“ချန်ထားပေးပါ”
ကျွန်မ စာစ ရေးစဉ် အချိန်တွေတုန်းက ရင်ထဲခံစားမိသမျှကို ထုတ်ဖော်ရေးဖို့သာ စိတ်စောနေပြီး စကားလုံးများကို ရွေးချယ်ပြီး ရေးသင့်၊မရေးသင့် သိပ်စဉ်းစားမနေတတ်ပါ။ထို့ကြောင့်ပင်ကျွန်မရေးသည့် စာအချို့ မှာ ကင်းလွတ်ခွင့် မရခဲ့သည် များရှိခဲ့ ပါသည်။ကျွန်မဆောင်းပါးများ၏ တင်ပြပုံ အဆင်မပြေမှုများကို အယ်ဒီတာများက တည်းဖြတ်ပေးမှုနှင့် စာပေမှ တာဝန်ရှိသူများက ခွင့်ပြု မပေးမှုများကြောင့် ကျွန်မ၏ အရေးအသား တင်ပြပုံကို ပြောင်းလဲရမှန်း သိလာခဲ့ရပါသည်။ကျွန်မ စာအရေးအသား ရေးစ ကထက်စာလျှင် အနည်းငယ် တိုးတက်လာခြင်းသည် တာဝန်ရှိလူကြီးများ၏ စည်းကမ်း ဘောင်အတွင်းမှ ခွင့်ပြုမပေးသင့်သည့် ကိစ်္စများကို ခွင့်ပြုမပေးခဲ့ ခြင်းကြောင့်ဖြစ်ပါသည်။ကျွန်မ အဖေကတော့ ကျွန်မ၏ အရေးအသားနှင့် ပတ်သက်ပြီး “သမီးရဲ့ စာရေးနည်း အတတ်ပညာကို ဖေဖေ မပြောလိုပေမဲ့ အဖေဆိုတဲ့ ပတ်သက်မှုကိုပဲ အမေ့လင် လို့ ပြောမိရင် မမှားပေမဲ့ အဓိပ်္ပါယ် နှစ်မျိုးထွက်နိုင်ပြီး ကြားရတာလည်း အဆင်မပြေဘူးပေါ့” ဟု မှတ်ချက်ပေးဖူးပါသည်။
အချို့သော ဂျာနယ်စာမျက်နှာများနှင့် မဂ်္ဂဇင်းအချို့တွင် အနုပညာရှင်၊သို့မဟုတ် သရုပ်ပြ မော်ဒယ်များ၏ ၀တ်ဆင်မှုသည် အလွန်လွတ်လပ်ခွင့် ရလာသည်ကို တွေ့နေရပါသည်။ လွတ်လပ်ခွင့် ရသည်ဆိုသည်မှာ ခွင့်ပြုပေးထားခြင်းကြောင့် ဖြစ်ပါသည်။သရုပ်ဆောင် လောကသို့ မ၀င်ရောက်သေးမီ မိတ်ဆက်မှာပင် ပေါင်လယ်လောက်ထိ ပေါ်သော စကတ်တို၊ဂါဝန်တိုများနှင့် အပေါ်တစ်ပိုင်း မပါသလောက် ဖြစ်နေသော ပုံများနှင့် ဖော်ပြပါရှိလာပါသည်။အများပြည်သူ များ အခကြေးငွေပေးပြီး ဖတ်ရှုနေကြသော ဂျာနယ်များနှင့်မဂ်္ဂဇင်းများ ပေါ်တွင် ပါရှိရမည့် ပုံများကို ဒူးအောက်ဖုံး အ၀တ်စားများနှင့်အပေါ်ပိုင်းကိုလည်း အသင့်အတင့် လုံခြုံသော အ၀တ်အစားများသာ ၀တ်ရမည်ဟု သတ်မှတ်ပေးထားပြီး ထိုသို့မ၀တ်စားထားသော ပုံများကို ခွင့်ပြု မပေးဘဲ ထားပါက ဆယ်ကြိမ်ထက်ပိုပြီး အရေးယူရလိမ့်မည် မထင်ပါ။
မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းသင့်သည့် ဆောင်းပါးများ၊ ပြည်သူများ အတုယူနေ ကြ သည့် အနုပညာရှင်များ၏ ၀တ်စားဆင်ယင်မှုများကို သတိထားသင့်ကြောင်း အသိပေးသည့် ဆောင်းပါးများကို အကြိမ်ကြိမ် ကျွန်မ ဖတ်နေရသော်လည်း ထူးထူးခြားခြား ပြောင်းလဲလာသည်ကို မတွေ့မိ။ကျွန်မသည် ရှေးအဘွားအရွယ် မဟုတ်သေးသလို ပုံတုံးပုံအ ၀တ်ဆင်မှုကိုသာ အားပေးသည့် သူလည်း မဟုတ်ပါ။ခေတ်ရေစီးကြောင်းထဲမှ လူလတ်ပိုင်း အရွယ် တစ်ယောက်ဖြစ်ပြီး ကျွန်မကိုယ်တိုင်ပင် လွတ်လပ်ပေါ့ပါးသော အ၀တ်အစားများကို ကြိုက်နှစ်သက်ကာ ၀တ်ဆင်နေသူလည်း ဖြစ်ပါသည်။အချိန်လု အပြေးအလွှား ဘတ်စကားစီးပြီး အလုပ်လုပ်နေကြရသည့် ခေတ်ထဲတွင် မြန်မာအင်္ကျိခါးတို ထက်စာလျှင် ဂျင်းဘောင်းဘီ၊တီရှပ်က ပို၍ အဆင်ပြေကြောင်း လက်ခံထားသူဖြစ်ပါသည်။
လူသားအားလုံး အလှအပကို နှစ်သက်မြတ်နိုးကြပါသည်။ထိုထဲတွင်မှ ကျွန်မအပါ အ၀င် ကျွန်မတို့ မိန်းကလေးများက အလှအပကို ပိုပြီးနှစ်သက်ကြပါသည်။မိမိ၏ အလှကို သူတစ်ပါးကသိရှိပြီး ချီးကျူးပြောဆိုသည်ကိုလည်း ကြိုက်နှစ်ကြပါသည်၊ ထိုသို့ ကြိုက်နှစ်သက်
ခြင်းကို ကျွန်မကတော့ ဖြစ်သင့်သည်ဟု လက်ခံပါသည်။သို့သော် လည်း ကျွန်မ လေ့လာ မိသလောက် လူဆိုသည်မှာ မမြင်နိုင်သော အလှများကို ပိုတန်ဖိုးထားတတ်ကြပါသည်။
ကျွန်မဆိုလိုသည်မှာ အပေါ်ပိုင်းအလှကို ထင်ထင်ပေါ်ပေါ်ကြီး မမြင်ရပါက သူ့ အပေါ်ပိုင်းလေးက ဘယ်လိုလေး လှနေမှာလဲလို့ စိတ်ကူးဖြင့်တွေးကြည့်ရသည့် အလှ၊ခြေသလုံးသားလောက်သာ မြင်ရသည့် အ၀တ်စား ၀တ်ထားပါက ပေါင်တံလေးဆို ဘယ်လောက် လှလိုက်မလဲလို့ တွေးယူရမည့် အလှမျိုးကို ဆိုလိုပါသည်။လုံခြုံရမည့် အလှများကို မလုံခြုံဘဲ ပေါပေါ လောလော မြင်နေရခြင်းသည် ရေရှည်တွင် ဘာကို တန်ဖိုးထားပြီး ကြည့်ရမည် ကို မသိနိုင်တော့ပါ။ကာမေသု မိစ်္ဆာစာရ ကံဆိုသည်မှာ ကျူးလွန်သူတွင်သာ အပြစ်ရှိသည် မဟုတ်၊ ကျူးလွန်မိအောင် ၀တ်စားနေထိုင်သောသူတွင်လည်း အလားတူ ကံမြောက်ပါသည်။
ကျွန်မတို့ သည် ကျောက်မျက်ရတနာများထဲတွင် ဘာကြောင့် စိန်ကို တန်ဖိုးထား နေကြ သည်ကို တွေးကြည့်လျှင် သိနိုင်ပါသည်။စိန်သည် ကျောက်မျက်ရတနာ များထဲတွင် မာခြင်း အဆင့် အမြင့်ဆုံးဖြစ်ပြီး၊ထိုသို့ မာခြင်းအဆင့် မြင့်အောင် နှစ်ရှည်လများ အထပ်ထပ် အဖိသိပ်ခံကာ လူသူမြင်တွေ့ရန် ခက်ခဲသော မြေလွှာအောက်တွင် တည်ရှိနေခဲ့ပါသည်။စိန်၏ မူလအစိုင်အခဲမှာ ကျောက်မီးသွေးသာ ဖြစ်ပါသည်၊သို့သော် ကျောက်မီးသွေးကို ကျွန်မတို့ မ၀တ်ဆင်ကြပါ။စိန်ကို တန်ဖိုးထားကြခြင်း၏ အဓိကအချက်မှာ အခြားကျောက်မျက် ရတနာများထက် ရှားပါးခြင်းကြောင့်ဖြစ်ပါသည်။အလွယ်တကူတွေ့နေနိုင်သည့် အခြား လှပသည့် ကျောက်အမျိုးအစားများ ရှိနေပါသော်လည်း ကျွန်မတို့သည် ရတနာ ဟုမသတ်မှတ်၊ ကိုယ်ပေါ်တွင်လည်း တယုတယ မ၀တ်ဆင်ကြပါ။မိန်းကလေးတို့ ၏ အလှသည်လည်း ထိုနည်းအတိုင်းပင် ဖြစ်ပါသည်။
ကျွန်မ အားကစားသင်တန်းပြနေချိန်တွင် ၀တ်ဆင်သည့် ဘောင်းဘီတိုသည် သင်တန်းနည်းပြတစ်ယောက် အတွက် သင့်တော်သည် ဖြစ်သော်လည်း စာအုပ်တိုက်များ သို့သွားသည့် အခါ ၀တ်ဆင်မိပါက စာရေးသူတစ်ယောက်အနေဖြင့် လျှပ်ပေါ်လီသော အ၀တ်အစား ဖြစ်သွားပါမည်။ထိုအ၀တ်အစား တစ်မျိုးတည်းကိုပင် နေရာဒေသ ကွာသွားသဖြင့် အမြင် တင့်တယ်ပုံ ကွာသွားခြင်းဖြစ်ပါသည်။ခေတ်နှင့်အညီ အတို၊အပြတ်များကို မ၀တ်ရဟု ကျွန်မ ဆိုလိုခြင်း မဟုတ်ပါ။ဝတ်သွားရမည့် နေရာနှင့် ၀တ်ဆင်သင့်သည့် အချိန်ကိုရွေးချယ် တတ်ရန်သာ ဖြစ်ပါသည်။
ဆူပါမတ်ကတ်ကြီးတစ်ခု ဖွင့်ပွဲသို့ ဗန်းကိုင် အဖြစ် ကျွန်မတို့သူငယ်ချင်းတစ်စု တက်ရောက်ခဲ့ရစဉ်က ပြည်ပမီဒီယာ တစ်ခုက ကျွန်မတို့၏ မြန်မာဝတ်စုံဖြစ်သည့် ခြုံပ၀ါ စုံကာချထားသည့် ချိတ်နှင့် အင်္ကျိခါးတို လက်ရှည်ပုံစံကို ကြိုက်နှစ်သက်၍ ဆိုကာ မှတ်တမ်းတင် ရိုက်ကူးသွားဖူးသည်။ထိုဖွင့်ပွဲတွင် အခြား အတို၊အပြတ်၊ ရင်လျား ပုံစံမျိုးစုံ ၀တ်စားထားသည့် ငယ်ရွယ်နုပျိုလှပသည့် မိန်းကလေးများ ရှိသော်လည်း ထိုထက်ပင် ဆန်းသစ်ပြီး လှစ်ဖော်ပြနိုင်သော ၀တ်စုံပုံစံများကို နိုင်ငံတကာတွင်လည်း တွေ့နေနိုင်သောကြောင့် မှတ်တမ်း မတင်လိုပါဟု ပြောသွားတာ ကြားခဲ့ဖူးပါသည်။
အမှန်အတိုင်း ၀န်ခံရလျှင် ထိုအချိန်က ကျွန်မတို့ သူငယ်ချင်းတစ်စုသည် ထိုမြန်မာ ၀တ်စုံကို မ၀တ်ချင်ခဲ့။အုပ်ချုပ်သူများ၏ မ၀တ်မနေရဆိုသော အမိန့်ကြောင့်သာ ၀တ်ခဲ့ရ သော်လည်း ခေတ်မီဆန်းသစ်သော ပုံစံများအကြားတွင် ကျွန်မတို့မှာ ကိုယ့်ကိုကိုယ် ခပ်တုံးတုံး ပုံစံပေါက်နေသည်ဟု ထင်မိသောကြောင့်ဖြစ်သည်။ကျွန်မတို့ မြန်မာဝတ်စုံကို တိုင်းတစ်ပါးက အမြတ်တနိုး မှတ်တမ်း တင် မည်ဆိုတော့မှ ကျွန်မတို့နိုင်ငံ၏ ၀တ်စုံ ကျက်သရေ ရှိပုံကို သတိထား မိလာတတ်ခြင်းဖြစ်ပါသည်။ခေတ်မီဆန်းသစ်သော ပုံစံများကို အခမ်းအနားမဟုတ်သည့် အပြင်တွင်လည်း ကျွန်မတို့ လွတ်လပ်စွာ ၀တ်ဆင်နေနိုင်သည်ပဲ။
မိန်းကလေးတိုင်း ကျစ်လစ်လုံခြုံသည့် အလှကို ထိန်းသိမ်းတတ်ရန်လိုပါသည်။အထူး
သဖြင့် ပြည်သူ့စံပြ အဖြစ် အကြည့်ခံရသည့် သူများက ပိုပြီး လိုအပ်ပါသည်။ဝတ်စားဆင်ယင်မှု ရောလာသည့် ခေတ်ထဲတွင် လိုက်ပါစီးမျော ၀တ်ဆင်နေကြသည်ကို အပြစ်ဟု မဆိုချင်သော်လည်း မြန်မာမိန်းကလေးဆိုသည့် တော်ဝင်သည့် အလှကိုပြသရန် အချိန်နှင့်နေရာလေးတစ်ခုတော့ ကျန်နေ စေချင်သေးပါသည်။
ခင်သန္တာ
Subscribe to:
Post Comments (Atom)
Subscribe
Labels
Blog Archive
-
▼
2014
(46)
-
▼
June
(38)
- ကျွန်မနှင့်ကျွန်မ၏ လောင်ဘက်များ (ဇတ်သိမ်း)
- ကျွန်မနှင့် ကျွန်မ၏လောင်ဖက်များ (ပထမပိုင်း) မဟေသီ ...
- စားသုံးသူ၏ အခွင့်အရေး
- မြင်တတ်မျက်စိ
- နှောင်တွယ်ရစ်ငင် ချစ်ချင်သော်လည်း
- ဖြတ်သန်းနေဆဲ ဘ၀တွေထဲ
- ဖြတ်သန်းခဲ့ရ နှစ်ဘ၀။
- “ အပြစ် မတင်ရက်တော့ပါ”
- ဖူးငုံတို့နဲ့ Plan များစွာ
- တော်သူနေ ရှော်သူသေ
- တံတိုင်းလေလား ပေတံလား
- သက်ရှိ မန်ကျည်းပင်တို့ အကြောင်း
- “သိပါရဲ့လား ကျွန်မသည်”
- “အလည်သွားမိတဲ့ တစ်ညတာ”
- အသုံးချပေးပါ။
- “အပန်းတော်ပြေ”
- ' 96 ' မှတ်တမ်း
- “အကာမဲ့ အနှစ်”
- “သဲကိုးဖြာတို့ ကျင်လည်ရာ” မနွယ်ကို မြ...
- “ချေလိုက်လို့ ကြေသွားတာများလား” နုံအ မ...
- ရှည်နိုင်လွန်းချည့် အပူမရှာချင်လို့ အပ...
- “ပါးလွှာသော စည်းလေးများ”၁။ “မာန် မလုပ်ချင...
- သိက္ခာလေးတော့ ကျန်ချင်သား၁။ သတ်္တ၀ါ မျိုးစိတ်...
- “ချန်ထားပေးပါ” ကျွန်မ စာစ ရေးစဉ် အချိ...
- “ ပြည်ကြီးဘာယာ နှင့် ရဲတိုက်အား ခံစားကြည့်ခြင်း” ...
- “နွေရာသီ ဖက်ရှင်” ကျွန်မတို့ငယ်စဉ် နွေရာသ...
- “အမှီ”(၁) စာရေးကြီး ဦးမြင့်ကျော်တဲ့၊ရန်...
- ပျော့သော နှီးဖြင့် ခိုင်အောင်ချည် ...
- ကယ်လ်ဆမ်ကွေကာ အတွေး ကျုပ်နံမည် ခင...
- “မျက်ဖြေ” ခြောက်နှစ်တာ ကာလအတွင်း ပြန်...
- မြစ်တစ်စင်း......... ချစ်ခြင်းနှင့်အတူ
- ဂျစ်ပစီ မိုးတိမ်
- “မုန်းမာန်ဖွဲ့သော်လည်း”
- “ မကြုံဖူးဆို မယုံဘူးလား”
- မျိုးရိုးက အထက်တန်းစားလေ
- ဆပ်၍ မဆုံးနိုင်တော့သည့် ကျေးဇူးတရားများ
- မြို့ ရေကြည်သို့
- စာရေးဆရာ ဆိုသည်မှာ.
-
▼
June
(38)
0 comments:
Post a Comment