468x60

ဖြတ်သန်းနေဆဲ ဘ၀တွေထဲ

Saturday, June 7, 2014

  
      ကျွန်မရဲ့ဖြတ်သန်းခဲ့ရ နှစ်ဘ၀ဆောင်းပါးကို ဖတ်ပြီးတဲ့မိတ်ဆွေတစ်ချို့က ဆယ်ကျော်သက်တွေနဲ့မိဘများရဲ့ ပဋိပက်္ခ ကိုရေးဖို့တိုက်တွန်းကြပါတယ်။ ကျွန်မကိုယ်တိုင်လည်း ဆယ်ကျော်သက်ဘ၀ကိုဖြတ်သန်းပြီးခဲ့သလို မိဘနေရာကိုလည်း ဖြတ်သန်း နေရတဲ့မိခင်တစ်ယောက် ဖြစ်ပါတယ်။ ကျွန်မကြားသမျှ၊ သိသမျှ၊ ကြုံခဲ့ရသမျှလေးတွေ ပြောပြချင်စိတ်ပေါ်လာလို့ ဒီဆောင်းပါးလေး ရေးဖြစ်သွားတာပါ။
       ကျွန်မပထမဆုံးဆွေးနွေးလိုတာက လူငယ်တွေနဲ့ဂီတအကြောင်းပါ။ ကျွန်မရဲ့အားကစားသင်တန်း
မှာ သင်တန်းသူတွေ အရွယ်စုံ ရှိပါတယ်။  Puberty  (အပျိုဖော်ဝင်စ)မှသည်Menopause (သွေးဆုံးချိန်) အရွယ်တွေထိရှိကြပါတယ်။အထူးသဖြင့် Teenger   အရွယ်တွေပိုများပါတယ်။ သူတို့လေးတွေက ဒီနေ့ထွက်သမျှ CD, VCD  ခွေတွေယူလာပြီး သင်တန်းမှာ ဖွင့်ခိုင်းပါတယ်။ သူတို့အိမ်မှာရှိတဲ့ မိဘ၊ဖိုးဖွားတွေက ဒီနေ့ခေတ်ရဲ့ ဂီတကိုမခံစားနိုင်၊ မကြားနိုင်တဲ့အတွက် ဖွင့်ခွင့်မပေးလို့ပါ။သူတို့နားထောင်ချင်တဲ့ သီချင်းတွေဖွင့်တိုင်း အိမ်ရှိလူကြီးများနဲ့ ပြဿနာတက်ကြလို့ပါတဲ့။ သူတို့ယူလာသမျှအခွေတွေ ကျွန်မ အလှည့် ကျအတတ်နိုင်ဆုံးဖွင့်ပေးပါတယ်။ သူတို့ကစားနေတဲ့အချိန်မှာ နားထောင်ဖို့ပေါ့။သူတို့ကတဆင့်တက်ပြီးကျွန်မကိုမေးလာကြပါတယ်၊အစ်မရော ဒဒီနေ့ ခေတ်ဂီတကိုခံစားလို့ရသလား၊ဘယ်လိုမြင်ပါသလဲဒ တဲ့။တစ်ချို့ထဲက သူတို့အမေတွေဆိုရင် ကျွန်မထက် ၂နှစ်၃နှစ်လောက်ပဲပိုကြီးကြပါတယ်။ ဒါ့ကြောင့်သူတို့ ကျွန်မရဲ့ အမြင်ကိုမေးကြတာပါ။
      သူတို့နားထောင်ဖို့အတွက် ဖွင့်ပေးထားတယ်ဆိုပေမယ့် ကျွန်မလဲဒီသီချင်း စာသားတွေကို လိုက်နားထောင် လိုက်ခံစားကြည့် မိပါတယ်။ ကျွန်မအမြင်ပြောရရင် ဂီတဟာ ဂီတပါပဲ၊ဘယ်ခေတ်ရဲ့ အကြောင်းကိုပဲရေးဖွဲ့ ရေးဖွဲ့ ဂီတဆိုတဲ့အဓိပ်္ပါယ် ပျောက်မသွားပါဘူး။သင်တန်းသူတစ်ယောက်က သူ့အိမ်မှာရှိတဲ့လူကြီးတွေရဲ့အမြင်ကိုပြောပြပါတယ်။ဒတို့ခေတ်ကသီချင်းတွေကမှ အနှစ်ရှိတာ၊ စာသားတွေကမှ အဓိပ်္ပါယ်ရှိတာဒတ၊ဲ့ ကျွန်မလက်ခံပါတယ်။ဒဒီခေတ်သီချင်းတွေကအဓိပ်္ပါယ်ဘယ်ရောက်မှန်းမသိ လျှောက်ရေးထားကြတာဒ တဲ့၊ဒါတော့ကျွန်မလက်မခံပါဘူး။ဒီခေတ်သီချင်းအားလုံး မဟုတ်ပါဘူး၊ တစ်ချို့သီချင်းတွေဟုတ်ပါလိမ့်မယ်၊ကျွန်မ မငြင်းလိုပါဘူး။ကျွန်မတို့ငယ်ငယ်တုန်းက ကိုအံ့ကြီး ဆိုတဲ့ဒသန်မာထွားကြိုင်းပြီးဒ အစချီတဲ့ယဉ်တစ်ကိုယ်မယ်သီချင်းဟာ မိန်းကလေးတစ်ယောက်ရဲ့ကျန်းမာကြံ့ ခိုင်တဲ့အလှကို ဖော်ညွှန်းပြနေသလို ဒီနေ့ခေတ် စိုင်းစိုင်းရဲ့ ဒ၃၄ ၂၄ ၃၆ အလှအပအရပ်အမြင့်က ၅ပေ၆ဒ ဆိုတဲ့စာသား ဟာလည်း ကျန်းမာကြံ့ခိုင်တဲ့ မိန်းကလေးတစ်ယောက်မှာရှိရမဲ့ အချိုးအစားတွေပါပဲ။
      ကျွန်မတို့ အမေခေတ်ထဲက ခေတ်စားခဲ့တဲ့ နေပူထဲလည်း လျှောက်ရဲပါတယ် ဆိုတဲ့သီချင်းက ကျွန်မတို့ခေတ်ထိဆက်လျှောက်  ရဲတုန်းပါပဲ။ဒါပေမယ့် ဒီနေ့ခေတ် မိန်းကလေးတွေ ခံယူချက်ပြောင်းကုန်ပြီ၊ဒလျှောက်သွားမယ်လာမပြောနဲ့၊ ဘတ်စ်ကားတွေကျပ်လွန်းတယ်၊နေပူထဲသွားတော့ အသားလေးမည်းပါမယ် ဆိုတဲ့သီချင်းစားသားကို သဘောကျလက်ခံနေကြပြီ။ရုပ်ဝတ်္တုသိပ်ဆန်လွန်း တာကိုအားမပေးပေမဲ့ သမီးရှင်တစ်ယောက်ဖြစ်တဲ့ ကျွန်မကတော့ ဒီစာသားလေးကိုလက်ခံနေမိတယ်။           ဒ
ဆံခြည်စေ့မျှမေ့မရလေဘူးဆိုတဲ့ မောင့်အချစ်မြားလဲ ကျွန်မတို့ အရွယ်ရောက်စမှာစူးခဲ့ကြတာ
ပါပဲ။မိန်းကလေးတစ် ယောက်ရဲ့ ကိုယ့်ချစ်သူအပေါ်ထားတဲ့အချစ်၊ ကိုယ့်ချစ်သူအပေါ်ကိုပိုင် ဆိုင်လိုမှုတစ်စိတ်တစ်ဒေသလှစ်ဟပြတဲ့ ဒီသီချင်းကိုခံစားပြီး ကြိုက်ခဲ့ကြတာပါပဲ။သူတို့ခေတ်မှာလည်း ရှင်ဖုန်းဆိုတဲ့ဒဒီနေရာကိုယ်သာပိုင်၊ဘယ်ခါအရှုံးနဲ့ မကြုံချင်ပါ---- ရင်မှာမေးချင်နေသော စကား၊အရင်လိုကိုယ့်ကိုချစ်သေးလားဒ ဆိုတဲ့စာသားလေးကိုပေးပြီးခံစားလိုက်ကြပါ။ကျွန်မဆိုလိုချင်တာက သီချင်းစာသားတွေ၊ ဂီတတွေက အဓိကမဟုတ်ပါဘူး။ဆယ်ကျော်သက်တွေ ခံစားကြည့်ချင်နေတဲ့ စိတ်ကလေးကို ခွင့်ပြုပေးဖို့ပါ။လူကြီးတွေရဲ့အကြိုက်နဲ့ မကိုက်ညီတာနဲ့ဒီသီချင်းတွေ နားမထောင်ရဘူး၊ဖွင့်ခွင့်မပေးဘူးလို့တော့ အနိုင်မကျင့်စေချင်ပါဘူး။
      သင်တန်းသူတွေယူလာသမျှ အခွေတွေဖွင့်ပေးရင်း ကျွန်မနဲ့ကျွန်မခင်ပွန်း အငြင်းအခုန် လုပ်ရပါတော့တယ်။သူ့နားထဲမှာ လည်း ဒီနေ့ခေတ်ရဲ့ သံစဉ်နဲ့စာသားကို အံမ၀င်ဘူးဖြစ်နေပါတယ်။ကျွန်မသမီးလေးကြီးလာရင်လည်း သူနဲ့သူ့အဖေ အငြင်းအခုန် လုပ်ကြရမဲ့အရေး ကျွန်မကြိုမြင်နေပါတယ်။လူကြီးနဲ့ လူငယ်ဆိုတာ ဒီလိုအသေးအဖွဲ့ကိစ်္စလေးတွေ အဆင်မပြေရင်းက ကြီးကြီမားမား ပြဿနာတွေဖြစ်သွားကြတာပါ၊ သဘောထားတွေကွဲလွဲကုန်ကြတာပါ။
      စာရေးဆရာ၊တေးရေးဆရာတွေ ဆိုတာခေတ်တစ်ခေတ်ရဲ့ ပုံရိပ်ကိုပုံဖော်ပေးနေကြသူတွေပါ။ကျွန်မတို့ငယ်စဉ်ကျေးလက်က လူငယ်တွေဒစာဥဒလွမ်းချင်းတေးကို မက်မက်မောမောအော်ခဲ့ ကြသ လို၊ဒီခေတ်ကျေးလက် လူငယ်တွေလည်း ကျားပေါက်ရဲ့ ဒမယ်တင်ဒ တမ်းချင်းတေးကိုအော်နေကြတာပါ။တို့ငယ်ငယ်ထဲက လွမ်းခဲ့တဲ့ စာဥ မင်းတို့ခေတ်မှာလည်းစာဥပဲဆက်လွမ်းနေရမယ်တော့ လုပ်လို့မရပါဘူး။
စာဥခေတ်က နေညိုချိန်တိမ်တောက်တာကိုကြည့်ရင်းဆုံခဲ့ကြပေ့မဲ့ မယ်တင်ရဲ့ခေတ်မှာတော့ ဦးတုတ်ကြီး ဗွီိဒီယိုရုံမှာဆုံကြတာ ဖြစ်ချင်ဖြစ် နေမှာပါ။စာဥတို့ခေတ်မှာ ရွာအ၀င်လမ်းလေးကိုပဲလွမ်းနေနိုင်ပေမဲ့ မယ်တင်တို့ခေတ်မှာတော့ ဆီကုန်နေတဲ့မီးခွက်အကြောင်းကလဲ မေ့ထားလို့မရပါဘူး။အမေတို့ခေတ်ကသုံးနှစ်သုံးမိုးစောင့်စားပြီး မိန်းကလေးတစ်ယောက်ကို ပိုးခဲ့ရပုံသီချင်းတွေခေတ်စားခဲ့မှာပါ။ကျွန်မ      အရွယ်ရောက်စမှာတော့ ကိုင်ဇာရဲ့ဒမြင်မြင်ချင်းတို့နှစ်ရောက်ဟာ အိနြေ်္ဒမရချစ်ကြတာ L...o....v.....e ..........Love”” လို့အော်နေကြပါပြီ။စားသုတ်သုတ်၊သွားသုတ်သုတ်လုပ်နေရတဲ့ ဒီဘက်ခေတ်မှာတော့  စိုင်းစိုင်းရဲ့“တိတ်တခိုးအချစ်ကြိတ်ပိုးဖြစ် ဘိုးဘွားခေတ်မှာချန်ကာထားရစ်----မြင်မြင်ချင်းအချစ်ကိုစိတ်မဆိုးသင့်” ဆိုတဲ့သီချင်းကိုကြိတ်ပြီးထောက်ခံနေကြမှာပါ။
        သီချင်းတစ်ပုဒ်ကို ကောင်းတယ်၊မကောင်ဘူးလို့ သတ်မှတ်ကြတဲ့နေရာမှာ နားထောင်သူရဲ့ စိတ်ခံစားချက်နဲ့ပဲဆိုင်ပါတယ်။ကိုယ့်စိတ်ခံစားမှုနဲ့ သီချင်းစာသားတည့်သွားကြတဲ့အခါ  ဒီသီချင်းကိုကြိုက်တယ်လို့ဖြစ်သွားတာပါ။သူတို့ခေတ်နဲ့သူတို့သီချင်း ခံစားနားထောင်ခွင့်  ပြုပေးကြပါ။
      ဒုတိယကလူငယ်တွေရဲ့ဝတ်စားဆင်မှုကိစ်္စပါ။ကျွန်မတို့အမေခတ်က ထမိန်ခြေမျက်စိ ဖုံးဝတ်မှလှတယ်လို့ ထင်ကြတာပါ။ ကျွန်မအပျိုဖော်ဝင်စမှာတော့ ကော်နီတို့ မေခလာတို့ကထမိန် တိုတိုဝတ်ပြီး စတိတ်စင်ပေါ်မှာ သီချင်းဆိုနေကြပါပြီ။ကျွန်မတက်္ကသိုလ်တတ်တဲ့အချိန် အမေ့ကွယ်ရာမှာထမိန်တိုတိုဝတ်ရတာကို အရသာတွေ့နေပါပြီ။ ဒီနေ့ခေတ်မှာတော့ ဂျင်းဘောင်းဘီ၊တီရှပ်နဲ့ ကျောပိုးအိတ် ယဉ်ကျေးမှုက ကမ်္ဘာပတ်နေပြီလို့ဆိုကြပါတယ်။မိန်းကလေးတစ်ယောက်အတွက် အရှက်အိနြေ်္ဒကို လုံခြုံမယ်ဆိုရင် ခွင့်ပြုသင့်ပါတယ်။သင်တန်းပေါင်းစုံ၊ ကျုရှင်ပေါင်းစုံ ဘတ်စ်ကားစီးပြီး ပြေးလွှားနေကြရတဲ့ မိန်းကလေးတွေအတွက် တီရှပ်ပွပွနဲ့ သိပ်မကျပ်တဲ့ ဘောင်းဘီက မြန်မာအင်္ကျီခါးတို ထက်စာ ရင်လုံခြုံမှုပိုရှိတယ်လို့ ထင်ပါတယ်။ကိုယ်သွားရမယ့်နေရာဒေသကိုတော့ ရွေးပြီးဝတ်ရမှာ ပေါ့လေ။
      ဆယ်ကျော်သက်ကျွန်မသင်တန်းသူတွေရဲ့ ငြီးတွားသံကိုမကြာခဏ ကြားရပါတယ်။ဒဒီအင်္ကျီကြီးအကြိုက်ဘူး၊အမေက အတင်းဝတ်ခိုင်းလို့ဒ၊ ဒဒီအရောင်ကသမီးနဲ့ မလိုက်မှန်းသိတယ်၊အမေ့ကို ပြောမရလို့ဒဆိုတဲ့ မကျေနပ်သံတွေပါ။အမေတို့ခေတ်မှာ အနီရောင်၊လိမေ်္မ်ာတောက်တောက် ၀တ်မှအလှပေါ်လွင်တယ် ထင်ကြပေမဲ့၊ ကျွန်မတို့ခေတ်ရောက်တော့ ဖက်ဖူးရောင်၊မော်ဒန်စိမ်းလေးမှ ဖက်ရှင်ကျတယ် ထင်လာကြတာပါ။ဒီနေ့ခေတ်မှာတော့  International Colour  ဆိုပြီး အနက်ရောင်ကိုထက်အောက်ဆင်တူ ၀တ်နေကြပါပြီ။ကျွန်မကိုယ့်ကိုကိုယ် အ၀တ်အစားဆင်တတ်စ အရွယ်ထဲက ကိုယ့်မျက်စိထဲ လှတယ်ထင်မှဝတ်ပါတယ်။ ဘယ်သူတွေက ဘယ်လောက်လှတယ်ဆိုဆို၊ ဒီအ၀တ်အစားနဲ့ ဘယ်လိုလိုက်တယ်ပြောပြော ကျွန်မမျက်စိထဲ မလှဘူးထင်ရင် မ၀တ်ပါဘူး။ကိုယ့်ကိုကိုယ့်လှ မလှ ကိုယ်အသိဆုံးဖြစ်တယ်ထင်လို့ပါ။သူတို့လေးတွေ မျက်စိနဲ့ လှမယ်ထင်တာလေးတွေ ၀တ်ခွင့်ပြုသင့်ပါတယ်။ ကိုယ့်တာဝန်ကိုယ်ယူရာလည်း ရောက်ပါတယ်။အလွန်အကျွံ မဖြစ်အောင်တော့ ၀ိုင်းထိန်းပေးရမှာပေါ့။
          တတိယအချက်က အမူအရာနဲ့အပြောအဆိုလေးတွေပါ။ဆယ်ကျော်သက် ဆိုတာ ဖိရင်ကြွ
တယ် ထိရင်ချမယ်လို့စိတ်ဆတ် နေတဲ့အရွယ်တွေပါ။သူတို့မှန်တယ်ထင်ရာကို ဇွတ်ပြော ပြီးအငြင်းသန်သူတွေပါ။သူတို့ကသာ အဲ့ဒီလို စိတ်အခြေခံဖြစ်နေမယ်၊ သူတို့ကိုတော့ နူးနူးညံ့ညံ့လေး ပြောမှကြိုက်ကြသူတွေပါ။မိဘတွေဘက်ကလည်း ဒဇောဒတွေအများကြီးကပ်နေကြတော့ စိတ်မရှည်နိုင်ကြပါဘူး။အမေကသူ စိတ်ဆိုးရင် ဒသမီးကိုကောင်မလို့ ခေါ်တယ်၊အဲ့ဒီအချိန်ဆို အမေ့ကိုသမီးသိပ်မုန်းတာပဲဒ တဲ့၊ကျွန်မသင်တန်းသူ တစ်ယောက်ရဲ့ ရင်ဖွင့်သံပါ။အဖေကိုချစ်တဲ့ သမီးတစ် ယောက်ကတော့ ညနေရုံးဆင်းလို့ သူ့အဖေအိမ်ပြန်လာရင် ထွက်ကြိုနေကျပါ၊တစ်ရက်တော့ သူ့အမေ ကဒဟိုမှာနင့်အဖေပြန်လာပြီပြောလို့ဒ ခြံအ၀င်ဝကို လှမ်းကြည့်လိုက်တာ သူမမြင်လိုက်လို့ “အမေက ဟုတ်လဲမဟုတ်ဘဲနဲ့” လို့ပြောလိုက်မိပါတယ်။အမေရဲ့တုန့်ပြန်ပုံကတော့ “ဟိုမှာနင့်လင်ဝင်လာတာ မမြင် ဘူးလား” ပါတဲ့၊အဲ့ဒီလိုပါးစပ် စည်းကမ်းမရှိတဲ့ အမေတွေနဲ့နေရတဲ့ ဆယ်ကျော်သက်တွေဘယ် လောက်များရှိနေမလဲ။အဲ့ဒီသမီးရဲ့ ရင်ထဲကိုဝင်ခံစားကြည့်လိုက်ပါ၊သူ့အချစ်ဆုံးအဖေ ကိုသူ့အမေ တပ်ပေးလိုက်တဲ့ ဂုဏ်ပုဒ်၊အဲ့ဒီနေ့ကစပြီး အဖေကိုခပ်ခွာခွာ နေလိုက်မိပါတယ်တဲ့။
      သားရှင်သင်တန်းသူ တစ်ယောက်ကတော့ သူ့သားအရွယ်ရောက်တော့ရိုင်းလာတယ်လို့ပြော ပါတယ်သူ့သားလေးက လေးတန်းပဲရှိပါသေးတယ်။တစ်နေ့ အဲ့ဒီကလေးက သူ့ညီမဆီက ကစားစရာတောင်းတာမရလို့ဆိုပြီးဆဲလိုက်တာ ကျွန်မသင်တန်းသူကြားလိုက်ရပါတယ်တဲ့။သူ့သားကိုရိုက်ပြီးဆုံးမတဲ့ အချိန်မှာတော့ သားရဲ့တုံ့ပြန်တဲ့စကားကြောင့် ဘာဆက်လုပ်ရမှန်း မသိတော့ဘူးတဲ့၊ဒဖေ့ဖေ့ကိုအရင်ရိုက်ပါလားမေမေ၊သူစိတ်တိုတိုင်း အဲ့ဒီလိုဆဲနေကြပဲဒတဲ့။အဖေ့ရဲ့ အပြုအမူ၊အနေအထိုင်တွေအားလုံးကို သားက အတုခိုးပါတယ်။ထို့အတူပါပဲ အမေရဲ့ စရိုက်တော်တော်များများက သမီးကိုလွှမ်းမိုးပါတယ်။မိဘတွေက ကိုယ်အမှတ်တမဲ့ လုပ်မိတဲ့ အပြုအမူ သားသမီးကလိုက်လုပ်ရင်မခံမရပ်နိုင်ဖြစ်တတ်ကြပါတယ်။      လူတွေတော်တော်များများက သူတို့လူကြီးဖြစ်သွားရင် လူငယ်ဘ၀ကဖြစ်သန်း ခံစားခဲ့ရတာတွေမေ့ပစ်လိုက်ကြပါတယ်။ကိုယ့်ရဲ့လက်ရှိရောက်နေတဲ့ဘ၀၊လက်ရှိသိနေတဲ့အသိတွေနဲ့ နှိုင်းယှဉ်ပြီးလူငယ်တွေကိုစိတ်တိုင်းမကျ ဖြစ်တတ်ပါတယ်။ကိုယ်အဲ့ဒီအရွယ်တုန်းကရော ဘယ်လောက်သိ၊ဘယ်လောက်လုပ်နိုင်ခဲ့သလဲ ဆိုတာ သတိမရကြတော့ပါဘူး။လူကြီးတွေဘက်က ကြည့်ရင်တော့ သူတို့လေးတွေအတွက် စေတနာအရင်းခံတာပါ၊လူငယ်တွေဘက်ကတော့ စေတနာဆိုတာ မြင်အောင်မကြည့် တတ်သေးတဲ့ အတွက် ကိုယ်ချင်းမစာကြဘူး၊ နားလည်မပေးနိုင်ကြဘူးလို့ပဲမြင်နေမှာပါ။ နောက်ဆုံးတင်ပြလိုတာက ဆယ်ကျော်သက်တွေနှဲ့နထ ကိစ်္စပါ။မိဘအများစုက အရွယ်ရောက်လာတဲ့သားသမီးတွေကို sex ကိစ်္စပြောဆိုဆွေနွေးဖို့ ၀န်လေးတတ်ကြပါတယ်။ တစ်ချို့ဆို ဒီကိစ်္စတွေကိုတမင်မသိရလေအောင် ကာထားတတ်ကြပါတယ်။ဒါပေမယ့်သူတို့နည်း သူတို့ဟန်နဲ့ သိလာကြတာပါပဲ။ဆေးပညာစာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတာတော့ (၆)လအရွယ်ကစလို့ လိင်နဲ့ ပတ်သတ်ပြီးသိနေပါပြီတဲ့။ အရွယ်ရောက်လာတဲ့ သမီးတစ်ယောက်အတွက် အမေတွေစိတ်ပူကြရပါတယ်။တချို့စိတ်ပူလွန်တဲ့ အမေတွေကြောင့် သမီးတွေနေစရာမရှိဖြစ်ရပါတယ်။အလွန်အကျွံစိတ်ပူနေမဲ့အစား သူတို့ကို ဒီကိစ်္စတွေနဲ့ပတ်သတ်လို့ရှင်းပြထားသင့်ပါ တယ်။
 မဂ်္ဂဇင်းတွေ၊ဂျာနယ်တွေ ဖတ်တတ်နေပြီဖြစ်တဲ့ လေတန်းကျောင်းသားလေး တစ်ယောက်က သူ့အမေကို မေးပါတယ်၊ဒမေမေ ပုတ်သင်ညိုပုံနဲ့ ဟာကြီးကဘယ်မှာသုံးရတာလဲ ဒတဲ့။အမေလုပ်တဲ့သူက ဒီကိစ်္စကိုရှင်းပြရမှာစိုးတဲ့အတွက် ကုန်ပစ်္စည်းကြော်ငြာ တစ်ခုပါလို့ ဝေ့လည်လည်အဖြေပေးလိုက်ပါတယ်။Condom  လို့ကလေးက သူ့ဘာသာသူသိလာတဲ့ အခါမှာတော့အမေကို မှတ်ချက်ချလိုက်ပါတယ်၊
“အမေက ဘာဗဟုသုတမှလဲမရှိဘူးတ”။  
       ကျွန်မ သားသမီးဆိုတဲ့ ဘ၀ကိုဖြတ်သန်းပြီးခဲ့ ပါပြီ၊ ယခုလက်ရှိ ဇနီးသည်ဆိုတဲ့ ဘ၀နဲ့ မိခင်ဘ၀ကိုဖြတ်သန်းနေဆဲပါ၊ ဒါ့အပြင်သင်တန်းဆရာမဆိုတဲ့ဘ၀ကိုလည်းယူထားပါသေးတယ်။ဖြတ်သန်းပြီးခဲ့တဲ့ ဘ၀ကိုပြန်ပြင်လို့ မရတော့ပေမဲ့ ဖြတ်သန်းနေဆဲ ဘ၀တွေထဲ မှာတော့အတတ်နိုင်ဆုံး အမှားလုပ်မိတာနည်းချင်ပါတယ်။ဒါကြောင့်လည်း ကျွန်မခင်ပွန်း၊သမီးလေးနဲ့ သင်တန်းသူတွေအပေါ်မှာ အာရုံအပြည့်ထားပြီး ဆက်ဆံပြောဆိုလေ့ရှိပါတယ်။ကျွန်မ သင်တန်းပြနေတဲ့ချိန်မှာတော့ ကျွန်မသင်တန်းသူတွေက အရေးကြီးဆုံးသူတွေပါပဲ။ သမီးလေးနဲ့ နေတဲ့အချိန်မှာ သမီးက ကျွန်မအတွက် အရေးကြီးဆုံးပုဂ်္ဂိုလ်ပါပဲ။ဇနီးသည်တစ်ယောက်ရဲ့ဘ၀ကိုယူထားချိန်မှာတော့ ကျွန်မခင်ပွန်းက ကျွန်မအတွက်တော့ VIP ပါပဲ။
     ကျွန်မသိခဲ့သမျှအတွေ့အကြုံလေးတွေ မျှဝေရုံသက်သက်ပါ၊စာဖတ်သူတို့သိထား တဲ့အတွေ့အကြုံလေးတွေနဲ့ ပေါင်းစပ်ပြီး ဖြတ်သန်းနေဆဲ ဘ၀တွေထဲမှာ အဆင်ပြေပြေနေနိုင်ကြပါစေ။      

0 comments:

Post a Comment