“ ပြည်ကြီးဘာယာ နှင့် ရဲတိုက်အား ခံစားကြည့်ခြင်း”
ကျွန်မသည် ကျွန်မဖတ်ဖူးသော စာအုပ်ကောင်းများကို သူတစ်ပါးအားမျှဝေဖတ် စေချင်သလို၊သူတစ်ပါးဖတ်ဖူးပြီး မျှဝေထားသော စာအုပ်ကောင်းများအားလည်း ရှာဖွေ၍ ဖတ်တတ်သော အလေ့အကျင့်ရှိပါသည်။ပြည်ကြီးဘာယာနှင့် ရဲတိုက်စာအုပ်များကို ဖတ်ပြီး စာပေလွတ်လပ် ခွင့်ပေးခဲ့သော စာပေအဖွဲ့အစည်းများကိုလည်း ကျေးဇူးအထူးတင်မိပါသည်။ကျွန်မသိသည့် စာပေလွတ်လပ်ခွင့်ဆိုသည်မှာ အဖွဲ့အစည်း(သို့)လူပုဂ်္ဂိုလ်တစ်ဦးဦးကို ပရမ်းပတာ ဝေဖန်ရေးသားထားသောစာများကို ခွင့်ပြုခြင်းမဟုတ်ပါ၊သတိမမူမိဘဲ လွဲမှားနေသော အဖွဲ့အစည်းများ သို့မဟုတ် တိုင်းပြည်အုပ်ချုပ်နေရသော လူပုဂ်္ဂိုလ်များ၏ မမြင်မိ၊မမြင်နိုင်သော အချက်များကို အပြုသဘောဖြင့် ထောက်ပြရေးသားထားသော စာများကို ခွင့်ပြုခြင်းသည် စာပေလွတ်လပ်ခွင့် ပေးခြင်းဖြစ်ပါသည်။ကျွန်မဖတ်ပြီးသော ထိုစာအုပ်နှစ်အုပ်အကြောင်းကို ကျွန်မဥာဏ် တစ်ထွာတစ်မိုက်ဖြင့် ဆရာလုပ် ညွှန်ပြခြင်းမဟုတ်ဘဲ ကျွန်မခံစားမိသမျှကို ရိုးသားစွာ တင်ပြသွားမည်ဖြစ်ကြောင်း ကြိုတင်ရေးသားလိုပါသည်။
ထိုစာအုပ်နှစ်အုပ်၏ တူညီမှုမှာပျက်စီးယိုယွင်းခဲ့သော မိမိတို့တိုင်း ပြည်၏အုပ်ချုပ်မှုပိုင်းကိုထောက်ပြ ရေးသားထားခြင်းဖြစ်ပါသည်။မင်းနှင့်ပြည်သူဆိုသည်မှာ မိသားစုတစ်စုနှင့်တူပါသည်။မိဘသည် သားသမီးလုပ်သမျှကို အကုန်မသိနိုင်၊ သူတစ်ပါး နားနှင့်မဆန့်မှ မိဘနား သို့ရောက်သည်ဆိုသော စကားပုံအတိုင်း သားသမီးတို့လမ်းလွှဲနေ သော လုပ်ရပ်များကို သူတစ်ပါးဝေဖန် ထောက်ပြမှ သိရပါသည်။ထိုသို့သူတစ်ပါး ထောက်ပြမှ သိရခြင်းသည် မိဘညံ့နေ၍မဟုတ်ပါ။မိဘသည် မိသားစုအားလုံး၏ စားဝတ်နေရေးအပါအ၀င် မိသားစုလုံခြုံရေးများကိုပါ ဆောင်ရွက်နေရ၍ သားသမီးလုပ်သမျှ အကုန်မသိနိုင်ခြင်းသည် သဘာဝကျသော ဖြစ်ရပ်တစ်ခုသာဖြစ်ပါသည်။သားသမီးကိုယုံ၍ စုံလုံးကန်းမနေရန်တော့ လိုသည်ပေါ့။
မြန်မာ့လွတ်လပ်ရေးမရခင် ဆယ့်လေးနှစ်အလိုက တိုးတက်ရေးမဂ်္ဂဇင်းတွင် ဖော်ပြပါရှိသော ဆရာဇော်ဂျီရေးသည့် ပြည်ကြီးဘာယာဝတ်္ထုသည် သူ့ကျွန်လက်အောက်တွင် ရောင့်ရဲလွယ်လွန်းသော မြန်မာပြည်သူ၊ပြည်သားများကို အားမလိုအားမရ စိတ်ဖြင့် သရော်ရေးသားခဲ့ဟန်တူပါသည်။ကျွန်မ ဆရာဇော်ဂျီ၏ ပြည်ကြီးဘာယာဝတ်္ထုကို ပထမအကြိမ်ဖတ်ဖူးသော အရွယ်သည် ကိုးတန်းနှစ်နွေကျောင်းပိတ်ရက်ဖြစ်ပါသည်။အဲဒီအချိန်က ထိုစာအုပ်ကို ကျွန်မ ကျေနပ်မှုမရှိခဲ့ပါ၊ကျွန်မတွင်စာပေသိ နုနယ်လွန်းသေး၍ဖြစ်ပါမည်။ဒုတိယအကြိမ်ဖတ်မိသော တက်္ကသိုလ်တတိယနှစ်တွင်မူ ထိုဝတ်္ထုသည် ယခုမှအသစ်ဖတ်ဖူးသကဲ့သို့ဖြစ်နေပြီး ကျွန်မကြိုက်နှစ်သက်ခဲ့ပါသည်။ တတိယအကြိမ်နှင့် နောက်ပိုင်းဖတ်မိသောအခါများတွင်မူ ဆရာဇော်ဂျီအား မျိုးချစ် စိတ်ရှင်သန်ထက်မြက်အောင် လှုံဆော်ရေးသားနိုင်သည့် စာရေးဆရာတစ်ယောက်အဖြစ် အလွန်ကြည်ညိုမိပါသည်။
ဘာယာရွှေပြည်တော်တွင်းရှိ အမတ်ချုပ်ကြီး သိရိကျော်ခေါင်သည် နန်းတော်သို့ အခစားမ၀င်မီ သူ၏မျက်ခုံးများလှုပ်ပြီး ညကအိမ်မက် မကောင်းသောကြောင့် အမတ်ချုပ်ကတော်အား ဗေဒင်မေးရန် ပြောသောစကားကို အမတ်ချုပ်ကတော်က “လာပြန်ပါပြီဗေဒင်မေးလည်း ဗေဒင်ကအကောင်းချည်းဟောတာပဲ မဟုတ်လား၊ ညံ့တဲ့အခါများမှာလည်းယတြာ အပြုခိုင်းတာပဲ မဟုတ်လား။စင်စစ်မှာတော့ ရှင်ဘုရင်ကိုသာ မြှောက်ပင့်ပြီးပြောပါ၊ဘာမှ ဘေးမဖြစ်နိုင်ပါဘူး။အခုကြီးပွားနေတာဟာ ရှင်ဘုရင်ကို မြှောက်ပင့်ပြီးပြောနေလို့ မဟုတ်လား မောင်မောင်ငဲ့” လို့ပြောစကားကို
“အမယ်လေး.....ရှင်ဘုရင်ကပေတဲ့ အပါးအနပ်။ကြည့်မြှောက်ရတယ် မိမိငဲ့”လို့ အမတ်ချုပ်ကြီးရဲ့ အပြောက ရှင်ဘုရင်ဆိုတာ မညံ့ကြောင်းဖော်ပြထားပါသည်။
ဒါပေမဲ့ အမတ်ချုပ်ကတော်က “သြော် မောင်မောင့်နှယ်၊ရှင်ဘုရင်အကြိုက်ကို လိုက်ပြောရတာဟာလွယ်တာမှ မဟုတ်ဘဲ။အနို့....ရှင်ဘုရင်ကိုမြှောက်ပင့်ပြောဖို့ ငယ်ငယ်ကတည်းက ပညာတွေသင်လာခဲ့တယ် မဟုတ်လား၊တော်ရုံတန်ရုံ ပညာနဲ့လည်း ရှင်ဘုရင်ကို ဘာမြှောက်တတ်ပါ့မလဲ မောင်မောင်ငဲ့”။လို့ သူ့ကတော်ရဲ့အပြောကြောင့်
“အင်း..... ငါပညာသင်လာတာတွေဟာ နောက်ဆုံးကျတော့ ရှင်ဘုရင်ကို မြှောက်
ပြောဖို့ ဖြစ်နေပါပေါ့လား” လို့ အမှန်ကိုမြင်ပေမဲ့ နောက်ဆုံးတော့ အမတ်ချုပ်ကြီးဟာ
သူ့ကတော်စကားကိုပဲ နားထောင်ပြီး ရွှေနန်းတော်ထဲကို ၀င်သွားပါတော့သည်။ပညာရှိသုခမိန်များ ဖြစ်လင့်ကစား ကိုယ်ကျိုးတစ်ခုကိုသာကြည့်၍ တိုင်းပြည်ရေးရာများ
ကိုစိတ်မ၀င်စားပုံ ဖွဲ့နွဲ့ထားပုံမှာ ဖတ်ရသူပြည်သူများအား မခံချင်အောင် ကလိထား သလိုဖြစ်နေပါသည်။
စာပေရေးရာများနှင့်ပတ်သက်၍လည်း စာဆိုရှင်ကြီးဖြစ်ချင်နေသော ၀န်မင်းတစ်ပါးအား စာဆိုကြီးက “အို......၀န်မင်းဟာ ဘာကြောင့် စာဆိုကြီး မဖြစ်နိုင်ရမှာလဲ။စကားလှတွေကိုသာ ကျက်ထား၊နောက်ပြီးတော့ ကိုယ်ဆိုလိုချင်တဲ့ အဓိပ်္ပာယ်တွေပါပါ၊မပါပါ။ဒီစကားလှတွေကိုသာ ဖောဖောသီသီရေးပစ်လိုက်။နောက်ပြီးတော့ စိတ်ထဲမှာ တကယ် မထင်၊တကယ်မမြင်ပေမဲ့ ကောက်နုတ်ချက်တွေနဲ့သာ တန်ဆာဆင်လိုက်၊ရသတို့ ဂုဏ်တို့ကိုသာ မပါလျှင် ပါအောင်ကြံဖန်ပြီးဆွဲထည့်လိုက်။ဟား.......စာဆိုကြီးပေါ့၊ က၀ိကြီးပေါ့၊ဘာယာပြည်မှာတင်မက စကြ၀ဠာ တစ်ခုလုံးမှာတောင် ကျော်စောနိုင်တဲ့ ပညာရှိ က၀ိကြီးပေါ့”လို့ အဲဒီခေတ်ရဲ့ စာပေအဆင့်အတန်းကို မခံချိ မခံသာဖြစ်အောင် ဆွပေးထားပါသည်။စာရေးဆရာ၊တေးရေးဆရာဆိုသည်မှာခေတ်၏ပုံရိပ်ကို ပုံဖော်ပေးနေကြသူများဟု ကျွန်မထင်ပါသည်။
နောက်တစ်ခုမှာ စာဆိုမင်းသည် ဘာယာပြည့်ရှင်အား ဘုန်းတော်ဘွဲ့များ ဖွဲ့ဆိုလျှောင်တင်နေရင်း စိတ်ထဲမှ စဉ်းစားလာမိပုံကို ယခုလိုထိထိမိမိ ဆရာဇော်ဂျီက ရေးဖွဲ့ထားပြန်ပါသေးသည်။ဘာယာပြည့်ရှင်၏ အဖေသည်ရှင်ဘုရင်။၎င်းရှင်ဘုရင်၏ ဖအေသည်လည်း ရှင်ဘုရင်။ယင်းသို့ရှာဖွေလာရင်း ရှင်ဘုရင် တသီတတန်းကြီးရှိသော တန်းအဆုံးတွင် ဧကန်္တလူတစ်ယောက်ကိုတွေ့ရပေမည်။ ထိုသူသည် မည်သူလဲ၊လူပဲ။လူဆိုတာဟာလည်း ခပ်သိမ်းကုန်သော သတ်္တ၀ါအပေါင်းတို့နှင့် အတူတူဖြစ်၍ အဘယ်ကြောင့် ဒီလူသည် လူအပေါင်းတို့၏ ထိပ်ဖျားတွင် သြဇာအာဏာနှင့်နေနိုင်ရသနည်း။ထိုလူတွင် သူတကာတို့ထက် ထူးခြားသော လူ့သတ်္တိများရှိ၍ဖြစ်ရမည်။လူတကာ လိုက်နာဆောက်ရွက် ချင်လာအောင် ဉဏ်နှင့်တကွ သိမ်မွေ့သော သဘောထား၊ တည်ကြည်ရဲရင့်သောစိတ်တို့ရှိရမည်။လူတို့၏စီးပွားကို ကြီးပွားစေတတ် သောလုပ်ရည် ကြံရည်လည်းရှိရမည်။ထို့ကြောင့်သာရှင်ဘုရင်ဖြစ်ခြင်း ဖြစ်မည်ဟု သုံးသပ်လာမိပါသည်။
စာဆိုသည် ရှင်ဘုရင်တစ်ပါးဖြစ်ထိုက်သည့် အရည်အချင်းများကို စဉ်းစားမိရာမှ တစ်ဖန် “ထိုအခါ ရှင်ဘုရင်၏သားဆိုသည်မှာ အလကား။ထိုသတ်္တိထူးများ ရှိလာမှသာလျှင် ရှင်ဘုရင်ဖြစ်ထိုက်သည်။လူတို့၏ထိပ်ဖျားတွင်နေသင့်သည်။ထိုသတ်္တိထူးများ ပြည့်စုံပါလျှင် မည်သူမဆို ရှင်ဘုရင်ဖြစ်ထိုက်သည်။ထီးနှင့်နန်းနှင့်မခံစားရသော်လည်း ရှင်ဘုရင်ဟု ခေါ်ဆိုထိုက်လှသည်။ထိုသတ်္တိထူးများ မရှိပါလျှင် ထီးနှင့် နန်းနှင့်ပင်စံစားသော်လည်း ထိုရှင်ဘုရင်မျိုးမှာ ဘုရင်ပညတ်များသာလျှင်တကား”ဟုအမှန်မြင်လာပုံကို ရေးသားဖော်ပြထားပါသည်။ဆရာဇော်ဂျီကဆက်၍ ဖော်ပြထားမှုပုံမှာ ပြည်သူများအား ကိုယ်စွမ်းကိုယ်စ ထုတ်ချင်စိတ်ပေါ်လာအောင် “ကြည့်ကြပါဦးစို့..။အကယ်၍ သတ်္တိထူးမရှိဘဲ ရှင်ဘုရင် ဖြစ်နေရင်ကော ဘယ်သူ့အပြစ်ဟုဆိုမည်လဲ။ထိုရှင်ဘုရင်၏ အပြစ်မဟုတ်။တိုင်းသူပြည်သား အ တတ၊အသုံးမကျ၊ကိုယ့်အခွင့်အရေးကို ကိုယ်မသိဘဲ၊ယဉ်ကျေးသိမ်မွေ့ အရိုအသေတရားများ ကြဲသောကြောင့်ပင် ဖြစ်စွတကား” ဟုပြည်သူတို့၏ အားနည်းချက် ကိုထောက်ပြ ရေးဖွဲ့ထားပါသည်။
ညီလာခံတွင် ဘာယာပြည့်ရှင်အား မှူးကြီးမတ်ရာတို့က တိုင်းရေးပြည်မှု ကိစ်္စလျှောက်တင်ပုံမှာ “ဘာယာပြည်တွင် ဆင်းရဲသားများသည် ဆင်းရဲသားဘာဝ လုပ်ကိုင် စားသောက်နေကြသဖြင့် များစွာဝမ်းမြောက် အားတက်ဖွယ်ရာ ဖြစ်ကြောင်း၊၄င်းတို့ ဆင်းရဲပင်ပန်းကြသည်မှာ ကံ ကံ၏အကျိုးသာဖြစ်ကြောင်း၊ကံတရားကို မည်သူမျှ မလွန်ဆန်နိုင်ကြောင်း၊ကံပစ်ချသောနေရာတွင် ဘာမှမကြံမစည် နားရွက်မခတ်ဘဲ နေအပ်ကြောင်း၊ကံတရားကိုက ဆင်းရဲစေဟု အမိန့်ပေးထားသဖြင့် တိုင်းပြည်ရှင်က လက်ပိုက်၍ ကြည့်နေအပ်သည်ဖြစ်ကြောင်း၊ကံတရားကြောင့် ၄င်းတို့၌ မချမ်းသာခြင်း၊ပညာမပြည့်စုံခြင်း၊ဆင်းရဲသားဘ၀မှ မလှူနိုင်ခြင်းများသည် အံ့သြဖွယ်ရာ
မဟုတ်ကြောင်း၊ထို့ကြောင့် ဘာယာပြည်ရှိဆင်းရဲသားများသည် ဆင်းရဲသားပီပီ ဆင်းဆင်းရဲရဲနှင့်ပင် လုပ်ကိုင်စားသောက်နေကြသည်မှာ ၀မ်းမြောက်ဖွယ်ရာဖြစ်ကြောင်း၊ ရွှေဘုန်းတော်ကြောင့် အထူးဝမ်းသာအားရဖွယ်သာ ဖြစ်ပါကြောင်း၊၄င်းတို့ဆင်းရဲစွာနေထိုင်ခြင်း ကို ပြည့်ရှင်က အနှောင့်အယှက် မပြုသင့်ကြောင်း”။ဟုဖော်ပြထားပုံမှာ ထိုခေတ်အချိန် ကာလက ပြည်သူပြည်သားများ အကျိုးကိုမကြည့်ဘဲ နန်းတွင်းရှိလူတန်းစား တစ်ကွက်စာသာ အကျိုးကိုသာကြည့်ကြပုံကို ပေါ်လွင်စွာ ရေးဖွဲ့ထားပါသည်။
ထို့နောက် ပညာရေးနှင့်ဆက်လျဉ်း၍လည်း ဘာယာပြည်သူပြည်သားများသည်
ရက်၊လ၊နှစ်ပြောင်း နိုင်ငံတော်၏အခြေအနေပြောင်းနေပါသော်လည်း ယခုခေတ် ဘာယာပြည်သားတို့ ထင်မြင်ပုံသည် ရှေးခေတ်ဘာယာပြည်သားတို့ ထင်မြင်ပုံနှင့် အတူတူပင်ဖြစ်နေပြီး မိမိတို့အမျိုးစာပေ၌သာ စိတ်အားထက်သန်စွာ လေ့လာကြသဖြင့် လက်တွေ့ မျက်တွေ့ လောကသဘာဝကို စုံစမ်း၍သိအပ်သော ပညာရပ်များ၊သူတစ်ပါးနိုင်ငံမှ အဆင်သင့် ရောက်ရှိလာသောပညာရပ်များကို ၀ါသနာပါ မလိုက်စားရုံတင်မက ထိုပညာရပ်များကို သယ်ဆောင်လာသူများကိုပင် သေးနုပ်သိမ်ဖျင်း မြင်ပြင်းကပ်စရာကောင်းသည်ဟု ပြောဆိုလေ့ရှိပါကြောင်း၊ရွှေဘုန်းတော်ကြောင့် ဤမျှပင် ကိုယ့်အမျိုး၏ စာပေကိုစောင့်ရှောက်ကြပါကြောင်း ထိုခေတ်၏ပညာရေး အဆင့်အတန်းကို သရော်ရေးဖွဲ့ထားပါသည်။
အထက်ဖော်ပြပါ အချက်များကိုကြားနာပြီးနောက် ဘာယာပြည့်ရှင်သည် သူ့တိုင်းပြည်၏ အခြေအနေများအား အလွန်တရာ နှစ်ထောင်းအားရတော်မူပြီး ပလ်္လင်ထက်မှ အောသောအသံကြီးဖြင့် သာဓုခေါ်ကာ မိန့်တော်မူလိုက်သည်မှာ -ဘာယာပြည်သားတို့၏ ကျင့်ကြံပုံကို တစ်စုံတစ်ရာမျှ အနှောက်အယှက်မပြုလို၊လွတ်လပ်ခွင့် ပေးကြောင်း နှင့်မင်းတို့မည်သည် မင်းပီသရမည်၊ပညာရှိတို့မည်သည် ပညာရှိပီရပေမည်။ထို့အတူ ဆင်းရဲသားမည်သည် ဆင်းရဲသား ပီသအပ်ကြောင်းနှင့် ၄င်းတို့သည် ဘယ်သောအခါမျှ မကြီးပွား၊မချမ်းသာအပ် ဆင်းရဲစွာနေကြပစေ ဟုခွင့်ပြုပေးခဲ့ပြီးနောက် သာသနာတော် နှင့်ပတ်သက်၍ ပြည်တွင်း၌ အကုသိုလ်မှု ပေါများလင့်ကစား စေတီပုထိုးစည်ကားစွာ သာသနာတော် ထွန်းကားလျှင် အပြစ်မဆိုသာချေ၊ သာသနာတော် ထွန်းကားသည်ဆိုသည်မှာ ဘယ်သူဘာပဲဖြစ်ဖြစ် ထွန်းကားသည်သာ ပဓာနဖြစ်သည်ဟု သာသနာရေးပါမကျန် တိုင်းပြည်၏ယိုယွင်းပုံများကို ထောက်ပြခဲ့ပါသည်။
အချုပ်ဆိုရသော် ဆရာဇော်ဂျီသည် မြန်မာပြည်သူ၊ပြည်သားများ မေ့မေ့လျော့လျော့ နေမှုကြောင့် သူ့ကျွန်ဘ၀ကို အလွယ်တကူရောက်ရပုံနှင့်၊မတွေးမတော နေထိုင်မှုများကြောင့်
ဝတ်္တု နောက်ဆုံးတွင်လည်း မိုးကျရွှေကိုယ်ပေါ်လာပြီး ထိုစနစ်ထက်ပိုဆိုးသော ပြည့်ရှင်စနစ်ကို ရိုကျိုးစွာလက်ခံကြပုံကို ရေးဖွဲ့ထားပုံမှာ သရုပ်ပေါ်လှပါသည်။ထိုစာများကိုဖတ်မိခဲ့ကြပြီး
လွတ်လပ်ရေးကြိုးပမ်းလိုစိတ်၊ကိုယ့်တိုင်းပြည်ကို တိုးတက်လိုစိတ်၊ အမျိုး၊ဘာသာ၊ သာသနာ ထွန်းကားလာအောင် လုပ်ဆောင်လိုစိတ်များ ပေါ်ပေါက်ခဲ့ဖူးသူများ မရှိခဲ့ပါဟု မည်သူပြောနိုင်ပါမည်နည်း။
နောက်တစ်အုပ်မှာ စာရေးဆရာ အေ၊ဂျေ၊ကရိုနင် ရေးသားထားသော(ွှ့န ဃငအေိနူ)ကို ဆရာမောင်ထွန်းသူဘာသာပြန်ထားသည့် ဘာသာပြန်စာပေဆုရ “ရဲတိုက်”သည် အင်္ဂလန်နိုင်ငံ၏ ပျက်စီးဆိုးရွားနေသော ဆေးလောက၏ အားနည်းချက်များကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ထောက်ပြရေးသားထားခြင်းဖြစ်သည်။ကျွန်မ ရဲတိုက်စာအုပ်ကို ဖတ်ဖူးသောအရွယ်မှာ စာဖတ်သက် အနည်းငယ် နာနေပြီဖြစ်သောကြောင့် ပထမအကြိမ် ဖတ်စမှာပင် အလွန်ကြိုက်နှစ်သက်ခဲ့ပါသည်။ထိုစာများကိုထုတ် ဝေခွင့်မပြုခဲ့ပါက၊ တာဝန်ရှိပုဂ်္ဂိုလ်များ မဖတ်မိခဲ့ပါက အင်္ဂလန်နိုင်ငံ၏ ဆေးလောကသည် ယနေ့ကဲ့သို့တိုးတက်ပြောင်းလဲ လာလိမ့်မည်ဟု ရဲရဲဝံ၀ံမပြောနိုင်ပါ။
ထိုဝတ်္တု၏အဓိက ဇာတ်ကောင် အင်ဒရူးမေဆန်နှင့် လူ့ဂွစာဟု အများမြင်ထား
သော ဖီးလစ်ဒင်နီတို့နှစ်ယောက် ကျောက်မီးသွေးတွင်းနှင့်သတ်္ထုတွင်း အလုပ်သမား များ၏တိုက်ဖွိုက်ရောဂါကို ပျောက်သွားအောင် မကုသနိုင်ခြင်းမှာ ထိုမြို့၏အနိမ့်ပိုင်းကျသော
ရေတွင်းထဲသို့မြေအောက်မိလ်္လာပြွန်မှ အညစ်အကြေးများစိမ့်ဝင်နေမှုနှင့် ဆက်စပ် နေသည်ကိုသိ၍ ကျန်းမာရေးဝန်ကြီးဌာနသို့စာရေးပြီး အကြိမ်ကြိမ်တင်ပြပါသော်လည်း အလုပ်သမားများ အသုံးပြုရသော မိလ်္လာကန်များမှာ နှစ်ပေါင်းများစွာတိုင် ပြုပြင် ပေးခြင်းမရှိဘဲထားခဲ့ရာ နောက်ဆုံးတွင် ထိုဆရာဝန်နှစ်ယောက်ပေါင်း၍ မိလ်္လာကန်များကို ဒိုင်းနမိုက်ဖြင့်ဖောက်ခွဲဖျက် စီးခဲ့ကြပါသည်။သုံးမရအောင် ပျက်စီးသွားသော အခါမှ မဖြစ်မနေ အလုပ်သမားများ၏ မိလ်္လာကန်များကို ကောင်စီရုံးမှ ပြုပြင်ပေးခဲ့ကြပါသည်။
ထို “ရဲတိုက်” စာအုပ်ကိုဖတ်ထားပြီးသော သူများနှင့်ကျွန်မစကားပြောဖြစ်
သည့်အခါတိုင်း ကျွန်မသည် ဖော်ပြအခန်းကို ကျွန်မကိုယ်တိုင် ဒိုင်းနမိုက် ခွဲခဲ့သည့်အလား
အားရကျေနပ်စွာ ပြောနေမိသည်။ဤအခန်းသည် ကျွန်မအလွန်နှစ်သက်သော အခန်းဖြစ်ပါသည်။လောကတွင် တစ်ခါတစ်ရံမှာ တရားဝင်ပြောလို့မရသောအရာများကို ထိုကဲ့သို့ဆောင်ရွက်လိုက်ခြင်းမှာ မှန်ကန်သော လုပ်ရပ်ဖြစ်သည်ဟု စာရေးသူ၏ အောက်ပါစာပုဒ်က ဖော်ပြ ထားသယောင်ထင်ရပါသည်။
“သုံး၍မဖြစ်တော့လောက်အောင် ပျက်စီးကာ အလွန်စက်ဆုပ်ရွံရှာဖွယ် ကောင်းသည့် ဟောင်စပ်စပ် ပုပ်သိုးသိုး အနံများထွက်လျက်ရှိသော ဤပြွန်များကြောင့် လူများမှာ ဖျားကြ၊နာကြ၊သေကြ၊ကြေကြ ဖြစ်လျက်ရှိ၏။သို့ပါလျက်နှင့် တာဝန်ရှိသော အစိုးရဌာနဆိုင်ရာဝန်ထမ်းများသည် ဘာတစ်ခုမှ လုပ်ပေးဖော်မရပေ။မည်မျှတာဝန်ကင်းမဲ့ကြပါသနည်း။ အင်ဒရူးသည် အနှစ်နှစ် အလလက သူမျှော်လင့်တောင့်တခဲ့သည့် လန်ဒန်မြို့ပေါ်ရှိ အကြီးဆုံးနှင့်အကျော်ကြားဆုံး ဖြစ်သော ၀ိတိုရီးယားအဆုတ်ရောဂါကု ဆေးရုံကြီးတွင် အပြင်လူနာဌာန၌ အချိန်ပိုင်းဆရာဝန်အဖြစ် အလုပ်ဝင်ခဲ့သည်။ထိုအခန်းတွင်လည်းလန်ဒန်မြို့ပေါ်ရှိ နာမည်ကြီး ဆေးရုံကြီးဖြစ်သော်လည်း အဆောက်အအုံများမှာ အိုမင်းဟောင်းနွမ်းလှပုံ၊အလင်းရောင်ကောင်းစွာ မရသဖြင့် အမြဲတစေ မှောင်ကုပ်ကုပ်ဖြစ်ပြီး စိုစွတ်ညစ်ပတ်လှပုံ၊ဟောင်းနွမ်းဆွေးမြေ့သော အရှိန်ကြောင့် အောက်သိုးသိုး အနံများလှိုင်နေပုံနှင့် အသပြာကိုသာ တန်ဘိုးထားသော ဆေးရုံမှ ဆရာဝန်များ အကြောင်းတို့ကို ဖော်ပြရေးသာထားပါသည်။
အင်ဒရူးမေဆန်သည် သူ မနှစ်သက်သောလူ့မလိုင်များ၊ထိုလူ့မလိုင်များကိုသာ ဆေးကုပေးချင်နေသော အထက်စား ဆရာဝန်များအား တွန်းလှန် တိုက်ဖျက်ရင်း သူကိုယ်တိုင် အဲ့ဒီလောကသား စိတ်ဖြစ်ပေါ်သွားခဲ့ပုံတို့ကို ရေးဖွဲ့ထားသည်မှာ လူတို့၏ဖြစ်တတ်သော သဘောကိုထောက်ပြခဲ့ပါသည်။သူ မနှစ်သက်သော ထိုအသိုင်းအ၀ိုင်းထဲသို့ သူကိုယ်တိုင်ရောက်သွားသောအခါ ထိုအသိုင်းအ၀ိုင်းစိတ်ပေါက်
သွားပြီး တော်တော်နှင့် ထိုအထက်တန်းလွှာမှ ရုန်းမထွက်နိုင်ပုံကို ရေးသားထားပုံမှာ
လောကသဘာဝ၏ “ရင်ဆိုင်တွေ့ရင် ဖင်ထိုင်မေ့တတ်ပုံ”၊ငွေကြေးနှင့် အာဏာသည် လူကိုဖမ်းစားနိုင်ပုံ တို့ကိုရေးသားဖော်ပြထားသည်မှာ သံဝေဂရဖွယ်ဖြစ်ပါသည်။
ထိုစာအုပ်မှ ဇာတ်ကောင် အင်ဒရူးသည် ဘ၀နှစ်ခုကိုဖြတ်သန်းခဲ့ရသည်။ဝတ်္ထု၏အစတွင် ဆေးပညာများကို နှံနှံစပ်စပ်သိလိုစိတ်၊ရောဂါသစ်များအတွက် သုတေသနလုပ်လိုစိတ်၊အောက်ခြေအလုပ်သမား ဆင်းရဲသားများ အတွက်ရပ်တည်၍ ရပိုင်ခွင့်များကို တောင်းပေးလိုစိတ်များဖြင့် ငွေကြေးမပြည့်စုံသော်လည်း သိက်္ခာရှိသောဘ၀ကို ပိုင်ဆိုင်ထားသူ။နောက်တစ်ဘ၀မှာ ငွေကိုမက်မောလွန်း၍ ၀ိတိုရီးယား ဆေးရုံတွင် အလုပ်လုပ်နေသော်လည်း သူစိတ်မ၀င်စား၊အိမ်ကဆေးခန်းတွင်လည်း လူနာများအား နေ့စဉ်ပေးနေကျ ဆေးရည်မှလွှဲ၍ တခြားဘာဆေးမှ ပြောင်းပေး ခြင်းလည်းမရှိ၊ထပ်မံစမ်းသပ် စစ်ဆေးခြင်းလည်းမပြုပေ။ရေဂါပျောက်နေပြီဖြစ်သော လူနာများကိုလည်း ထပ်၍လာဖို့သာရက်ချိန်းပေးပြီး ပေးနေကျဆေးများ ကိုသာပေးနေသည်။သူသည် ငွေမှလွဲ၍ တခြားဘာကိုမှ စိတ်မ၀င်စားတော့သည့် တကယ့် အသပြာ ဆရာဝန်တစ်ဦးဖြစ်နေလေပြီ။ငွေကြေးပြည့်စုံပြီး ကိုယ့်ကိုကိုယ်ပင် လေးစား၍ မရသောဘ၀ဖြစ်သည်။
သူ့ဇနီးက အင်ဒရူးကို ကိုယ့်ကိုကိုယ်ရောင်းစားနေသော အဖြစ်မျိုးသို့ မရောက် စေလို၍ “အချစ်ရယ် ကျွန်မတို့မှာ တကယ်ပဲချမ်းသာဖို့ လိုသလားဟင်၊ ကျွန်မနားလည် ထားတာတော့ မလိုဘူးထင်ပါတယ်၊ဘာကြောင့်များ ငွေစကားကို မရပ်မနား ပြောချင်နေရတာလဲ၊ကျွန်မတို့ ဟိုတုန်းက ပျော်ခဲ့ကြသားပဲမဟုတ်လား၊ငွေကြေးမချမ်းသာပေမဲ့ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ပျော်ခဲ့ကြတယ်မဟုတ်လား၊အဲဒီတုန်းက ကျွန်မတို့ ဒီလောက်ငွေစကား မပြောခဲ့ကြပါဘူး၊အခုတော့ဖြင့် ငွေထက်အရေးကြီးပြီး ပြောသင့်ပြောထိုက်တဲ့ စကားတွေ မပြောခဲ့ကြတာ ကြာပါပြီကောရှင် အချိန်ရှိသ၍ ငွေစကားပဲ ပြောနေရတာ မငြီးငွေ့သေးဘူးလား”လို တမ်းတမ်းတတနဲ့ ဟိုတုန်းက ဘ၀လေးကို ပြန်မြင်ယောင်အောင် ပုံဖော်ထားပါတယ်။
ဒါပေမဲ့ လူ့မလိုင်ဘ၀မှာ ပျော်မွေ့နေပြီဖြစ်တဲ့ အင်ဒရူးမေဆန်တစ်ယောက် ကတော့ “နှစ်ပေါင်းများစွာ ရွှံ့တွေရေတွေထဲမှာ ကျွဲနွားလို သွား၊၀က်ပေါင်ခြောက်နဲ့ပင်လယ် ငါးသလောက်ဆားနယ်ကို စား၊ကိုယ့်လောက်မှ အရည်အချင်းမရှိတဲ့ လူတွေပါဝင်ဖွဲ့စည်း ထားတဲ့ ကော်မတီရဲ့ မတော်မတရားလုပ်သမျှကိုခံ၊အင်မတန် ညစ်ပတ်ပေရေနေတဲ့ အခန်းတွေထဲဝင်ပြီး သတ်္တုတွင်းအလုပ်သမားတွေရဲ့ မိန်းမတွေကို စမ်းသပ်ကုသပေး၊ အဲဒီလိုဘ၀မျိုးမှာ တောက်လျှောက် မနေနိုင်တော့လို့ ကိုယ့်ဘာသာကိုယ် ကြိုးစားရုန်းကန်ပြီး အပြောင်းအလဲလေးဖြစ်လာအောင် လုပ်တာပဲ၊ကို့အနေနဲ့ ခံခံညားညား ထယ်ထယ်ဝါ၀ါ နေရအောင်လုပ်တာပဲ၊အဲဒါကို မင်းကန့်ကွက်ချင်နေသလား ခရစ်္စတီ”လို့ဖော်ပြထားပုံမှာ
လူအထင်ကြီး လေးစားခံရပြီး ငွေကြေးမပြည့်စုံသော ဘ၀သည် အပြောသာလွယ်ပြီး
လက်တွေ့ဘ၀တွင် လိုက်လုပ်ရန် မည်မျှခက်ကြောင်း ကျိုးကြောင်းဆက်စပ် ဖော်ပြထားပုံမှာ
အသက်ဝင်လှပါသည်။
သို့သော် အမှန်တရားကိုတန်ဖိုးထား၍ သူချစ်မြတ်နိုးသော ဆေးလောကကို တိုးတက်စေချင်သည့် လူငယ်ဆရာဝန်သည် မောဟများ ကြာကြာဖုံး မထားနိုင်ပါ။သူ၏အိမ်နီးချင်း လူနာ ဟယ်ရီ ဗစ်ဒလားကို သာမန်ခွဲစိတ်မှု တစ်ခုဖြစ်သည့် ဗေလုံးခွဲရန် သူကိုယ်တိုင် ယုံကြည်စိတ်ချမိသော ခွဲစိတ်ဆရာဝန်ထံ အပ်နှံခဲ့သည်။သို့သော် ထိုဆရာဝန်သည် ၀မ်းဗိုက်ခွဲစိတ်မှုကို တစ်ခါဖူးမျှ မလုပ်ဖူးသည့် ယောင်ယောင်ဝါးဝါး ခွဲစိတ်ဆရာဝန်ဖြစ်နေမှန်း လူနာကိုခွဲစိတ်နေသော အချိန်မှ အင်ဒရူးသတိထားမိသည်။သွေးအိတ် နှင့်ဗေလုံးကိုတောင် ကောင်းစွာမခွဲခြားတတ်ဘဲ မှားယွင်းပြီး လှီးဖြတ်လိုက် ခြင်းဖြစ်သည်။မိမိ၏အမှားကြောင့် လူနာတစ်ယောက် အသက်ဆုံးရှုံးသွားသော်လည်း မည်သို့မျှ မခံစားရသလိုနေနိုင်၊ပြောနိုင်သော ထိုခွဲစိတ်ဆရာဝန်ကို ကြည့်ကာ အင်ဒရူးမေဆန်သည် သူကျင်လည်နေသည့် စိတ်ပျက်ဖွယ် လက်တစ်ဆုပ်စာ ကောင်းစား ရေးဝန်းကျင်ကို သတိပြုမိလာသည်၊အသိတရားများပြန်ဝင်လာခဲ့သည်။
အသိတရားများပြန်ဝင်လာ၍ ပျော်ရွှင်ဖွယ်အချိန်များကျမှ အင်ဒရူး ၏ဇနီးသေဆုံးသွားပြီး အင်ဒရူးမှာလည်း လူ့မလိုင်ဆရာဝန်များ၏ ရန်ငြိုးထားမှုကြောင့် သူ့မိတ်ဆွေ မေရီဆိုသော လူနာအမျိုးသမီးနှင့် ပတ်သက်၍ တရားစွဲ ဆိုခံရပြီး ဆရာဝန်မှတ်ပုံတင်လက်မှတ် အသိမ်းခံရမည့် အခြေအနေသို့ ဆိုက်ရောက်သွားခဲ့သည်။
သို့သော် နောက်ဆုံးတွင် ဒေါက်တာ အင်ဒရူးမေဆန်အား ဆရာဝန်မှတ်ပုံတင် လက်မှတ် မသိမ်းဘဲ အပြစ်မှလွတ်လိုက်သည်။လောကတွင် တရားကိုနတ်စောင့်ပုံ အမှန်တရား ဘက်ကသာ အနိုင်ရပုံတို့ကို စာဖတ်သူများစိတ်ကျေနပ်ဖွယ်ရေးဖွဲ့သွားခဲ့ပါသည်။
ကျွန်မတို့ ကျင်လည်နေသော လက်တွေ့ဘ၀တွင်လည်း စိတ်ကောင်းမရှိသူပင် ဖြစ်လင့်ကစား စိတ်ကောင်းရှိသူများကို ကြိုက်နှစ်သက်တတ်ပါသည်။ဒေါသကြီးသူပင် ဖြစ်လင့်ကစား ဒေါသနည်းသူများကို ကြည်ညိုတတ်ပါသည်။အမှောင်လောကတွင် နေရသူဖြစ်လင့်ကစား အမှန်တရားဘက် တော်သားများကို လိုလားတတ်ကြပါသည်။လူ မည်သည်မှာ ကောင်းသောအရာများကိုနှစ်သက် လက်ခံတတ်ကြပါသည်။ဤသည်မှာ လောကသဘာဝဖြစ်ပါသည်။ထိုသဘာဝများဖြင့် ဤစာအုပ်ကို ရေးဖွဲ့ထားသည်ဟု ကျွန်မခံစားမိပါသည်။
ထိုစာအုပ်နှစ်အုပ်ကို ကျွန်မပြန်လည်ရေးဖွဲ့ပြခြင်းသည် စာအုပ်များထဲမှ ကျွန်မ၏အသိဖြင့် ဖမ်းဆုပ်ရမိသမျှကို စစ်မှန်သော စေတနာဖြင့် မျှဝေခြင်းသက်သက် ဖြစ်ပါသည်။မဖတ်ဖူးသေးသော သူများအဖို့ စာအုပ်အညွှန်းလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။
ည-၉နာရီ၊၃၁မိနစ်
၉ရက်၊၆လ၊၂၀၀၉ခုနှစ်
Subscribe to:
Post Comments (Atom)
Subscribe
Labels
Blog Archive
-
▼
2014
(46)
-
▼
June
(38)
- ကျွန်မနှင့်ကျွန်မ၏ လောင်ဘက်များ (ဇတ်သိမ်း)
- ကျွန်မနှင့် ကျွန်မ၏လောင်ဖက်များ (ပထမပိုင်း) မဟေသီ ...
- စားသုံးသူ၏ အခွင့်အရေး
- မြင်တတ်မျက်စိ
- နှောင်တွယ်ရစ်ငင် ချစ်ချင်သော်လည်း
- ဖြတ်သန်းနေဆဲ ဘ၀တွေထဲ
- ဖြတ်သန်းခဲ့ရ နှစ်ဘ၀။
- “ အပြစ် မတင်ရက်တော့ပါ”
- ဖူးငုံတို့နဲ့ Plan များစွာ
- တော်သူနေ ရှော်သူသေ
- တံတိုင်းလေလား ပေတံလား
- သက်ရှိ မန်ကျည်းပင်တို့ အကြောင်း
- “သိပါရဲ့လား ကျွန်မသည်”
- “အလည်သွားမိတဲ့ တစ်ညတာ”
- အသုံးချပေးပါ။
- “အပန်းတော်ပြေ”
- ' 96 ' မှတ်တမ်း
- “အကာမဲ့ အနှစ်”
- “သဲကိုးဖြာတို့ ကျင်လည်ရာ” မနွယ်ကို မြ...
- “ချေလိုက်လို့ ကြေသွားတာများလား” နုံအ မ...
- ရှည်နိုင်လွန်းချည့် အပူမရှာချင်လို့ အပ...
- “ပါးလွှာသော စည်းလေးများ”၁။ “မာန် မလုပ်ချင...
- သိက္ခာလေးတော့ ကျန်ချင်သား၁။ သတ်္တ၀ါ မျိုးစိတ်...
- “ချန်ထားပေးပါ” ကျွန်မ စာစ ရေးစဉ် အချိ...
- “ ပြည်ကြီးဘာယာ နှင့် ရဲတိုက်အား ခံစားကြည့်ခြင်း” ...
- “နွေရာသီ ဖက်ရှင်” ကျွန်မတို့ငယ်စဉ် နွေရာသ...
- “အမှီ”(၁) စာရေးကြီး ဦးမြင့်ကျော်တဲ့၊ရန်...
- ပျော့သော နှီးဖြင့် ခိုင်အောင်ချည် ...
- ကယ်လ်ဆမ်ကွေကာ အတွေး ကျုပ်နံမည် ခင...
- “မျက်ဖြေ” ခြောက်နှစ်တာ ကာလအတွင်း ပြန်...
- မြစ်တစ်စင်း......... ချစ်ခြင်းနှင့်အတူ
- ဂျစ်ပစီ မိုးတိမ်
- “မုန်းမာန်ဖွဲ့သော်လည်း”
- “ မကြုံဖူးဆို မယုံဘူးလား”
- မျိုးရိုးက အထက်တန်းစားလေ
- ဆပ်၍ မဆုံးနိုင်တော့သည့် ကျေးဇူးတရားများ
- မြို့ ရေကြည်သို့
- စာရေးဆရာ ဆိုသည်မှာ.
-
▼
June
(38)
0 comments:
Post a Comment