468x60

မျိုးရိုးက အထက်တန်းစားလေ

Tuesday, June 3, 2014

        ကျွန်မတို့ မြန်မာလူမျိုးများတွင် မျိုးရိုးနှင့် ပတ်သက်ပြီး အဆင့် အတန်းသတ်မှတ်တတ်သည့် အလေ့ရှိသည်။ကြက်မှာ အရိုး၊လူမှာ အမျိုးဟုပင် ဆိုရိုးစကားများ ရှိကြသည်။ချစ်သူ စုံတွဲများ ကိုယ့်ဘ၀ လက်တွဲဖော်အတွက် ရွေးချယ်တော့မည် ဆိုလျှင် နှစ်ဖက်စလုံးမှ မျိုးရိုးက ဘယ်လိုရှိသည်ကို စုံစမ်းတတ်ကြသည်။မင်္ဂလာ အခမ်းအနားများတွင် သီဆိုလေ့၊ဖွင့်လေ့ရှိသည့် သီချင်းစာသားလေး ကြားဖူးနေသည်။လျှောက်ပတ်တင့်တယ် မျိုးနွယ်တူဆွေ ဆိုသည့်စာသားဖြစ်သည်။တစ်ဦးနှင့်တစ်ဦး အတူတကွ ပေါင်းသင်းလက်တွဲကြရန် အတွက် လျှောက်ပတ်တင့်တယ်ဖို့ လိုသလို အမျိုးအနွယ် တူရာသူကို ရွေးချယ်သင့်သည့် ဆိုသည့်သဘော။ထိုသို့ သတ်မှတ်သည့် မျိုးရိုးဆိုသည်ကို ကျွန်မ စိတ်ဝင်စားသည်။မျိုးရိုးမြင့်ခြင်း၊နိမ့်ခြင်းကို စိတ်ဝင်စားခြင်း မဟုတ်။ကိုယ်ကျင်လည် နေသည့် ၀န်းကျင်ကို ကိုယ်သတ်မှတ် လိုက်သည့် မျိုးရိုး ကိုဖြစ်သည်။လူတန်းစား မရွေး။အလွှာမရွေး မျိုးရိုးရှိကြသည်။နိမ့်ခြင်း၊မြင့်ခြင်းသည် မိမိသတ်မှတ်လိုက် သည့် အပေါ်မှာသာ မူတည်နေသည်ဟု ထင်ပါသည်။
        မဟောသဓာ ဇာတ်တော်ထဲတွင် ဖတ်ဖူးခဲ့သည် ကို အမှတ်ရမိသည်။မဟောသဓာ ပညာရှိက မိမိ၏ ပါရမီဖြည့်ဖက်ကို ရှာဖွေသော အခန်းဖြစ်သည်။အမရာ နှင့် လမ်းတွင် တွေ့ဆုံပြီး ပညာရှိ မိန်းမမှန်း ရိပ်မိသည့်အခါ အမရာ လမ်းညွှန်မှုအတိုင်း အမရာတို့ ရွာသို့ရောက်သွားခဲ့သည်။မိမိရွာသို့ လမ်းညွှန် ပြီးသောအခါ အမရာက ဖခင်အတွက် ယာဂုပို့ရန် ခရီးဆက်ခဲ့သည်။မဟောသဓာနှင့် အမရာ့ အမေတို့ အရင် တွေ့ဆုံနှင့်ကြသည်။အပ်ချုပ်သမားယောင်ဆောင်ထားသည့် မဟောသဓာကို အစုတ်အပြဲများ ချုပ်ရန် အမရာ့ အမေက အိမ်ရှိ အ၀တ်အထည်များကို ထုတ်ပေးသည်။ထို့နောက် ရွာထဲမှ အ၀တ်အထည် ချုပ်မည့်သူများနှင့် ဆက်သွယ်ပေးသည်။အမရာ့ အမေ၏ အနေအထိုင် အပြောအဆိုများကို လေ့လာပြီး မကြိုက်နှစ်သက်သည့် မဟောသဓာက ဒီအမေမှ မွေးသော သမီးသည် ဒီအတိုင်းဖြစ်မည်ဟု ဆုံးဖြတ်ကာ အမရာ ပြန်မရောက်မီ ရွာမှ ထွက်ခွာခဲ့သည်။ပညာရှိသည့် အမရာ ကလည်း ရွာသို့ ပြန်ရောက်၍ မဟောသဓာ ပြန်သွားသည်ကို သိရသောအခါ သူ့အမေကို မြင်တွေ့သွား၍  ပြန်သွားမှန်း သိသည်။ထို့ကြောင့် ရွာလမ်းခရီးကို ပိုကျွမ်းကျင်သည့် အမရာက ဖြတ်လမ်းတစ်နေရာမှ လိုက်သွားကာ မဟောသဓာ  ဖြတ်သန်းသွားရမည့် တောင်ဂမူ တစ်ခုပေါ်ရှိ နွားချေးပုံအလယ်တွင် ကြာပန်းစိုက်ကာ အိမ်သို့ ပြန်လာခဲ့လိုက်သည်။ထိုအချင်းအရာကို မြင်တွေ့လိုက်ရသည့် မဟောသဓာသည် အမရာ့ လက်ချက်မှန်းသိကာ အမရာ့ ရွာသို့ ပြန်လာခဲ့ပြီး အမရာကို ဇနီးမယား အဖြစ်တင်မြှောက်ကာ နန်းတော်သို့ ခေါ်ဆောင်လာခဲ့သည်။ပညာရှိသူ အချင်း ချင်း နားလည် သဘောပေါက်ကြခြင်းဖြစ်သည်။
       တရားစီရင်ခန်း များနှင့်ပုံစံမတူ ကွဲထွက်သွားသည့် ထိုအခန်းလေးကို ကျွန်မ စိတ်ထဲ စွဲနေကာ သဘောကျမိခဲ့သည်။နွားချေးပုံ အလယ် ကြာပန်းစိုက်ပြခဲ့သည့် အမရာ့ လုပ်ရပ်ကို ပိုသဘောကျခဲ့သည်။ထိုနေရာတွင် ကျွန်မ တွေ့မိသည်မှာ အထက်ကဖော်ပြခဲ့သည့် မျိုးရိုးကိစ်္စ ဖြစ်သည်။သဘာဝတရား အရတော့ ကြာပန်းသည် သန့်စင်သော၊အေးမြသော ရေတွင်မှာသာ ပေါက်ရောက်သည်။သို့သော်လည်း ကိုယ်အဆင့်အတန်း ကိုယ့်မျိုးရိုးကို အမရာက ကိုယ်တိုင် သတ်မှတ်လိုက်ခြင်းဖြစ်သည်။ဒီအမေက မွေးတိုင်း ဒီသမီးက အကျင့်စရိုက် အားလုံး မတူနိုင်။မျိုးရိုးနှင့် အဆင့်အတန်းကို တွဲသုံးလေ့ရှိကြသည်။အဆင့်အတန်း ရှိခြင်း၊မရှိခြင်းကို ကျွန်မကတော့ အလုပ်တာဝန်ကျေပွန် ခြင်းနှင့် သတ်မှတ်သည်။အလုပ်တာဝန်ဆိုသည်မှာ မိမိလုပ်ဆောင်တတ်သည့်၊လုပ်ဆောင်နေသည့် အသက်မွေးမှု ကိုဆိုလိုပါသည်။ထိုမှတစ်ဆင့် အဆင့်အတန်းက အသီးသီးကွဲပြားသွားကြသည်။အလုပ်ရှင်၊အလုပ်သမား။အထက်လူကြီးများနှင့် အောက်လက်ငယ်သားများ၊၀ယ်သူနှင့်ရောင်းသူ ဟူ၍ ဖြစ်သည်။အလုပ်ရှင် ဖြစ်တိုင်း၊အထက်လူကြီး ဖြစ်တိုင်း ၊၀ယ်သူ ဖြစ်တိုင်း တစ်ဆင့်မြင့်သည်ဟု ပုံသေ သတ်မှတ်၍ မရပါ။လုပ်စားသူက သခင်၊၀ယ်စားသူက ကျွန် ဆိုသည့် ဓနုဆိုရိုး စကားဟု ထင်ပါသည် အလယ်တန်းကျောင်းသူ ဘ၀က သင်ခဲ့ဖူးသည်။အလုပ်လုပ်သူက သခင် ဖြစ်သည်ဟု ဆိုလိုချင်ပုံရသည်။
       တာဝန်ကျေပွန်သည့် အလုပ်သမားကို အလုပ်ရှင်က တော်ရုံ မနှိမ်ချရဲ။စက်မှုလုပ်ငန်းရှင်ကြီး ဝေါလ်တာ ခရိုင်စလာက ပြောဖူးပါသည်၊“အလုပ်သိမ်းခရာ မှုတ်သံ မကြားတဲ့သူ၊ဒါမှ မဟုတ် အလုပ်ဆင်းချိန် နာရီတကြည့်ကြည့် မလုပ်တတ်တဲ့သူ ဆယ်ယောက်ရှိရင် တော်ပါပြီ”တဲ့။တာဝန်ကျေပွန်သည့် အလုပ်သမား ဆယ်ယောက်ရှိလျှင်ပင် သူ့စက်ရုံကြီး တစ်ခုလုံးကို လည်ပတ်နိုင်ပါသည် ဟု ဆိုသည်။ကျွန်မတို့ မြန်မာရှင်ဘုရင်များလက်ထက်တွင်လည်း ရှိခဲ့ဖူးသည်။စစ်သည်တစ်သိန်းအား တောင်းသည်ကို အရည်အချင်းပြည့်ဝ၊သတ်္တိပြည့်ဝသည့် သူရဲကောင်းတစ်ယောက်ကိုသာ စေလွှတ်ပေးပြီး စစ်သည်တစ်သိန်းအားနှင့် ညီမျှသည်ဟု ဆိုခဲ့ဖူးသည်။အလုပ်သမားဖြစ်ခြင်း၊လက်အောက်ငယ်သား ဖြစ်ခြင်းနှင့် မဆိုင်။အရည်အချင်းရှိခြင်း၊တာဝန်ကျေပွန်ခြင်းတို့ဖြင့်သာ အဆင့်အတန်းကို သတ်မှတ်လိုက်ခြင်းဖြစ်သည်။     လူတန်းစားအလွှာ ကွာဟမှုကို ညှိယူစရာ မလိုသလို၊နှိမ့်ချ ဆက်ဆံစရာလည်း မလိုဟု ကျွန်မ ထင်ပါသည်။သူ့အရည်အချင်း၊သူ့တာဝန်နှင့် ဖြစ်ပါသည်။ထိုသို့ကျွန်မ လက်ခံထားပါသည်။
       လွန်ခဲ့သည့်လက ကျွန်မ အားကစားသင်တန်းအတွက် လိုအပ်သည့် စက်ပစ်္စည်း အချို့ကို မန်္တလေးမှ မှာယူဖြစ်သည်။ကျွန်မ လိုပင် မန်္တလေးတွင် အားကစားသင်တန်း ဖွင့်ထားသူ မိတ်ဆွေတစ်ယောက် အကူအညီနှင့်ဖြစ်သည်။အလောတကြီးနိုင်တတ်သည့် ကျွန်မက သင်္ကြန်မတိုင်ခင် ပစ်္စည်းများကို အရောက်လိုချင်သည်။ကျွန်မ မိတ်ဆွေကလည်း မိသားစုနှင့်အတူ ပြည်ပအပန်းဖြေ ခရီးစဉ်သွားစရာရှိနေသည်။ထိုအခါ သူအပ်နေကျ အလုပ်ရုံတစ်ခုတွင် သူစိတ်ချရသည့် အလုပ်သမားနှင့် လွဲပြောင်းအပ်ပေးခဲ့သည်။လိုအပ်သည့် ပစ်္စည်းများကို ကိုယ်တိုင် ၀ယ်ထားပေးခဲ့သည်။အလုပ်သမား အခက်အခဲ ကြောင့် ကျွန်မလိုချင်သည့် အချိန်တွင် မရနိုင်ခဲ့။ကိစ်္စမရှိ၊သင်္ကြန်တွင်းလည်း သင်တန်းက ပိတ်ထားသည်။သင်္ကြန်ပြီးတော့ ပစ်္စည်းများရသည်။မိတ်ဆွေက ပြီးသွားသည့်ပစ်္စည်းများကို အလုပ်မအားသဖြင့် မကြည့်လိုက်မိ။ရန်ကုန်သို့တင်ပို့ခိုင်းလိုက်တော့သည်။ကျွန်မ ကလည်းပစ်္စည်းပုံစံကို မြင်ဖူးပြီးသားဖြစ်သည်။အဝေးပြေးဂိတ်တွင် ပစ်္စည်းသွားရွေးပြီး သင်တန်းရောက်တော့ စက်္ကူပတ်များကို ခွာလိုက်ကြသည်။လက်ရာကြမ်းကြမ်း ဖြစ်နေမှန်းသိလိုက်သည်။ဆက်သွယ်မေးမြန်းစရာ မိတ်ဆွေက ခရီးမှ ပြန်မရောက်သေး သဖြင့် လက်ရာကြမ်းကိုပင် စတင် အသုံးပြုလိုက်သည်။
       တစ်ပတ်ခန့်အကြာ မိတ်ဆွေက ပြန်ရောက်ကြောင်း ဖုန်းဆက်လာသည်။ပစ်္စည်းအကြောင်း ပြောဖြစ်တော့ အမြန်လုပ်ရသဖြင့် လက်ရာကြမ်းသွားတာ ဖြစ်နိုင်ကြောင်း ၊အသုံးပြုသည့် ပစ်္စည်းအရည်အသွေးကတော့ မညံ့နိုင်ကြောင်း အာမခံသည်။နောက်တစ်နေ့ ပစ်္စည်းဖိုးငွေများကို ဘဏ်မှ လွဲပေးပြီး ပြန်အလာ သင်တန်းရောက်တော့ စက်ပစ်္စည်းက အရင်းမှ ပြတ်၍ ပြုတ်ကျသွားပြီ။ကစားနေသည့် သင်တန်းသူ ကံကောင်းထောက်မ၍ ထိခိုက်ဒဏ်ရာ မရခြင်းဖြစ်သည်။ရှစ်ရက်ကြာ အသုံးပြုလိုက်ရသည်။နောက်တစ်လုံးကလည်း ပြုတ်ထွက်ရန် တည်းတည်းသာ လိုတော့သည်။ဆက်၍ အသုံးမပြုရဲတော့။ငွေလွှဲပြီးကြောင်းနှင့်ပစ်္စည်းပျက်သွားကြောင်း မိတ်ဆွေကို ဖုန်းဆက်ရတော့သည်။ထိုအခါမှ အသုံးပြုထားသည့် ပစ်္စည်းများအကြောင်း မေးတော့သည်။စက်ပစ်္စည်းများကို ဓာတ်ပုံရိုက်ခိုင်းပြီး ဗိုက်ဗာမှ ပို့ခိုင်းသည်။ဓာတ်ပုံကိုတွေ့ရတော့မှ ကျွန်မ မိတ်ဆွေက စိတ်ဆိုးတော့သည်။သူဝယ်ပေးခဲ့သည့် ပစ်္စည်းများ တစ်ခုမှ သုံးမထား။သူ့အလုပ်သမားနှင့် အလုပ်ရုံမှ အလုပ်သမားတို့ ပူးပေါင်းကြံစည်လိုက်ကြခြင်းဖြစ်သည်။
       ကြားထဲမှ မိတ်ဆွေကတောင်းပန်သည်၊ပစ်္စည်းများကို ပြန်ပို့ပေးဖို့ပြောသည်။သူစိတ်တိုင်းကျ ပြန်ပြင်ခိုင်းလိုက်မည်ဟု ဆိုသည်။ကျွန်မ ပြန်မပို့ဖြစ်တော့။အသစ်နှစ်လုံးပို့ပေး၍ အဟောင်းနှစ်လုံးပြန်ပို့ရသည် ဆိုလျှင် တော်သေးသည်။အခုက ပြန်ပြင်လျှင်ကြာမည့်အချိန်များ၊သယ်ယူပို့ဆောင်စရိတ်များ ကြောင့် ကျွန်မ မလုပ်လိုတော့။မြို့တွင်းချင်း ၀ယ်ယူသည် မဟုတ်ဘဲ၊မန်္တလေးမှ ရန်ကုန်သို့ပို့ပေးရသည်။အလုပ်ရှင်ကလည်း ပစ်္စည်းကို မမြင်လိုက်နိုင်၊၀ယ်သူကလည်း ကြိုမမြင်ရ ရောက်လာလျှင် လက်ခံလိုက်ရုံသာ။ထိုအခွင့်အရေးများကို အသုံးချလိုက်ကြသည်။ကျွန်မကို အားနာနာနှင့် မိတ်ဆွေက စကားတစ်ခွန်းဆိုသည်။အလုပ်သမားတွေ စိတ်ဓာတ်က အဲဒီလိုပဲ ဘယ်တော့မှ မယုံကြည်ရဘူး ဟူ၍ဖြစ်သည်။ထိုစကားကြောင့် ကျန်သည့် အလုပ်သမားများကို ကျွန်မ အားနာမိပါသည်။
ျွှနမေ ညေိ အနမေ ဆိုသည့် စကားသည် အားကစားသင်တန်းအတွက် ပေါ်ပေါက်လာသည်ဟုပင် ထင်မိသည်။အသုံးပြုတာများလာသည့် အားကစားပစ်္စည်းများက ပျက်စီးစ ပြုလာသည်။အားကစား စက်ပစ်္စည်းများကို ပြုပြင်တတ်သူက မြန်မာပြည်တွင်ရှားသည်။အထူးသဖြင့် ပြည်ပမှ တင်သွင်းလာသည့် စက်များကို သေချာကြည့် မပေးတတ်ကြ။မကြာခဏ ဖြစ်ဖန်များ လာတော့ ကိုယ်တိုင်ပင် စက်ပြင်သင်တန်း ရမည်လားဟု ကျွန်မ စဉ်းစားမိလာသည်။ထိုအချိန်တွင် သတင်းစာမှ ကြော်ငြာတစ်ခုတွေ့သည်။အားကစားပစ်္စည်းများကို သင်တန်းအရောက်၊အိမ်အရောက် လိုက်လံပြုပြင်ပေးသည်တဲ့။ကျွန်မ စိတ်ဝင်စားသွားသည် ဖုန်းဆက်ပြီး စုံစမ်းရသည်။အရင်တစ်ခါ အဲဒီလို ကြုံဖူးသည်။စက်ပြင်ဆရာများက ခြေကြွခ ယူသည်တဲ့။သင်တန်းသို့ စက်ပစ်္စည်းများကို လာကြည့်မည်။လာကြည့်သည် ဆိုသည်မှာ ပြင်တတ်၊မပြင်တတ် လာကြည့်ခြင်းဖြစ်သည်။မပြင်တတ်လျှင်လည်း ခြေကြွခ ပေးရမည်။ပြင်တတ်လျှင် လိုအပ်သည့် ပစ်္စည်းများကို တစ်ခေါက်ပြန်ယူမည်။ပြီးမှ ပြန်လာပြင်ပေးမည်၊ထိုအတွက် ခြေကြွခက နောက်တစ်ခေါက်။စကားပြောရသည်ကို အဆင်မပြေ သဖြင့် မခေါ်ဖြစ်လိုက်။အနည်းငယ် ပြင်တတ်ကြသည့် မိတ်ဆွေအချို့ အကူအညီဖြင့် လက်ပူတိုက်ထားလိုက်သည်။
       စက်တစ်လုံးအတွက် လက်ခ တစ်သောင်းမှသောင်းနှစ်ထောင်။ပစ်္စည်းထည့်ရလျှင် ပစ်္စည်းဖိုး သတ်သတ် ပေးရမည်။ပြင်လိုသည့် စက်များကို ဓာတ်ပုံရိုက်ပို့ပေးရသည်။စကားပြောကြည့်ရသည်မှာ မဆိုးဟု ဆိုရမည်။သင်တန်းပိတ်ရက်ကို ချိန်းဆိုလိုက်ကြသည်။ကျွန်မက စက်ပြင်သည့် အဖွဲ့ အဖွဲ့လိုက်လာမည် ဟုထင်ထားသည်။
   တစ်ကယ်ရောက်လာတော့ အိတ်အသေးလေး တစ်လုံးလွယ်ကာ တစ်ယောက်တည်းသာ ရောက်လာသည်။ကြည့်ရမည့် စက်က သုံးလုံး။ဒါလည်း ကိစ်္စမရှိသေး ပညာရှင်ဖြစ်လျှင် တစ်သောင်းအားနှင့် ညီမျှသည်ပေါ့။အထုပ်လေးချကာ စက်များကို ကိုင်ကြည့်သည်။ပြီးလျှင် အ၀တ်စုတ်စ တစ်ခုတောင်းသည်။ကျွန်မလည်း ထိုင်ကြည့်နေမိသည်။သူပြင်တာ ကြည့်ထားမှ ကိုယ်လည်း နည်းနည်းပါးပါး သိနိုင်မည်။ပုံစံတူ စက်နှစ်လုံးကို အ၀တ်စဖြင့် သန့်ရှင်းရေး စ လုပ်သည်။မူလီများကို လိုက်ကြပ်သည်။ထိုအလုပ်များသည် နှစ်ရက်ခြားတစ်ခါ ကျွန်မ လုပ်နေကျအလုပ်များဖြစ်သည်။ခဏကြာတော့  စက်ပစ်္စည်းများကို လာစမ်းကြည့်ပါဟု ဆိုသည်။ဘာမှ မထူးခြားကြောင်း ကျွန်မ ပြောတော့ တစ်ခုလုံးဖြုတ်ပြီး ထွင်ခုံကို ပို့မှ သိသာမည်ဟု ဆိုသည်။ထိုအလုပ်ကတော့ သူနှင့်မဆိုင်။နောက်စက်တစ်လုံးအတွက် အသုံးပြုရမည့် စက်ဆီများကို အမျိုးအစားပြောသည်။စက်ဆီတစ်မျိုးကုန်နေသဖြင့် သွားဝယ်ခိုင်းထားသည်ကို ပြန်လာအောင် မစောင့်နိုင် သူ ပြန်တော့မည်ဟု ဆိုသည်။လက်ခကို လေးသောင်းခွဲသာ ပေးပါဟု ဆိုသည်။ကြည့်ခ တစ်လုံး သောင်းနှစ်ထောင်သာ ပြောထားပြီးသဖြင့် ဘာကြောင့်လဲဟု မေးကြည့်သည်။သူပြောသည့် မြို့နယ်xဧရိယာသည် အင်းစိန် မပါဝင်ဟု ဆိုသည်။မြို့ထဲနှင့် ဝေးလျှင် တစ်လုံး တစ်သောင်းခွဲ၊ရှိစေ။နှစ်လုံးမှ သုံးသောင်းသာ ကျမည်။
       အခုတောင်းသည်က လေးသောင်းခွဲ၊ကျွန်မ မပေးနိုင်ဟု ဆိုလိုက်သည်။ရိုးသားသည့် သူ ဖြစ်နေ၍သာ ကျွန်မ စက်ပစ်္စည်းများကို ဖြုတ်ယူ မသွားခြင်းဖြစ်သည်၊နှပ်ချ မသွားခြင်း ဖြစ်သည်တဲ့။ထို့အတွက် တောင်းသည့် လေးသောင်းခွဲက ပေးသင့်ကြောင်းပင် အရေးဆိုသည်။မွေးကတည်းက အလေးတုံးများ၊အားကစားပစ်္စည်းများနှင့် ဖက်၍ကြီးလာသည်ဟုပင် ပြောနိုင်သည့် ကျွန်မက နှပ်ချတိုင်း ခံရအောင် ငတုံးမဟုတ်ကြောင်းပြောမိတော့သည်။ရန်ဖြစ်သလောက်နီးပါး ပြောလိုက်ရပြီး နောက်ဆုံး သုံးသောင်းခွဲ ပေးလိုက်ရသည်။ကျွန်မ အချိန်နှင့် ငွေများသာ ကုန်သွားသည် စက်ပစ်္စည်းများက ပျက်မြဲအတိုင်း။နှစ်ပတ်ခန့်အကြာ ကျွန်မ အမျိုးသားက နောက်ထပ် စက်ပြင်စရာ တစ်ယောက် ကိုခေါ်လာသည်။လိုအပ်လျှင် ပစ်္စည်းများလဲရန် တစ်ပါတည်း ပါလာတာတွေ့ရသည်။အမှန်အတိုင်းပြောရလျှင် ကျွန်မ စိတ်မ၀င်စား၊မယုံကြည်တော့။သူလုပ်နေသည်ကို ခဏတော့ ရပ်ကြည့်နေလိုက်သည်၊နောက်တော့ ဆက်မကြည့်ဖြစ်တော့ အိမ်ပေါ်သို့တက်ခဲ့လိုက်သည်။တစ်နာရီလောက်ကြာတော့ စက်တွေကို လာစမ်းကြည့်ဖို့ အမျိုးသားက လှမ်းခေါ်သည်။သင်တန်းခန်းထဲ ကျွန်မ ပြန်ရောက်သွားချိန်တွင် စကူဒရိုက်ဘာအချို့ ပြန့်ကျဲလျှက်။
       စက်ပေါ်တက်ပြီး အသုံးပြုလိုက်ချိန်တွင် ကျွန်မ အံ့သြသွားရသည် အသစ်နီးပါးအတိုင်း စက်က အလုပ်လုပ်နေသည်။ပြီးတော့ နောက်တစ်လုံး ကလည်း ထိုနည်းအတိုင်း၊ဘာပစ်္စည်းမှလည်း အစားထိုး မလဲလိုက်ရ။ဘယ်စက်တွေကို လုပ်ပေးဖို့လိုသေးလဲဟု ဆိုကာ ကျန်စက်များ၏ မူလီ အချို့ကို လိုက်ကြပ်ပေးနေသေးသည်။ပြီးတော့ သူ့ပစ်္စည်းများကို သိမ်းကာ ပြန်ဖို့ပြင်သည်။လက်ခ ဘယ်လောက်ကျသလဲဟု မေးလိုက်ချိန်တွင် မယုံကြည်နိုင်စရာ ငါးထောင်တော့ ပေးပါတဲ့။ကျွန်မက ငါးထောင်တော့ ဘယ်ဖြစ်မလဲဟု ဆိုသောအခါ စကားမဆက်တော့။နည်းလွန်းလို့ ပြောလိုက်မိသည့် ကျွန်မ စကားက သူ့အတွက် တောင်းလိုက်မိတာ များပြီဟုပင် ထင်နေသည်။တန်ရာ တန်ကြေးဆိုတာ ရှိပါသည်။သူတောင်းသည့် ပမာဏထက် ပိုပြီး ကျွန်မ ပေးလိုက်ပါသည်။ကျေးဇူးတင်စကား ပြောသော်လည်း သူတောင်းသည့်နှုန်းက ပုံမှန်ဈေးနှုန်း ဖြစ်ပါသည်ဟု ပြောသွားသေးသည်။အလုပ်သမား မာနဖြစ်မည်ထင်သည်။ကျွန်မ ယောင်၍ပင် ဦးညွှတ်လိုက်မိသည်။မျိုးရိုးမြင့် ပုဂ်္ဂိုလ်ဖြစ်ပါသည်။
        ဇာတိသွေး ဇာတိမာန် တက်ကြွစေသည့် သီချင်းများထဲမှ ကျွန်မ ကြိုက်နှစ်သက်သည့် သီချင်းစာသားရှိသည်။မျိုးရိုးက အထက်တန်းစားလေ -----------ဆိုသည့် စာသားဖြစ်သည်။ကိုယ့်လူမျိုး ကိုယ် မြှင့်လိုက်သည့် သဘော။သို့သော်လည်း ကြားကောင်းသည့် သီချင်းစာသားများကို ရေးစပ်ပြီး ၊နားထောင်ကောင်းသည့် အသံသြဇာပြည့် ပြည့်ဖြင့် သီဆိုတိုင်း ကျွန်မတို့ မျိုးရိုးမြင့်တက်မလာ နိုင်ပါ။အထက်တန်းစား ဖြစ်မလာနိုင်ပါ။အလုပ်နှင့်သက်သေပြရန်တော့လိုပါလိမ့်မည်။ အလွှာအသီးသီးမှ နိုင်ငံသားတိုင်း တာဝန်ရှိသည်ဟု ကျွန်မ ခံစားမိပါသည်။

                                        
                                          ခင်သန္တာ

0 comments:

Post a Comment