ကယ်လ်ဆမ်ကွေကာ အတွေး
ကျုပ်နံမည် ခင်ဗျားတို့ကြားရင် နဲနဲအံသြမယ်ထင်တယ်၊အမှန်တော့ ကျုပ်နံမည် အရင်းမဟုတ်ဘူးထင်တယ်ဗျ။ကျုပ်နံမည်အရင်းဘယ်သူလဲ ဆိုတာတောင်မသိခဲ့ပါဘူး။အရပ်က ခေါ်နေကြတဲ့နံမည် “ဆီဆမ်း” ဆိုတာပဲ ကျုပ်နံမည်လို့မှတ်ထားလိုက်တယ်။ကျုပ်ဒွေးလေး ပြောတာတော့ကျုပ်ငယ်ငယ်က ထမင်းဆီဆမ်းပဲတောင်းစား တယ်တဲ့ဗျ၊ဒါပဲစားစရာရှိလို့ ထင်ပါတယ်ဗျာ။ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်နံမည်ကတော့ “ဆီဆမ်း”ပဲ၊ကြီးလာတော့ ကိုဆီဆမ်းပေါ့ဗျာ။ကျုပ်အဖေနဲ့အမေသေတဲ့အချိန်လည်း ကျုပ်မမှတ်မိဘူး၊ကျုပ်သိတတ်စအရွယ်မှာ ကျုပ်အဒေါ် ဒွေးလေးမြကအကြော်ရောင်းပြီးရှာကျွေးနေတယ်ဆိုတာပဲ။အစကတော့ကျုပ်ကိုကျောင်းထားသေးတယ်ဗျ၊ ကျုပ်ကလည်း ကျောင်းစာဘက်မှာဝါသနာမရှိ ဒွေးလေးကလည်းဆက်မထားနိုင်ဆိုတော့ ရေးတတ်ဖတ်တတ်အချိန်မှာ ကျောင်းထွက်လိုက်ရတာပဲ။အဒေါ်နဲ့ကူပြီး အကြော်ရောင်းပေးတယ်၊
ရွာထဲက မုန့်ဟင်းခါးဆိုင်၊အသုပ်ဆိုင်တွေကို ဖောက်သည်လိုက်ပေးရတယ်။ဒီလိုနဲ့ပဲ ကျုပ်နဲ့အဒေါ် ဦးလေးနာတာရှည် ရောဂါသည်ကိုရှာကျွေးခဲ့ရတယ်။ဒါကကျုပ်ဇာတ်လမ်းအကျဉ်း။
ကျုပ်ကာလသားအရွယ်ရောက်လာတော့ အလုပ်အကိုင်သာမယ်မယ်ရရ မရှိတယ်
ရည်းစားတော့ထားချင်လာတယ်ဗျ၊တိုတိုပြောရရင် ကျုပ်ရည်းစားတစ်ယောက်ရတော့တာပဲ။ကျုပ်
ရည်းစားနံမည်ကြားရင်လည်း ခင်ဗျားအံသြမယ်ထင်တယ်၊ “ဖြတ်သန်း” တဲ့ဗျ။သူမှာတော့နံမည်
အရင်းရှိတယ်“ပိုးအိဖြူ”တဲ့။ဒီနံမည်ဘယ်သူပေးလိုက်တယ် မသိဘူး၊အရပ်ကတော့ဘယ်သူမှ ဒီနံမည်
မခေါ်ကြဘူး။နံမည်နဲ့လူမလိုက်လို့တဲ့၊ဒီလိုနံမည်ဆိုတာ မြို့သူချောချောလှလှတွေသာ မှည့်သင့်
တာကိုးဗျ။ကျုပ်ရည်းစားအသားက ညိုရုံမဟုတ်ဘူး၊မှောင်တဲ့ဘက်နဲနဲသန်းချင်တယ်။အနေအထိုင်
ကလည်း“ဂျမ်းတောဗျ”။“ဖြတ်သန်း” ဆိုတဲ့နံမည်က သူ့အဖေနဲ့အမေ အခက်အခဲဆင်းရဲကြားက
ဖြတ်သန်းပြီးမွေးခဲ့ရလို့တဲ့။မွေးချင်းတစ်ယောက်မှ အဖတ်မတင်ဘဲ နောက်ဆုံးသူ့ကျမှ အဖတ်တင်
တာတဲ့။အဲဒီတော့ “မဖြတ်သန်း”ပေါ့။
ဒီလိုနဲ့“ဆီဆမ်း”နဲ့ “ဖြတ်သန်း” တို့ဖူးစာဆုံကြတော့တာပဲ။ဦးလေးရောဂါသည် ဆုံးသွားတော့အဒေါ်လည်းသူ့လက်ငုတ်အကြော်ဆက်ကြော်ရင်းကျန်ခဲ့တော့တယ်။ကျုပ်ကတော့
ဖြတ်သန်းနဲ့အကြောင်းပါပြီး အလုပ်အစုံလုပ်တော့တာပဲ။မလုပ်လို့လဲမရဘူးဗျ၊ကျုပ်နဲ့ဖြတ်သန်း
ယူတဲ့နှစ်မှာပဲအကြီးကောင် ကိုယ်ဝန်ရတယ်။ကျုပ်လယ်အငှားလိုက်ထွန်တယ်၊ရွာထဲမှာထင်းခွဲတယ်၊
ရေထမ်းတယ်၊တောထဲထွက် မျှစ်ချိုးတယ်။ကျုပ်မိန်းမကလည်း သူတစ်နိုင်ကောက်သင်းကောက်တယ်၊
တောထဲက ကျုပ်ချိုးလာတဲ့မျှစ်နဲ့ဟင်းသီးဟင်းရွက်တစ်ချို့ ရွာထဲလည်ရောင်းတယ်။ကိုယ်ဝန်နဲနဲ
ရင့်လာတော့ ကျုပ်လုပ်ခွင့်မပြုတော့ပါဘူး၊အိမ်မှာပဲနားနားနေနေ နေခိုင်းတယ်။
အကြီးကောင်မွေးပြီး ခုနှစ်လအကြာမှာ ကျုပ်မိန်းမနောက်ကိုယ်ဝန်ထပ် ရှိတော့တာပဲ။
ကျုပ်ကလည်း ဥတစ်လုံး၊ကျုပ်မိန်းမကလည်း တစ်ကောင်ကြွက်ဆိုတော့ ဒုတိယကိုယ်ဝန်ရခြင်းကို
ပျော်တောင်ပျော်သေး။ကျုပ်မိန်းမကတော့ အပြင်အလုပ်ဘာမှ ထွက်မလုပ်နိုင်တော့ဘူး။လသား
အရွယ်ကလေးကတစ်ဖက်၊ကိုယ်ဝန်တစ်ဖက်နဲ့ အိမ်မှုကိစ်္စတွေပဲလုပ်နိုင်တော့တယ်။ကျုပ်တို့လင်
မယားနှစ်ယောက် ကလေးငါးယောက်ရသည်ထိတော့ မိသားစုကြီးကြီးပိုင်ဆိုင်ထားတာဆိုပြီး
ပျော်နိုင်သေးတယ်ဗျ။ဒါပေမဲ့ အိမ်ထောင်သက်ခြောက်နှစ်အတွင်း၊ခြောက်ခါမွေး ခုနှစ်ယောက်ဖြစ်
လာတော့ နဲနဲစိတ်ပျက်စပြုလာတယ်။အမြွာနှစ်ကောင်ကလည်းပါသေးတာကိုးဗျ။ဒီအမြွာနှစ်ကောင်
ကလည်းလမစေ့ပဲမွေးလို့တဲ့ ပေါင်လည်းသိပ်မပြည့်ကြဘူး၊နဲနဲလည်းချုချာတယ်။အကြီးငါးကောင်
ကလည်း စားနိုင်သောက်နိုင်အရွယ်တွေဆိုတော့ ကျုပ်ဘယ်လောက်ရှာရှာ လောက်တယ်ကိုမရှိဘူး။
ခုနှစ်ကြိမ်မြောက် ကိုယ်ဝန်လွယ်ထားတဲ့ အချိန်မှာတော့ ကျုပ်မိန်းမကျန်းမာရေးညံ့လာတယ်။
အစားကောင်းကောင်းမစားလို့ထင်တာပဲ၊သူ့သားတွေနဲ့ကျုပ်ကို ဦးစားပေးလို့ထင်ပါရဲ့ ၀၀လင်လင်
လည်းမစားရရှာပါဘူး။
ကျုပ်လည်းတောထဲမျှစ်သွားချိုးရင်း ငုတ်စူးမိတာနှစ်ပတ်လောက်ရှိပြီ။သိပ်မများဘူး
ထင်ပြီးဒီအတိုင်းထားတာ မန်းဝင်သွားပြီး ခြေထောက်ကြီးယောင်နေတယ်။လမ်းတောင်ကောင်းကောင်း
မလျှောက်နိုင်ဘူး။အကြီးကတော့ နဲနဲကူညီနိုင်တဲ့အရွယ်ရောက်နေလို့ တော်သေးတယ်။ကျုပ်မိန်းမ
ခုနှစ်ကြိမ်မြောက် ကိုယ်ဝန်ကို ဒေသန်္တရဆေးခန်းမှာ သွားပြတော့ နပ်စ်မကြီးကအိမ်ထောင်သက်
နဲ့ဆောင်ခဲ့တဲ့ ကိုယ်ဝန်အကြိမ်အရေအတွက်ကိုမေးတယ်။ကျုပ်တို့ကပြောပြတော့ “ရှင်တို့ဟာက
ရီးရားလီးပရိုဒတ်ရှင်းပါလား”တဲ့၊အင်္ဂလိပ်လိုပြောလိုက်တယ်ထင်တယ်။ကျုပ်တို့လင်မယားနှစ်ယောက်
ပါးစပ်အဟောင်းသားနဲ့ ကြည့်နေတာကိုမြင်မှ“သြော် တစ်နှစ်တစ်ယောက် ပုံမှန်မွေးနေကြတာပါ
လားလို့ပြောတာတဲ့”။
အဲဒီဆရာမကြီးကပဲ “ရှင်တို့စီးပွားရေးလည်းမပြေလည်၊ကျန်းမာရေးလည်းကောင်းကြ
တာမဟုတ်ဘဲနဲ့ ကလေးတွေအရမ်းမွေးမနေကြနဲ့” ဆိုပြီး ဒီတစ်ခါမွေးပြီးရင် သားကြောပါဖြတ်
နိုင်အောင်သူကူညီမယ်တဲ့။ကျေးဇူးကြီးပါတယ် သူမကူညီလို့ ဒီနှုန်းအတိုင်းသာဆိုရင် ဘောလုံး
အသင်းတစ်သင်းထောင်လို့ရလောက်တယ်၊အခုအချိန်ထိ ကျုပ်တို့မွေးထားတာ သားတွေချည်းပဲဗျ။
ကျုပ်တို့ရွာမှာ ဒီနှစ် ဂွန်ဒေါင်းဆိုတဲ့စက်ကြီးနဲ့လယ်ထွန်လာကြတယ်ဗျ။လက်မှုလယ်
ယာမှစက်မှုလယ်ယာသို့ ဆိုလားပဲ။သေချာတာတော့ ကျုပ်လယ်အငှားထွန်လို့မရတော့ဘူး။ကျုပ်သူ
ငယ်ချင်းတစ်ယောက်က အကြံပေးတယ် သူနဲ့အတူမြို့တက်ပြီး ဆိုက်ကားနင်းရအောင်တဲ့၊ကျုပ်တို့
ရွာက“အစား”လို့ နံမည်ကြီးတဲ့မြို့နဲ့ ငါးမိုင်လောက်ပဲဝေးတယ်၊အုံနာရှာတဲ့ကိစ်္စလည်း ကျုပ်သူငယ်ချင်း
ပဲစီစဉ်တာ။ဒါနဲ့ပဲ ကျုပ်ဆိုက်ကားနင်းဖြစ်ရော၊သူငယ်ချင်းနဲ့ကျုပ် မနက်အစောကြီးထ လမ်းလျှောက်
ပြီးအုံနာအိမ်ကိုသွားကြတယ်။ဆိုက်ကားဂိတ်မှာ တုံကင်ယူပြီး အလှည့်ကျထွက်ရတယ်၊မြို့ပေါ်မှာ
လည်းဆိုက်ကားနင်းတဲ့သူ များသားဗျ၊ကိုယ့်အလှည့်ရောက်ဖို့ အချိန်အတော်ကြာအောင် စောင့်ရတယ်။
အခုတစ်လော ကျုပ်တို့နယ်မှာ ပျောက်စေဆရာမအကြောင်း လူပြောများလာတယ်။
ရန်ကုန်မြို့အပါအ၀င် အနယ်နယ်အရပ်ရပ်က လူတွေလာကြတာမနည်းဘူး။ဒီတော့ကျုပ်လည်း
စားကျက်ပြောင်းတော့တယ်၊ကျုပ်တို့မြို့က အ၀ိုင်းလို့ခေါ်တဲ့နေရာနဲ့ ပျောက်စေဆရာမ ရှိရာ
လှေဆိပ်ဘက်ကို ကျုပ်ပြောင်းပြီး ဆိုက်ကားနင်းတော့တယ်။ပျောက်စေဆရာမနဲ့ပတ်သတ်လို့ သူများတွေတစ်စွန်းတစ်စပြောကြတာ ကျုပ်လိုက်မှတ်၊ပြီးတော့ကျုပ်ရဲ့ခရီးသည်တွေကိုဖောက်သည်
ပြန်ချ၊သူတို့လည်းအပျင်းပြေ ကျုပ်လည်း စကားတပြောပြောနဲ့နင်းရတော့ သိပ်မမောဘူးပေါ့ဗျာ။
တစ်ချို့ဆရာမဆီက ပြန်လာတဲ့သူတွေဆီက သတင်းကို အဲဒီဆရာမဆီသွားမဲ့လူနာတွေဆီ သတင်း
ကြိုပေး၊ဘယ်လိုပျောက်တာ၊ဘယ်ရောဂါတွေကို ဘယ်လိုကုပေးလိုက်တာနဲ့ ကျုပ်တစ်ခါမှမမြင်ဘူး
တဲ့ ပျောက်စေဆရာမအတွက် အခမဲ့ပွဲစားလုပ်နေတော့တာ။
လူတွေကနေ့တိုင်း အဲဒီနေရာကိုတဖွဲဖွဲသွားနေကြတာပဲ။တစ်နေ့ရန်ကုန်ကလာတဲ့သူတစ်
ယောက် အဲဒီဆရာမဆီကအပြန် ကျုပ်ဆိုက်ကားငှားစီးတယ်။ကျုပ်လည်းသတင်းလိုချင်တာနဲ့
ဘာရောဂါလာကုတာလဲ၊ဘာရောဂါတွေပျောက်တယ်ကြားခဲ့လဲလို့စကားစလိုက်တာ“ဟာ ဘာစွမ်းသလဲ
မမေးနဲ့ ဘယ်ရောဂါပဲဖြစ်ဖြစ် ဖြစ်တဲ့နေရာကို ဆီလိမ်းပြီးဂွမ်းလေးသုတ်လိုက်တာနဲ့ ပျောက်ရော
ပဲ၊တချို့အဆုတ်ရောဂါသည်တွေဆို အမြစ်တွေ အဖတ်တွေတောင် ဂွမ်းမှာကပ်ပြီးပါလာတယ်၊ြ
တွေ ဃ တွေလည်းပျောက်တယ်-ခင်ဗျား ဗ တောင်ငုတ်တုတ်ထထိုင်နိုင်တယ် ဆိုတော့ပြီးရောဗျာ” တဲ့။
သူပြောတဲ့ဗြ ဃ ရောဂါဆိုတာ ဘာတွေကိုပြောမှန်းတော့ ကျုပ်မသိဘူးဗျ၊ဒါပေမဲ့
ဗ ဆိုတာတော့ရောဂါအကြီးဆုံးဖြစ်မယ်ထင်တယ်။ကျုပ်ဘာသာတွေးနေတုန်း သူကအားရပါးရ
ဆက်ပြောနေသေးတယ်၊“ခင်ဗျား ခန်္ဓာကိုယ်ထဲက ဘယ်အစိတ်အပိုင်းထုတ်ချင်လဲ မနာမကျင်ဘဲ
အကုန်ထုတ်ပေးနေတာ၊ခွဲစရာမလိုဘဲ ဆီးအိမ်ထဲက ကျောက်တွေထုတ်ပေး၊ကင်ဆာတွေကုပေးနေ
တာဗျ။ဆေးဝါးကုသခကလည်း ကိုယ်တတ်နိုင်သလောက်ပဲပေးရတာ၊မပေးနိုင်ရင် မပေးလို့တောင်
ရတယ်”တဲ့။
အခုတစ်လော ကျုပ်ခြေထောက်ကပြန်နာနေတယ်၊ဆေးမြီးတိုတွေနဲ့ကုထားလို့ထင်တယ်၊
အကင်းမသေဘူးဖြစ်နေတယ်။မိန်းမကလည်းနောက်ဆုံးကလေးမွေးပြီးမှ မမာတော့တာ ထူထူထောင်
ထောင်ဖြစ်လာတယ်ကိုမရှိဘူး၊မိန်းမရောဂါလို့ပြောကြတာပဲ။အကြီးကောင်နဲ့ကျုပ်လုပ်စာက မိန်းမ
ဆေးဖိုးနဲ့အိမ်စရိတ်ကို မကာမိဘူး။ကျုပ်ကချွေတာပြီးစားဖို့ မိန်းမကိုပြောတော့ “အခုရောဘာတွေ
များစားနေရလို့ချွေတာခိုင်းနေတာလဲ၊ရှင့်ကလေးတွေ အစာအိမ်က တစ်ချိန်လုံးတောင်းနေကြ
တာတဲ့”။ကျုပ်မိန်းမပြောတာလည်း ဟုတ်တာပဲ ထမင်းကို ဟင်းမပါဘဲစားရတဲ့အနပ်ကပိုများနေတာ
ဘာကိုချွေတာခိုင်းရအုံးမှာလဲ။
ကျုပ်ညက စဉ်းစားကြည့်နေတယ်၊ကျုပ်အကြံဟုတ်သော်ရှိ မဟုတ်သော်ရှိ စမ်းကြည့်
ချင်နေတယ်။ပိုက်ဆံလည်းသိပ်ကုန်တဲ့ကိစ်္စမဟုတ်ဘူး၊တတ်နိုင်သလောက်တဲ့ မတတ်နိုင်ရင်ပေးစရာ
တောင်မလိုဘူးတဲ့။ဒါနဲ့မနက်အစောကြီးထ သားတွေကိုအကုန်ခေါ်ပြီးမြို့ကိုလမ်းလျှောက်ထွက်ခဲ့တယ်။
မိန်းမနဲ့နောက်ဆုံးမွေးတဲ့ သမီးလေးကိုအိမ်မှာထားခဲ့တယ်၊မိန်းမက သိပ်နေမကောင်းတော့ ခရီးဝေး
လမ်းမလျှောက်နိုင်ဘူး။သမီးကလည်း တော်တော်ငယ်သေးတယ်လေ။ အဆင့်ဆင့်လာခဲ့လိုက်တာ နောက်ဆုံးဆရာမရှိရာကို ရောက်လာပါတော့တယ်။ရှေ့က
နှစ်ယောက်သုံးယောက်ပဲ စောင့်လိုက်ရတယ် ကျုပ်တို့အလှည့်ရောက်လာပါတယ်။ဆရာမက
ဘာရောဂါဖြစ်လို့လဲမေးတဲ့အချိန် ကျုပ်ဘာပြောရမှန်းမသိဘူးဖြစ်နေတယ်။နောက်တစ်ကြိမ်ထပ်မေး
တော့မှ ကျုပ်လည်းအထစ်ထစ် အငေါ့ငေါ့နဲ့ “ကျုပ်တို့အစာအိမ်ထုတ်ချင်လို့ ဆရာမ” လို့ပြန်
ပြောလိုက်မိတယ်။ဆရာမက ပါးစပ်အဟောင်းသားနဲ့ ကျုပ်တို့ကိုကြည့်နေတယ်၊ဘာမှပြန်မပြော
ဘူး၊ဘာမှလဲလုပ်မပေးဘဲနဲ့ အခန်းထဲဝင်သွားတော့တယ်။
လှေဆိပ်ဘက်ကို ခရီးသည်တွေအလာနည်းသွားကြတယ်။ကျုပ်တို့တွေလည်းဆိုက်ကား
သိပ်မနင်းရတော့ဘူး။ဘာဖြစ်မှန်းကျုပ်မသိလို့ မိတ်ဆွေဆိုက်ကားဆရာတစ်ယောက်ကို မေးကြည့််
တော့မှ “ခင်ဗျားမသိဘူးလား အထက်ကဆေးချမပေးတော့လို့တဲ့၊ပျောက်စေဆရာမ ဆေးကုလို့မရ
တော့ဘူး။ကုလည်းအရင်လို ရောဂါတွေမပျောက်တော့လို့တဲ့။”ကျုပ်မဟုတ်တရုတ်တွေ သွားကုခိုင်းလို့များ အထက်ပုဂ်္ဂိုလ်တွေ ဆေးချမပေးတော့တာများလားလို့တွေးနေမိတယ်။အရင်လောက်ခရီးသည်တွေမရလို့ စိတ်မကောင်းဖြစ်တာမှန်ပေမဲ့ ဆရာမ ဆေးမစွမ်းတော့တာ ကျုပ်ပရောဂကြောင့်များလားလို့ တွေးပြီး ပိုစိတ်မကောင်းဖြစ်ရတယ်။တစ်ကယ်ပါဗျာ။
ခင်သန်္တာ
Subscribe to:
Post Comments (Atom)
Subscribe
Labels
Blog Archive
-
▼
2014
(46)
-
▼
June
(38)
- ကျွန်မနှင့်ကျွန်မ၏ လောင်ဘက်များ (ဇတ်သိမ်း)
- ကျွန်မနှင့် ကျွန်မ၏လောင်ဖက်များ (ပထမပိုင်း) မဟေသီ ...
- စားသုံးသူ၏ အခွင့်အရေး
- မြင်တတ်မျက်စိ
- နှောင်တွယ်ရစ်ငင် ချစ်ချင်သော်လည်း
- ဖြတ်သန်းနေဆဲ ဘ၀တွေထဲ
- ဖြတ်သန်းခဲ့ရ နှစ်ဘ၀။
- “ အပြစ် မတင်ရက်တော့ပါ”
- ဖူးငုံတို့နဲ့ Plan များစွာ
- တော်သူနေ ရှော်သူသေ
- တံတိုင်းလေလား ပေတံလား
- သက်ရှိ မန်ကျည်းပင်တို့ အကြောင်း
- “သိပါရဲ့လား ကျွန်မသည်”
- “အလည်သွားမိတဲ့ တစ်ညတာ”
- အသုံးချပေးပါ။
- “အပန်းတော်ပြေ”
- ' 96 ' မှတ်တမ်း
- “အကာမဲ့ အနှစ်”
- “သဲကိုးဖြာတို့ ကျင်လည်ရာ” မနွယ်ကို မြ...
- “ချေလိုက်လို့ ကြေသွားတာများလား” နုံအ မ...
- ရှည်နိုင်လွန်းချည့် အပူမရှာချင်လို့ အပ...
- “ပါးလွှာသော စည်းလေးများ”၁။ “မာန် မလုပ်ချင...
- သိက္ခာလေးတော့ ကျန်ချင်သား၁။ သတ်္တ၀ါ မျိုးစိတ်...
- “ချန်ထားပေးပါ” ကျွန်မ စာစ ရေးစဉ် အချိ...
- “ ပြည်ကြီးဘာယာ နှင့် ရဲတိုက်အား ခံစားကြည့်ခြင်း” ...
- “နွေရာသီ ဖက်ရှင်” ကျွန်မတို့ငယ်စဉ် နွေရာသ...
- “အမှီ”(၁) စာရေးကြီး ဦးမြင့်ကျော်တဲ့၊ရန်...
- ပျော့သော နှီးဖြင့် ခိုင်အောင်ချည် ...
- ကယ်လ်ဆမ်ကွေကာ အတွေး ကျုပ်နံမည် ခင...
- “မျက်ဖြေ” ခြောက်နှစ်တာ ကာလအတွင်း ပြန်...
- မြစ်တစ်စင်း......... ချစ်ခြင်းနှင့်အတူ
- ဂျစ်ပစီ မိုးတိမ်
- “မုန်းမာန်ဖွဲ့သော်လည်း”
- “ မကြုံဖူးဆို မယုံဘူးလား”
- မျိုးရိုးက အထက်တန်းစားလေ
- ဆပ်၍ မဆုံးနိုင်တော့သည့် ကျေးဇူးတရားများ
- မြို့ ရေကြည်သို့
- စာရေးဆရာ ဆိုသည်မှာ.
-
▼
June
(38)
0 comments:
Post a Comment