သူငယ်ချင်း မင်းစဉ်းစားကြည့်
ဘုရားပေးလာ ဒီခန်္ဓာနဲ့ဒီဦးနှောက်အား
လူ့ပြည်လူ့ရွာလူ့နိုင်ငံမှာ နေစဉ်ခဏ
လူ့လောကအတွက် အသုံးမတည့်ရင်
ရှိထားခန်္ဓာ ဤဦးနှောက်အား
ဘာအတွက်သုံးမလဲ သူငယ်ချင်း။
သူငယ်ချင်း မင်းစဉ်းစားကြည့်
ကြီးကျယ်မြင့်မြတ် ဒီစိတ်ဓာတ်ဟု
တကြော်ကြော်ကြွေး စိတ်ဓာတ်သွေးလည်း
နေ့စဉ်ဖြတ်ဆဲ ဘ၀တွေထဲမှာ
ခေါင်းပါးကြင်နာ စေတနာများ လွန်နဲပါးက
အဆူဆူဘုရား ဘယ်ဘုရားမှကောင်းချီးမပေးဘူး
သူငယ်ချင်း။
သူငယ်ချင်း မင်းစဉ်းစားကြည့်
အများကောင်းကျိုး နိုင်ငံ့ကျိုးလို့
ကြားကောင်းအောင်အော် မင်းလှုံ့ဆော်လည်း
မင်းနေထိုင်ရာ မင်းဝန်းကျင်လေး
မစ သေးရင် အစပြုခြေလှမ်း
နောက်တစ်လှမ်းအတွက် ဘယ်လိုလှမ်းမလဲ
သူငယ်ချင်း။
တွေးကြည့်ပေးပါဩ သူငယ်ချင်း မင်းစဉ်းစားကြည့်
ဒို့ယုံကြည်ရာ ဒို့ဘာသာတွေ
ဒို့လျှောက်လှမ်းရာ ဒို့ပန်းတိုင်နဲ့
ဒို့မျှော်မှန်းတဲ့ ဒို့အနာဂတ်အတွက်
ဒို့စွမ်းစကို ဒို့မှမထုတ်ရင်
ဘယ်ကရမလဲ သူငယ်ချင်း။
သူငယ်ချင်း မင်းစဉ်းစားကြည့်
အတူကျော်လွှား အချိန်ရထား
တန်းတူမျှဝေ ဦးနှောက်တွေ
ထုတ်နိုင်စွမ်းအား ရှိရက်သားနဲ့
စွမ်းစရည်ချင်း လွန်သိမ်ဖျင်းရင်
လူဖြစ်ရှုံးပြီ သူငယ်ချင်း။
နေ့လယ်၁နာရီ၊၂၀မိနစ်
၁၅ရက်၊၈လ၊၂၀၀၈။
Subscribe to:
Post Comments (Atom)
Subscribe
Labels
Blog Archive
-
▼
2014
(46)
-
▼
June
(38)
- ကျွန်မနှင့်ကျွန်မ၏ လောင်ဘက်များ (ဇတ်သိမ်း)
- ကျွန်မနှင့် ကျွန်မ၏လောင်ဖက်များ (ပထမပိုင်း) မဟေသီ ...
- စားသုံးသူ၏ အခွင့်အရေး
- မြင်တတ်မျက်စိ
- နှောင်တွယ်ရစ်ငင် ချစ်ချင်သော်လည်း
- ဖြတ်သန်းနေဆဲ ဘ၀တွေထဲ
- ဖြတ်သန်းခဲ့ရ နှစ်ဘ၀။
- “ အပြစ် မတင်ရက်တော့ပါ”
- ဖူးငုံတို့နဲ့ Plan များစွာ
- တော်သူနေ ရှော်သူသေ
- တံတိုင်းလေလား ပေတံလား
- သက်ရှိ မန်ကျည်းပင်တို့ အကြောင်း
- “သိပါရဲ့လား ကျွန်မသည်”
- “အလည်သွားမိတဲ့ တစ်ညတာ”
- အသုံးချပေးပါ။
- “အပန်းတော်ပြေ”
- ' 96 ' မှတ်တမ်း
- “အကာမဲ့ အနှစ်”
- “သဲကိုးဖြာတို့ ကျင်လည်ရာ” မနွယ်ကို မြ...
- “ချေလိုက်လို့ ကြေသွားတာများလား” နုံအ မ...
- ရှည်နိုင်လွန်းချည့် အပူမရှာချင်လို့ အပ...
- “ပါးလွှာသော စည်းလေးများ”၁။ “မာန် မလုပ်ချင...
- သိက္ခာလေးတော့ ကျန်ချင်သား၁။ သတ်္တ၀ါ မျိုးစိတ်...
- “ချန်ထားပေးပါ” ကျွန်မ စာစ ရေးစဉ် အချိ...
- “ ပြည်ကြီးဘာယာ နှင့် ရဲတိုက်အား ခံစားကြည့်ခြင်း” ...
- “နွေရာသီ ဖက်ရှင်” ကျွန်မတို့ငယ်စဉ် နွေရာသ...
- “အမှီ”(၁) စာရေးကြီး ဦးမြင့်ကျော်တဲ့၊ရန်...
- ပျော့သော နှီးဖြင့် ခိုင်အောင်ချည် ...
- ကယ်လ်ဆမ်ကွေကာ အတွေး ကျုပ်နံမည် ခင...
- “မျက်ဖြေ” ခြောက်နှစ်တာ ကာလအတွင်း ပြန်...
- မြစ်တစ်စင်း......... ချစ်ခြင်းနှင့်အတူ
- ဂျစ်ပစီ မိုးတိမ်
- “မုန်းမာန်ဖွဲ့သော်လည်း”
- “ မကြုံဖူးဆို မယုံဘူးလား”
- မျိုးရိုးက အထက်တန်းစားလေ
- ဆပ်၍ မဆုံးနိုင်တော့သည့် ကျေးဇူးတရားများ
- မြို့ ရေကြည်သို့
- စာရေးဆရာ ဆိုသည်မှာ.
-
▼
June
(38)
0 comments:
Post a Comment