“နွေရာသီ ဖက်ရှင်”
ကျွန်မတို့ငယ်စဉ် နွေရာသီကျောင်းပိတ်ရက်များသည် ကျောင်းသားများရော မိဘ များပါ အနားရသည့် အချိန်ဖြစ်သည်။ကျွန်မ၏သမီးတို့ခေတ် နွေရာသီကျောင်းပိတ် ရက်များ သည် မိဘများရော ကျောင်းသားများပါ အအားမရသည့် အချိန်ဖြစ်နေပါသည်။စာမေးပွဲကြီး ဖြေဆိုနေချိန်အတွင်းမှာပင် ကျောင်းရှေ့များ၌ နွေကျောင်းပိတ်ရက်များ အတွက် သင်တန်း ပေါင်းစုံ လက်ကမ်းကြော်ငြာများ ပလူပျံနေကြသည်။သည်နေ့ခေတ်သည် မိဘများ က အပြိုင်တွန်းနေကြသလို သားသမီးများ ကလည်း အပြိုင်ရွေ့ နေသောခေတ်ကာလ ဖြစ်သည်။ကျွန်မငယ်စဉ်က နွေကျောင်းပိတ်ရက်များတွင် အမျိုးတွေထံ အလည်သွားရ မည်လောက် သာ သိခဲ့သော်လည်း သမီး၏ နွေကျောင်းပိတ်ရက်များ ကတော့ သင်တန်းတွေ တက်ခွင့်ရတော့မည်ဟု သိနေတော့သည်။
အတတ်ပညာများ သင်ယူတတ်မြောက် လိုစိတ်ရှိခြင်းနှင့် အတတ်ပညာများ ပေးဝေလို စိတ်ရှိခြင်းသည် သည်နေ့ခေတ်၏ ကောင်းသော ပြောင်းလဲခြင်းဖြစ်ပါသည်။သို့သော်လည်း ပေးသူဘက်က တစ်ကယ်တတ်မြောက်အောင် သင်ကြားပေးဖို့လိုသလို ယူသူဘက်ကည်း တစ်ကယ်သိအောင် သင်ယူဖို့တော့ လိုမည် ထင်ပါသည်။သည်နှစ် နွေကျောင်းပိတ်ရက်တွင်တော့ ရေကူးသင်တန်း တက်ချင်သည်ဟု ကျွန်မသမီး၏ တောင်းဆိုမှုကြောင့် ရေကူးသင်တန်းကို ကျွန်မ စုံစမ်းရတော့သည်။ရေကူးသင်တန်းသည် တစ်ပတ်လျှင် သုံးရက်တက်ရပြီး တစ်လ အပြတ် သင်တန်းဟုဆိုသည်။သင်တန်းကြေးမှာ သုံးသောင်းခွဲဖြစ်သည်။ဆယ့်နှစ်ရက်ထဲ နှင့် တစ်ကယ်ရေကူးတတ် မတတ် တော့ ကျွန်မ မသိပါ။
နောက်တစ်ခါ သမီးက စန်္ဒရားတီးလည်း သင်ချင်သည်ဟု ဆိုပြန်ပါသည်။ကျွန်မ အားကစားသင်တန်း၏ အနေအထားကြောင့် စန်္ဒရားဆရာမ ကိုရှာရပြန်သည်။ကျွန်မ စုံစမ်းမိသော စန်္ဒရားဆရာမက တစ်ပတ်လျှင် နှစ်ရက်လာပေးမည် ဖြစ်ပြီး နွေသုံးလ အပြတ်အတွက် ဥာဏ်ပူဇော်ခမှာ ငါးသောင်းကျပ်ဖြစ်သည်ဟု ဆိုပါသည်။နှစ်ဆယ့်လေးရက်နှင့် စန်္ဒရား တစ်ကယ် တီးတတ် မတတ်တော့ ကျွန်မ မသိပါ။ကျွန်မ မိတ်ဆွေသမီး ၏ စန်္ဒရား ဆရာမ ကတော့ တစ်ပတ် သုံးရက်လာပေးပြီး တစ်လလျှင် သုံးသောင်းခွဲ နှင့် ကားအကြို၊အပို့ ပါ လုပ်ပေးရသည်တဲ့။သမီးတို့ ကျောင်းရှေ့တွင် လာကြော်ငြာသော အင်္ဂလိပ်စကားပြော သင်တန်းတစ်ခု ကတော့ သုံးလအတွင်း အင်္ဂလိပ်စကားကို လက်တန်းပြောနိုင်ရမည်တဲ့။ကျွန်မမှာ မချင့်မရဲ ဖြစ်စွာနှင့်ထိုကြော်ငြာကို ကျွန်မ အမျိုးသားအား ပြမိသောအခါ အမျိုးသားက “ဘာဖြစ်လို့လဲ သူပြောထားတာ ဖြစ်နိုင်တာပဲ လက်တန်းပြီး ပြောနိုင်ရမယ်လို့ ရေးထားတာပဲလေ” ဟု ဆိုပါသည်။
နွေကျောင်းပိတ်ရက်များတွင် မိဘများ၏၀င်ငွေ အနေအထားကိုလိုက်၍ တတ်နိုင်
သလို သားသမီးများအား သင်တန်းတစ်ခု မဟုတ် တစ်ခုတော့ ထားပေးကြရသည်၊ သင်တန်းတစ်ခုခု တက်နေရခြင်းသည် နွေရာသီ၏ ဖက်ရှင်တစ်ခုသဖွယ်ဖြစ်နေပါသည်။တစ်ကယ်
တတ်မြောက်ခြင်း ရှိ မရှိကတော့ မသေချာပါ။သင်တန်းများကို ကိုယ်တိုင်လိုက်ပို့ပေးနိုင်သော မိဘများက ကိုယ်တိုင်လိုက်ပို့ကြ၍ သင်ကြားပေးမည့် ဆရာများကို အိမ်ခေါ်ပေးနိုင်သော မိဘများက အိမ်ခေါ်သင်ပေးကြသည်။မိဘရော သားသမီးများပါ နွေကျောင်းပိတ်ရက်မှာ အအားမရကြပါ။မိဘများဘက်က ငွေကြေးအရင်းအနှီးအများကြီး မြှုပ်နှံရသလို သားသမီးများ ဘက်ကလည်း အချိန်အရင်းအနှီး အများကြီး ပေးရပါသည်။မြှုပ်နှံရသည့် အရင်းအနှီးနှင့် ပေးထား ရသည့် အချိန်များ ထိုက်တန်အောင် အသုံးချတတ်ဖို့တော့ လိုသည်ဟု ကျွန်မ ထင်ပါသည်။
သည်နေ့ခေတ် အိမ်ထောင်စုများတွင် ခင်ပွန်းသည်ရော ဇနီးသည်ပါ စီးပွားရှာနေကြသည့် အတွက် သားသမီးများ၏ ပညာရေးနှင့် ပတ်သက်လာလျှင် မိမိတို့အတိုင်းအတာကို လိုက်၍ ဘယ်လောက်ကုန် ကုန် စိတ်အေးချင်ကြသည်။လက်တွေ့တွင် တစ်ကယ် စိတ်အေးကြရသည်လားတော့ မပြောနိုင်ပါ။ကျွန်မတို့ အဖေများလက်ထက်တွင် ပညာရေးနှင့်ပတ်သက်သည့် သင်ထောက်ကူပြု ပစ်္စည်းဆိုသည်မှာ ကြားပင် မကြားဖူးခဲ့ပါ။သို့သော်လည်း အဖေတို့ခေတ်လူကြီးများ စာတစ်ကယ်တတ်ခဲ့ကြပါသည်။ကျွန်မတို့လက်ထက် တွင် သင်ထောက်ကူပြု ပစ်္စည်း များစတင်တော့ မည်ဟု ကြားသိရုံသာ ကြားသိခဲ့ဖူးသော်လည်း ကျွန်မတို့ ခေတ်လူလတ်ပိုင်းများ သည်လည်း စာအနည်းငယ် တတ်ကြပါသည်။သင်ထောက်ကူပြု ပစ်္စည်းများ အပြည့်အ၀ သုံးနေနိုင်သော သမီးတို့ခေတ်တွင်လည်း စာတစ်ကယ်တတ်သည့် ကလေးများ ဖြစ်လာ စေချင်ပါသည်။
အတတ်ပညာများကို အာသာငမ်းငမ်း ရှာဖွေနေကြသော သည်နေ့ခေတ်တွင် လူငယ် လူရွယ်ကလေးများ ဘာမဆို သိချင် တတ်ချင်စိတ်ရှိနေခြင်းသည် ကောင်းသော တိုးတက် ခြင်းဖြစ်ပါသည်။သို့သော်လည်း အတတ်ပညာများသင်ယူနေ ခြင်းကို ဖက်ရှင်တစ်ခု သဖွယ်၊ဂုဏ်လုပ်စရာ တစ်ခုသဖွယ် သဘောထားလိုက်မှာ၊သင်တန်းတစ်ခုခု တက်နေမှ ခေတ်မီခြင်း သဘောမျိုးဖြစ်နေမှာကိုတော့ စိုးရိမ်မိပါသည်။အတတ်ပညာတစ်ခုခုအား သင်ကြားပြသနိုင်သည့် အရည်အချင်း ရှိသူများကလည်း တန်းခွဲအရေတွက်များများ သင်နိုင်ခြင်းကို ဂုဏ်ယူနေမည့်အစား အရည်အချင်းပြည့် အတန်းသားများများ ပေါ်ထွက်လာခြင်းကို ဂုဏ်ယူ နေနိုင်လျှင် ပိုကောင်းပါမည်။
မည်သို့ပင်ဖြစ်စေ သည်နွေကျောင်းပိတ်ရက်များတွင်လည်း သင်တန်းပေါင်းစုံ တက်နေမည့် ကျောင်းသားများရှိနေမှာ ဖြစ်သလို သင်ကြားပေးနေမည့် ဆရာများလည်း ရှိနေမှာ သေချာပါသည်။သည်နွေကျောင်းပိတ်ရက်များကို သင်ကြားသူ နှင့် သင်ယူသူ နှစ်ဦးနှစ်ဖက် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေလို့ ဆုတောင်းရင်း “ပညာရွှေအိုး”ဆိုသည့် တင်စားချက်ကို ကျွန်မကတော့ အပြည့်အ၀ ထောက်ခံနေမိပါသည်။
Subscribe to:
Post Comments (Atom)
Subscribe
Labels
Blog Archive
-
▼
2014
(46)
-
▼
June
(38)
- ကျွန်မနှင့်ကျွန်မ၏ လောင်ဘက်များ (ဇတ်သိမ်း)
- ကျွန်မနှင့် ကျွန်မ၏လောင်ဖက်များ (ပထမပိုင်း) မဟေသီ ...
- စားသုံးသူ၏ အခွင့်အရေး
- မြင်တတ်မျက်စိ
- နှောင်တွယ်ရစ်ငင် ချစ်ချင်သော်လည်း
- ဖြတ်သန်းနေဆဲ ဘ၀တွေထဲ
- ဖြတ်သန်းခဲ့ရ နှစ်ဘ၀။
- “ အပြစ် မတင်ရက်တော့ပါ”
- ဖူးငုံတို့နဲ့ Plan များစွာ
- တော်သူနေ ရှော်သူသေ
- တံတိုင်းလေလား ပေတံလား
- သက်ရှိ မန်ကျည်းပင်တို့ အကြောင်း
- “သိပါရဲ့လား ကျွန်မသည်”
- “အလည်သွားမိတဲ့ တစ်ညတာ”
- အသုံးချပေးပါ။
- “အပန်းတော်ပြေ”
- ' 96 ' မှတ်တမ်း
- “အကာမဲ့ အနှစ်”
- “သဲကိုးဖြာတို့ ကျင်လည်ရာ” မနွယ်ကို မြ...
- “ချေလိုက်လို့ ကြေသွားတာများလား” နုံအ မ...
- ရှည်နိုင်လွန်းချည့် အပူမရှာချင်လို့ အပ...
- “ပါးလွှာသော စည်းလေးများ”၁။ “မာန် မလုပ်ချင...
- သိက္ခာလေးတော့ ကျန်ချင်သား၁။ သတ်္တ၀ါ မျိုးစိတ်...
- “ချန်ထားပေးပါ” ကျွန်မ စာစ ရေးစဉ် အချိ...
- “ ပြည်ကြီးဘာယာ နှင့် ရဲတိုက်အား ခံစားကြည့်ခြင်း” ...
- “နွေရာသီ ဖက်ရှင်” ကျွန်မတို့ငယ်စဉ် နွေရာသ...
- “အမှီ”(၁) စာရေးကြီး ဦးမြင့်ကျော်တဲ့၊ရန်...
- ပျော့သော နှီးဖြင့် ခိုင်အောင်ချည် ...
- ကယ်လ်ဆမ်ကွေကာ အတွေး ကျုပ်နံမည် ခင...
- “မျက်ဖြေ” ခြောက်နှစ်တာ ကာလအတွင်း ပြန်...
- မြစ်တစ်စင်း......... ချစ်ခြင်းနှင့်အတူ
- ဂျစ်ပစီ မိုးတိမ်
- “မုန်းမာန်ဖွဲ့သော်လည်း”
- “ မကြုံဖူးဆို မယုံဘူးလား”
- မျိုးရိုးက အထက်တန်းစားလေ
- ဆပ်၍ မဆုံးနိုင်တော့သည့် ကျေးဇူးတရားများ
- မြို့ ရေကြည်သို့
- စာရေးဆရာ ဆိုသည်မှာ.
-
▼
June
(38)
0 comments:
Post a Comment