468x60

တော်သူနေ ရှော်သူသေ

Friday, June 6, 2014

  • ၁။        ။“ မရင့်ကျက်သောသူသည် အရေးကိစ်္စတစ်ခုအတွက် သူရဲကောင်း ပီသစွာ သေလို၏။ထိုလက်္ခဏာသည် မရင့်ကျက်သောသူ၏ လက်္ခဏာချက်ဖြစ်သည်၊ ရင့်ကျက် သောသူ အဖို့ကား အရေးကိစ်္စတစ်ခုအတွက် ကျိုးနွံစွာ အသက်ရှင် နေထိုင်လို၏၊ဤသည်မှာ ရင့်ကျက်သောသူ၏ လက်္ခဏာချက်ဖြစ်၏။”
      အထက်ဖော်ပြပါ ၀ီလျံ စတစ်ကယ် ၏ အဆိုအမိန့်ကို ကျွန်မဖတ်ဖူးခဲ့ရစဉ်က လူတစ်ယောက် ကိုယ့်ကိုကိုယ် သတ်သေခြင်း ဆိုသည်မှာ မရင့်ကျက်သော စိတ်ဓာတ်ရှိ၍ ဖြစ်မည်ဟု ကောက်ချက်ဆွဲ ခဲ့ဖူးပါသည်။သည်ဘက်ခေတ်တွင်တော့ မရင့်ကျက်သောသူများ တော်တော် များပြား၍ လာပါသည်။နိုင်ငံတကာတွင် နေရာအနှံ၌ မိမိကိုယ်ကို သေကြောင်းကြံ မှုများ ကို ကြားသိနေရပါသည်။ကိုရီးယား  အနုပညာရှင်များ၊အနောက်နိုင်ငံမှ ဂီတအကျော်အမော်များနှင့်  စီးပွားရေး လုပ်ငန်းရှင်များပါ မကျန် မိမိကိုယ်ကို အဆုံးစီရင် သေကြောင်းကြံ နေကြကြောင်း ဖတ်ရှုနေရပါသည်။မကြာသေးမီ ကာလက အိန်္ဒိယနိုင်ငံတွင် စာသင် ကျောင်း တစ်ခုအတွင်းသို့ လူငယ်တစ်ယောက် ၀င်လာကာ သေနတ်ဖြင့် ပစ်ခတ်ပြီး နောက်ဆုံး မိမိကိုယ်ကို လည်း သေနတ်ဖြင့်ပစ်၍ အဆုံးစီရင်သွားကြောင်း သတင်းတစ်ပုဒ် နားထောင်လိုက်ရသည်။မရင့်ကျက်သော သူတစ်ယောက်အတွက် အခြားအပြစ်မဲ့ သူများပါ အသက်ဆုံးရှုံးကြရသည်။
  • ၂။      ။မိမိကိုယ်ကို သေကြောင်းကြံသူသည် တဒင်္ဂအတွင်း ရှုးသွပ်သွား၍ ဖြစ်သည်ဟု စိတ်ပညာရှင်များက မှတ်ချက်ပေးကြသည်။ကျွန်မစိတ်ထင် ကတော့ လောကကြီးတွင် သူခင်တွယ်စရာ ဘာမှ မရှိတော့၍ ဆက်လက် အသက်မရှင်ချင်တော့ လောက်အောင် စိတ်ဓာတ်ပျက်ပြားသွားတာ ဖြစ်မည်။ထူးခြားသည်မှာ ကျွန်မဖတ်ဖူး၊ကြားဖူးခဲ့ သမျှ မိမိကိုယ်ကို သေကြောင်းကြံမှုများထဲ တွင် ကိုယ်အင်္ဂါ မသန်စွမ်းသူများ မရှိသလောက် နီးပါး မပါဝင်ခြင်းပင်။မသန်စွမ်းသူများသည် လူနေမှု အဆင့်အတန်းကို ခဏဘေးဖယ်ထားလျှင်ပင် လူသာမာန်များ ထက် တစ်ဆင့်နိမ့် နေရသော ဘ၀ဖြစ်သည်။လွယ်လင့်တကူ ဘ၀ကို အရှုံးပေးလိုက်ဖို့ အကြောင်းပြချက်လည်း သိပ်မလို။
          နာဂစ်မုန်တိုင်းတိုက်ခတ်နေစဉ် အတွင်း ဘိုကလေးမြို့နယ်ပိုင် ရွာတစ်ရွာမှ လှေတစ် စင်းဖြင့် ထွက်ပြေးလာသူ ခြောက်ဦးအနက်မှ တစ်ဦးသာ အသက်ရှင်လျှက်ဖြင့် ဘိုကလေးမြို့နယ် ယာယီ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာပါသည်။ထိုအသက်ရှင် ရောက်ရှိလာသူမှာ မသန်စွမ်း လူငယ်တစ်ဦးဖြစ်နေပါသည်။လူမစွမ်း နတ်မသည်ဟု ဆိုလျှင် ဆိုနိုင်သော်လည်း ကျွန်မစိတ်ထင်တော့ ကြုံတွေ့နေရသည့် ဒုက်္ခကို အလွယ်တကူ အရှုံးမပေးဘဲ အသက်ရှင်လိုစိတ် ပြင်းထန်နေ၍ ဖြစ်ပါလိမ့်မည်။
  • ၃။       ။လွန်ခဲ့သည့်တစ်ပတ်က မိတ်ဆွေတစ်ယောက်လက်ဆောင် ပေးသည့် အမေရိကန် ဇာတ်ကားတစ်ကားကို ကြည့်ရင်း ကျွန်မ အတွေးစ တစ်ချို့ ပေါ်ထွက်လာပါသည်။ဇာတ်ကား၏ အမည်မှာ၁၂၇ံသကမျ  ဖြစ်ပြီး ဒါရိုက်တာမှာြူီ့ဥွြှုူုဥဗြျှွုန ဇာတ်ကားကို ရိုက်ကူးခဲ့ သီူနညညပ  သြပူန ဖြစ်ပါသည်။အသက်ဘေးမှ လွတ်မြောက်လာသူ တစ်ဦး၏ဖြစ်ရပ်     မှန် ဇာတ်လမ်းကို ရိုက်ကူးထား ခြင်းဖြစ်ပါသည်။ဇာတ်လိုက် မင်းသားသည် တောင်တက်သမား တစ်ဦးဖြစ်ပြီး     ကျောက်တောင် ကျောက်ကမ်းပါးများအား မှတ်တမ်းတင် ဗွီဒီယို ရိုက်ကူးရင်း  ကျဉ်းမြောင်းလွန်းသည့် ကျောက်ဆောင်နှစ်ခုကြား သို့ရောက်ရှိသွားပါသည်။သဘာဝအတိုင်း လှပနေသည့် ကျောက်ဆောင် ကျောက်တုံးများကြား တွယ်ကပ်ဆင်းနေစဉ် ကျောက်တုံးကြီးတစ်တုံးက ကျောက်ဆောင်နှစ်ကြားသို့ အပေါ်မှပြုတ်ကျလာကာ သူ၏ ညာလက်ဖ၀ါးနှင့်လက်ဖျံကို ဖိညှပ်မိသွားပါတော့သည်။နာကျင်မှုနှင့်အတူ အံ့အားသင့်သွားပြီး သူ့လက်ကို ဆွဲထုတ်ဖို့ ကြိုးစားကြည့်ပါသည်။ကျောက်တုံးကြီးကို သူ့တွင်ပါလာသည့် တောင်တက်ကိရိယာများထဲမှ ဓားဖြင့် ဖဲ့ထုတ်လိုက် လက်ကို ကြိုးစားပြီး အမျိုးမျိုးဆွဲထုတ်ကြည့်လိုက် လုပ်သော်လည်း  လွယ်လင့်တကူ မရနိုင်ကြောင်း သိသောအခါ စတင် ဖိညှပ်မိသည့် အချိန်ကို မှတ်တမ်းတင်လိုက်ပါသည်။
            ဇာတ်လမ်း၏ အမည်မှာ ၁၂၇ နာရီဆိုသောကြောင့် ငါးရက်လောက် အချိန်ကြာမည် ဟု  ထိုဇာတ်လမ်းကို ကြည့်နေရင်း ကျွန်မ ကြိုတင်တွက်ဆနေမိပါသည်။လက်ဖျံတစ်ခုလုံး ကို ဖိညှပ်ခံထားရသည့် အရှိန်ကြောင့် နာနေသော်လည်း သူ့အဖြစ်အပျက်ကို ဗွီဒီယိုမှတ်တမ်း တင် ရိုက်ကူးနေပါသည်။အဲသည့်အချိန်ထိ သူသည် လက်ညှပ်နေရုံဖြင့် မသေနိုင်ဟု တွေးမိသောကြောင့် ထင်ပါသည် သေရမည်ကို ကြောက်ရွံ့သည့် ပုံ မပေါ်သေး။နာကျင်လွန်းသည့်ဒဏ်ကို မခံစားနိုင်တော့သည့် အခါ သူ့ဘ၀တွင် ကြုံခဲ့ရသည့် ကြည်နူးစရာ အဖြစ်အပျက်များကို ပြန်မြင်ယောင်ကြည့်နေသည်။ လူ့ဘ၀၏ အခါးသီးဆုံးအချိန်တွင်ပင် ချိုမြိန် သည့် အရာကိုသာ တမ်းတတတ်သည်မှာ လူ့သဘာဝဖြစ်ကြောင်း ဖော်ပြနေသလို ခံစားရပါသည်။
         ညှပ်နေသည့်လက်ကို လွတ်မြောက်အောင် ကြိုးစားလိုက် မောပန်းနာကျင် လာသည့်အခါ ခေတ်္တနားပြီး ဗွီဒီယို ရိုက်လိုက်နှင့် သုံးရက်မြောက်လောက် ဖြစ်လာသောအခါ သေရမည်ကို အနည်းငယ်ကြောက်ရွံ့ လာပါသည်။ပါလာသည့် ရေဘူးနှင့် အစားအစာမှာ အလွန်နည်းပါးသောကြောင့် ရေငတ် သည့်ဒဏ်ကို စတင်ခံနေရပါပြီ။ကျောက်ကမ်းပါး အပေါ်ဘက်မှ လှုပ်ရှားသွားလာသည့် ခြေသံအချို့ကို ကြားမိသောအခါ အသက်ရှင်လိုစိတ် ပြင်းစွာဖြင့် အော်ဟစ်အကူအညီတောင်းနေမိပါသည်။သူရောက်နေသော ချောက်သည် နက်လွန်းသဖြင့် သူ့အသံကို မည်သူမျှ မကြားနိုင်ပါ။သူအော်ဟစ် အကူအညီတောင်းနေစဉ် သူဖွင့်ထားမိသည့် ဗွီဒီယိုကင်မရာသည် သူ့အားရိုက် ကူးထားလိုက်ပါသည်။သေငယ်ဇောကြောင့် ကြောက်ရွံ့တုန်လှုပ်နေသည့် လူတစ်ယောက်၏ ပုံကို သူကိုယ်တိုင် ပြန်မြင်လိုက်ရသောအခါ သူ့တွင် အသက်ရှင်လိုစိတ်  ပိုမိုပြင်းထန်လာပါသည်။
           ငါးရက်မြောက်နေ့တွင်  ညှပ်နေသည့် သူ့လက် မလွတ်နိုင်ပါက သူ့အသက်ပါ သေနိုင်ကြောင်း သေချာသိလိုက်မိသည့်အခါ အားကုန်ရုန်းကန်ရင်း လက်ကျိုးသွားပါတော့သည်။သူ့တွင်ပါလာသည့် ဓားသွားတုံးဖြင့် ကိုယ့်ကိုကိုယ် ညှင်းပန်းနှိပ်စက်သကဲ့သို့ ညှပ်နေသည့်လက်ကို ဖြတ်တောက် ပစ်လိုက်တော့ မှ လွတ်မြောက်သွားပါသည်။လူတို့သည် ခန်္ဓာကိုယ် အစိတ်အပိုင်း ချို့တဲ့သည်ကို ကြီးစွာသော ဒုက်္ခဟုထင်ကြသော်လည်း အသက်စွန့်ရမည့်ဘေးနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါတွင် တော့ ကိုယ်အင်္ဂါချို့တဲ့ခြင်းသည် အသေးအမွှားကိစ်္စသာ       ဖြစ်သွားတော့သည်။ “လောကတွင် အသက်ရှင်လိုစိတ်လောက် ပြင်းထန်သည့် စွမ်းအား မရှိသေး”ဆိုသည့်ထိုဇာတ်ကား၏ အနှစ်ချုပ်စာတန်းလေးကို ကျွန်မ သဘောကျမိပါသည်။
  • ၄။        ။ကျန်းမာခြင်း၏ တန်ဖိုးကို မကျန်းမမာဖြစ်နေသော အချိန်မှ သိပါသည်။သက်သောင့်သက်သာ နေရသည့်ဘ၀ကို ဆင်းရဲဒုက်္ခရောက်ချိန်မှ တန်ဖိုးထား ရကောင်းမှန်းသိပါသည်။အသက်ဘေးနှင့်ကြုံတွေ့ရချိန်မှာမှ လူသားတစ်ယောက်အဖြစ် အသက်ရှင်ရပ်တည်နေရသည့် အဖြစ်ကို အဖိုးတန်မှန်းသိကြပါသည်။တင်းပြည့် ကျပ်ပြည့်တန်ဖိုးရှိသည့် သူဆိုသည်မှာ မိမိနိုင်ငံ၊မိမိလူမျိုးအတွက် တင်သာမက လူသားမျိုးနွယ်စု တစ်ရပ်လုံးကို အကျိုးပြုနိုင်သူဖြစ်ရပါမည်။ထိုသို့ အကျိုးသယ်ပိုးနိုင်သည့် လူတစ်ယောက် ဖြစ်ရန်အတွက် အသက်ရှင်နေသည့် လူသားတစ်ဦးဖြစ်နေဖို့ အရင်လိုအပ်ပါသည်။


                                  
                                                          

                                                        
                                                 

0 comments:

Post a Comment