ရှည်နိုင်လွန်းချည့်
အပူမရှာချင်လို့ အပျိုကြီးလုပ်ပါတယ်။ပူလိုက်ရတဲ့အပူတွေ။ကိုယ်မွှေးတဲ့မီးမို့ ပူရ တယ်ဆို တန်သေး၊အခုဟာက သူများမွှေးထားတဲ့မီးကို ၀င်ပြီးအပူခံနေရတာ။အိမ်ထောင် ပြုကြ တဲ့ အမျိုးသမီးတွေက တစ်ယောက်တည်း မနေရဲလို့ အိမ်ထောင်ပြုတာတဲ့။ကျွန်မကတော့ နှစ်ယောက်တွဲမနေရဲလို့ အိမ်ထောင်မပြုတာလို့ ပြန်ပြောလေ့ရှိတယ်။ဒါပေမဲ့ သူတို့ဘာသာ နှစ်ယောက်တွဲနေကြပြီး ဖြစ်လာတဲ့ ဒုက်္ခတွေကို တစ်ယောက်တည်းသမား အပျိုကြီးကို လာပေးတာတော့ မတရားဘူးထင်တာပဲ။ဒုက်္ခပေးတာက တစ်ယောက် တစ်လေ ဆို တော်သေးတယ်။အမျိုးထဲက ဘယ်သူ ဖြစ်ဖြစ် ကိုယ့်ဆီပဲရောက်လာတာ ဆိုတော့ ကြာတော့ မခံနိုင်တော့ဘူး။ဒီထက်ဆိုးတာက ကျန်းမာရေး မကောင်းတဲ့သူတွေ ဆေးလာကုကြတာ ဆိုတော့ ငွေအားတင်မက လူအားပါ ၀င်ကူပေးရရော။အဆိုဆုံးက လူမှုရေးပြဿနာတွေပါ ၀င်ရှင်းပေးရတာပဲ။
အခုလည်း အမေ့ဘက်က အဒေါ်တစ်ယောက် လေသင်တုန်းဖြတ်လို့တဲ့ ရောက်လာပြန်ပြီ။အဒေါ်က အသက်ကြီးမှ အိမ်ထောင်ကျတာ လင်ကိုယ်မယား နှစ်ယောက်တည်းရှိတာ၊ သားသမီးတစ်ယောက်မှ မထွန်းကားကြဘူး။ဧရာဝတီတိုင်း သာပေါင်းဘက်က လာကြတာ။လေဖြတ်တယ်ဆိုပေမယ့် အာရုံသိတော့ ရှိနေသေးတယ်။ဒါပေမဲ့ ကိုယ်ဘာသာ ဘာမှမလုပ်နိုင်တော့ဘူး။သူ့ယောက်ျားက သူ့ထက် ခြောက်နှစ်ငယ်ပေမယ့် တော်တယ်လို့ပြောရမယ် အဒေါ်ကို စေတနာထားပြီး ကိုယ်ဖိရင်ဖိပြုစုပေးတယ်။အဲဒီတော့ ကိုယ်တွေက ငွေအင်အားပဲကူရပြီး လူအင်အားမပါရတော့ တော်သေးတယ်လို့ ပြောရမယ်။
အဒေါ့်ယောက်ျားက သာပေါင်းက ဆားကျင်းတစ်ခုမှာ အလုပ်လုပ်နေတာ။အဒေါ်ကတော့ သားလေးငါးလေးရောင်းရင်း အသက်မွေးကြတယ်။အဒေါ့်ကို ပြုစုပေးတာ တစ်လလောက်ကြာလာတော့ သူ့မိန်းမကို “မယ်စိန် ငါ သာပေါင်း ခဏပြန်လိုက်အုံးမယ်၊ ဆားဖိုပိုင်ရှင်ကိုလည်း အကျိုးအကြောင်းပြောရင်း အလုပ်လေး ခဏပြန်လုပ်လိုက်အုံးမယ်”တဲ့။ အဒေါ်ယောက်ျား ခဏ ပြန်သွားတုန်း အဒေါ့်ကို ပြုစုပေးဖို့ လူတစ်ယောက်က ရှာရပြီ။အမေကတော့ ရပ်ဆွေရပ်မျိုးထဲကပဲ ရှာတာပေါ့အေ ဆိုပြီး အသက်သုံးဆယ်ဝန်းကျင် လောက် ရှိတဲ့ မမြင့်စန်းဆိုတဲ့ အမျိုးသမီးကို ခေါ်ထားလိုက်တယ်။မမြင့်စန်းကလည်း တော်တယ် လူမမာကို စိတ်ရှည်လက်ရှည် ပြုစုပေးတတ်တယ်။
ဒီလိုနဲ့ အဒေါ့်ယောက်ျားလည်း သာပေါင်းနဲ့ရန်ကုန်သွားလိုက် ပြန်လိုက် လုပ် နေရတယ်။အစကတည်းက အဒေါ်က သူ့ယောက်ျား ကိုတင်ရှိန်ကို အတော်ချစ်တာ၊အခုလို ဒုက်္ခခံပြီး သူ့ကို ပြုစုပေးနေတာဆိုတော့ “ကိုတင်ရှိန်လို ယောက်ျားရှားတယ်” ဆိုပြီး သူ့အသံ ပလုံးပထွေးနဲ့ ပြောလို့မပြီးဘူး။တစ်ဆွေလုံး တစ်လုံးမျိုးကလည်း ကိုတင်ရှိန်ကို ကျေးဇူးတင်ကြပါတယ်။ဒါပေမဲ့ ကိုတင်ရှိန်တို့ မမြင့်စန်းဆိုတာ ကလည်း လူတွေပဲလေ။လူတွေဆိုတော့ လူတွေလုပ်နေကျ အလုပ် လုပ်ကြတော့တာပေါ့။အဒေါ် လေဖြတ်ပြီး ခြောက်လ လောက်အကြာမှာ ကိုတင်ရှိန်ရယ် မမြင့်စန်းကို ခိုးပြေးပါလေရော။အဲဒီမှာ နှစ်ယောက်တွဲ မနေရဲလို့ အိမ်ထောင်မပြုတာပါ ဆိုတဲ့ အပျိုကြီး ကျွန်မဆီ တာဝန်တွေရောက်လာပါလေရော။
ဖြစ်ချင်တော့ အဒေါ်က ဒုတိယအကြိမ် လေထပ်ဖြတ်ပြန်ရော။သူ့ဘာသာ အပေါ့၊အလေးကိစ်္စ မလုပ်နိုင်တော့ဘူး။လူမမာကို ပြုစုပေးတတ်တဲ့သူနှစ်ယောက်က ခိုးပြေးသွားကြတာဆိုတော့ ကျန်တဲ့အဆွေအမျိုးတွေကလည်း လူ့မမာအထာကို မသိနဲ့တော်တော် ဒုက်္ခရောက်ကြတယ်။အဒေါ်ကတော့ အဲဒီကိစ်္စတွေကို မသိသေးဘူး။မမြင့်စန်းကို ရွာခဏပြန်သွားတယ်ပြောထားပြီး ကိုတင်ရှိန်ကတော့ သာပေါင်းပြန်တယ်ပေါ့။ဒီတစ်ခါတော့ လူမမာပြုစုဖို့ လူငှားခေါ်ရပြီ။ကျန်တဲ့ အဒေါ်တွေက စရိတ်ငြိမ်း တစ်လ တစ်သောင်းခွဲပေးရမယ်ဆိုပြီး ကောင်မလေးရှာလာကြတယ်။
အစတုန်းက အဒေါ်ကို ကိုယ်တွေ အလုပ်လုပ်နေတဲ့ ပဲခွဲစက်ရုံမှာပဲ ခေါ်ထားတာ။အခုကျ အပေါ့အလေးကို မထိန်းနိုင်တော့တာဆိုတော့ စက်ရုံမှာထားလို့မဖြစ်တော့ဘူး။ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ အမေတို့အတွက် အိမ်ဆောက်လက်စ ရှိတယ်။အကုန်အချောသတ် မပြီးသေးပေမယ့် လူနေလို့တော့ ရတယ်။အဒေါ်နဲ့ကောင်မလေးကို အဲဒီအိမ်မှာ ပို့ထားလိုက်ပြီး စက်ရုံကနေ ထမင်းချိုင့်ပို့ပေးဖို့ စီစဉ်ရတော့တယ်။တစ်လလောက်တော့ အဆင်ပြေသလိုရှိသား။ဒါပေမဲ့ ရပ်ကွက်က ဆင်ခြေဖုံး လူနေအိမ်တွေကလည်း ကျိုးတိုးကျဲတဲဆိုတော့ ကောင်မလေးက ပျင်းတယ်ဆိုပြီး အလုပ်ထွက်သွားပါရော။ဒီတော့ နောက်တစ်ယောက် ထပ်ခေါ်ပေါ့။
ဒီတစ်ခါတော့ ကောင်မလေးလည်း မပျင်းရအောင် ကိုယ်တွေစက်ရုံနဲ့ နီးနီးနားနား ရပ်ကွက်တစ်ခုမှာ အိမ်ငှားပေးထားလိုက်ရတယ်။အလုပ်အားတဲ့အချိန် ကိုယ်လည်း သွားကြည့်နိုင်တာပေါ့။တစ်ညနေ အဒေါ်ဆီရောက်သွားတော့ အဒေါ့်ကို အသိပေးချင်တာနဲ့ “အဒေါ် ဦးတင်ရှိန်ကြီး နောက်မိန်းမယူသွားပြီ၊ကောင်းတယ်နော် အဒေါ်ယူသွားပစေ။အလုပ်ရှုပ်သက်သာတယ်”လို့ပြောလိုက်တော့ သူ့အသံမပီမသနဲ့ “ငါသိတယ် မြင့်စန်း ဆိုတဲ့ကောင်မကို ယူသွားတာမလား၊တင်ရှိန်လာပစေ လာလို့ကတော့ ငါရိုက်မှာ”တဲ့။အဲ့ဒီ နောက်ပိုင်းလာသမျှလူကို တင်ရှိန်မလာဘူးချည်းပဲ မေးနေတော့တာ။အိမ်ရှေ့က လူရိပ်မြင်တိုင်း လည်း တင်ရှိန်လားလို့ လုပ်နေတာ။
အဒေါ်ကလည်း လူမမာဆိုတော့ စိတ်မရှည်တတ်၊ပြုစုပေးတဲ့ ကောင်မလေးတွေကလည်း အဒေါ်ဒဏ်မခံနိုင်နဲ့ လူက မကြာခဏပြောင်းနေရတော့ စဉ်းစားရပြီ။အမေတို့ညီအစ်မတွေကတော့ ဦးတင်ရှိန်ကို စိတ်ဆိုးကြတယ်။မိန်းမက မသေသေးဘူး လုပ်သွားရက်တယ် ဘာညာနဲ့ပြောကြတယ်။ကိုယ်ကတော့ စဉ်းစားမိပါတယ်။ဦးတင်ရှိန်က အရွယ်က ကောင်းသေးတယ်။အတူပြုစုပေးရတဲ့ မမြင့်စန်းကလည်း အရွယ်ကောင်းပဲ။လက်ပွန်းတတီး နေကြရတော့ သွေးသားဆန်္ဒ ဆိုတာကလည်း ပြောရခက်တယ်လေ။ကိုယ်က အဲဒီလို ပြောမိတော့ အဒေါ်တွေက အပျိုကြီးက ဘာသိလို့လဲတဲ့ ၀ိုင်းပြောကြတယ်။
“လူကသာ ပျိုနေတာပါ၊နားနဲ့ အိုနေရတာက ကြာပါပြီ”လို့ ပြန်ပြောလိုက်တယ်။ဟုတ်တယ်လေ စက်ရုံမှာက မ တစ်ထောင်သား အလုပ်သမား၊အလုပ်သမ တွေကို အုပ်ချုပ်နေရတာ။မကြားချင်လည်း မရ၊မဖြေရှင်းလည်း မဖြစ်တဲ့ ကိစ်္စတွေက အများကြီးကိုး။
မနေ့ကတော့ သာပေါင်းက လူကြုံတစ်ယောက် စက်ရုံကိုရောက်လာတယ်။ကိုတင်ရှိန် က ဒီကို ပြန်လာပြီး သူ့မိန်းမကြီးကို ပြုစုပေးချင်လို့တဲ့။ကိုယ်ကလည်း အစကတည်း ပြန်ခေါ်ချင်နေတာ အမျိုးတွေက ၀ိုင်းပြောကြမှာ ကြောက်လို့သာ ငြိမ်နေရတာ။သေချာရ အောင် “ပြန်လာချင်တာတော့ ဟုတ်ပါပြီ၊မမြင့်စန်းကိုရော ဘယ်လိုလုပ်မှာလဲ”လို့မေးရတယ်။ကိုတင်ရှိန်ကတော့ သူ့မိန်းမကြီး မသေခင် ပြန်ပြုစုပေးချင်တယ်၊မင်းမကြည်ဖြူရင် မလိုက်ခဲ့နဲ့လို့ ပြောနေတယ်တဲ့။မမြင့်စန်းကလည်း ကြည်ဖြူပါတယ် သူလည်း လိုက်ပြုစုပါ့မယ်တဲ့။အဲဒီတော့ အမေတို့အမျိုးတွေကို ရှင်းပြ စည်းရုံးပြီး သူတို့ လင်မယား သုံးယောက်ကို တစ်အိမ်တည်းမှာ ထားဖို့ ဆုံးဖြတ်လိုက်ရတယ်။
ဦးတင်ရှိန်ကြီး ပြန်လာမယ်ဆိုတာ အဒေါ့်ကို ကြိုပြောမထားကြဘူး။အဒေါ်တစ်ယောက် တော့ သူ့ယောက်ျားကိုတွေ့ရင် ၀မ်းနည်းပြီးငိုတော့မှာပဲ။သူက အရမ်းချစ်ရတဲ့အထဲ အခုလို နာမကျန်းဖြစ်နေချိန်မှာ နောက်တစ်ယောက်ယူသွားတယ်ဆိုတော့ ပြန်တွေ့ရင် ရုန်းရင်းဆန်ခတ်တော့ ဖြစ်မှာပဲလို့ တွေးနေကြတယ်။အဲဒီနေ့ မနက်က ဦးတင်ရှိန်က အိမ်ပေါက်ဝ ကနေ“မယ်စိန်”လို့တစ်ခွန်းပဲ လှမ်းခေါ်လိုက်ရတယ်။အဒေါ်ရယ် အိပ်ယာထဲကနေ ကိုယ်တစ်ခြမ်းစောင်းပြီး လှိမ့်ထွက်လာတယ်၊ဦးတင်ရှိန် ဆီးပွေ့တော့ အဒေါ်က ရယ်ပြီး ဦးတင်ရှိန်ကျောကို သူ့ရဲ့ ကောင်းနေတဲ့ လက်တစ်ဖက်နဲ့ ထုတယ် ပြီးတော့ “တင်ရှိန် နင်လာသေးတယ်နော်”တဲ့။ဦးတင်ရှိန်ကြီးကတော့ အဒေါ့်ကို ဖက်ပြီး ရှိုက်ကြီးတငင်နဲ့ ငိုနေလိုက်တာ အကြာကြီးပဲ။မမြင့်စန်းကလည်း ရောပြီးမျက်ရည်ကျနေတယ်။
လင်မယားသုံးယောက် ကိစ်္စ ဘယ်လိုထားရမလဲ စဉ်းစားရပြီ။ကိုယ်ငှားပေးထားတာက အိမ်လို့သာ ပြောရတယ် တစ်ကယ်တော့ တန်းလျားလိုမျိုးပုံစံကို အခန်းကန့်ပြီး ငှားစားကြတာ။နေရာက အခန်းထပ်ဖွဲ့စရာ မရှိဘူး။ကိုယ်က စဉ်းစားနေတုန်း ရှိသေးတယ် အဒေါ်က “တူမကြီးရယ် လိုက်ကာလိုမျိုးလေး ဖြစ်ဖြစ် ကာပေးထားပါလား၊သူတို့က ညားခါစ လင်မယားလို ဖြစ်နေတော့ လွပ်လွပ်လပ်လပ် နေချင်ရှာမှာပေါ့တဲ့”။မိန်းမဆိုတာ အူတိုမျိုးဆို ရှေးစကားက တစ်ခါ တစ်ခါများ မှားနေတတ်တာလား။အဒေါ်က သူအခုလို ဖြစ်သွားတော့ သူ့ယောက်ျားကို သူကတောင် မိန်းမရှာပေးရဦးမှာ သူ့ဘာသာတွေ့တော့ ပြီးရောပေါ့တဲ့။သူမရှိမှ မဟုတ်မဟပ် အမျိုးသမီးတွေနဲ့တွေ့သွားရင် ဒုက်္ခ၊ မမြင့်စန်းဆို မဆိုးပါဘူးတဲ့။သြော် မိန်းမတွေများ အူရှည်မယ့် ရှည်တော့လည်း နှစ်ယောက်စာအတွက်တောင် ရှည်နိုင်လွန်းချည့်။
ဘာပဲဖြစ်ဖြစ် အဒေါ့်ကို ဦးတင်ရှိန်ရော၊မမြင့်စန်းပါ ဂရုတစိုက်ပြုစု ပေးကြတယ် ဆိုတော့ စိတ်ချမ်းသာရပါတယ်။ဦးတင်ရှိန်ကိုလည်း ကိုယ့်ပဲခွဲစက်မှာပဲ အလုပ်သွင်းပေးထား လိုက်တယ်။တစ်ပူတော့ ငြိမ်းပြီပေါ့။ဒါပေမယ့် ဒီနေ့နေ့လည်က ယဉ်မောင်း ကိုအေးကျော်က
မန်နေဂျာ ဦးထူးကိုမေးနေသံကြားတယ်။စက်ရုံထဲက ၀န်ထမ်းတန်းလျားမှာ အိပ်ခန်း တစ်ခန်းလောက် မရနိုင်ဘူးလားတဲ့။ညအိပ်ရုံပါပဲတဲ့။ဘယ်သူ့အတွက်လဲလို့ ဦးထူးကမေးတော့ ကိုတင်ရှိန် လင်မယားအတွက်ပါတဲ့။“တင်ရှိန်တို့လင်မယားကို ဒေါ်မိုးမိုး အိမ်ငှားပေးထားတယ် မဟုတ်လား”လို့ ဦးထူးက ပြန်မေးနေတယ်။
“ဟင် ဘယ်လိုဖြစ်ရပြန်တာလဲ၊ အကုန်အဆင်ပြေပြီ ထင်နေတာ” လို့တွေးပြီး သူတို့စကားဝိုင်းထဲကို ၀င်မေးမယ်လုပ်နေတုန်း ယဉ်မောင်း ကိုအေးကျော်က “ဟာ ဦးထူးကလည်း စဉ်းစားကြည့်ပါအုံး သူ့မိန်းမကြီးက ည ညဆို ဖင်ရွေ့ ဖင်ရွေ့နဲ့ သူတို့အိပ်နေတာ လာကြည့်တာတဲ့”။ဘာလုပ်တာလဲမေးတော့လည်း မကျေနပ်လို့ မဟုတ်ပါဘူး။ကြည်နူးကျေနပ် လို့လာကြည့်တာပါ ဆိုတော့ တင်ရှိန်မှာ ဘာပြောရမှန်းမသိဘူး”တဲ့။ဦးထူးနဲ့ ကိုအေးကျော် တို့နှစ်ယောက် ပြောလည်းပြော ရယ်လည်းရယ်နဲ့ လုပ်နေကြတယ်။မိန်းမတွေရဲ့ အူအတို အရှည်ကို ဘယ်လို ခန့်မှန်းရမှန်း အပျိုကြီး ကျွန်မလည်း မတွေးတတ်တော့ပါဘူး။
ညနေ-၆နာရီ၊၂၆မိနစ်
၁၁ရက်၊၉လ၊၂၀၁၁ခုနှစ်။
Subscribe to:
Post Comments (Atom)
Subscribe
Labels
Blog Archive
-
▼
2014
(46)
-
▼
June
(38)
- ကျွန်မနှင့်ကျွန်မ၏ လောင်ဘက်များ (ဇတ်သိမ်း)
- ကျွန်မနှင့် ကျွန်မ၏လောင်ဖက်များ (ပထမပိုင်း) မဟေသီ ...
- စားသုံးသူ၏ အခွင့်အရေး
- မြင်တတ်မျက်စိ
- နှောင်တွယ်ရစ်ငင် ချစ်ချင်သော်လည်း
- ဖြတ်သန်းနေဆဲ ဘ၀တွေထဲ
- ဖြတ်သန်းခဲ့ရ နှစ်ဘ၀။
- “ အပြစ် မတင်ရက်တော့ပါ”
- ဖူးငုံတို့နဲ့ Plan များစွာ
- တော်သူနေ ရှော်သူသေ
- တံတိုင်းလေလား ပေတံလား
- သက်ရှိ မန်ကျည်းပင်တို့ အကြောင်း
- “သိပါရဲ့လား ကျွန်မသည်”
- “အလည်သွားမိတဲ့ တစ်ညတာ”
- အသုံးချပေးပါ။
- “အပန်းတော်ပြေ”
- ' 96 ' မှတ်တမ်း
- “အကာမဲ့ အနှစ်”
- “သဲကိုးဖြာတို့ ကျင်လည်ရာ” မနွယ်ကို မြ...
- “ချေလိုက်လို့ ကြေသွားတာများလား” နုံအ မ...
- ရှည်နိုင်လွန်းချည့် အပူမရှာချင်လို့ အပ...
- “ပါးလွှာသော စည်းလေးများ”၁။ “မာန် မလုပ်ချင...
- သိက္ခာလေးတော့ ကျန်ချင်သား၁။ သတ်္တ၀ါ မျိုးစိတ်...
- “ချန်ထားပေးပါ” ကျွန်မ စာစ ရေးစဉ် အချိ...
- “ ပြည်ကြီးဘာယာ နှင့် ရဲတိုက်အား ခံစားကြည့်ခြင်း” ...
- “နွေရာသီ ဖက်ရှင်” ကျွန်မတို့ငယ်စဉ် နွေရာသ...
- “အမှီ”(၁) စာရေးကြီး ဦးမြင့်ကျော်တဲ့၊ရန်...
- ပျော့သော နှီးဖြင့် ခိုင်အောင်ချည် ...
- ကယ်လ်ဆမ်ကွေကာ အတွေး ကျုပ်နံမည် ခင...
- “မျက်ဖြေ” ခြောက်နှစ်တာ ကာလအတွင်း ပြန်...
- မြစ်တစ်စင်း......... ချစ်ခြင်းနှင့်အတူ
- ဂျစ်ပစီ မိုးတိမ်
- “မုန်းမာန်ဖွဲ့သော်လည်း”
- “ မကြုံဖူးဆို မယုံဘူးလား”
- မျိုးရိုးက အထက်တန်းစားလေ
- ဆပ်၍ မဆုံးနိုင်တော့သည့် ကျေးဇူးတရားများ
- မြို့ ရေကြည်သို့
- စာရေးဆရာ ဆိုသည်မှာ.
-
▼
June
(38)
0 comments:
Post a Comment