468x60

စာရေးဆရာ ဆိုသည်မှာ.

Tuesday, June 3, 2014
   ..............
          တိုတောင်းလှပါသည်ဆိုသည့် လူ့ အဖြစ်ကို ရရှိလာတာခြင်း တူသော်လည်း ၀ါသနာပါမှုက မတူညီကြ။ဝါသနာ ဆိုသည်ကလည်း မွေးကတည်းက အမြစ်တွယ်သလို ပါလာတာရှိသလို ကြီးပြင်းလာမှ ၀န်းကျင်ကို လိုက်၍ ပေါ်ပေါက်လာတာလည်း ရှိသည်။ထိုပေါ်ပေါက်လာသည့် ၀ါသနာကလည်း လူတစ်ချို့အတွက် သာမန်မျှသာ ဖြစ်သော်လည်း တစ်ချို့လူများအတွက်မူ ဘ၀တစ်ခုလုံးကို နှစ်မြုပ်ပစ်လိုက်သည်ထိ ရှိနေကြသည်။နှစ်မြှုပ် ထားချင်သည့် ၀ါသနာက ဘ၀ရပ်တည်မှုအတွက် မလုံလောက်ခဲ့လျှင် စိတ်သောကရောက်ရပြီး ၀ါသနာနှင့် ဘ၀အသက်မွေးမှုက တစ်ထပ်တည်းကျလျှင်တော့ အတိုင်းထက်အလွန်ပင်။ဝါသနာနှင့် အသက်မွေးမှုကြား လွန်ဆွဲနေရသည့် သူများထဲတွင် ကျွန်မ တစ်ယောက်လည်း အပါအ၀င်။စာရေးဆရာ ဆိုသည့် ဘ၀ကို မက်မောတွယ်တာနေကြသည့် ကျွန်မနှင့် ၀ါသနာတူ သူများနှင့် ဆုံမိတိုင်း ရင်ဘတ်ချင်းနီးသလို ခံစားရသည်။သို့သော်လည်း စာရေးခြင်းဖြင့် အသက်မွေး ရပ်တည် နိုင်သည့် မြန်မာနိုင်ငံမှ စာရေးဆရာများ ကို လက်ချိုးရေတွက်ကြည့်လျှင် လက်ဆယ်ချောင်းပင် ပြည့်မည်မထင်။ထိုသို့ သိထားပါလျှက် စာရေးခြင်းဖြင့် ကျားကုတ်ကျားခဲ ရပ်တည်နေကြသည့် မျိုးဆက်သစ် စာရေးဆရာများ၏ အစွမ်းက ချီးကျူးစရာပင်။
        ကျွန်မ ငယ်စဉ်က ရုပ်ရှင်ထဲ၊စာအုပ်ထဲတွင် မြင်ဖူး၊ဖတ်ဖူးခဲ့သည်မှာ စာရေးဆရာများသည် ဆင်းရဲကြသည်။စာရေးဆရာဆိုလျှင် မျက်မှန်တပ်ရမည်၊လွယ်အိတ်အစုတ်လေး လွယ်ထားရမည်။ဖိနပ်နောက်မြီးက ပြတ်လျှင်ပြတ် မပြတ်လျှင် ပါးနေရမည်။အိမ်လခ မပေးနိုင်၍ အိမ်ရှင် လာရန်တွေ့ခြင်းခံရမည်။ဆံပင်ရှည်၊ဖိနပ်ပြတ်လျှင် ချက်ချင်း မညှပ်နိုင်၊မ၀ယ်နိုင်။ဘ၀ရပ်တည်နိုင်မည့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်လာသော်လည်း သူတို့၏ မာနတရားများကြောင့် ဘယ်တော့မှ လက်မခံတတ်။သူတို့ရေးသည့်စာများသည် ဆင်းရဲသား လူတန်းစားအတွက်သာ ရပ်တည်သည်က များသည်။ကျွန်မ ငယ်စဉ်က သိခဲ့သည့် စာရေးဆရာ ဆိုသည့် ပုံရိပ်များဖြစ်သည်။ထို့ကြောင့် စာရေးဆရာဆိုလျှင် အထင်ကြီးခံရသည့် လူတန်းစားထဲတွင် ထိုခေတ် ထိုအခါက မပါဝင်ခဲ့။အခုတော့ စာဖတ်ပရိသတ်၏ အမြင်က ပြောင်းလဲလာကြသည်။ယနေ့ခေတ် ရုပ်ရှင်တော်တော် များများက စာရေးသူများ၏ ၀တ်္ထုများကို ၀ယ်၍ရိုက်လာကြသည်။ရုပ်ရှင် ပိုစတာများတွင် ဘယ်သူ ဘယ်ဝါ၏ ၀တ်္ထုပါဟု ရေးသားဖော်ပြလာကြသည်။ထိုအခါ စာရေးဆရာများကို ရုပ်ရှင်ကြည့် ပရိသတ်ကပါ သတိထားမိလာကြသည်။ရုပ်ရှင်ကောင်းလျှင် ကောင်းသလို ၀တ်္ထုကိုပါ ချီးမွမ်းတတ် လာကြသည်။ထိုမှ တစ်ဆင့် စာရေးဆရာများကိုပါ လေးစား အထင်ကြီးလာကြသည်။
        ယနေ့ခေတ် စာရေးဆရာမများ ခေတ်နှင့်အညီ သင့်တင့်လျှောက်ပတ်အောင် ၀တ်တတ်ကြသလို၊ ဂျင်းဘောင်ဘီ၊တီရှပ်ကို သပ်သပ်ရပ်ရပ် ၀တ်သည့် စာရေးဆရာများ လည်း များလာကြသည်။ဆံပင်ရှည်ကို နှစ်သက်၍သာ ထားကြမည်၊ဆံပင်ညှပ်ခ မတတ်နိုင်၍ မဟုတ်ကြတော့။ကျောပိုးအိတ်နှင့် ဘေးလွယ်အိတ် များကိုလည်း စတိုင်ကျကျ လွယ်လာကြသည်။စာရေးဆရာ အမှတ်တံဆိပ် လိုဖြစ်နေသည့် လွယ်အိတ်လွယ်သည့် ဟန်ကို မြတ်နိုးစွာ လိုက်လုပ်သည့် စာရေးဆရာများ ရှိသေးသော်လည်း လွယ်အိတ်စုတ်ကိုတော့ မလွယ်ကြတော့။စာရေးဆရာ အများစုက ဘ၀ရပ်တည်မှု အတွက် အသက်မွေးမှု တစ်ခုခု ကို ယှဉ်တွဲလုပ်နေကြသည့် ဆရာ၊ဆရာမများ ဖြစ်နေကြသည်။ထို့ကြောင့် မြင်ရ၊ကြားရသည်မှာ ကျက်သရေရှိသည်ဟု ကျွန်မ ခံစားရသည်။သို့သော်လည်း  ........... ထို သို့သော်လည်းက ကျွန်မရင်ကို စိုက်ဝင်နေသည်မှာ တစ်နှစ်ခန့်ရှိပြီ။သည် ဆောင်းပါးကို ရေးသင့် မရေးသင့် စဉ်းစားရင်း အချိန်အနည်းငယ် ယူနေမိသည်။မည်သူကိုမျှ စော်ကား ပုတ်ခတ် လိုစိတ် မဟုတ်ဘဲ ၀ါသနာတူ စာရေးဆရာများဘက်မှ နာ၍ ရေးမိခြင်းဖြစ်သည်ကိုတော့ ကျွန်မ ရေးသော စာများကို တိုင်တည်၍ သစ်္စာပြုပါသည်။
          စာပေနှင့်ပတ်သက်သည့် အခမ်းအနားများ၊အလုပ်ရုံဆွေးနွေးပွဲများနှင့် စာအုပ်မိတ်ဆက်ပွဲများကို ကျွန်မ တက်ရောက်ဖြစ်သည်။တချို့အခမ်းအနားများကို  အခမ်းအနားမှူး အဖြစ်၊အချို့ကို စာဖတ် ပရိသတ်အဖြစ်၊စာရေးသူ အဖြစ် တက်ရောက်ခဲ့ဖူးသည့် ပွဲအရေအတွက်က အတော်များလာခဲ့သည်။အခမ်းအနားများတွင် သူ့အမြင်၊ကိုယ့်အမြင် အပြန်အလှန်ဆွေးနွေးကြသည့်အခါ၊စာရေးသူ အမြင် သဘောထားကို ပြောပြကြသည့် အခါများတွင် စာရေးသူ အချို့က အထုပ်ဖြည်ပြသည်ဟု ကျွန်မ ထင်မိသည်။ကျွန်မ တို့ စာရေးသူများသည် လူထဲမှ လူများ ဖြစ်ကြပါသည်။လူအများ ရင်ဆိုင် ကြုံတွေ့နေရသည့် ခေတ်၏ ရုန်းကန်ရမှုများ။နိုင်ငံရေးအလှည့်အပြောင်းလဲများ၊မိသားစု အရေးကိစ်္စများ အားလုံး အတူတူပင်ဖြစ်သည်။တစ်ခုပဲရှိသည် ကျွန်မတို့က ပိုမြင်၊ပိုခံစားတတ်ကြသည်။ထို့ကြောင့်ပင် စာရေးဆရာများ ဖြစ်လာရခြင်း ဖြစ်သည်။စာဖတ်သူများက မျက်စေ့တစ်စုံဖြင့်သာ မြင်မိသည့် အကြောင်းအရာများကို ကျွန်မတို့က နောက်စေ့ရော ခြေမျက်စေ့က မြင်နေတတ်ကြသည်။ဒီလမ်း ဒီလမ်းခရီးကို အတူသွားကြသော်လည်း ကျွန်မတို့က ခြေမျက်စေ့ဖြင့်ပါ မြင်နေတတ်ကြသည်။ကိုယ့် မျက်ကွယ်ရောက်သွားသည့် အခြေအနေ အချို့ကိုလည်း နောက်စေ့ကပါ လိုက်ကြည့်မိနေတတ်သည်။ထိုအရာကို စာရေးဆရာ အရည်အသွေးဟု တင်စားနိုင်ပါသည်။
       ကျွန်မတို့၏ ဖြတ်သန်းခဲ့ရသည့် ဘ၀များ။ရင်ဆိုင်နေသည့် အခက်အခဲများကို ရိုးသားစွာ ရေးသား၊ပြောဆိုနိုင်ပါသည်။ထိုထဲမှတစ်ဆင့် စာဖတ်သူများအတွက်  သင်ခန်းစာပေးခြင်းမျိုး မဟုတ်ဘဲ ဘ၀တူ၊ခံစားချက်တူသူများ ရှိနေပါသည် ဆိုသည့် စိတ်ဖြေ နိုင်မည့် ရသ ပေးစွမ်းချင်၍ ဖြစ်ပါသည်။အဖြစ်အပျက်များကို မကွယ်မ၀ှက်ရေးခြင်း၊ပြောခြင်းသည် အသနားခံ ခြင်း မဟုတ်ပါ။စာရေးဆရာဆိုသည်မှာ မပြေလည်မှုများနှင့် ပြည့်နှက်နေသည့် သနားစရာ သတ်္တ၀ါ အဖြစ် မြင်မသွားစေလိုပါ။ဆင်းရဲသား နင်းပြားများ အကြောင်း ရေးမှ ရသ မဟုတ်ပါ။လူချမ်းသာများ ကြုံတွေ့နေသည့် စိတ်ဆင်းရဲခြင်းသည်လည်း ရသပင်။ဝမ်းနည်းနာကျင်ရခြင်းကို ရသ ဟု သတ်မှတ်လျှင် ကြည်နှုး ပျော်ရွှင်ရခြင်းကလည်း ရသ ဟုဆိုရပါမည်။ငိုကြွေးခြင်းသည်ရသ ၊ရယ်မောခြင်းသည် ရသ၊စိတ်ကျခြင်းသည် ရသ၊စိတ်ကြွ ခြင်းကလည်း။လူအများ ခံစားနေရသမျှအားလုံးသည် ရသ အမျိုးမျိုး ဖြစ်သည်ဟု ကျွန်မ ထင်ပါသည်။
        ကျွန်မတို့မှာ  အကြွေးရှိခြင်း၊မရှိခြင်း၊အိမ်ပိုင်ရှိခြင်း၊မရှိခြင်း။ကိုယ်ပိုင်ကား ရှိခြင်း၊မရှိခြင်းများကို အကြောင်းအရာ တစ်ခုခုနှင့် ချိတ်ဆက်၍ ဆောင်းပါး၊ရသ စာတမ်း၊ကဗျာ၊၀တ်္ထုများ ရေးဖွဲ့နိုင်ပါသည်။ကျွန်မတို့ အရင် ၀ါရင့်သမ်္ဘာရင့် စာရေးဆရာကြီးများလည်း ရေးဖွဲ့ခဲ့ဖူးသည်။ကျွန်မတို့ခေတ်မှာလည်း ရေးဖွဲ့နေကြသည်။ဒါသည် ခေတ်၏ ပုံရိပ်များ ဖြစ်ပါသည်။ခေတ်၏ အရိပ်ကို ပုံဖော်ပေးနေကြခြင်း ဖြစ်ပါသည်။ထိုသို့ မရှိခြင်း၊အဆင်မပြေခြင်းများကို တစ်စုံတစ်ယောက်က ကူညီဖြေရှင်းပေးရတော့မလို အပြောများကို မပြောစေချင်ပါ။ကျွန်မ တို့သည် အများနည်းတူပင် ကိုယ့် ပြဿနာများကို ဖြေရှင်းနိုင်သည့် အစွမ်း၊အရည်အချင်းရှိသူများ ဖြစ်ကြပါသည်။ထိုသို့ ဖြေရှင်းနေရင်းကပင် ခေတ်ပုံရိပ်ကို ရေးဖွဲ့နိုင်သူများ ဖြစ်နေကြသည်မှာ စာရေးဆရာ များဖြစ်ပါသည်။ထိုကဲ့သို့ စာဖတ်သူများဘက်မှ မြင်စေချင်သည်မှာ ကျွန်မတစ်ဦးတည်း၏ ခံယူချက်ဖြစ်ပါသည်။
            နိုင်ငံ အသီးသီးရှိ  နိုင်ငံခေါင်းဆောင် အများစုသည် စာရေး၊စာဖတ် ၀ါသနာပါကြသည်။စာရေး၊စာဖတ်ဝါသနာပါသူများက နိုင်ငံခေါင်းဆောင် ဖြစ်လာကြသည်လား၊နိုင်ငံခေါင်းဆောင်များက စာရေး၊စာဖတ်ဝါသနာ ပါကြသည်လား။ကျွန်မ မဝေခွဲတတ်။ကျွန်မတို့၏ လွပ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကတော့ စာရေးဆရာ တစ်ပိုင်းဖြစ်ခဲ့သည်။ခေတ်အဆက်ဆက် ကြုံတွေ့နေရသည့် နိုင်ငံရေးအလှည့်အပြောင်းများကို ရင်ဆိုင်ရတာချင်း အတူတူ ကျွန်မ တို့ စာရေးဆရာများက စာတစ်တန် ပေတစ်ပုဒ် အဖြစ် ရေးဖွဲ့နိုင်ခဲ့သည်မှာ ဦးပုညတို့ လက်ထက်ကတည်းက ဖြစ်သည်။ထိုအခါ နိုင်ငံရေးနှင့် စာရေးဆရာများကို ယှဉ်တွဲမြင်လာကြသည်။စာရေးဆရာများက နိုင်ငံရေးလောကထဲ အတင်းပြေးဝင်ခြင်း မဟုတ်ဘဲ နိုင်ငံ့ အရေးကိစ်္စများကသာ စာရေးဆရာများထံ ချဉ်းနင်း ၀င်ရောက်လာခြင်းဖြစ်သည်။နိုင်ငံ့ အကျိုး၊ပြည်သူ့အကျိုးအတွက်ဆိုလျှင် ရေးသားဖော်ပြကြဖို့ စာရေးဆရာများသည် ဘယ်တုန်းကမှ  လက်မနှေးခဲ့ကြ။ရေးသားချင် ၍ ရေးခဲ့ကြခြင်းဖြစ်သည်။တမင် အနစ်နာခံသယောင် ပြပြီး နိုင်ငံရေး လုပ်နေပါသည်ဟု အထင် မခံလို။ထိုကဲ့သို့ စာဖတ်သူများဘက်မှ မမြင်စေချင်သည်မှာ ကျွန်မတစ်ဦးတည်း၏ ခံယူချက်ဖြစ်ပါသည်။
         ကျွန်မတို့သည် စိတ်ထဲတွင် ထိမိခံစားလာရပြီဆိုလျှင် ထို ခံစားချက်များက အလိုလို လျှံကျလာ(အိုဗာဖလိုး)ပြီး ရေးဖွဲ့မိတတ်ကြသည်။သည့်အပြင် ကြိုတင်မှန်းဆ သိမြင်နိုင်သည့် ပါဝါ စာရေးဆရာများတွင် ရှိနေတတ်ပါသည်။ ၁၉ရာစုနှစ် ခေတ်ဦးကို သိပ်္ပံပညာခေတ်ဦးဟု ခေါ်နိုင်ပါသည်။ထိုအချိန်တွင် စာပေပညာရှင်များသည် လည်း သိပ်္ပံအကြောင်း အမျိုးမျိုးကို ဖွဲ့ဆိုကြသည့်အခါ စာဖတ်ပရိသတ်များသည်လည်း သိပ်္ပံဆိုင်ရာ အချက်အလက်တိုနှင့်ရင်းနှီးလာကြသည်။ ရိုမန်တစ် စာပေခေတ်တွင် စိတ်ကူးဥာဏ် ဆန်းကြယ်အောင် ဖွဲ့ဆိုထားသည့် ၀တ်္ထုပုံပြင်ဒဏ္ဍာရီများသည် သိပ်္ပံဝတ်္ထုလိုလို ထင်ယောင်ထင်မှား ဖြစ်စရာကောင်းနေသည်။အကယ်၍သာ ရှင်အဇ်္ဇဂေါဏ အကြောင်းကို ၀တ်္ထုပုံစံ ဖွဲ့ဆိုနိုင်လျှင် မြန်မာ့သိပ်္ပံ ၀တ်္ထုရှေ့ပြေး ဟု ဆိုနိုင်ပါသည်။ဂျာမန် အမျိုးသား မွန်ချောဆင်ဆိုသည့် စာရေးဆရာ တစ်ယောက်သည် လကမ်္ဘာပေါ်သို့ လူသားများ ခြေမချနိုင်မီ ကပင် သူ့၏ ဇာတ်ကောင်ကို လကမ်္ဘာသို့ ရောက်သွားသည်ဟု  ရေးဖွဲ့ခဲ့ရာ မဖြစ်နိုင်၊ရူး၍ ရေးသားသည်ဟု ၀ိုင်းပြီးထောပနာ ပြုဖူးခဲ့ကြသည်။သို့သော်လည်း သိပ်မဝေးလွန်းသည့် နောက်ဆယ်စုနှစ် တစ်ခုတွင် လူသားများ လကမ်္ဘာပေါ်သို့ အမှန်တစ်ကယ် ခြေချနိုင်ခဲ့ပါသည်။ကဗျာဆရာ၊စာရေးဆရာများသည် သိပ်္ပံစိတ်ကူး မပေါ်မီ ကတည်းကပင် ဥဒဟို ရောက်ခဲ့ကြပြီး ဖြစ်သည်။
         စု၊တု၊ပြု ဆိုသည့် အသုံးအနှုန်းကို  စာရေးဆရာများ လက်ကိုင်ထားနေကြရပါသည်။ဟိုးရှေးရှေး ပဝေသဏီ စာပေ စတင်ပေါ်ပေါက်ခဲ့သည့် အချိန်မှ ယနေ့ခေတ်အချိန်ထိ ရေးသားခဲ့ကြသည့် စာပေများကို ကျွန်မတို့ ဖတ်ပြီး မှတ်သားခဲ့ကြရပါသည်။ထိုမှ တစ်ဆင့် ကြုံတွေ့နေရသည့် ကာလအလိုက် ကျွန်မတို့၏ အတွေးအခေါ် အသစ်များကို ထပ်လောင်းရေးဖွဲ့ကြသည်။စာရေးဆရာ တစ်ယောက် ဖြစ်လာပြီဟု ဆိုလျှင် သာမန်သူများထက်      စာဖတ်အား များ၍ ဖြစ်သည်ဟု ယျေဘူယျ သတ်မှတ်နိုင်ပါသည်။ဖတ်ထား၊မှတ်သား ထားသည့် အကြောင်းအရာများက စာရေးသားချင်စိတ်ကို စေ့ဆော်ပေးသည်ဟု ကျွန်မ ခံစားမိသည်။စီနီယာ စာရေးဆရာများ၏ စာများကို ဖတ်ခဲ့ကြသလို၊ကျွန်မတို့နှင့် တစ်ခေတ်ထဲတွင် ရေးသားနေသည့် ခေတ်ပြိုင်၊စာရေးဆရာများ၏ စာများကိုလည်း ဖတ်ဖို့လိုပါသည်။ထို့ပြင် ကျွန်မတို့ နောက်မှ ရေးသားလာကြသည့် ဂျူနီယာ စာရေးဆရာများ၏ စာများကိုလည်း အရေးတယူ အချိန်ပေး၍ ဖတ်ပေးဖို့ လိုသည်ဟု ကျွန်မ ထင်သည်။ခေတ်ကို မြင်သည့် အမြင်ချင်းသည် အရွယ်အလိုက် ကွာခြား တတ်၍ ဖြစ်ပါသည်။ကိုယ့်ထက် ကလောင်ငယ်သော စာရေးဆရာများ၏ စာများကို ဖတ်နေစရာမလိုဟု ထင်လိုက်လျှင်၊သို့မဟုတ် ကိုယ့်အရေးအသားလောက် မကောင်း၊မတော် ဟု ထင် တစ်လုံးနှင့် တွေးမိလိုက်လျှင် ထိုသူသည် စာရေးဆရာ မဟုတ်တော့ဟု ကျွန်မ စွတ်စွဲလိုပါသည်။နောက်တစ်ချက်မှာ ကိုယ့်စာများကို ဖတ်စေလိုလျှင် သူတစ်ပါး စာများကိုလည်း ဖတ်ပေးတတ် ရပါသည်။စာရေးဆရာ၏ ကျင့်ဝတ်တစ်ခုဟု ပင် ဆိုချင်ပါသည်။
        စာပေ ဖန်တီးသော နေရာတွင် အမြင်ဥာဏ်ကျယ်ရုံနှင့် မပြီးနိုင်ပေ။ကရုဏာတရားလည်း ရှိမှ ဖြစ်မည်။ကရုဏာကင်းသည့် အမြင်ကျယ်ခြင်းသည် စာပေ အတွက် မည်သို့မျှ အကျိုးမထူး။စာပေ လောက အတွက် လုပ်ငန်းမရှိ၊ပါးစပ်အပြောသာ အဖတ်တင် တတ်ပါသည်။ထို့အတူပင် အမြင်ဥာဏ်ကင်းသည့် ကရုဏာ တရား သည်လည်း စာပေအတွက် အကျိုးထူး မရှိနိုင်ပေ။လုပ်ငန်း စင်စစ် ရှိသော်လည်း စာပေလောကကို နှစ်ရာ ရောက်တတ်ပါသည်။လမ်းလွှဲသို့ ပို့ဆောင်ပေးတတ်ပါသည်။ထို့ကြောင့် ကျွန်မ ချစ်သည့် စာရေးဆရာ၊ဆရာမများ  ကျယ်ဝန်းသော အမြင်ဥာဏ်နှင့် ဂရုဏာတရား ဒွန်တွဲ ရှိနိုင်ကြပါစေ။မေတ်္တာရည်လျှက် ..................



                                            ခင်သန္တာ                                        
         

1 comments:

  1. Unknown said...:

    We have the Power to shrink our Dreams to fit Reality or The Power to stretch the Reality to fit our Dreams.

Post a Comment