468x60

Wednesday, June 4, 2014
သိက္ခာလေးတော့ ကျန်ချင်သား
၁။        သတ်္တ၀ါ မျိုးစိတ်တိုင်းတွင် အသိအမှတ်ပြုရမည့် ကိုယ်ပိုင် အရည်အချင်း တစ်ခု စီရှိ တတ်ကြပါသည်။သဘာဝတရားကြီးက ပေးထားသည့် မွေးရာပါ အရည်အချင်း ဖြစ်ပါ သည်။ ထိုမှတစ်ဆင့် ဥာဏ်ရည်မြင့်သည့် သတ်္တ၀ါက ဥာဏ်ရည်မြင့်သလောက် သူတို့၏ မျိုးဆက်သစ်များကို သူတို့ထက်သာလွန်သော အသိပညာ၊အတတ်ပညာ အသစ်များ ကို ရှာဖွေပြီး လက်ဆင့်ကမ်းလေ့ရှိပါသည်။ထိုနည်းဖြင့် ပိုမိုတိုးတက်လာသည့် ကမ်္ဘာသစ်ကြီးဖြစ်လာပါသည်။
၂။       ကျွန်မတို့ငယ်စဉ်က သတ်္တမတန်း ကဗျာလက်ရွေးစင်တွင်  “ပညာသည်”ဟူသည့် ခေါင်းစဉ်ဖြင့် စာဘူးတောင်း ကဗျာအကြောင်း သင်ကြားခဲ့ရပါသည်။ခေတ်စမ်းလင်္ကာ ကဗျာ အမျိုးအစားဖြစ်ပြီး ရေးသားသူမှာ “ မိုးစည် ” ဖြစ်ပါသည်။
          “တိမ်မှောင်ချဉ်း၍
         မလင်းရောင်ဝါ၊မှိုင်းအုပ်ကာလျှင်
         ဘယ်ညာမလပ်၊လောကဓာတ်သို့
         တိုက်ခတ်တုန်ဟီ၊လေပြင်းချီသော်
         တွဲလီတွဲလောင်း၊စာဘူးတောင်းလည်း
         မညောင်းမကြောက်၊သိုက်အုံဆောက်သည်
         အံ့လောက်ပညာသည် တကား။”
ထိုကဗျာလေးကို အလွတ် ရွတ်ဆိုနိုင်လာသောအခါ စာကလေးငှက်များ၏ စာဘူးတောင်းသိုက်ကို လေ့လာကြည့်မိပါသည်။လူတို့ပင် မဖန်တီးနိုင်သော လက်ရာကို တွေ့ရပါသည်။လေပြင်းတိုက်ခတ်၍ လူနေအိမ်များ အမိုးအကာ ပျက်စီးသွားသော်လည်း စာဘူးတောင်းသိုက်ကတော့ ဟန်မပျက်ကျန်ရစ်နေတာကို တွေ့ခဲ့ရဖူးပါသည်။ ကလေးဘ၀က စာဘူးတောင်းသိုက်များကို လက်ဖြင့် ဆွဲချ၍ပင် ဖျက်ကြည့်ခဲ့ဖူးပါသည်။တော်ရုံဖြင့် မပျက်စီးသွားတာကို တွေ့ရသည်။စာကလေးများအတွက် သဘာဝက ပေးထားသော အရည်အချင်းဖြစ်ပါလိမ့်မည်။
         ကျွန်မတို့နေထိုင်ရာ တိုက်ခန်းများ၏ ပြတင်းပေါက် အထက်ဘက်တွင် လေ၀င်
လေထွက် ကောင်းစေရန်နှင့် မိုးရေလည်းမပက်ရအောင် မှန်ပြားနှစ်ချပ်ကို လွှဲပြီး ကာပေးထားပါသည်။ထိုမှန်ပြားနှစ်ချပ်ကြားသည် စာကလေးများအတွက် စာဘူးတောင်း လုပ်ရန် အကောင်းဆုံးနေရာဖြစ်နေပါသည်။လွန်ခဲ့သော လေးငါးနှစ်ခန့်က ကျွန်မနေထိုင်ရာ အထပ်တွင် စာကလေးများ အသိုက်လာဆောက်ကြပါသည်။ဥကလေးများပေါက်နေသည်ကို တွေ့သောကြောင့် ကျွန်မလည်း မဖျက်ဆီးရက်ဘဲ သည်အတိုင်း ပေးနေလိုက်ပါသည်။အကောင်ပေါက်ကလေးများ ပျံသန်းနိုင်သည့် အရွယ်သို့ရောက်သောအခါ သူတို့ဘာသာ အသိုက်ကို ဖျက်ပြီး နေရာပြောင်းသွားကြပါသည်။အဲသည့်နောက်တော့ နှစ်အတန်ကြာ အသိုက်လာမဆောက်ဘဲ နေကြပါသည်။
                လွန်ခဲ့သည့် တစ်ပတ်က ကျွန်မဧည့်ခန်းထဲသို့ သစ်ရွက် အမျိုးအစားပေါင်းစုံနှင့် ကောက်ရိုးလို အမျှင်ကလေးများက လေတိုက်တိုင်း ကျလာပါသည်။တံမြက်စည်းလှဲ လို့လည်း မနိုင်၊ဖုန်စုပ်လို့လည်း မနိုင်အောင် များပြားလှပါသည်။ကျွန်မ အခန်းသည် အပေါ်ဆုံးအထပ် ဖြစ်သဖြင့် လေပိုတိုက်ခံရပါသည်။သည်လောက်များသည့် အမှိုက်ပေါင်းစုံ ဘာကြောင့် အိမ်ထဲဝင်လာရသည်ကို ကျွန်မ ဆန်းစစ်ကြည့်ရပါတော့သည်။စာကလေးများသည် အရင်က လိုပင် လေ၀င်လေထွက်ပေါက် မှန်နှစ်ချပ်ကြားသို့ အသိုက်လာဆောက်ကြပြန် ပါသည်။သို့သော်လည်း သူတို့သည် အသိုက်ကို ဖြစ်အောင် မဆောက်နိုင်တော့တာကို တွေ့ရသည်။သူတို့သယ်လာသည့်  သစ်ရွက်များနှင့် အမှိုက်စ တစ်ချို့ကို နေရာချခဲ့ပြီး ပျံထွက်သွားချိန်တွင် လေတိုက်သောအခါ အကုန်ပြုတ်ကျလာပြီး ကျွန်မဧည့်ခန်းထဲသို့ ၀င်လာခြင်းဖြစ်ပါသည်။
           ကျွန်မမှာ တိုက်ခန်းတွင် နေထိုင်ပြီး ခြံထဲ တံမြက်စည်းလှဲသလို လှဲနေရပါသည်။လေတိုက်နေလို့ အသိုက် မဆောက်နိုင်တာနေမှာဟု တွေးရအောင်လည်း ကျွန်မတို့ တိုက်ခန်းသို့ ပြောင်းရွှေ့စ အချိန်တုန်းက လေတိုက်နှုန်းပိုပြီးပြင်းပါသည်။ကျွန်မတို့ တိုက်တန်းလျားရှေ့သည် ကွင်းပြင်ကြီးအဖြစ်သာ ရှိနေသေး၍ဖြစ်ပါသည်။ယခုအခါမှာတော့ စက်မှုဇုန် အဆောက်အအုံ့ကြီးများထွန်းကား နေပြီဖြစ်သောကြောင့် အကာအကွယ်ရကာ လေတိုက်သက်သာ သွားပါသည်။နှစ်ပတ်ဆက်တိုက် အသိုက်ဆောက်သော်လည်း မအောင်မြင်သောအခါ ဘယ်အရပ်သို့ ပြောင်းရွှေ့သွားကြသည် မသိတော့ပါ။“ပညာသည် ”အဖြစ် တင်စားခံရသည့် စာကလေးသိက်္ခာ ကျသွားပြီဟု ကျွန်မ ခံစားလိုက်ရပါသည်။
၃။    ဆေးပညာများ တိုးတက်လာသည့် သည်နေ့ခေတ်တွင် ငှက်ဖျားရောဂါပိုး ပျောက်သလောက်နီးပါး ဖြစ်သွားသည်ကို တွေ့ရပါသည်။ဆေးပညာများကလည်း အစွမ်းထက် လာတာ ဖြစ်သလို ငှက်ဖျားရောဂါပိုး သယ်ဆောင်နိုင်သည့် ခြင်မျိုးစိတ်တုံးသွားသော ကြောင့်လည်း ဖြစ်သည်ဟု ဆေးသုတေသနတစ်ခုတွင် ကျွန်မဖတ်လိုက်ရသည်။အမျိးမတူသည့် ခြင်များနှင့် သွေးရောနှောမိ၍ ငှက်ဖျားပိုး သယ်ဆောင်သည့် ခြင်မျိုးစိတ် ပျက်သွားခြင်းဖြစ်မည်ဟု သုတေသန သမားများက သုံးသပ်ကြသည်။
           ခြင်နှင့်ပတ်သက်သည့် ဟာသလေးတစ်ခု ကျွန်မ ဖတ်ဖူးခဲ့သည်။ခြင်ထီးကြီးတစ်ကောင်က ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်၍စာဖတ်နေပြီး သူ့အိမ်သူ ခြင်မအား “ရှင်မရေ နေမကောင်းချင်သလို ဖြစ်နေလို့ ခြင်ဆေးလေး ထွန်းပါအုံးကွာ”ဟု လှမ်းပြောနေသည့်ပုံဖြင့် သရုပ်ဖော်ထားတာတွေ့ရသည်။ခြင်မျိုးစိတ်ပျက်သွား၍ ခြင် သိက်္ခာကျသွားခြင်းလား၊ခြင်ဆေးဒဏ် ခံနိုင်လာပြီး ခေတ်သစ် ခြင်မျိုးစိတ်ကို ကာကွယ်ပေးနိုင် ၍  သိက်္ခာတက်လာပြီ ပြောရမည်လား ကျွန်မ မသိတော့ပါ။
၎။         ကျွန်မတို့ငယ်စဉ်တွင်  အဖေက အိမ်မှာ တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ခဲ့ဖူးပါသည်။အရာရှိ ၀န်ထမ်းအိမ်ရာ ခြံဝန်းကျယ်ကြီးများထဲတွင် မွေးထားစရာ မလိုသည့် ခွေးလေ ခွေးလွင့် များကလည်း လာနေကြပါသည်။ဝက်စာ အကြွင်းအကျန်များကို စားရပြီး ၀ဖြိုးနေကြပါသည်။ခြံထဲသို့ လူစိမ်းဝင်လာလျှင် ခွေးများက အေးဆေးသက်သာစွာ အိပ်နေကြပြီး ၀က်များက
           
           အော်ပေးကြပါသည်။ဝက်များကို ၀က်ခြံထဲသို့ ထည့်မထားမိသည့်နေ့ များဆိုလျှင် ၀က်များသည် လူစိမ်းကို လိုက်ကိုက်ပါတော့သည်။ခွေးကိုက်ခံရသကဲ့သို့ပင် အနာတရ ဖြစ်သောကြောင့် ကျွန်မ အဖေက ခြံရှေ့တွင် “၀က်ကိုက်တတ်သည်” ဟုပင် ချိတ်ဆွဲထားခဲ့ ရဖူးပါသည်။ထိုဆိုင်းဘုတ်ကို ဖတ်မိသူတိုင်း အထူးတဆန်းဖြစ်ကြသည်။ခွေးကပဲ သိက်္ခာကျသည်လား ၊၀က်ကပဲ နေရာယူလွန်း နေသည်လား မတွေးတတ်တော့ပါ။
၅။       အိုင်တီခေတ်တွင် တော့ လူ့ အသိဥာဏ် အဖွံ့ဖြိုးဆုံးဟု  ပြောလို့ရပါသည်။သို့သော်လည်း လူသားတို့ တီထွင်လိုက်လိုက်သော ကွန်ပျုတာများကပင် လူသားများကို ပြန်ခိုင်း စေနေပြန်ပါသည်။အခွေများကို အင်စတော်လေးရှင်း လုပ်လျှင်ပင် သူညွှန်ကြားသည့် အတိုင်း လိုက်လုပ်ရပြီး တစ်ခါတစ်ရံ  “ ဏူနျေန တငေအ  ”ဟု ပင်စောင့်ခိုင်းနေတတ်ပြန်သည်။အင်တာနက်ကွန်ရက်ထဲတွင် လူသား တို့၏ သိက်္ခာပေါင်းစုံသည် ရောပြွမ်း၍ နေတတ်ပါသည်။အင်တာနက်သည် လူသားတို့အတွက် အသုံးချရမည့် ပစ်္စည်းမဟုတ်ဘဲ လူသားတို့ ကသာ အသုံးချခံ ဖြစ်နေရပြန်သည်။ကျွန်မကတော့ လူပီပီ အတ်္တကြီးတယ်လို့ပဲဆိုဆို တိရစ်္ဆာန် အသီးသီးတို့ သိက်္ခာလျော့ပါးလာ နေချိန်တွင် လူသားတို့ကိုတော့ သိက်္ခာ ကျန်နေစေချင် သေးပါသည်။


                                                    
                                                  
                         
                                                 ၁၁ရက်၊၁၀လ၊၂၀၁၀ပြည့်နှစ်။

0 comments:

Post a Comment