“အကာမဲ့ အနှစ်”
Posted by
Unknown
at
8:57 PM
Wednesday, June 4, 2014
“ ဦးကံလှ ဦးစီးသော အားမာန် ကားဝပ်ရှော့”
ဆိုင်းဘုတ်ကို မော့ကြည့်လိုက်ရင်း ဆုံးဖြတ်ဖို့ ခက်နေတယ်။နောက်ဆက်တွဲ ထပ်ထည့်ချင်တဲ့ အမြီးလေးကို စိတ်က မလုံချင်ဘူး၊ဒါပေမဲ့ ထည့်လည်း ထည့်ချင်နေမိတယ်။သည်ဝန်းကျင် သည်နေရာမှာ ဦးကံလှ ကို ဘာကောင်လဲဆိုတာ ဘယ်သူမှ မသိပါဘူး။ဘာကောင်မှန်း မသိတဲ့အပြင် တစ်ကယ့် အကောင်ကြီးလို့တောင် ထင်နေကြတာလေ။သူတို့ရဲ့ထင်မြင်ချက် တွေအပေါ် အလိုက်သင့်လေး မျောပါလာရင်း ဦးကံလှ တစ်ယောက် သူတို့တွေထင်သလို တစ်ကယ်ဖြစ်ချင်လာခဲ့မိတယ်။ရက်ချိန်းမှန်တဲ့ အကျင့်၊တုန့်ပြန် ထားတဲ့ စေတနာ၊ပစ်္စည်း အစစ်အမှန်တွေသာ သုံးလေ့ရှိတာမို့ သူ့ ကားဝပ်ရှော့လေးက ကျောက်ကုန်း ၀န်းကျင်တစ်ဝိုက်မှာတော့ နာမည်ကျော် ကောင်း သတင်းမွှေးလှပါတယ်။
ဦးကံလှ ရှစ်တန်းအောင်တဲ့ နှစ်မှာပဲ ကျောင်းစာကို စိတ်မ၀င်စားတော့လို့ ကိုယ့်သဘောနဲ့ကိုယ် ကျောင်းကထွက်လိုက်ပါတယ်။ပညာရေး သိပ်အားမပေးတဲ့ မိဘနှစ်ပါးကလည်း ကျောင်းသားတစ်ယောက်လျော့သွားလည်း မနည်းဘူးဆိုတဲ့စိတ်နဲ့ ခွင့်ပြုလိုက်ကြတယ်။ငယ်စဉ်ကတည်းက ၀ါသနာပါခဲ့တာက လျှပ်စစ်ပစ်္စည်းတွေ ကို ဖြုတ်လိုက် တပ်လိုက် လုပ်တဲ့ အကျင့်ပါပဲ။ကျောင်းထွက်ပြီးတော့ ရပ်ကွက်ထဲက လျှပ်စစ်ပစ်္စည်း တွေ ပြင်တဲ့ဆိုင်တစ်ဆိုင် မှာ နေ့စားဝင်လုပ်တယ်။ပညာလည်း သင်ပေးရင်း လက်တိုလက်တောင်း ခိုင်း စရာရှိတာလည်း ခိုင်းတာပေါ့။ရပ်ကွက်ထဲက ဆိုင်ဆိုတော့ ထမင်းပေါင်းအိုးနဲ့ မီးပူပဲ အပြင်များပါတယ်။ရံဖန်ရံခါမှ ပန်ကာလေး ၊ကက်ဆက်လေး ပြင်ရတာ။ဒါပေမဲ့ အလုပ်ဖြစ်ပါတယ်။ထမင်းပေါင်းအိုး၊မီးပူနဲ့ ပန်ကာလေး ကက်ဆက်လေး အစ ပြင်တတ်လာတော့ အိမ်နီးချင်း အမေ့ မိတ်ဆွေတစ်ချို့က ပြင်စရာရှိတဲ့ လျှပ်စစ်ပစ်္စည်း အတိုအထွာလေး အိမ်ယူလာပြီး ပြင်ခိုင်းကြတယ်။မုန့်ဖိုးလေး ဘာလေးတော့ ပေးတာပေါ့။
ပိုက်ဆံလေး အနည်းအကျဉ်း စုမိတော့ မြို့ထဲမှာ လျှပ်စစ်ပစ်္စည်း ပြင်တဲ့သင်တန်း သွားတက်လိုက်တယ်။အဲဒီတော့ ရေခဲသေတ်္တာ ၊အ၀တ်လျှော်စက် နဲ့ အဲယားကွန်း၊အဲကူလာတွေပါ ပြင်တတ်လာတယ်။အရင်နေတဲ့ ရပ်ကွက်ကျဉ်းလေးထဲက ထွက်ပြီး လှိုင်သာယာရဲ့ အကွက်အကွင်းကျတဲ့ လမ်းဆုံလမ်းခွနေရာမှာ ဆိုင်ခန်းလေးတစ်ခန်း ငှားပြီး လျှပ်စစ်ပစ်္စည်း ပြင်ဆိုင်ဖွင့်လိုက်တယ်။ဆရာ့ထက် တပည့်လက်စောင်းထက်လို့ ပြောရမယ်၊ရပ်ကွက်ကျဉ်းလေး ထဲက လက်ဦးဆရာရဲ့ဆိုင်ထက် ပိုပြင်ရတယ်။ကိုယ် ၀ါသနာပါတဲ့ အလုပ်မို့ထင်တယ်။သင်လွယ် တတ်လွယ်တယ်။တဖြည်းဖြည်းနဲ့ နာမည်ရလာပြီး စက်မှုဇုန်ထဲက စက်ရုံတစ်ချို့မှာ အဲယားကွန်းလိုက်ပြင်ပေးရတွေ ရှိလာတယ်။စက်ရုံအချင်းချင်း သတင်းဆောင်လိုက်တော့ လှိုင်သာယာ စက်မှုဇုန် သုံးပုံတစ်ပုံလောက်က ကိုယ့်ဖောက်သည်ဖြစ်ကုန်ကြတယ်။စက်ရုံတွေမှာ လိုက်ပြင်ပေးရရင် ကားနဲ့ အပို့အကြိုလုပ်ပေးကြတယ်။
အဲဒီလိုနဲ့ အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ အလုပ်သမ မရီလေးနဲ့ အကြောင်း ပါတော့တာပါပဲ။မိသားစု ဘ၀ဖြစ်လာတော့မှာဆိုတော့ လျှပ်စစ် ဆိုင်ခန်းကျဉ်းလေး တစ်ခန်းတည်းနဲ့ မလုံလောက်တော့ဘူး။ဘေးချင်းကပ်ရပ် နောက်တစ်ခန်းကို ထပ်ငှားရလိုက်တယ်။နောက်ပိုင်းကျတော့ တခြား အသေးအဖွဲ လျှပ်စစ်ပစ်္စည်းလေးတွေ သိပ်မပြင်ဖြစ်တော့ဘဲ စက်မှုဇုန်တွေထဲက စက်ရုံတွေမှာပဲ လိုက်ပြင်ဖြစ်နေတော့တယ်။မကြာခဏ လိုက်ပြင်ပေးရင်း လာကြိုပေးကြတဲ့ စက်ရုံက မော်တော်ယာဉ် အဖွဲ့တွေနဲ့ ရင်းနှီးသွားကြတယ်။သူတို့ကလည်း ကိုကံလှက မြင်လွယ်တတ်လွယ်ဗျ၊စက်ရုံတွေမှာ အဲယားကွန်း လိုက်ပြင်စားတဲ့အလုပ် လုပ်မနေ နဲ့တော့ဗျာ။ကားပြင်တာ သင်ပြီး ကားဝပ်ရှော့သာ ထောင်လိုက်တော့လို့ ပြောလာကြတယ်။
သူတို့က မြှောက်ပေးတာလား၊တစ်ကယ်လား မသိပေမယ့် ကိုယ်ကတော့ ကားဝပ်ရှော့ ထောင်ဖို့ကို တစ်ကယ်ပဲ စိတ်ဝင်စားသွားခဲ့တယ်။ကားဝပ်ရှော့ ထောင်ဖို့ စိတ်အားထက် သန်နေတဲ့ ကိုကံလှကို ကြည့်ပြီး စက်ရုံတစ်ခုရဲ့ မော်တော်ယာဉ်အဖွဲ့က ရွှေပြည်သာမှာရှိတဲ့ သူတို့စက်ရုံက ကားတွေပြင်နေကျ ကားဝပ်ရှော့ တစ်ခုနဲ့ ချိတ်ပေးကြတယ်။ဝပ်ရှော့ ဆရာက တော်တယ်၊ဆရာစားမချန်ဘူး။အကုန်သင်ပေးတယ်၊ကိုကံလှကို ကားပြင်တာနဲ့ ပတ်သက်လို့ ပါရမီပါတယ်လို့ ပြောလေ့ရှိတယ်။ဆရာသင်ပေးတာရော ကားလာပြင်တဲ့ ယဉ်မောင်းတွေဆီက အတတ်ပညာတွေရော ကိုကံလှ အကုန်လေ့လာတယ်။တစ်နှစ်လောက်ကြတော့ ကားနဲ့ပတ်သက်တဲ့ အင်ဂျင်နီယာ အခေါ်အဝေါ်တွေကိုပါ အင်္ဂလိပ်လိုပြောတတ်လာတယ်။
ဆိုင်လာပြင်ကြတဲ့ ကာစတန်မာတစ်ချို့က “အင်ဂျင်နီယာ ကိုယ်တိုင် ဦးစီးနေတာဆိုတော့ ပိုပြီး စနစ်ကျတာပေါ့ဗျာ” ပြောလာကြတဲ့အခါ ကိုကံလှတစ်ယောက် ဟုတ်တယ်လည်း မပြောဘူး၊မဟုတ်ဘူးလည်း မပြောဘဲ ငြိမ်နေလိုက်မိတယ်။ကိုကံလှ ကားဝပ်ရှော့လေး နာမည်ကြီးလာတာနဲ့အမျှ ကိုကံလှလည်း အလိုလို အင်ဂျင်နီယာကြီး တစ်ယောက် ဖြစ်လို့နေတော့တယ်။ဒါပေမဲ့ ကားဝပ်ရှော့က ရွှေပြည်သာမှာပဲ ဖွင့်တာဆိုတော့ လှိုင်သာယာကနေ ကားလာပြင်ကြသူတစ်ချို့က ကိုကံလှကို ဘယ်ဘ၀ကနေ လာတယ်ဆိုတာ သိနေကြတယ်။အကြောင်းတိုက်ဆိုင်စွာနဲ့ပဲ ကားလာပြင်နေတဲ့ မိတ်ဆွေ တစ်ယောက်က သူ့အသိတစ်ယောက်က မြေကွက်လပ်ကျယ် ငှားဖို့ရှိတယ်။မြေနေရာငှားပြီး ကိုယ့်ဘာသာ အဆောက်အဦးဆောက် ကားဝပ်ရှော့ ဖွင့်ပါလားလို့ အကြံပေးလာတယ်။မြေနေရာက ကျောက်ကုန်းဘက်မှာတဲ့။
အဲဒီလိုနဲ့ ကျောက်ကုန်းဘက်ကို ကားဝပ်ရှော့ နေရာပြောင်းဖြစ်သွားတယ်။မြေနေရာငှားဖို့ အကြံပေးတဲ့မိတ်ဆွေက အင်ဂျင်နီယာ ကိုယ်တိုင် ဖွင့်ထားတဲ့ ကားဝပ်ရှော့လို့ တစ်ဆင့်စကားနဲ့ ပြောလိုက်တာ ကျောက်ကုန်းဧရိယာမှာတော့ အင်ဂျင်နီယာ ဦးကံလှ ဖြစ်လို့ နေတော့တယ်။ဒီနေရာမှာက ဘယ်သူမှလည်း ကိုယ့်အကြောင်းသိကြတာမဟုတ်ဘူး။ပြီးတော့ ကိုယ်ကိုတိုင်က ကျွန်တော် အင်ဂျင်နီယာ ပါလို့ လိုက်ပြောနေတာလည်း မဟုတ်ဘူး။သူ့ဘာသာ ပတ်ဝန်းကျင် ထင်ယောင်ထင်မှားနဲ့ သတ်မှတ်ကြရင်း အင်ဂျင်နီယာ ဖြစ်လာရတာ။ကြာလာတော့ ကိုကံလှ ကိုယ်တိုင်တောင် ကိုယ့်ဘာသာ အင်ဂျင်နီယာလို့ ထင်ချင်လာတယ်။ဒါကြောင့်လည်း မဟုတ်တာကို အဟုတ်လုပ်ပြီး ထပ်ခါ ထပ်ခါ ပြောပါများရင် တစ်ကယ် အဟုတ်လို့ ထင်လာတတ် ကြတယ်လို့ ပညာရှိများက ပြောခဲ့တာနေမှာ။ တစ်ခန်းတည်းနဲ့ မလုံလောက်တော့ဘူး။ဘေးချင်းကပ်ရပ် နောက်တစ်ခန်းကို ထပ်ငှားရလိုက်တယ်။နောက်ပိုင်းကျတော့ တခြား အသေးအဖွဲ လျှပ်စစ်ပစ်္စည်းလေးတွေ သိပ်မပြင်ဖြစ်တော့ဘဲ စက်မှုဇုန်တွေထဲက စက်ရုံတွေမှာပဲ လိုက်ပြင်ဖြစ်နေတော့တယ်။မကြာခဏ လိုက်ပြင်ပေးရင်း လာကြိုပေးကြတဲ့ စက်ရုံက မော်တော်ယာဉ် အဖွဲ့တွေနဲ့ ရင်းနှီးသွားကြတယ်။သူတို့ကလည်း ကိုကံလှက မြင်လွယ်တတ်လွယ်ဗျ၊စက်ရုံတွေမှာ အဲယားကွန်း လိုက်ပြင်စားတဲ့အလုပ် လုပ်မနေ နဲ့တော့ဗျာ။ကားပြင်တာ သင်ပြီး ကားဝပ်ရှော့သာ ထောင်လိုက်တော့လို့ ပြောလာကြတယ်။
သူတို့က မြှောက်ပေးတာလား၊တစ်ကယ်လား မသိပေမယ့် ကိုယ်ကတော့ ကားဝပ်ရှော့ ထောင်ဖို့ကို တစ်ကယ်ပဲ စိတ်ဝင်စားသွားခဲ့တယ်။ကားဝပ်ရှော့ ထောင်ဖို့ စိတ်အားထက် သန်နေတဲ့ ကိုကံလှကို ကြည့်ပြီး စက်ရုံတစ်ခုရဲ့ မော်တော်ယာဉ်အဖွဲ့က ရွှေပြည်သာမှာရှိတဲ့ သူတို့စက်ရုံက ကားတွေပြင်နေကျ ကားဝပ်ရှော့ တစ်ခုနဲ့ ချိတ်ပေးကြတယ်။ဝပ်ရှော့ ဆရာက တော်တယ်၊ဆရာစားမချန်ဘူး။အကုန်သင်ပေးတယ်၊ကိုကံလှကို ကားပြင်တာနဲ့ ပတ်သက်လို့ ပါရမီပါတယ်လို့ ပြောလေ့ရှိတယ်။ဆရာသင်ပေးတာရော ကားလာပြင်တဲ့ ယဉ်မောင်းတွေဆီက အတတ်ပညာတွေရော ကိုကံလှ အကုန်လေ့လာတယ်။တစ်နှစ်လောက်ကြတော့ ကားနဲ့ပတ်သက်တဲ့ အင်ဂျင်နီယာ အခေါ်အဝေါ်တွေကိုပါ အင်္ဂလိပ်လိုပြောတတ်လာတယ်။
ဆိုင်လာပြင်ကြတဲ့ ကာစတန်မာတစ်ချို့က “အင်ဂျင်နီယာ ကိုယ်တိုင် ဦးစီးနေတာဆိုတော့ ပိုပြီး စနစ်ကျတာပေါ့ဗျာ” ပြောလာကြတဲ့အခါ ကိုကံလှတစ်ယောက် ဟုတ်တယ်လည်း မပြောဘူး၊မဟုတ်ဘူးလည်း မပြောဘဲ ငြိမ်နေလိုက်မိတယ်။ကိုကံလှ ကားဝပ်ရှော့လေး နာမည်ကြီးလာတာနဲ့အမျှ ကိုကံလှလည်း အလိုလို အင်ဂျင်နီယာကြီး တစ်ယောက် ဖြစ်လို့နေတော့တယ်။ဒါပေမဲ့ ကားဝပ်ရှော့က ရွှေပြည်သာမှာပဲ ဖွင့်တာဆိုတော့ လှိုင်သာယာကနေ ကားလာပြင်ကြသူတစ်ချို့က ကိုကံလှကို ဘယ်ဘ၀ကနေ လာတယ်ဆိုတာ သိနေကြတယ်။အကြောင်းတိုက်ဆိုင်စွာနဲ့ပဲ ကားလာပြင်နေတဲ့ မိတ်ဆွေ တစ်ယောက်က သူ့အသိတစ်ယောက်က မြေကွက်လပ်ကျယ် ငှားဖို့ရှိတယ်။မြေနေရာငှားပြီး ကိုယ့်ဘာသာ အဆောက်အဦးဆောက် ကားဝပ်ရှော့ ဖွင့်ပါလားလို့ အကြံပေးလာတယ်။မြေနေရာက ကျောက်ကုန်းဘက်မှာတဲ့။
အဲဒီလိုနဲ့ ကျောက်ကုန်းဘက်ကို ကားဝပ်ရှော့ နေရာပြောင်းဖြစ်သွားတယ်။မြေနေရာငှားဖို့ အကြံပေးတဲ့မိတ်ဆွေက အင်ဂျင်နီယာ ကိုယ်တိုင် ဖွင့်ထားတဲ့ ကားဝပ်ရှော့လို့ တစ်ဆင့်စကားနဲ့ ပြောလိုက်တာ ကျောက်ကုန်းဧရိယာမှာတော့ အင်ဂျင်နီယာ ဦးကံလှ ဖြစ်လို့ နေတော့တယ်။ဒီနေရာမှာက ဘယ်သူမှလည်း ကိုယ့်အကြောင်းသိကြတာမဟုတ်ဘူး။ပြီးတော့ ကိုယ်ကိုတိုင်က ကျွန်တော် အင်ဂျင်နီယာ ပါလို့ လိုက်ပြောနေတာလည်း မဟုတ်ဘူး။သူ့ဘာသာ ပတ်ဝန်းကျင် ထင်ယောင်ထင်မှားနဲ့ သတ်မှတ်ကြရင်း အင်ဂျင်နီယာ ဖြစ်လာရတာ။ကြာလာတော့ ကိုကံလှ ကိုယ်တိုင်တောင် ကိုယ့်ဘာသာ အင်ဂျင်နီယာလို့ ထင်ချင်လာတယ်။ဒါကြောင့်လည်း မဟုတ်တာကို အဟုတ်လုပ်ပြီး ထပ်ခါ ထပ်ခါ ပြောပါများရင် တစ်ကယ် အဟုတ်လို့ ထင်လာတတ် ကြတယ်လို့ ပညာရှိများက ပြောခဲ့တာနေမှာ။ ဒီခေတ်ကြီးထဲမှာကလည်း ဘွဲ့လက်မှတ် အတုတောင် လုပ်လို့ ရနေတာ။သုံးသောင်းလောက်ဆိုရင် ဘွဲ့လက်မှတ် ဒါမှမဟုတ် ဒီပလိုမာလက်မှတ် တစ်စောင် ရတယ်လို့ ပြောနေကြတယ်။နိုတြီ ပြန်မယ်ဆိုရင်လည်း သူတို့က အပြီးပြန်ပေးကြတယ်တဲ့။လက်မှတ်က အစ အကုန်တူတယ်၊တစ်ချို့ဆိုင်တွေကတော့ သိပ်မသပ်ရပ်ဘူးလို့ ပြောကြပြန်တယ်။ဒါပေမဲ့ စင်ကာပူမှာ အလုပ်သွားလုပ်ဖူးတဲ့ အသိတစ်ယောက်ကတော့ သူ့ကိုယ်တွေ့ကို ပြန်ပြော ပြတယ်။အဲဒီလူက ဆယ်တန်းမအောင်ဘူး။ဒါပေမဲ့ သူ့လက်ထဲမှာ ဘွဲ့လက်မှတ်တစ်ခုနဲ့ ဒီပလိုမာလက်မှတ်ကို နှစ်ခုလောက်ကိုင်ထားနိုင်တယ်။အဲဒီလိုနဲ့ စင်ကာပူကို အလုပ်လုပ်ဖို့ ထွက်ခဲ့ရောတဲ့။
ဟိုနိုင်ငံရောက်တော့ အလုပ်အင်တာဗျူး အတွက် အခန်းထဲကို ဘွဲ့လက်မှတ်နဲ့ဒီပလိုမာ လက်မှတ်တွေထည့်ထားတဲ့ ဖိုင်ကို ကိုင်ပြီး ၀င်သွားလိုက်တယ်။အင်တာဗျူးနေတဲ့ ထဲက ပုဂ်္ဂိုလ်ကြီးတစ်ယောက်က သူဝင်လာတဲ့ ပုံစံကို ကြည့်ပြီး “ခင်ဗျား ဘွဲ့ရ တစ်ယောက် မဟုတ်ပါဘူး”လို့ တန်းပြောသတဲ့။အဲ့ဒီပုဂ်္ဂိုလ်က ဘာကိုကြည့်ပြီး ပြောတာလည်း မသိပေမဲ့ သူကတော့ အဲဒီနိုင်ငံမှာ ဘာအလုပ်မှ မရဘဲ ပြန်ခဲ့ရပါသတဲ့။အဲဒီအတွေ့အကြုံကို သိထားလည်းပဲ ကိုကံလှတို့က သူများနိုင်ငံသွားပြီး အလုပ်လုပ်မယ့် သူမှ မဟုတ်တာ။ပြီးတော့ အင်တာဗျူးလုပ်တဲ့ ဘယ်လူကြီးရှေ့ကိုမှ သွားမှာလည်း မဟုတ်ဘူးလေ။ကိုယ်ပိုင် ကားဝပ်ရှော့ ဆိုင်းဘုတ်ရဲ့ ကိုယ့်နံမည်နောက်မှာ B.E(Mechanical) လို့တိုးရေးလိုက်ရုံပါပဲ။
ကိုကံလှရဲ့ အစီအစဉ်ကို သိတဲ့ ဇနီး မ ရီလေးကတော့ နှစ်မြို့တဲ့ပုံ မပြဘူး။“ကိုယ်ပိုင် အရည်အချင်းရှိတာပဲ လွင့်ပစ်ရမဲ့ အကာတွေကို ဘာလို့ မက်နေတာလဲလို့” ဆိုလာတယ်။ကိုကံလှကလည်း အနှစ်ဆိုတာ အကာမရှိဘဲ ရပ်တည်လို့မရဘူးလို့ ခံယူထားသူ။“အုန်းထမင်းချက်ရင် အုန်းသီးရဲ့အကာကို ယူချက်တာမှ မဟုတ်တာ၊အသီးအနှံတွေမှာလည်း အခွံဖြစ်တဲ့ အကာကို လွင့်ပစ်ရပြီး အတွင်းက အသားကိုပဲ စားကြတာလေ။ ကုလားအော် ငရုတ်သီးတောင့် ဆိုရင်တောင် အလယ်အူချောင်းကမှ ပိုစပ်တာ”လို့ဆိုပြီး ၊မ ရီလေးကတော့ သူ့ရဲ့ နေ့စဉ်သုံး စားဖိုဆောင် အသုံးအနှုန်းတွေနဲ့ ကိုကံလှကို ပြောနေပါတယ်။ပြီးတော့ ဆက်ပြောသေးတယ် “အကာက လှနေပြီး အတွင်းမှာ ပုပ်နေတာဆိုလို့ ကျီးအာသီး ပဲရှိမယ်ထင်ပါတယ်။ဒါကလည်း လူတွေ အရေးတယူ လုပ်နေကြတဲ့ အသီးမှ မဟုတ်တာ” တဲ့။
မ ရီလေး ဘာတွေ ပြောနေ ပြောနေ ကိုကံလှတစ်ယောက် ကတော့ ဆိုင်းဘုတ်ကို ပြန်ပြင်ရေးဖို့ ပန်းချီဆရာကို ပြောထားပြီးပြီ။ဒီညနေ တစ်ခေါက်ထပ်သွားလိုက်အုံးမယ်။ကိုယ်တိုင် ကိုင်ပေးနေကျ ကာစတန်မာ နှစ်ယောက်ရဲ့ ကားကို ပြင်ပြီးရင် ညနေဘက် ပန်းချီဆရာဆီ သွားလိုက်မယ်။ကာစတန်မာ နှစ်ယောက်ရဲ့ ကားကို ကိုင်နေတုန်း သူတို့နှစ်ယောက်ပြောနေတဲ့ အကြောင်းကို အမှတ်တမဲ့ ကြားလိုက်မိတယ်။“ကျွန်တော် က ဗိသုကာနဲ့ စက်မှုတက်္ကသိုလ် ထွက်ပါခင်ဗျာ ၇၁ ခုနှစ်မှာ ကျောင်းပြီးပါတယ်။အစ်ကိုကရော စက်မှုတက်္ကသိုလ် ဘယ်နှစ်မှာ ပြီးတာလဲ ၊ဘာမေဂျာလဲ ”ဆိုတဲ့ အမေးကို အသက်နည်းနည်း ကြီးပုံပေါ်တဲ့သူက “ကျွန်တော်က ၆၈ ခုနှစ် ပြီးတာB.E(Agri) ပေါ့ဗျာ” လို့ ပြန်ဖြေနေသံကြားရတယ်။
ကိုကံလှ တစ်ယောက် သူတို့ရဲ့ စကားဝိုင်းကို စိတ်ဝင်စားသွားတယ်။သူတို့နှစ်ယောက် ပြောစကားတွေကို အလုပ်လုပ်နေရင်းက နားထောင်နေမိတယ်။“စက်မှုတက်္ကသိုလ်မှာ ဗိသုကာ ယူတဲ့သူ အလွန်နည်းတယ်နော်၊ခင်ဗျားတို့နှစ်က ဌာနမှူးကြီးက အမေရိကားက Master ယူလာတဲ့ သူမလား ၊အဲဒီဆရာ နံမည် ဘယ်သူဗျာ ကျွန်တော် မေ့နေလို့”ဆိုတော့ အငယ်တစ်ယောက်က ဆရာ ဦးမျိုးမြင့်စိန်ကို ပြောတာမလား” လို့ ထောက်ပေးနေတယ်။ ပြီးတော့ “ကျွန်တော့်တို့ Batch ကသူတွေ တော်တော်များများ ဂျူရီဝင်ရမှာကို ကြောက်ကြတယ်။ဂျူရီအဖွဲ့ဝင် Ph.D ဆရာကြီးတွေက နိုင်ငံခြားပြန်တွေဆိုတော့ အချင်းချင်း ပညာပြိုင်ကြပြီး မေးခွန်း တွေ မေးကြတော့ ကျွန်တော်တို့ ကျောင်းသားတွေ ခမျှာ လိမ့်နေအောင်ခံခဲ့ရတာ”တဲ့။
ဆရာတွေအကြောင်းကနေတစ်ဆင့် “နွေအေး” ကော်ဖီဆိုင်တို့ ၊ “ဦးလူပေါ” ၀င်ပေါက် တို့ထိ ရောက်သွားကြပြီး ကျောင်းတော်က အကြောင်းတွေ တမ်းတမ်းတတ ပြောနေကြတယ်။ဒီတော့မှ ကိုကံလှ စဉ်းစားမိတယ်၊ဟုတ်သားပဲ ဘယ်ကျောင်းကဆင်းဆင်း ဘယ်နှစ်ခုနှစ် မှာ ကျောင်းပြီးတာလဲ၊အဲဒီနှစ်ရဲ့ ပါမောက်္ခက ဘယ်သူလဲ၊အဲဒီကျောင်းရဲ့ အထင်ကရ က ဘာတွေ လဲ၊တစ်သုတ်တည်း အတူတူဆင်းခဲ့ ကြတဲ့သူတွေကရော ဘယ်သူတွေလဲထိ သိထားမှ ရမှာလေ။ဒီကျောင်း တစ်ကယ်တက်ဖူးတာ မဟုတ်ဘဲနဲ့ အင်ဂျင်နီယာ ဆိုင်ရာ အခေါ်အဝေါ်တွေ သိထားရုံနဲ့ ဘယ်ဖြစ်မှာလဲ။ကိုယ်တစ်ကယ် အကျွမ်းတ၀င် မရှိတဲ့ နယ်ပယ် အကြောင်းပြောဖို့ဆိုတာ ခက်ခဲ ပင်ပန်း တာပေါ့။
သူတို့နှစ်ယောက်ပြောနေရင်းက “ကိုကံလှ ခင်ဗျားရော ဘယ်နှစ်က ကျောင်းပြီးတာလဲ”လို့ လှမ်းမေးလိုက်တယ်။ကိုကံလှ တံတွေးကို မြိုချလိုက်ပြီး “ကျွန်တော် ရှစ်တန်းထိပဲ ကျောင်းနေဖူးပါတယ် ခင်ဗျာ”လို့ ပြောလိုက်မိတော့တယ်။အကြီးတစ်ယောက်က “ဆောရီးဗျာ ကိုကံလှကို အင်ဂျင်နီယာလို့ ပြောနေကြတာ ကြားမိလို့ပါတဲ့”။“ကျွန်တော်က Engineering terms တွေကို အင်္ဂလိပ်လို ပြောနေနိုင်လို့ သူတို့ဘာသာ အထင်ရှိကြတာပါ” ဆိုတဲ့ ကိုကံလှ အပြောကြောင့် အငယ်လူ ကတော့“အင်ဂျင်နီယာ မဟုတ်ဘဲ သိနေတာ တော်တာပေါ့ဗျာ ကျွန်တော်တို့ဆို ကျောင်းတုန်းက သိထားတဲ့ အသိလေးတွေတောင် စီးပွားရေး လောက ထဲရောက်တော့ ဘယ်ရောက်ကုန်မှန်း မသိတော့ပါဘူး၊တစ်ကယ်တော့ လေ့လာမှုပဲဗျ၊အင်ဂျင်နီယာ မဟုတ်လည်း ကိုကံလှ ကားဝပ်ရှော့က အောင်မြင်နေတာပဲ၊ အင်ဂျင်နီယာ ဖြစ်တဲ့ ကျွန်တော် တွေကလည်း ကိုကံလှ ၀ပ်ရှော့မှာပဲ ကားအပ်နေရတာပါပဲ”။တဲ့
ကိုကံလှ မိန်းမ မ ရီလေး ပြောသလို ကိုယ်ပိုင်လည်း မဟုတ်တဲ့ လွင်လည်းပစ်ရမဲ့ အကာကို မက်မောနေမိတာပါလား။တော်သေးတယ် ဆိုင်းဘုတ်ပြောင်းချိတ် ပြီးကာမှ ဒီလူတွေက ဘယ်နှစ်ခုနှစ်က ကျောင်းပြီးတာလဲတို့ ဌာနမှူး ဘယ်သူ့လက်ထက်ကလည်းတို့ ခင်ဗျားနဲ့ Same Batch က ဘယ်သူတွေလည်းလို့ မေးလာခဲ့ရင် ကိုကံလှတစ်ယောက် ကိုယ်သိထားပြီးသား အင်ဂျင်နီယာ အသုံးအနှုန်းတွေ တောင် ပျောက်ကုန်လောက်တယ်။သူတို့တွေ အတွက် ကိုယ်က နွှင်ပြီးသားအဆင်သင့် အနှစ်ဘ၀လေး ဖြစ်နေတာကိုပဲ ကိုကံလှ ကျေနပ် လိုက်ပါပြီ။ ခင်သန်္တာ
မနက်-၉နာရီ ၃၄မိနစ်။
၂ရက်၊၆လ၊၂၀၁၁ခုနှစ်။
Subscribe to:
Post Comments (Atom)
Subscribe
Labels
Blog Archive
-
▼
2014
(46)
-
▼
June
(38)
- ကျွန်မနှင့်ကျွန်မ၏ လောင်ဘက်များ (ဇတ်သိမ်း)
- ကျွန်မနှင့် ကျွန်မ၏လောင်ဖက်များ (ပထမပိုင်း) မဟေသီ ...
- စားသုံးသူ၏ အခွင့်အရေး
- မြင်တတ်မျက်စိ
- နှောင်တွယ်ရစ်ငင် ချစ်ချင်သော်လည်း
- ဖြတ်သန်းနေဆဲ ဘ၀တွေထဲ
- ဖြတ်သန်းခဲ့ရ နှစ်ဘ၀။
- “ အပြစ် မတင်ရက်တော့ပါ”
- ဖူးငုံတို့နဲ့ Plan များစွာ
- တော်သူနေ ရှော်သူသေ
- တံတိုင်းလေလား ပေတံလား
- သက်ရှိ မန်ကျည်းပင်တို့ အကြောင်း
- “သိပါရဲ့လား ကျွန်မသည်”
- “အလည်သွားမိတဲ့ တစ်ညတာ”
- အသုံးချပေးပါ။
- “အပန်းတော်ပြေ”
- ' 96 ' မှတ်တမ်း
- “အကာမဲ့ အနှစ်”
- “သဲကိုးဖြာတို့ ကျင်လည်ရာ” မနွယ်ကို မြ...
- “ချေလိုက်လို့ ကြေသွားတာများလား” နုံအ မ...
- ရှည်နိုင်လွန်းချည့် အပူမရှာချင်လို့ အပ...
- “ပါးလွှာသော စည်းလေးများ”၁။ “မာန် မလုပ်ချင...
- သိက္ခာလေးတော့ ကျန်ချင်သား၁။ သတ်္တ၀ါ မျိုးစိတ်...
- “ချန်ထားပေးပါ” ကျွန်မ စာစ ရေးစဉ် အချိ...
- “ ပြည်ကြီးဘာယာ နှင့် ရဲတိုက်အား ခံစားကြည့်ခြင်း” ...
- “နွေရာသီ ဖက်ရှင်” ကျွန်မတို့ငယ်စဉ် နွေရာသ...
- “အမှီ”(၁) စာရေးကြီး ဦးမြင့်ကျော်တဲ့၊ရန်...
- ပျော့သော နှီးဖြင့် ခိုင်အောင်ချည် ...
- ကယ်လ်ဆမ်ကွေကာ အတွေး ကျုပ်နံမည် ခင...
- “မျက်ဖြေ” ခြောက်နှစ်တာ ကာလအတွင်း ပြန်...
- မြစ်တစ်စင်း......... ချစ်ခြင်းနှင့်အတူ
- ဂျစ်ပစီ မိုးတိမ်
- “မုန်းမာန်ဖွဲ့သော်လည်း”
- “ မကြုံဖူးဆို မယုံဘူးလား”
- မျိုးရိုးက အထက်တန်းစားလေ
- ဆပ်၍ မဆုံးနိုင်တော့သည့် ကျေးဇူးတရားများ
- မြို့ ရေကြည်သို့
- စာရေးဆရာ ဆိုသည်မှာ.
-
▼
June
(38)
0 comments:
Post a Comment