468x60

၂၀၁၅ အတွေးစများ

Tuesday, November 3, 2015
Discovery လိုင်းများမှ ထုတ်လွင့်ပြသသည့် တောတွင်း တိရိစ်္ဆာန် တို့ အမူအကျင့် ပုံရိပ်များကို ကျွန်မ စိတ်ဝင်စားသည်။ရိုက်ကူး မှတ်တမ်းတင်ကြသည့် သူများကို လည်း ကျေးဇူးတင် ချီးကျူးမိပါသည်။ရုပ်မြင်သံကြားကို မကြည့်သလောက်နီးပါးရှိသည့် ကျွန်မ ထိုလိုင်းလေးကို စိတ်ဝင်စားစွာ ကြည့်မိတတ်သည်။ယခုခေတ်တွင်တော့ လက်ကိုင်ဖုန်းဖြင့် အင်တာနက်မှ ကြည့်ခွင့်ရလာသည့် အခါ အချိန်မကုန် နေရာမရွေးကြည့်နိုင်သည့် အတွက် ပိုအဆင်ပြေနေသည်။ကြည့်မိလေတိုင်း တောတွင်း တိရိစ်္ဆာန်တို့ ၏အမူအကျင့် တော်တော်များများသည် လူတို့တွင် ရှိနေတတ်သည်ကို သတိပြုမိရသည်။ထို့ပြင် သူတို့ဆီမှ အတုယူစရာ ၊သင်ခန်းစာ ရစရာ များစွာကိုလည်း တွေ့ခဲ့ရသည်။ကျွန်မ သတိထားမိသည့် သာဓက အနည်းငယ်ကို တင်ပြလိုပါသည်။သမင်နောက်သို့ ခြေင်္သေ့လိုက်နေသည့် လှုပ်ရှားမှု ပြကွက်ကို ကြည့်နေစဉ် ရုပ်မြင်သံကြား ဖန်သားပြင် အောက်ခြေတွင် သမင် ပြေးနှုန်းနှင့် ခြင်္သေ့ ပြေးနှုန်းတို့ကို တိုင်းတာနေသည့် စာတန်း ထိုးထားသည်။သမင် ပြေးနှုန်းသည် တစ်နာရီလျှင် ၉၆ ကီလိုမီတာပြေးနိုင်ပြီး၊ခြင်္သေ့ကမူ တစ်နာရီလျှင် ၈၆ ကီလိုမိတာ ပြေးနိုင်သည် ဟု ဖော်ပြထားသည်။ အတိအကျတော့ ကျွန်မ မမှတ်မိတော့။သေချာသည်ကတော့ သမင် ပြေးနှုန်းသည် ခြင်္သေ့ ပြေးနှုန်းထက်သာသည်က အမှန်ပင်။သို့သော် သမင်သည် ခြင်္သေ့ အစာ အဖြစ် အစဉ်အမြဲနီးပါး ကျရောက်ခဲ့ရသည်။လေ့လာသူ သုတေသီတို့က နောက်ခံ စကားပြောဖြင့် ရှင်းပြကြသည် ၊သမင်သည် ခြင်္သေ့ထက် ပြေးနှုန်းမြန်သော်လည်း ရန်သူ့ လက်မှ လွတ်အောင် ပြေးနေစဉ်အတွင်း ရန်သူ မီလာပြီလား ဟူသည့် စိတ်ဖြင့် မကြာခန နောက် လှည့်ကြည့်နေတတ်သည်။ထိုအခါ ပြေးနှုန်းတို့က ၉၆ ကီလိုမီတာ မရှိတော့။ပြသနေသည့် ပြေးနှုန်းတို့က သမင် နောက်လှည့် ကြည့်တိုင်း လျော့ကျနေသည်ကို တွေ့ရသည်။ခြင်္သေ့ကမူ သားကောင်ကို စတင် လိုက်ကတည်းက ပြေးနှုန်းသည် တစ်နာရီ ၈၆ ကီလိုမီတာ ဆိုလျှင် ထိုအတိုင်းသာ တသမတ်တည်း သားကောင်ကို မမိ မချင်း လျှော့ချသည် မရှိ ပြေးလိုက်နေသည်။ထို့ကြောင့် ခြင်္သေ့သည် သမင် ကို ဖမ်းဆီးရမိသည်ချည်း ဖြစ်သည်။ကျွန်မတို့ ကြိုးစားအားထုတ်မှုတွင် အသက်ဘေးမှ လွတ်အောင် ပြေးရသည် မဟုတ်သော်လည်း သမင်ကဲ့သို့ နောက်ပြန်လှည့် ကြည့်မိသည်က များပါသည်။စ မိသည့် အလုပ်တစ်ခုအတွက် ကြိုးစားအားထုတ် မှုတို့က ဆုံးခန်းမတိုင်ခင် နောက်လှည့်ကြည့်မိသည်က အခါခါ။ထိုအခါ သမင်ကဲ့သို့ ကျရှုံးမှုများနှင့် ရင်ဆိုင်ရတတ်သည်။သည် နေရာတွင် ခြင်္သေ့ အားက အတုယူစရာ ကောင်းလှသည်။သူ့အတွက် ပြေးနှုန်းလျှော့ ချလိုက်ပါသော်လည်း သားကောင် မမိရုံသာ။အသက်ဘေး အတွက် ပူပန်ရန် မလို။သို့သော်လည်း ကြိုးစားအားထုတ်မှုကို ဘယ်တော့မှ လျှော့ချ မပစ်လိုက်။ နောက်ထပ် ပြကွက်တစ်ခုက ခြသေ့င်္နှင့် ကျွဲအုပ် စု ဖြစ်သည်။တောတွင်းသားကောင်တို့ စရိုက်သည် အနည်းငယ် အံ့သြစရာ ကောင်းနေပါသည်။မြင်ကျား၊ကျွဲ ၊သမင် တို့သည် အုပ်စုလိုက် သွားလာ စားသောက်နေရာမှ ခြင်္သေ့ လိုက်ခြင်း ခံရသည့်အခါ အသက်လုပြေးကြရသည်။ထိုသို့ ပြေးနေရာမှ သူတို့အုပ်စုထဲမှ သားကောင် တစ်ကောင် ကောင်ကို ခြသေ့င်္ဖမ်းမိလိုက် ချိန်တွင် အခြားသားကောင်တို့က ဆက်မပြေးတော့ဘဲ အုပ်စု ရပ်လိုက်ကြတော့သည်။ထို အနီးအပါးမှာပင် ဆက်လက် စားသောက် နေရင်း ရပ်နေကြသည်။သူတို့ရှေ့တွင် မြင်တွေ့နေရသည့် ဘ၀တူ သားကောင်ကို ကိုက်ဖြတ် စားသောက်ခံနေရသည့် အပေါ် ကြောက်ရွံ့ခြင်း၊စာနာခြင်း အလျင်းမရှိ ပကတိ အတိုင်း ဆက်လက် လှုပ်ရှား အသက်ဝင်နိုင်ခြင်းပင် ဖြစ်သည်။တိရိစ်္ဆာန်များ ဖြစ်နေသည့် အတွက် အဆင်မြင့် ခံစားချက် မရှိကြခြင်း ဖြစ်မည်ဟု တွေးမိခဲ့သည်။သားကောင်များသာ အမြဲရှုံးနိမ့်နေသည်ကို ကြည့်ဖူး ခဲ့သည့် ကျွန်မ၊လွန်ခဲ့သည့် ရက်များက ကြည့်လိုက်ရသည့် ပြကွက်ကြောင့် ခွန်အားတစ်မျိုး ရရှိလိုက်သည်။ပြေးလွှားနေသည့် ကျွဲအုပ်စု တွင်းမှ တစ်ကောင်ကို ခြသေ့င်္ ဖမ်းမိချိန်တွင် ထုံးစံအတိုင်း အခြားသော ကျွဲများက ရပ်လိုက် ကြပြီး သူတို့အဖော် ဈာပနကို ကြည့်သလို ကြည့်နေကြသည်။ခြသေ့င်္က ကျွဲ၏ ဂုတ်သားကို ခဲထားလိုက်ချိန်တွင် ကျွဲက သူ့ ဦးချိုဖြင့် ခြင်္သေ့ဝမ်းဗိုက်ကို ကော်ထုတ်ပစ်လိုက်တော့သည်။မထင်မှတ်ထားသည့် တိုက်ကွက်ကြောင့် ခြသေ့င်္အနည်းငယ် အံ့သြသွားပုံရသည်။ထိုအချိန်တွင် ကျွဲက သူ့ ဦးချိုဖြင့် ခြသေ့င်္အား ဆက်တိုက် တိုက်ခိုက်တော့သည်။ကျန်နေသည့် ကျွဲအားလုံးလည်း ခေတ်္တ ရပ်ကြည့်လိုက်ကြသည်။ခြသေ့င်္က တစ်ဖန် ပြန်လည် တိုက်ခိုက်ချိန်တွင် အဖွဲ့ဝင် ကျွဲတို့ စိတ်ဝင်စားမှုက လျော့ကျသွားကာ ဘာသိဘာသာ နေလိုက်ကြသည်။သားကောင် ကျွဲက သူ့အားသာချက်ကို သိလိုက်ပုံရသည် ဦးချိုဖြင့် ခြသေ့င်္ဝမ်းဗိုက် ကိုသာ ခတ်ပြီး တိုက်ခိုက်နေသည်။ခြသေ့င်္လည်း ကျွဲနားသို့ ရဲရဲဝံ့ဝံ့ မကပ်ရဲသလို ဖြစ်နေသည်။ကျွဲ ၏ လည်ပင်းနှင့် နောက်ပိုင်း ဧရိယာတို့ကိုသာ လှည့်ပတ် ကိုက်ခဲရန် ကြိုးစားနေသည်။ပြန်လည် တိုက်ခိုက်ကျင့် မရှိဘူးသည့် ကျွဲက တိုက်ပွဲအထာကို မသိသဖြင့် ချက်ကောင်း မထိနိုင်ဘဲ မှန်းဆကာ ပြန်လည် ခုခံ နေရရှာသည်။ထို့ပြင် လစ်လျှင် လစ်သလို ထွက်ပြေးဖို့ ကြိုးစားနေသည်ကို တွေ့ရသည်။ခြသေ့င်္ ကတော့ ကျွမ်းကျင်စွာ ချောင်းမြောင်းကာ ကျွဲ၏ နေရာ အနှံ့ကို တိုက်ခိုက်နေသည်။တစ်ကိုယ် လုံး ကိုက်ခဲ ခံထားရသဖြင့် ကျွဲတစ်ကိုယ်လုံးတွင် သွေးချင်းချင်းနီနေပြီ ဖြစ်သည်။နှစ်ကောင်စလုံးမှာလည်း မောဟိုက်စ ပြုလာကြသည်။ ကြည့်နေသည့် ကျွန်မ အသက်ရှု အောင့်ထားမိနေသည်။အဖွဲ့ဝင် ကျွဲများက တစ်ဖန် စိတ်ဝင်စားသလို ငြိမ်ပြီး ကြည့်နေပြန်သည်။တစ်ကြိမ်တွင်တော့ ခြသေ့င်္က က ကျွဲ၏ ဦးခေါင်း ချိုနှစ်ခု အလယ်နေရာသို့ အားကုန် ခဲထားလိုက်တော့သည်။ဦးချိုကိုသာ အားပြုတတ်သည် ကျွဲအဖို့ အခက်တွေ့နေပြီဖြစ်သည်။တိုက်ခိုက် နေကြသည့် ခြသေ့င်္နှင့် ကျွဲ နှစ်ကောင် စလုံးက အလုံးအထည်၊ အရပ် ၊အင်အားခြင်း ညီမျှနေကြသည် ။ထိုအခါ ကျွဲ ခမျှာ ခတ် ထုတ်လို့လည်း မရ ၊ ခါချ ၍လည်း မနိုင်ဖြစ်နေရသည်။ထိုအချိန်တွင် မထင်မှတ်ထားသည့် အဖြစ်အပျက်တစ်ခု မြင်ကွင်းတွင်းသို့ ၀င်လာခဲ့သည်။ရပ်ကြည့် အဖွဲ့ဝင် ကျွဲများထဲမှ တစ်ကောင်က ခြသေ့င်္ နောက်ပိုင်း တင်ပါး နေရာကို ဦးချို ဖြင့် ၀င်ခတ်လိုက်တော့သည်။ခြသေ့င်္လည်း ရုတ်တရက် မို့ ရှေ့မှ ခဲထားမိသည့် ကျွဲ ကိုလွှတ်လိုက်ပြီး အကူဝင်လာသည့် ကျွဲကို ပြန်တိုက်တော့သည်။သုံးလေးချက်လောက် အကိုက်ခံထိသွားသည့် အကူ ကျွဲက အဖွဲ့ဝင် ကျွဲများထံ ပြန် ပြေးဝင် သွားတော့သည်။ရပ်ကြည့် နေကြသည့် ကျွဲများအား တစ်ဖွဲ့လုံး ၀င်ကူလိုက်လျှင် ခြသေ့င်္ကို နိုင် နိုင်ကြောင်း သိစေချင်နေမိသည်။ကျွန်မ လူ့စိတ် လို တွေးနေမိခြင်း ဖြစ်သည်။ခြသေ့င်္မှာ အတော် လက်ပန်းကျနေပုံ ပေါ်သည်။မြေပြင်တွင် ခေတ်္တလှဲကာ ကျွဲကို မျက်ခြည် မပြတ် ကြည့်နေသည်။ ထိုအခါ သားကောင်ကျွဲက ဇွတ်တိုးကာ ဦးချိုဖြင့် ခတ်နေတော့သည်။ခြသေ့င်္က နောက်တစ်ကြိမ် ဦးချို နှစ်ခုကြား ကိုက်ရန် ကြိုးစားချိန်တွင် ကျွဲက လက်ဦးမှု ရယူကာ ခြသေ့င်္ ၀မ်းဗိုက်ကို ဦးချိုဖြင့် ထိုးခတ်လိုက်တော့သည်။ချက်ကောင်းကိုထိကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ ကျွဲနိုင်သွား သည်ကို သေချာ သိလိုက်မှ ကျွန်မ အသက်ပြင်းပြင်းရှုလိုက်မိသည်။တစ်ကောင်တည်းအားဖြင့် ဇွဲမလျှော့ဘဲ နိုင်အောင်တိုက်နိုင်သည့် ကျွဲကို လက်ဆွဲနှုတ်ဆက်ချင် စိတ်ပင် ပေါက်သွားမိသည်။ထို့ပြင် ကိုယ်နှင့် မျိုးနွယ်တူ တစ်ကောင် ဒုက်္ခ ရောက်နေသည်ကို ၀င်ကူ ရကောင်း မှန်း သိသည့် အကူ ကျွဲကိုလည်း ဂုဏ်ပြုစကား ဆိုချင်နေမိသည်။သတ်္တိ ရှိလို့ ၀င်တိုက်ပေးခြင်း မဟုတ်စေကာမူ သူ့ကြောင့် သားကောင် ကျွဲ အနိုင်ရခဲ့ခြင်း ဖြစ်သည်ဟု ကျွန်မ သုံးသပ်မိပါသည်။ကျွန်မတို့ လူအဖွဲ့ အစည်းတွင်လည်း တူညီသည့် ပြဿနာ ကို ရင်ဆိုင် ဖြေရှင်းကြရသည့်အခါ တစ်ဖွဲ့တည်း သားများက ကိုယ့်ထံသို့ တိုက်ရိုက် မထိခိုက် မချင်း ၀င်ကူ ရကောင်းမှန်း မသိကြ။ထို့အတူပင် ရင်ဆိုင် ဖြေရင်းရသူကလည်း တစ်ဦးအားဖြင့် တိုက်လာရသည့်အခါ အားမတန်လို့ မာန်လျှော့ ဆိုသည့် အကြောင်းပြချက်တို့က ရှိလာတတ်သည်။လူနှင့် တိရိစ်္ဆာန် တို့ကို ပေါင်းကာ သတ်္တ၀ါဟု ခေါ်ဝေါ်သတ်မှတ်ကြသည်။ကွာခြားချက်မှာ လူတို့သည် အဆင့်မြင့် ခံစားတတ်ခြင်းနှင့် တွေးတော ဆင်ခြင်ကာ ကိုယ်ချင်းစာတတ်ခြင်း ဖြစ်သည်။ထိုခံစားချက် တို့ ရှိမနေပါ လျှင် အတူတူပင် ဖြစ်နေပါလိမ့်မည်။ နောက်ထပ် ကြည့်မိသည်က လူသားတို့ ၏ တိုက်ပွဲ ဖြစ်သည်။နိုင်ငံအချို့၏ လွှတ်တော်တွင်း မကျေလည်မှုများကြောင့် ရန်ဖြစ်ကြပုံများ ဖြစ်သည်။နိုင်ငံကို လိုက်၍ရန်ဖြစ်ကြပုံ ကလည်း ကွဲပြားကြသည်။အိန်္ဒိယ လွှတ်တော်တွင်း ကိုယ်စားလှယ် အဖွဲ့ ရန်ဖြစ်သည်မှာ အတိုက်အခံ ပါတီနှစ်ဖွဲ့ က ထိုးကြ ကြိတ်ကြနှင့်၊ဂျပန် လွှတ်တော်တွင်း မြင်ကွင်း ကတော့ဖြင့် အချင်းချင်း ပါးရိုက် ကန်ကျောက် ကြသည်။ထိပ်သီးနိုင်ငံများ ဖြစ်သည့် အမေရိကန် နှင့် အင်္ဂလန် လွှတ်တော်တို့ တွင်တော့ ခုံများဖြင့် ကောက်ရိုက်ခြင်း ဖိနပ်ချွတ်ဖြင့်၊ ချွတ်ပေါက်ခြင်းတို့ လုပ်ကြသည်။ကျွန်မ အမြင်တွင် သည်လူတွေ ရိုင်းလှချည့် ဟု မြင်မိပါသည်။ကျွန်မ တို့နိုင်ငံတွင်တော့ ထိုသို့သော အဖြစ်အပျက်မျိုး မမြင်ဖူး၊မကြားဖူးသောကြောင့် အမြင်စိမ်း နားစိမ်းနေမိသည်။သည်လို အဖြစ်မျိုး မရှိခြင်းကိုပင် ကျေနပ်သလို ဂုဏ်ယူသလို ဖြစ်မိလိုက်သည်။လွှတ်တော်ဆိုသည့် နေရာသည် နိုင်ငံတစ်ခု၏ အထင်ကရ နေရာ ဖြစ်သည်။ပြည်သူများ ကိုယ်စား အသိဥာဏ်၊အဆုံးအဖြတ်၊ဆောင်ရွက်ပေးနိုင်မှုတို့ ပိုမိုလုပ်ဆောင် ပေးနိုင်မည့်သူ ဟု ယူဆ ရသူများကို လွှတ်တော် ကိုယ်စားလှယ် အဖြစ် သတ်မှတ်ကာ တက်ရောက်ပေးကြခြင်းဖြစ်သည်။ပြည်သူများနှင့် ယှဉ်သော် ထိုလူနည်းစု တို့၏ ဆုံးဖြတ်ချက်ကို အများပြည်သူတို့က လိုက်နာ ကျင့်သုံးကြရသည်။ယုံကြည် လက်ခံကြသည်။ဆုံးဖြတ်ချက်တိုင်းကို ကန့်ကွတ် ဆန်္ဒပြခြင်း မရှိကြ။လိုအပ်လာလျှင်သာ ထိထိမိမိ ဆန်္ဒပြကြသည်။ထို့ကြောင့်ပင် တော်ရုံအရည်အချင်းဖြင့် လွှတ်တော် ကိုယ်စားလှယ် မဖြစ်နိုင်။အမြင်မတူ ၊အသွင်မတူသည့် ပါတီစုံများ ဖွဲ့စည်းထားခြင်းကို ပါတီစုံ ဒီမိုကရေစီ ဟု ခေါ်ဆိုကြသည်။တစ်ဦး တစ်ယောက်အမြင်ဖြင့် ဆုံးဖြတ်ခြင်းထက် အများအမြင်ဖြင့် ဆုံးချက်ခြင်းတို့က ပိုမို နီးစပ် မှန်ကန်နိုင်ကြောင်း လူသားတို့လက်ခံ ကျင့်သုံးနေကြသည်။ထိုသို့ ဆွေးနွေးရင်း ကပင် သဘောတူညီမှုတို့ ကွဲလွဲကြကာ ရန်ဖြစ်ကြရသည်။အဖွဲ့အစည်းတူရာ အတွေးအမြင်တူရာ သူတို့အချင်းချင်း ပူးပေါင်းပြီး ရန်ကူ ဖြစ်ပေးကြသည်။လူသားတို့ တိုက်ပွဲက တောတွင်း တိရိစ်္ဆာန်တို့ တိုက်ပွဲထက် များစွာသာသည်က သေချာပါသည်။ သို့သော်လည်း ထိုနိုင်ငံ အသီးသီးတို့၏ ရန်ပွဲ အဆုံးသတ်သည် အဖြေတစ်ခု ထွက်စမြဲ ဖြစ်သည်။လုပ်မည်လား မလုပ်မည်လား ။ပြောင်းမည်လား ၊ပြင်မည်လား။လက်ခံမည်လား ဆက်လက်ကျင့်သုံးမည်လား စသည် စသည့့် ။အနိုင်အရှုံး တစ်ခု တစ်ခု တော့ သိလိုက်ရသည်။ အကြိမ်ကြိမ် ဆွေးနွေးကြပြီး တိကျသည့် အဖြေတစ်ခု ရမလာသည့်အခါ ကျွန်မ စိတ်ထဲ သူတို့ နိုင်ငံလွှတ်တော်များလိုသာ ဖြစ်စေချင်မိတော့သည်။ ယုံကြည်အားကိုး မိသည့် ကိုယ်စားလှယ်တော်များ တို့၏ ထူးမခြားနား ပတ်ပျိုးသံကြားရသည့်အခါ၊လည်ပင်းနှင့် ဦးခေါင်း(ဦးနှောက် မဟုတ်)တို့သာ အလုပ်လုပ်နေသည်ကို တွေ့မြင်ရသည့်အခါ သူတို့ နိုင်ငံ ကိုယ်စားလှယ် တော်များလို သွေးပူလေ့ကျင့်ခန်း လုပ်စေချင်မိသည်။ထို့အတူပင် လွှတ်တော်တွင်း တစ်ခုခု ဆုံးဖြတ်ချမှ မချရသေးခင် ပြင်ပတွင် ဆန်္ဒပြနေနှင့်သည့် ပြည်သူများကို တွေ့ရပြန်သောအခါ ပြည်သူ အငှားချ ချင်စိတ်ပေါက်မိသည်။နှစ်ဘက်မျှကာ ခံနိုင်ရည်ရှိဖို့တော့လိုပါသည်။တစ်ဖက်ဆုံးဖြတ်ချက်ကို တစ်ဖက်က လေးလေးစားစား လိုက်နာဖို့ လိုအပ် သလို၊တစ်ဖက်၏ လိုအပ်ချက်များကိုလည်း တစ်ဖက်က အမှန်တစ်ကယ် ကိုယ်ချင်းစာစိတ်ဖြင့် လုပ်ပေးဖို့ လိုပါသည်။တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု ရလာသည့်အခါ ပြောဆိုရသည့် စကားတို့သည်လည်း အကောင်းဘက် သို့ ပြောင်းနေမှန်း ဦးတည်နေမှန်း ခံစားမိနိုင်ပါသည်။ ကျွန်မ သဘောကျမိသည့်  အိန်္ဒိ္ဒယ သမ်္မတက သူ့ ပြည်သူများသို့ ပြောခဲ့သည့် မိန့်ခွန်းလေး အကြောင်း အနည်းငယ် ပြောလိုပါသည်။မိန့်ခွန်းမှာ ၁၀မိနစ်စာသာ ဖြစ်ပါသည်။ပျော့ပျောင်းငြင်သာမှု မပါ၊ကတိမပေး ၊အမေးဝါကျ များဖြင့်သာ မိန့်ခွန်းကို ဆိုခဲ့ပါသည်။ပြည်သူတို့ကလည်း ထို မိန့်ခွန်းအတွက် စိတ်မနာစွာ လက်ခံကာ ပြောင်းလဲကျင့်သုံးခဲ့ကြသည်။အပြီးတိုင် ပြောင်းလဲသွားသည် မဟုတ်သော်လည်း အိန်္ဒိ္ဒယ နိုင်ငံသည် ယခင်ကထက် စာလျှင် သိသာသော ပြောင်းလဲမှု ဖြစ်ခဲ့ပါသည်။ ”အိန်္ဒိ္ဒယ အစိုးရရဲ့ လုပ်ဆောင်မှုတွေ မကောင်းဘူးပြောတယ်၊တို့နိုင်ငံရဲ့ ဥပဒေတွေ အိုဟောင်းနေပြီး ခေတ်မမီတော့ဘူး။စည်ပင်ကလည်း အမှိုက်မရှင်းဘူး၊ဖုန်းလိုင်းတွေကလည်း အလုပ် မလုပ်တာ ခပ်များများ။မီးရထားဆိုတာ ဟာသတစ်ခုပဲ၊အဲလိုင်းတွေဆို ကမ်္ဘာပေါ်မှာ အဆိုးဆုံး ။စာပို့ စနစ်မှာလည်း ဘယ်တော့မှ ပို့တဲ့ စာမရောက်ဘူး။တို့တိုင်းပြည်ဟာ ခွေးစာ ကျွေးပစ်ရတော့မလောက် ပျက်စီးစုတ်ပြတ်မှုတွေချည်းပဲလို့ မင်းပါးစပ်က ပြောနေတယ်။” သမ်္မတမိန့်ခွန်းက ထိုသို့ဖြင့် နိုင်ငံသားများ စိတ်ထဲတွင် ရှိနေသည့် အခြေအနေတို့ကို သိနေကြောင်း နှုတ်မှထုတ်ပြော စတင်လိုက်သည်။ပြီးမှ ”ကောင်းပြီး အဲ့လိုတွေ ပြောနေတဲ့မင်း မင်းကရော ဘာတစ်ခု လုပ်လဲ။မင်း စင်ကာပူကို ရောက်တဲ့အခါ စင်ကာပူ လမ်းတွေပေါ် မင်း ဆေးလိပ် လွင့်ပစ်ရဲလား။စတိုးဆိုင်မှာ မုန့် မစားရဲဘူး။ညနေ ၅နာရီ နဲ့ ၆နာရီကြား အောခေတ် လမ်းတွေပေါ် ကားဖြတ်မောင်းဖို့ ၅ ဒေါ်လာ မင်းပေးခဲ့တယ်။အဲ့ဒီ စင်ကာပူမှာ မင်း တစ်ခုခု ပြောခဲ့လား။ ” နားထောင်နေသည့် သူ့ပြည်သူတွေတော့ မသိ။ကျွန်မ ကတော့ဖြင့် ဟုတ်လိုက်လေဟု ရေရွတ်လိုက်မိသည်။ ” ဒူဘိုင်းမှာ ဥပုသ် လမျိုး လူမြင်ကွင်းမှာ မင်း အစားစားရဲလား၊မကာရ်မှာ ခေါင်းမဆောင်းဘဲ မင်း အပြင်ထွက်ရဲ့လား။ ၀ါရှင်တန်မှာ တစ်နာရီ ၅၅မိုင်ထက်ကျော်ပြီး မင်း ကားမောင်းရဲလား။မောင်းမိလို့ ရဲလားဖမ်းရင် ငါ့ကို ဘာမှတ်လဲ ငါဘာကောင်လဲ မင်းသိလား၊ ငါ ဘယ်သူ့သားလဲ သိရဲ့လားလို့ ရဲကို မင်းပြောရဲ့လား။အော်ဇီနဲ့နယူးဇီလန် ကမ်းခြေတွေမှာ စားပြီးသား အုန်းခွံတွေ တွေ့ကရာ မင်းလျှောက်ပစ်ရဲလား။” သမ်္မတမိန့်ခွန်းသံတို့က ပျော့ပျောင်းဖို့ ဝေးစွ မာ၍ပင် လာသည်။ကျွန်မ စိတ်ထဲ ကျွန်မ တို့ ပြည်သူတွေကိုလည်း မေးနေသလိုပင် ခံစားလိုက်ရသည်။ ”တိုကျိုက လမ်းတွေပေါ်မှာ ကွမ်းတံတွေး လျှောက်ထွေးရဲလား။။ဒါတွေကို မင်းကို မေးနေတာ။သူများတိုင်းပြည်မှာ သူ့စည်းကမ်းနဲ့ အညီ အတိအကျ လေးစားလိုက်နာနိုင်ပြီး ကိုယ့်နိုင်ငံမှာ စည်းကမ်းပျက်တတ်တဲ့ မင်းကိုပဲ မေးနေတာ၊””အိန်္ဒိ္ဒယမြေကို စနင်းပြီဆိုတာနဲ့ ဆေးလိပ်တွေ အမှိုက်တွေ လျှောက်ဖွတတ်တဲ့ မင်းလို လူတွေကို မေးနေတာ။တခြားတိုင်းတစ်ပါးမှာ စည်းကမ်း လိုက်နာ လေးစားတတ်ခဲ့တဲ့ မင်းက ကိုယ့်မွေးရပ် နိုင်ငံကျမှ ဘာလို့ ပုံစံ အတူတူ မလုပ်နိုင်ရတာလဲ” ကျွန်မ မှာ နားထောင်နေရင်းက သတိ္တ ရှိလှသည့် အိန်္ဒိ္ဒယ သမ်္မတကြီးကို သဘောကျနေမိသည်။သူပြောခဲ့သည်များထဲမှ အနည်းငယ် ဖော်ပြခြင်းဖြစ်ပါသည်။ သမ်္မတကြီး မိန့်ခွန်းအပေါ် ပြည်သူတို့သည် ဆန်္ဒ်္ဒ ပြကြခြင်းလည်း မရှိ၊ မိန့်ခွန်းကိုပင် အင်တာနက်သို့ တင်ပေးကာ နိုင်ငံတကာသို့ ဂုဏ်ယူစွာ သိစေခဲ့သည်။မိန့်ခွန်း နားထောင် အပြီး ဘာတွေက ကွာခြားသလဲ ဟု ကျွန်မတွေးကြည့်နေမိသည်။ ကြားဖန် များ၍ ပြည်သူတွေ အရေခွံ့ ထူနေသည်တော့ မဖြစ်နိုင်။ကိုယ့်တိုင်းပြည် အားနာချက်များ ကို သမ်္မတကြီး နှုတ်မှဖွင့်ပြောသဖြင့် ကျေနပ်သွားခြင်းလား၊ထို့ အတူ ပြည်သူတို့၏ အားနည်းချက်ကို ငြိုငြင်မှာ မစိုးဘဲ ဝေဖန်ရဲခြင်းကြောင့်လား။သို့တည်း မဟုတ် အဖေတစ်ယောက်၏ ဂရုဏာ ဒေါသောကို နားလည်လက်ခံသည့် သားသမီးများ ကဲ့သို့ ဖြစ်နေလေမလားးးးးးး။သည် စကားများကိုပင် အဖေဟု မသတ်မှတ်ထား သည့် တစ်စိမ်းတစ်ယောက် ပြောသည်ဆိုလျှင် အကောင်းမြင်နိုင်ကြပါမည်လား။ သူများနိုင်ငံ ပြည်သူများ အရေးမို့ အတိအကျ ကျွန်မ မပြော နိုင်သော်လည်း အစိုးရနှင့် ပြည်သူ နှစ်ဦးနှစ်ဖက် နားလည်မှု ရနေခြင်းကတော့ သေချာလှသည်။အစိုးရနှင့် ပြည်သူတို့သည် မိဘ နှင့်သားသမီး သဖွယ် ဖြစ်သွားလျှင် နိုင်ငံအရေးကိစ်္စတို့သည်လည်း တင်းမာမှုများ လျှော့ကျ နိုင်မည် ဟုထင်သည်။ကျွန်မတို့သည် ဒီမိုကရေစီဆိုသည့် တောတွင်းတွင် ဖြတ်သွားနေကြသည့် သားကောင်များ ဆိုပါလျှင် တစ်ဖွဲ့ချင်း စီ ၏ အရေးကိစ်္စသည် အဖွဲ့သား အားလုံးနှင့် သက်ဆိုင်နေပါသည်။အမြင်မတူသည့် ရန်ပွဲများမှ အသွင်တူသည့် ဆုံးချက်ဖြတ်ချက်တို့ ထွက်လာဖို့လိုပါသည်။ နွားကွဲရင် ကျားဆွဲလိမ့်မယ် ဆိုသည့် မြန်မာ ဆိုရိုးတစ်ခု ရှိပါသည်။နွားမကွဲပါဘဲ ကျားဆွဲ ရဲ နေသည့် အဖြစ်ဆိုပါလျှင် ကျွန်မတို့သည် တောတွင်း သားကောင်များကဲ့သို့ အချင်းချင်း ဈာပနာကို ထိုင်ကြည့်နေကြ သူများသာ ဖြစ်ပါလိမ့်မည်။ ခင်သန်္တာ ၁၂နာရီ ၆မိနစ်။ ၆ရက် ၇လ ၂၀၁၅ ခုနှစ်။

0 comments:

Post a Comment