468x60

စားသုံးသူ၏ အခွင့်အရေး

Thursday, June 12, 2014
                                    
      ကမ်္ဘာ့ နိုင်ငံအချင်းချင်း  အသိအမှတ်ပြု လက်ခံကြသည့် အထဲတွင် နိုင်ငံ့ရေးရာ များသာမက စာပေ၊ ယဉ်ကျေးမှုနှင့် အနုပညာများလည်း ပါဝင်ပါသည်။အနုပညာများဟု ဆိုရာ တွင် ပိုပြီး အသိအမှတ်ပြုမိသည်မှာ “ရုပ်ရှင်” ဖြစ်ပါသည်။လူမျိုးမတူ၊ဘာသာစကား ကွဲပြားကြသော်လည်း သရုပ်ဆောင်သည့် ဟန်ပန် အမူအရာကို ခံစားနားလည်နိုင်ကြပြီး ရုပ်ရှင် ဆိုသည်ကို အသိအမှတ်ပြုလက်ခံကြခြင်း ဖြစ်ပါသည်။သာဓက ပြရလျှင် မြောက်ကိုရီး ယား နိုင်ငံသည် နျုလက်နက်ကြောင့် လူသိများသော်လည်း တောင်ကိုရီးယားနိုင်ငံကတော့ ရုပ်ရှင်နှင့်သူတို့၏ ဇာတ်လမ်းတွဲများကြောင့် ကမ်္ဘာက လူသိများခြင်းဖြစ် ပါသည်။ထိုရုပ်ရှင်များထဲမှ တစ်ဆင့် သူတို့လူမျိုး၏ ယဉ်ကျေးမှုနှင့် အစားအသောက်ကိုပါ တွဲလျှက် သိမြင်လာပြီး အသိအမှတ်ပြုမိကြပြန်သည်။သူတို့ပေးလိုက်သည့် ရုပ်ရှင်မှတစ်ဆင့်  သူတို့နိုင်ငံအတွက် ပြန်ရလိုက်သည့် အကျိုး ရလဒ်ဖြစ်ပါသည်။
         ကျွန်မ  မြန်မာ ရုပ်ရှင်ဆိုသည်ကို သေချာခံစား ကြည့်တတ်သည့် အရွယ်တွင် ကျွန်မ အဘိုးသရုပ်ဆောင်ခဲ့သည် “ယျလေးလုံး”ဆိုသည့် အသံတိတ် ဇာတ်ကားကို ကြည့်ခဲ့ရ ပါသည်။ကျွန်မ အမေဘက်မှ အဘိုးသည် အသံတိတ်ခေတ်၏ သရုပ်ဆောင် မင်းသားကြီး မောင်မောင်ခင် ဖြစ်ပါသည်။အဘိုး၏ အသံတိတ်ဇာတ်ကားကို ကြည့်ခါစတွင် မကြည့်တတ် ဖြစ်နေခဲ့ပါသည်။နောက်ပိုင်းတွင်တော့ အသုံးလုံးကြေ အထိမ်းအမှတ်အဖြစ် ကျွန်မတို့နေထိုင်ရာ နယ်မြို့များတွင် အသံတိတ်ဇာတ်ကားများကို အခမဲ့ပြသပေးပါသည်။ပိတ်ကားအောက်ခြေတွင် စာတန်း ထိုးပါသည်။အရင်က စာမတတ်သော်လည်း အသုံးလုံး စီမံကိန်းပြီးနောက် စာဖတ်တတ် သွားပြီဖြစ်သော ပြည်သူများအတွက် အစိုးရက ပြသပေးခြင်းဖြစ်ပါသည်။အဲသည့်အချိန် ကတည်းက ကျွန်မတို့နိုင်ငံသည် မြန်မာစာတန်းထိုးကို စတင်ခဲ့ခြင်းဖြစ်ပါသည်။
           စာဖတ်တတ်စ ဦးကြီး၊ဒေါ်ကြီးများက ပိတ်ကားအောက်ခြေမှ စာတန်းထိုးထားသည်ကို စာလုံးပေါင်းပြီး အသံထွက် ဖတ်နေကြသည်မှာ ကျွန်မတို့ ကလေးများအတွက်တော့ ရယ်စရာ ဖြစ်နေခဲ့ပါသည်။ကျွန်မ အရွယ်ရောက်လာမှ  ပြန်တွေးမိသည်မှာ ရုပ်ရှင်ဆိုသည်မှာ ဘာ အသံမှ မကြားရလျှင် ရသမပြည့်စုံပါ။ဥပမာ သရဲကားတစ်ကားကို အသံဖျောက်ပြီး ကြည့် ကြည့်ပါက ကြောက်စရာ သိပ်မကောင်းတော့သလို အက်ရှင်ကားတစ်ကားကို အသံပိတ်ပြီး ကြည့်လျှင်လည်း သည်းထိတ်ရင်ဖို ခံစားမှု လျော့သွားသည်ကို တွေ့ရပါသည်။သို့သော်လည်း အဘိုးတို့ခေတ်က အသံတိတ်ရုပ်ရှင်ကားများသည် ကြည့်သူ ခံစားနိုင်လောက်အောင် ရသကို ပေးစွမ်းနိုင်ခဲ့ကြပါသည်။
         ကျွန်မတို့ငယ်စဉ်က ကြည့်ခဲ့ရသည့် ဃ့မေူငန ဃ့စေူငည ဇာတ်ကားသည် အသံတိတ် ဖြစ်ပါသည်။သို့သော်လည်း ကလေးဘ၀ကပင် သူပေးသည့် ဟာသကို ကျွန်မတို့နားလည်ပြီး ရယ်မောခဲ့ရပါသည်။သည်ဘက်ခေတ်တွင် မြ.နြညေ သည်လည်း စကားတစ်ခွန်းမှမဆိုဘဲ သူ့သရုပ်ဆောင်ဟန်ကြောင့် လူကြီးရော ကလေးပါ မပြုံးဘဲဝါးလုံးကွဲ ဆိုသလို ရယ်ကြရပြန်သည်။ကျွန်မတို့ လက်တွေ့ဖြတ်သန်းနေရသော ဘ၀ထဲမှ အမောများကြောင့်  ရှုပ်နေသည့် ရင်ကို
        
        ရှင်းထုတ်ရန် အတွက် ရုပ်ရှင်ဆိုသည်ကို ကြည့်နေကြ ခြင်းဖြစ်ပါသည်။အထူးသဖြင့် ဘ၀အမော များမှ ခဏ ထွက်ပြေးခွင့်ရသည့် ဟာသကားများကို ပိုပြီးကြည့်ချင်ကြပါသည်။တဒင်္ဂအားဖြင့် လည်း  လွတ်မြောက်ပါသည်။
           ယခင် မြန်မာ့ရုပ်ရှင်လောကတွင် ဟာသသရုပ်ဆောင် ဆိုသည်မှာ သီးခြားရှိခဲ့ ပါသည်။ ဟာသပညာကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်ပြီး ဟာသဇာတ်ရုပ်ကိုသာ သရုပ်ဆောင်သည့် သူကို ဟာသ သရုပ်ဆောင် အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ထို့အတူ ဗီလိန်၊လူဆိုးခေါင်းဆောင် နေရာများတွင် သရုပ်ဆောင်သည့် သူများသည်လည်း တခြားဇာတ်ရုပ်ကို ပြောင်းလဲ သရုပ်ဆောင်လေ့ မရှိကြပါ။ကိုရီးယားကားများတွင်တော့  ဇာတ်လမ်းတစ်ခုတွင် မင်းသမီးနေရာ က သရုပ်ဆောင်သူသည် တခြားဇာတ်လမ်းတွင် ဗီလိန်ခန်းမှ ပါချင်ပါနေတတ်ပါသည်။ပညာတတ် ပိုက်ဆံရှိ ကုမ်္ပဏီပိုင်ရှင်နေရာက သရုပ်ဆောင်ထားသော မင်းသားသည်လည်း တခြားဇာတ်လမ်းတွင် လူဆိုးခေါင်းဆောင် ဖြစ်နေတတ်ပြန်သည်။သူတို့နိုင်ငံ ရုပ်ရှင်လောက တွင် ခေါင်းဆောင် မင်းသား၊မင်းသမီးဆိုသည်မှာ ပုံသေ ရှိနေသည်ကို မတွေ့ရပါ။
           သည်ဘက်ခေတ်တွင်  မြန်မာ့ ရုပ်ရှင်လောကမှ သရုပ်ဆောင် အနေအထား ပြောင်း လဲလာ သည်ကိုတွေ့ရသော်လည်း အားလုံးက ဟာသ သရုပ်ဆောင်များ ဖြစ်နေကြပါသည်။ဘ၀ အမောပြေစေသည့် ဟာသကား များကို ကြည့်နေရင်းက ကျွန်မ ၀မ်းနည်းနေမိပါသည်။ မြန်မာရုပ်ရှင် သရုပ်ဆောင်များ၏ ဇာတ်ရုပ် အကုန်တူသွားခြင်းကြောင့်ဖြစ်ပါသည်။သရုပ်ဆောင်များ၏ စကားပြောသံ မပီမသ ဖြစ်ခြင်းကြောင့်  အောက်ခြေမှာ  စာတန်း ထိုးပေးမလား ဆိုပြီး ကျွန်မ မှာ ယောင်ယောင်ကြည့်မိတာလည်း အကြိမ်ကြိမ်ပါ။မြန်မာ ရုပ်ရှင်ကြည့် ပရိတ်သတ်သည် အလွန်ချစ်စရာကောင်းပါသည်။သူတို့ချစ်သည့် အနုပညာရှင်များ ဘယ်လိုပုံစံ သရုပ်ဆောင်နေ  ဆောင်နေ အားပေးကြပါသည်။
            ပြီးခဲ့သည့်တစ်ပတ်က ဟာသ ရုပ်ရှင်ကားကြီး အတွက် အထူးပွဲ မိတ်ဆက်ကို
 MRTV 4 မှ ကြည့်လိုက်ရပါသည်။ရုံတင် ပြသမည့် ဟာသကားကြီး၏ ဇာတ်ဝင်ခန်းတစ်ချို့ ကို အကြိုမိတ်ဆက်ပေးခြင်းဖြစ်ပါသည်။သရုပ်ဆောင်များနှင့် ဒါရိုက်တာကြီးကို တွေ့ဆုံမေးမြန်းရာတွင် ယခု ဟာသဇာတ်ကားကို တခြားဇာတ်ကားများနှင့်မတူ  အထူးကြိုးစားထားကြောင်း သရုပ်ဆောင်များက ဖြေကြားပြီးသောအခါ ဒါရိုက်တာကြီးက ဇာတ်ကားနှင့်ပတ်သက်သည့် အားရကျေနပ်မှုကို  မင်းသားက သီချင်းကောင်းကောင်းဆိုတတ် ကြောင်း သူပင်လျှင် ဒီအသက်အရွယ်ထိ မင်းသားဆိုသည့်သီချင်းကို မင်းသားကဲ့သို့ မသီဆိုနိုင်ကြောင်းနှင့် သည်ဇာတ်ကားထဲတွင် မင်းသမီးက စက်ဘီး ကျွမ်းကျွမ်းကျင်ကျင် စီးတတ်ကြောင်း ဖြေကြားပေးသွားပါသည်။
            ဒါရိုက်ကြီး၏ အဖြေစကားနှင့်ပတ်သက်ပြီး  မြန်မာရုပ်ရှင်ကားများကို တစိုက်မတ် မတ် အားပေးတတ်သည့် ကျွန်မ၏ အိမ်မှ မိန်းကလေးက “မင်းသမီးက လမ်းကောင်းကောင်း လျှောက်တတ်တယ် လို့ မဖြေသွားတာ တော်သေးတယ်နော်”ဟု မှတ်ချက်ပေးပါသည်။သူ့မှတ်ချက်သံကို ကြားလိုက်ရသော ကျွန်မမှာ “သြော် သူတောင် ဒီလိုတွေးတတ်ပါလား” ဟု ထပ်ဆင့် မှတ်ချက်သာချနိုင်ပါတော့သည်။နိုင်ငံတစ်နိုင်ငံတွင် လူဦးရေ သန်းပေါင်းများစွာ
           
    ရှိသည့်အနက် ရုပ်ရှင် သရုပ်ဆောင်ဖြစ်သည့်  အရေအတွက်မှာ အပုံတစ်ရာ ပုံလျှင် တစ်ပုံလောက် သာ ရှိပါသည်။ထိုအထဲကမှ မင်းသား၊မင်းသမီး ဟုသတ်မှတ်ခံရဖို့ဆိုလျှင် အပုံတစ်ထောင်ပုံ မှ တစ်ပုံလောက်သာ ဖြစ်နိုင်ပါသည်။ ဆိုလိုသည်မှာ ရှားရှားပါးပါး ဖြစ်ကြခြင်းကြောင့် သာမန်လူများနှင့် မတူသည့် ထူးထူးခြားခြား အရည်အချင်းတော့ ရှိနေသင့်ဟု ကျွန်မထင်ပါသည်။
          “ရယ်သောသူ အသက်ရှည်၏” ဆိုသည့် ဆိုရိုးစကားကို ကျွန်မတို့ ကြားဖူးကြပါသည်။ပျော်ရွှင် ရယ်မောစရာ ဟာသကားများကြည့်နေရင်းက အသက်မတို သွားစေရန်အတွက် တော့    ရွေးချယ် ကြည့်တတ်ဖို့ လိုပါသည်။“စားသုံးသူသည် အမြဲမှန်သည်”ဆိုသော စကားရပ် အရ စားသုံးသူ တို့တွင် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိနေပါသည်။


                                       
                                               

                                                ၂၇ရက်၊၉လ၊၂၀၁၀ပြည့်နှစ်
                                                    ညနေ-၄နာရီ၊၀၇မိနစ်

0 comments:

Post a Comment