“မျက်ဖြေ”
ခြောက်နှစ်တာ ကာလအတွင်း ပြန်မရောက်ဖြစ်တဲ့ နန်းရဲ့ဒေသလေးက နန်း ကို နွေးနွေး ထွေးထွေး ကြိုဆိုနေတုန်းပါပဲ။လမ်းပန်းဆက်သွယ်ရေးတွေ အရင်လို မခက်ခဲမှု၊ ခေတ်မီ တိုးတက် လာတဲ့အဆောက်အအုံတွေ ပြောင်းလဲမှုရှိနေပေမဲ့ နန်း တို့ဒေသလေးက လုံးဝပုံစံပြောင်းသွားတာတော့ မဟုတ်ပါဘူး။ကမ်္ဘာတစ်ဝှန်း လုံးမှာ သစ်တောပြုန်းတီးမှုကြောင့် ပူနွေးတဲ့ဒဏ်ကိုခံနေကြရပေမဲ့ တောင်ဂတုန်း မဖြစ်သေးတဲ့ နန်း တို့ရဲ့ တောင်တန်းကြီးတွေကြောင့် နန်း တို့ဒေသက အေးမြ နေ ဆဲပါ။ဒီဒေသလေးကို ခြောက်နှစ်နှစ် လုံးလုံး နန်းပြန်မလာဖြစ်တာ မောင့် မျက်လုံး မောင့်အမုန်းတွေကို ရင်ဆိုင်မရဲလို့ဆိုရင် မောင်ယုံနိုင်ပါ့မလား။အင်းလေ မောင်က နန်းကိုဆိုရင် အတ်္တကြီးတဲ့မိန်းမ အသည်းမာတဲ့ မိန်းမရယ်လို့ ၀ိသေဿထူးတွေ ပေးထားတာကိုး။
ရှမ်းကုန်းမြင့်ကြီးတွေကို ဖြတ်လာပြီဆိုရင်ပဲ နန်း တစ်ယောက် အထက် တန်းကျောင်းသူ ဘ၀တုန်းက ဒီဒေသလေးမှာ စက်ဘီးတစ်စီးထဲ နှစ်ယောက် အတူစီးပြီး ကျောင်းတက်ခဲ့ရတာတွေ၊အအေးဒဏ်ကို အကြောင်းပြလို့ မောင့်နောက် ကျောကို တိုးကပ် ခေါင်းမှီရင်း စက်ဘီးနောက်က ထိုင်လိုက်ခဲ့ရတာတွေ၊ဒီ အဖြစ် တွေကို တမ်းတ နေတော့တာ မဟုတ်ပေမဲ့ မမေ့နိုင်သေးပါဘူးလို့ဆိုရင်မောင်တစ် ယောက် ဟားတိုက် လှောင်ရယ်နေအုံးမလား။မောင်ပြောနေကျ စကားအတိုင်း “ဒေါ်နန်း ရယ် ခင်ဗျားကတော့ ကြီးကြီးပြော ကျယ်ကျယ်ပြန့်ပြန့် တွေး ပြီးတော့ ကြောင်ကြောင် တောင်တောင် အလုပ်တွေ လုပ်တတ်ပါပေတယ်”တဲ့။မောင် စိတ်ဆိုးရင် နန်းကို ဒေါ်တပ်ခေါ်တာတွေ ခင်ဗျားတစ်လုံး ကျူပ်တစ်လုံးနဲ့ စကားပြော တတ်တာတွေ အရာရာကို သတိရနေဆဲပါ မောင်။
စာသင်ချိန်တွေမှာ နန်းရဲ့စိတ်ကို ဘယ်အရာကမှ မလွှမ်းနိုင်ပေမဲ့ အဆောင် ပြန်ရောက်လို့ ခဏနားနေချိန်တိုင်းမှာ ခုချိန်ဆို မောင်တစ်ယောက် ဘာတွေ လုပ်နေမလဲလို့ တွေးမိတယ်။ရန်ကုန် သူနာပြုတက်္ကသိုလ်ရဲ့ အဆောင် မှာတော့ နန်းရဲ့ အခန်းဖော် သူငယ်ချင်းက ကရင်မလေးလေ။နန်းတို့တက်ရတဲ့ နှစ်တွေတုန်းက မန်္တလေးသူနာပြုတက်္ကသိုလ် ဆိုတာ မရှိသေးတော့ မြန်မာတစ်နိုင်ငံ လုံးရဲ့ နေရာဒေသ အသီးသီးက နန်းနဲ့ ၀ါသနာတူ ညီအစ်မတွေကို တွေ့ဆုံ ပေးတဲ့ ဒီတက်္ကသိုလ် ကြီးကို နန်းဘ၀မှာ မောင်ပြီးရင် သံယောဇဉ် အရှိဆုံးပါ။
စာသင်နှစ်ဝက် လောက် မှာ တစ်ယောက်အကြောင်း တစ်ယောက်သိလာ ကြတော့ နန်းရဲ့ အခန်းဖော် “နော်ဖောမူး”ကို မောင့်အကြောင်း အလွမ်းပြေ ရင်ဖွင့်မိတယ်။“မနော်ရယ် ငယ်ကချစ်အနှစ်တစ်ရာ မမေ့သာတဲ့၊အချစ်ဦးကို တစ် သက်လုံး မေ့လို့ မရဘူးဆိုတာ တစ်ကယ်လားဟင်”လို့မေးမိတော့ မနော်ကတော့ ကရင်မလေးပီပီ “နန်းရယ် အတိတ်မေ့တတ်တဲ့ သူ မဟုတ်ရင် ကိုယ့်ဘ၀မှာ ဘယ်သူ့ကို အရင်ဆုံး ချစ်ခဲ့မိတယ်
ဆိုတော့ ကို ဘယ်မေ့နေပါ့မလဲ၊တမ်းတမ်းတတ ဖြစ်နေပြီး မမေ့နိုင်တာကို ပြောတာမဟုတ်ဘူး ထင်ပါတယ်ဟယ်”တဲ့။ဘွင်းဘွင်းကြီး ပြောချ လိုက်တယ်။ပြီးတော့ မနော်က ပြောသေးတယ် “နန်း နင် အသည်းသိပ်ကွဲ နေတယ် ထင်ရင်လည်း နင့်အသည်း ဆူပါဂလူးသာ ကပ်ထားလိုက်တော့ ငါ ကြားရတာ နားကြားပြင်း ကပ်လာပြီတ”ဲ့။လက်တွေ့ဆန်တဲ့ မနော်ရဲ့ စကားတွေ ကြောင့် စာသင်နှစ် လေးနှစ်တာ ကာလကို နန်းတစ်ယောက် အဓိပ်္ပါယ်ရှိရှိ ကျော်ဖြတ်နိုင်ခဲ့တာပါ။
စာသင်နှစ်ရဲ့ ဒုတိယနှစ်ဝက်မှာတော့ မောင်တစ်ယောက် လက်ထပ် သွားပြီ ဆိုတဲ့သတင်း တစ်ဆင့်စကားနဲ့ကြားလိုက်ရပါတယ်။မောင့် ဇနီးက နန်းတို့မြို့သူတော့ မဟုတ်ဘူးတဲ့။အသည်းကွဲတယ်ဆိုတဲ့ အရသာကို အသည်း မကွဲဖူးတဲ့သူတွေ ကတော့ ဘယ်ကိုယ်ချင်းစာတတ်ပါ့မလဲ။တက်္ကသိုလ် တန်းဝင် တွေအောင် ပြီးတဲ့နှစ်မှာ မောင့် ကို မောင့်အိမ်က မိဘအလုပ်အကိုင်ဖြစ်တဲ့ လက်ဖက်ခြောက် ပွဲရုံမှာပဲ ထိုင်စေခဲ့ပြီး အဝေးသင် ဆက်တက် စေခဲ့တယ်နော်။နန်းကတော့ နန်းဝါသနာ ပါတဲ့ သူနာပြု တက်္ကသိုလ် တစ်ခုထဲကိုပဲ လျှောက်ခဲ့တာပါ။မောင်တို့လောက် စီးပွားရေးမပြေလည်ဘဲနဲ့ နန်း တက်္ကသိုလ်သွားတက်ဆိုတော့ လူတွေက နန်းကို မိဘကို မငဲ့ညှာဘူးလို့ စွတ်စွဲခဲ့ကြတယ်နော်။
မောင်ကလည်း မောင်အိမ်မှာ တစ်ဦးတည်းသားဖြစ်သလို နန်းကလည်း နန်းအိမ်မှာ တစ်ဦးတည်းသော သမီးပါ။နန်းအဖေက မောင့်ဖေဖေလောက် ၀င်ငွေ မများ ပေမဲ့ “သမီး ၀ါသနာပါတဲ့ အလုပ်က မွန်မြတ်တဲ့အလုပ်ပဲ၊သူနာပြု တက်္ကသိုလ်ကို စိတ်ဖြောင့်ဖြောင့် သွားတက်ပါ။ဖေဖေတို့မှာ ဒီသမီးတစ်ယောက် ပဲရှိတာ၊ဖေဖေ သမီးကိုကျောင်းထားနိုင်တယ် မိသားစုကလည်း များကြတာမှ မဟုတ်တာ။သမီးမေမေရဲ့ အိမ်ဆိုင်လေးကလည်း မိသားစုဝင်ငွေကို တစ်ဖက် တစ်လမ်း ထိန်းပေးနိုင်ပါတယ်။သမီးကို တက်္ကသိုလ်ပို့တာ ဖေဖေတို့အတွက် အတွက် မနိုင်ဝန်ထမ်းတာ မဟုတ်ပါဘူး သမီး”တဲ့။
မောင်နဲ့နန်း မိသားစုနည်းကြတာချင်း တူပေမဲ့ မောင့်အိမ်က မောင့်ကို ဘယ်မှ မလွှတ်ချင်ဘဲ သူတို့မျက်စိအောက်မှာပဲ ထားလိုသူတွေ။နန်းမိဘတွေ က တော့ အမြင်ကျယ်တယ်ပြောရမလား၊ခေတ်မီတယ်ပဲ ပြောရမလား၊နန်းကို ဒေသ ပေါင်းစုံမှာ လူမျိုးပေါင်းစုံနဲ့ သိကျွမ်းပြီး အသိပညာသစ်၊ အတတ်ပညာသစ် တွေရ စေချင်သူ၊နန်းကို မိသားစု တစ်ခုထဲ၊နေရာဒေသတစ်ခုထဲမှာ မမြုပ်နှံ စေချင်လိုသူတွေ။မောင့်ကို မောင်မိဘတွေက အိမ်ထောင်ပြုပြီး ဇနီးမယား၊ သမီးသားတွေနဲ့ သူတို့နားမှာ သိုက်သိုက်ဝန်ဝန်း နေခိုင်းနေချိန်မှာ နန်းမိဘတွေ ကတော့ သူတို့နားထွက်ခွာဖို့ နန်းကို အတောင်ပံအသစ်တွေ တပ်ပေးနေချိန်ပေါ့။
“နန်းရယ် အဝေးသင်ပဲတက်ပါ၊ငါတို့ အကြာကြီးခွဲဖို့ မလိုဘူးပေါ့။သူနာပြု ဖြစ်ရင် တာဝန်ကျရာနေရာတွေသွားရမှာ၊ကိုယ့်အရပ်ကိုယ့် ပြန်ရဖို့အချိန် ယူရမယ်။နင့်မိဘတွေ အရေးအကြီးဆုံးအချိန်မှာ နင်မရှိနိုင်မှာ မကြောက်ဘူးလား”
လို့ မောင်က ဆိုလာတယ်။“သွားရေးလာရေးခက်လို့ အသက်မသေသင့်ပဲ သေကြရတဲ့ သူတွေရှိတယ်၊ ဆေးဝန်ထမ်းတွေ လောက်လောက်ငှငှ မပေးနိုင်လို့ ကျန်းမာရေး အခက်ကြုံနေရတဲ့ ဒေသတွေမှာ တာဝန်သွားထမ်း ချင်ပါသေးတယ်၊ တိုင်းပြည်တာဝန် ကို တစ်ဖက် တစ်လမ်းက ကူကြည့် တာပေါ့။ပြီးတော့ နန်းအဖေ နဲ့ အမေက အခုကျန်းမာ နေတာပဲ သူတို့မကျန်းမမာဖြစ်တဲ့ အချိန်ကျရင်လည်း နန်း ပြန်လာပြီး ပြုစုပေးလို့ ရတာပဲ” လို့ဆိုမိတော့ “ဒေါ်နန်း ဘုတ်အုပ်ထဲက စာ စကားတွေလျှောက် ပြောမနေနဲ့ ခင်ဗျားပြောပုံက သူနာပြု မလုပ်ရင်ပဲ တိုင်းပြည်ကို အကျိုးမပြုတဲ့သူလို ဖြစ်နေပြီ၊ ခင်ဗျားမသွားလည်း အဲဒီဒေသတွေမှာ သူနာပြု ဆရာမတွေက ရှိပြီးသားပါ၊ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပါဘူးဟာ”။တဲ့ မောင်ကတော့ ပစ်ပစ်နှစ်နှစ်ဝေဖန်ခဲ့တယ်။နန်းကလည်း အားကျမခံ “မောင့်လိုသာတွေးပြီး မသွားပဲနေကြရင် အဲဒီဒေသတွေမှာ သူနာပြုတွေရှိနေပါ့မလား”လို့ပြန်ပြောခဲ့တယ်။
“နောက်ပြီး အခု နန်းတို့အရွယ်ကအိမ်ထောင်ပြုရမဲ့ အရွယ်တွေမှ မဟုတ်သေးတာ မောင်ရယ် နန်းကျောင်းပြီးသွားလို့ အလုပ်ဝင်တဲ့ အချိန်ရောက်ရင်လည်း မောင်နဲ့ ယူလို့ ရတာပဲမလား။”လို့ဆိုတော့ “နန်း နင် တာဝန်ကျတဲ့ နောက်ကို မောင်က လျှောက်လိုက် ရမယ်ပေါ့ ဟုတ်လား၊ ပြီးတော့ မောင့်အိမ်က မောင့်ကို အခု တစ်နှစ် နှစ်နှစ်အတွင်း အိမ် ထောင်ပြုစေချင် နေတာ”။တဲ့ နန်းက“နန်းကို ယူရင်ရော မောင့်အိမ်က သဘောကျမှာ မို့လို့လား ဆိုတော့”။ “အခုနန်းက မောင့်ကိုယူမယ်ဆိုရင် အဲဒါတွေ ရင်ဆိုင်ရဲပါတယ်လို့” နန်းမေးခွန်းနဲ့ မသက်ဆိုင်တဲ့ အဖြေကို မောင်ကပေးခဲ့ တယ်လေ။ဒီလိုနဲ့ပဲ နန်းနဲ့မောင် ဘယ်သူကမှ လမ်းခွဲစကားမပြောခဲ့ရပဲ ညောင်ညိုပင်ဇာတ်လမ်း တစ်ခန်းရပ် ခဲ့ကြတယ်နော်။
လေးနှစ်တာကာလရဲ့ စာသင်နှစ်အပြီးမှာတော့ နန်းဒေသကို မပြန်ဖြစ်တော့ဘဲ ဆရာမတစ်ယောက်အကူအညီနဲ့ ရန်ကုန်ကအပြင်ဆေးရုံတစ်ခုမှာနန်း အတွေ့အကြုံရအောင် ၀င်လုပ်နေလိုက်တယ်။ပိုစတင်ကျလာတော့ နန်းက မနော်တို့ရဲ့ ဒေသကို တာဝန်ကျပြီး၊မနော်ကတော့ မြစ်ဝကျွန်းပေါ်ဒေသကို တာဝန်ကျခဲ့ကြတယ်လေ။ပွင့်လင်းတဲ့ ကရင်တိုင်းရင်းသားတွေကြား နန်းပျော်နေတယ် ဆိုပေမဲ့ “ ဇွဲကပင်” တောင်ကြီးကို ကြည့်နေရင်းက ရှမ်းရိုးမ ကိုပဲ မျက်စိထဲမြင်ယောင်နေတာတွေ၊ တာလပေါဟင်း စားနေရင်း က ရှမ်းပဲပုတ်ကို လွမ်းနေတာရတွေကတော့ ဒေသအစွဲကြောင့်ဆိုတာ နန်းဝန်ခံပါတယ်။
နန်းအဖေနဲ့အမေကတော့ ကျန်းမာစွာဖြင့် တာဝန် ထမ်းဆောင်ဆဲပါ ဆိုတဲ့ နန်းရဲ့ စာချွန်လွှာတွေဖတ်ပြီး၊နေရပ်ပြန်မလာသေးတဲ့ သမီးအပေါ် အပြစ်မမြင်ခဲ့ကြပါဘူး၊နှစ်နှစ် တာကာလအတွင်း မနော်တို့ ဒေသမှာ နန်းတစ်ယောက် အတွေ့အကြုံလည်းမျိုးစုံ၊ ပညာလည်းမျိုးစုံ ရခဲ့ပါတယ်။အတွေ့အကြုံ အသစ်တွေကြား အရင်လို မောင့်ကို တမ်းတ မနေနိုင်တော့တာက နန်းအတွက် ကြီးမားတဲ့ ဆုလာဘ်တစ်ခုပါပဲ။နန်း ကိုယ့်ဒေသကို တာဝန်ထမ်းခွင့်ကျလာတဲ့အခါမှ မောင့်ပုံရိပ်
မောင့်အကြောင်းတွေ အတွေးထဲပြန်ရောက်လာတော့တယ်။တာဝန်ကျရာ ရွာကို မသွားခင် အဖေနဲ့အမေ့ နားလေး နန်းခဏအနားယူရင်းနန်းရဲ့ လုပ်ငန်း အတွေ့အကြုံတွေ ပြန်ဖောက်သည်ချဖြစ်တယ်။အဖေကလည်းနန်းကို မောင့်အကြောင်းတွေ အရိပ်အမြွက်ပြောပြခဲ့တယ်။
မောင်မိဘ နှစ်ပါးလုံးမရှိတော့တဲ့ အကြောင်း၊အဲဒီနောက်ပိုင်း လက်ဖက်ခြောက် ပွဲရုံကိုဖြုတ်ပစ်ခဲ့ပြီး ယောက်္ခမဘက်က ရွာမှာ လိမေ်္မ်ာနဲ့ ပန်းသီးခြံတွေဝယ်ပြီး စိုက်ပျိုးနေတယ် ထင်ကြောင်းတွေ ပြောပြနေတယ်။မောင့် ယောက်္ခမ ရွာကိုတော့ အတိအကျ သိပုံ မပေါ်ပါဘူး။နန်းသိလည်း မသိချင် တော့ပါဘူး၊နန်းတာဝန်ကျရာ ဒေသတွေကို လိုက်ရမှာ ကြောက်တဲ့မောင်တစ်ယောက် အခုတော့ လက်ဖက်ခြောက် ပွဲရုံတောင်ဖြုတ်ပြီး မိန်းမရွာကို ကောက်ကောက်ပါအောင် လိုက်သွားတာပါလား။သူတို့သားကို ဇနီးမယား သမီးသားနဲ့ သူတို့နားမှာ သိုက်သိုက်ဝန်းဝန်းနေတာ မြင်ချင်ခဲ့တဲ့ မောင့် အဖေနဲ့အမေ ဘယ်လောက်ကြာကြာ သူတို့မြင်သွား နိုင်ခဲ့လဲ။ကမောက်ကမနိုင်လှ တဲ့ လောကကြီးကို နန်း တရားရမိ သလိုတောင် ဖြစ်သွားတယ်။
နန်း တာဝန်ကျရာ ရွာလေးကိုရောက်သွားတော့ ညနေတောင်စောင်းနေပြီ။ ကျေးရွာကစီစဉ်ပေးထားတဲ့ အိမ်လေးမှာ အထုပ်အပိုးနေရာချရင်း နန်း အိမ်ကို အကဲခတ်ကြည့်လိုက်တယ်။သန့်ရှင်းသပ်ရပ်တဲ့ ဧည့်ခန်းလေးနဲ့အတူ အိပ်ခန်းသုံးခန်းဖွဲ့စည်းထားတာကို တွေ့ရတယ်။ ကျောင်းဆရာမ လေးနှစ်ယောက်က အရင်နေနှင့်ပြီးသား။နန်းကို ဆရာမလေးနှစ်ယောက်က ညစာကျွေးကြတယ်။ညစာစားအပြီး စကားစမြည်ပြောကြရင်း ည ဆယ့်တစ်နာရီ ကျော်သွားတယ်။ကိုယ့်အခန်းကိုယ် အိပ်ယာဝင် ကြပြီး ဆယ့်ငါးမိနစ်လောက်ကြာတော့ “ဆရာမရေ” ဆိုပြီးအိမ်ရှေ့က အော်ခေါ်သံကြားလိုက်ရတယ်။ဘယ်ဆရာမကို ခေါ်တာလဲမသိလို့ ခဏငြိမ်နားထောင်နေတုန်း မျက်နှာချင်းအိပ်ခန်းထဲက ကျောင်းဆရာမလေးက ထွက်မေးနေသံကြားလိုက်ရတယ်။
နန်းနဲ့ သက်ဆိုင်တယ်ဆိုတာသိရတာနဲ့ နန်း မအိပ်သေးကြောင်း အသံပြုလိုက်ရတယ်။သူတို့ခြံရှင်ရဲ့ အမျိုးသမီး မီးဖွားချင်သလိုဖြစ် နေလို့ ဆရာမလေး ကိုလာခေါ်တာလို့ပြောတော့ နန်းလည်း ဆေးအိတ်ဆွဲပြီး လိုက်သွားလိုက်တယ်။ရောက်ရောက်ချင်း ညရဲ့ ပွဲဦးထွက်ပေါ့လို့ နန်းတွေးလိုက်မိတယ်။နန်း အိမ်ထဲဝင် လိုက်တယ်ဆိုရင်ပဲ အမျိုးသမီးရဲ့ ငြီးတွားသံ သဲ့သဲ့ကို ကြားလိုက်ရတယ်။ စိုးရိမ်သောကမျက်နှာနဲ့ အမျိုးသမီးကြီးက နန်းဝင်လာတာတွေ့တော့ စိတ်သာရာ ရ သွားပုံပေါ်တယ်၊မိခင်လောင်းရဲ့ အမေထင်ပါတယ်။အရင် ကိုယ်ဝန်နှစ်ကြိမ် ဆောင်ဘူးပေမဲ့ အဖတ်မတင်ဖြစ်ခဲ့တယ်လို့ နန်းကို ရှင်းပြနေတယ်။
နန်းပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရင်း မိခင်လောင်းကို ကြည့်လိုက်တော့ အသက်အနည်းနည်း ကြီးပုံပေါ်တယ်။ကလေးက မိခင်ဗိုက်ထဲမှာ ကန့်လန့်ဖြစ်နေပြီး အနေအထားမှန်အောင် လှည့်ပေးတော့လည်း ခြေက ဖွားဖြစ်နေတယ်။အသက်လုပြီး မီးဖွားပေးလိုက်ရတာ မဟုတ်ပေမဲ့လည်း အချိန်မီ မီးဖွားမပေးနိုင်ရင်၊မီးဖွားပေးတဲ့သူ မကျွမ်းကျင်ရင် မိခင်ရော ကလေးကိုပါ အသက်အန်္တရာယ်ထိခိုက် နိုင်တယ်။နန်းရဲ့ပွဲဦးထွက် အောင်မြင်မှုပေါ့။ကလေးက မိခင်နို့စို့နေပြီ ဖြစ်တဲ့အချိန် နန်းလည်းဆေးအိတ်တွေသိမ်းပြီး ပြန်ဖို့ပြင်ဆင်တော့တယ်။အဲဒီအချိန်မှာ အမျိုးသားတစ်ယောက် ရဲ့အသံကို ကြားလိုက်ရတယ်။“ကျေးဇူးတင်လိုက်တာ ဆရာမရယ် မနက်ဖန် မနက်ပဲ မီးဖွားဖို့ မြို့ကိုကြို ပြီးသွားတော့မလို့ မွေးဖို့သတ်မှတ်ထားတဲ့ရက်က နှစ်ပတ်ကျော်ကျော် လောက် လိုသေးတော့ ဒီလောက်မြန်လိမ့်မယ် မတွေးလိုက်မိဘူး”တဲ့။နန်းဘယ်လိုမှ မမေ့နိုင်တဲ့ ဒီအသံ၊သေချာအောင် လှည့်ကြည့်လိုက်တော့ မှုန်ဝါးနေတဲ့ မီးရောင်အောက်မှာပေမဲ့ စွဲလန်းခဲ့ဖူးတဲ့ အရိပ်တစ်ခုကို တွေ့လိုက်ရတယ်။
“နှမ်းတစ်စေ့ပေမဲ့ ဆီတော့ ဖြစ်တယ်မဟုတ်လား မောင်မောင်ရယ်” လို့ နံမည် အပြည့်အစုံ ခေါ်ပြီး နန်းက ပြောလိုက်တော့ “ဟာ နန်း နင်ဖြစ်နေတာလား၊ဒါ ငါ့အမျိုးသမီးလေ ဒါငါတို့ရဲ့ သားဦးပဲ၊အမျိုးသမီးက ငါ့ထက် ခြောက်နှစ်ကျော်ကြီး တယ်တဲ့”။“အေးလေ နန်းမဖြစ်လို့ဘယ်သူဖြစ်နိုင်မှာလဲ၊”လို့ဆိုတော့ “ဟုတ်တယ်ဟာ ဒေသခံလူမဟုတ်ကြတော့ မကြာခဏ သူနာပြုဆရာမလေးတွေ ပြောင်းနေတယ်၊ နောက်အသစ်တစ်ယောက် ထပ်မလာနိုင်သေးသ၍ ရွာမှာ သူနာပြုနေရာ လစ်ဟာနေမြဲပဲ။သူတို့ကိုလည်း အပြစ်ပြောလို့မရ ပါဘူး။ကိုယ့်ဒေသမှာသာ ကိုယ်ပျော်ကြမှာပဲလေ”တဲ့။ တော်တော် တိုးတက်လာတဲ့ မောင့် အတွေးအခေါ်တွေပါလား။
အရင်က နန်းကို သူနာပြုဆရာမ မလုပ်ဖို့ အတိုက်အခံပြောခဲ့တာ သူမဟုတ် သလိုပါပဲလား။ သူ့သားမျက်နှာကို တစိမ့်စိမ့်ကြည့်နေတဲ့ မောင့်မျက်လုံးမှာ အရင်ကလို အမုန်းတွေ မရှိတော့ပါဘူး။နန်းနဲ့ ပတ်သက်ပြီး သူဘာမှ မခံစားခဲ့ဘူးသလို၊နန်းကို ဘယ်တုန်းကမှ စိတ်မဆိုးခဲ့ဘူးသလိုပဲနော်။ဘာပဲဖြစ်ဖြစ် မောင့်အမုန်း၊မောင့်အမျက် တွေပြေဖို့ စောင့်ခဲ့ရတဲ့ ခြောက်နှစ်တာ ကာလဟာ အခုတော့လည်း ဘာမှ မကြာ လိုက်သလိုပါပဲလား။တစ်ကယ့်ကို ဘာမှ မကြာလိုက်သလိုပါပဲ။
ခင်သန်္တာ
၆ရက်၊၁၁လ၊၂၀၀၉ခုနှစ်
Subscribe to:
Post Comments (Atom)
Subscribe
Labels
Blog Archive
-
▼
2014
(46)
-
▼
June
(38)
- ကျွန်မနှင့်ကျွန်မ၏ လောင်ဘက်များ (ဇတ်သိမ်း)
- ကျွန်မနှင့် ကျွန်မ၏လောင်ဖက်များ (ပထမပိုင်း) မဟေသီ ...
- စားသုံးသူ၏ အခွင့်အရေး
- မြင်တတ်မျက်စိ
- နှောင်တွယ်ရစ်ငင် ချစ်ချင်သော်လည်း
- ဖြတ်သန်းနေဆဲ ဘ၀တွေထဲ
- ဖြတ်သန်းခဲ့ရ နှစ်ဘ၀။
- “ အပြစ် မတင်ရက်တော့ပါ”
- ဖူးငုံတို့နဲ့ Plan များစွာ
- တော်သူနေ ရှော်သူသေ
- တံတိုင်းလေလား ပေတံလား
- သက်ရှိ မန်ကျည်းပင်တို့ အကြောင်း
- “သိပါရဲ့လား ကျွန်မသည်”
- “အလည်သွားမိတဲ့ တစ်ညတာ”
- အသုံးချပေးပါ။
- “အပန်းတော်ပြေ”
- ' 96 ' မှတ်တမ်း
- “အကာမဲ့ အနှစ်”
- “သဲကိုးဖြာတို့ ကျင်လည်ရာ” မနွယ်ကို မြ...
- “ချေလိုက်လို့ ကြေသွားတာများလား” နုံအ မ...
- ရှည်နိုင်လွန်းချည့် အပူမရှာချင်လို့ အပ...
- “ပါးလွှာသော စည်းလေးများ”၁။ “မာန် မလုပ်ချင...
- သိက္ခာလေးတော့ ကျန်ချင်သား၁။ သတ်္တ၀ါ မျိုးစိတ်...
- “ချန်ထားပေးပါ” ကျွန်မ စာစ ရေးစဉ် အချိ...
- “ ပြည်ကြီးဘာယာ နှင့် ရဲတိုက်အား ခံစားကြည့်ခြင်း” ...
- “နွေရာသီ ဖက်ရှင်” ကျွန်မတို့ငယ်စဉ် နွေရာသ...
- “အမှီ”(၁) စာရေးကြီး ဦးမြင့်ကျော်တဲ့၊ရန်...
- ပျော့သော နှီးဖြင့် ခိုင်အောင်ချည် ...
- ကယ်လ်ဆမ်ကွေကာ အတွေး ကျုပ်နံမည် ခင...
- “မျက်ဖြေ” ခြောက်နှစ်တာ ကာလအတွင်း ပြန်...
- မြစ်တစ်စင်း......... ချစ်ခြင်းနှင့်အတူ
- ဂျစ်ပစီ မိုးတိမ်
- “မုန်းမာန်ဖွဲ့သော်လည်း”
- “ မကြုံဖူးဆို မယုံဘူးလား”
- မျိုးရိုးက အထက်တန်းစားလေ
- ဆပ်၍ မဆုံးနိုင်တော့သည့် ကျေးဇူးတရားများ
- မြို့ ရေကြည်သို့
- စာရေးဆရာ ဆိုသည်မှာ.
-
▼
June
(38)
0 comments:
Post a Comment