လိုက်တူလို့ မဖြစ်ဘူးလေ။
ဒါဆို ဘာ Plan မှ မထားရတော့ ဘူးလား လို့ ဖူးငုံတို့ မေးချင်ကြလိမ့်မယ်။ Plan ဆိုတာ ထားကို ထားရမယ်။ကိုယ်ဝါသနာနဲ့ ကိုက်ညီတဲ့ Plan ဖြစ်နေဖို့တော့လိုတယ်။ကိုယ်ဖြစ်ချင်နေတာတွေက သူများတွေအတွက် အသေးအဖွဲလေး ဖြစ်ချင်ဖြစ်နေမယ်။လူအများသတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့တိုက်ပြီး အထင်ကြီးမှုလည်း ရချင်မှ ရမယ်။ဒါပေမယ့် ကိုယ်ရွေးချယ်ထားတဲ့ အရာကိုတော့ ခပ်လျော့လျော့ လုပ်လို့ မဖြစ်ဘူး။ကိုယ့်နဲ့ကိုက်တဲ့ အလုပ်ကို စိတ်ပါလက်ပါ ရေရည်လုပ်လာတဲ့ အခါကျမှ အဲဒီဘာသာရပ်၊အဲဒီအလုပ်နဲ့ ပတ်သက်ပြီး ကိုယ်ပိုင်ဥာဏ်နဲ့သိလာတဲ့ အချက်လေးတွေ ရှိလာတယ်။သူများမမြင်၊မသိတဲ့ ရှုထောင့် ဆက်စပ်မှုလေးတွေ တဖြည်းဖြည်းမြင်လာတော့တယ်။
အဲဒီတော့ Plan ထားပြီးရင် အဲဒီ Plan နဲ့ပတ်သက်တဲ့ အရည်အချင်းဆိုတာကို ရှိအောင် အရင်လုပ်ထားရမယ်။အရည်အချင်းရှိမှ အခွင့်အလမ်းဆိုတာ ပေါ်လာရင် အသာလေး ၀င်လိုက်သွားရုံပဲ။အခွင့်အလမ်းပေါ်လာမှ အရည်အချင်းရှိအောင် ထ လုပ်လို့ မရဘူး။အခွင့်အလမ်းဆိုတာ တံတားအောက်က ဖြတ်စီးသွားတဲ့ မြစ်ရေလိုပဲ နောက်တစ်ကြိမ် ပြန်မလာနိုင်တော့ပါဘူး။တံတားအောက်မှာ အခွင့်အလမ်းဆိုတဲ့ မြစ်ရေတွေကတော့ စီးမြဲ စီးနေမှာပဲလေ၊ကိုယ့်နဲ့ကိုက်ညီတဲ့ အခွင့်အလမ်း ဖြစ်ဖို့ဆိုတာပဲ မလွယ်တာ။
ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေးလုပ်ခဲ့တာ တစ်ချိန်မှာ တိုင်းပြည်ခေါင်းဆောင်လုပ်
ဖို့ ၊ ဘယ်နှစ်နှစ်ကြာရင် ပြည်သူတွေ ကြည်ညိုလာဖို့ဆိုတဲ့ ရည်ရွယ်မှ မရှိခဲ့တာ။ဒါပေမဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေလုပ်နေရင်းကပဲ တိုင်းပြည်ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်ခဲ့သလို၊ဗိုလ်ချုပ်ကို မသိမမှီလိုက်တဲ့ ပြည်သူတွေပါ ကြည်ညိုနေကြတာ ဒီနေ့ဒီချိန်ထိတိုင်အောင်ပါပဲ။
မြန်မာ စကားပုံမှာ “ကျွဲကူး ရေပါ” ဆိုတဲ့ ဆိုရိုးစကားတစ်ခု ရှိတယ်။ချောင်းထဲကို ကျွဲ ဖြတ်ကူးတုန်းက ဒီချောင်းထဲက ရေတွေ ကိုယ်ပေါ်ပါလာအောင် သယ်လိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်မရှိဘူး။ဒါပေမဲ့ ချောင်းဖြတ်ကူးပြီးတဲ့ အချိန် သူ့ကိုယ်ပေါ်မှာ ရေက အလိုလို ပါလာတာပဲလေ။ကိုယ်ချထားတဲ့ ဏူညေ အတိုင်းအကောင်အထည်ဖော် ပြီး လုပ်ဆောင်ချက်ဆိုတဲ့ ချောင်းကို ဖြတ်ကူးနေဖို့ပဲလိုတယ်၊အခွင့်အလမ်းဆိုတဲ့ ရေက အလိုလို ပါလာပါလိမ့်မယ်။
Subscribe to:
Post Comments (Atom)
Subscribe
Labels
Blog Archive
-
▼
2014
(46)
-
▼
June
(38)
- ကျွန်မနှင့်ကျွန်မ၏ လောင်ဘက်များ (ဇတ်သိမ်း)
- ကျွန်မနှင့် ကျွန်မ၏လောင်ဖက်များ (ပထမပိုင်း) မဟေသီ ...
- စားသုံးသူ၏ အခွင့်အရေး
- မြင်တတ်မျက်စိ
- နှောင်တွယ်ရစ်ငင် ချစ်ချင်သော်လည်း
- ဖြတ်သန်းနေဆဲ ဘ၀တွေထဲ
- ဖြတ်သန်းခဲ့ရ နှစ်ဘ၀။
- “ အပြစ် မတင်ရက်တော့ပါ”
- ဖူးငုံတို့နဲ့ Plan များစွာ
- တော်သူနေ ရှော်သူသေ
- တံတိုင်းလေလား ပေတံလား
- သက်ရှိ မန်ကျည်းပင်တို့ အကြောင်း
- “သိပါရဲ့လား ကျွန်မသည်”
- “အလည်သွားမိတဲ့ တစ်ညတာ”
- အသုံးချပေးပါ။
- “အပန်းတော်ပြေ”
- ' 96 ' မှတ်တမ်း
- “အကာမဲ့ အနှစ်”
- “သဲကိုးဖြာတို့ ကျင်လည်ရာ” မနွယ်ကို မြ...
- “ချေလိုက်လို့ ကြေသွားတာများလား” နုံအ မ...
- ရှည်နိုင်လွန်းချည့် အပူမရှာချင်လို့ အပ...
- “ပါးလွှာသော စည်းလေးများ”၁။ “မာန် မလုပ်ချင...
- သိက္ခာလေးတော့ ကျန်ချင်သား၁။ သတ်္တ၀ါ မျိုးစိတ်...
- “ချန်ထားပေးပါ” ကျွန်မ စာစ ရေးစဉ် အချိ...
- “ ပြည်ကြီးဘာယာ နှင့် ရဲတိုက်အား ခံစားကြည့်ခြင်း” ...
- “နွေရာသီ ဖက်ရှင်” ကျွန်မတို့ငယ်စဉ် နွေရာသ...
- “အမှီ”(၁) စာရေးကြီး ဦးမြင့်ကျော်တဲ့၊ရန်...
- ပျော့သော နှီးဖြင့် ခိုင်အောင်ချည် ...
- ကယ်လ်ဆမ်ကွေကာ အတွေး ကျုပ်နံမည် ခင...
- “မျက်ဖြေ” ခြောက်နှစ်တာ ကာလအတွင်း ပြန်...
- မြစ်တစ်စင်း......... ချစ်ခြင်းနှင့်အတူ
- ဂျစ်ပစီ မိုးတိမ်
- “မုန်းမာန်ဖွဲ့သော်လည်း”
- “ မကြုံဖူးဆို မယုံဘူးလား”
- မျိုးရိုးက အထက်တန်းစားလေ
- ဆပ်၍ မဆုံးနိုင်တော့သည့် ကျေးဇူးတရားများ
- မြို့ ရေကြည်သို့
- စာရေးဆရာ ဆိုသည်မှာ.
-
▼
June
(38)
0 comments:
Post a Comment