-
My Novel
.................
-
About Me
Khin Thandar
-
Miss Myanmar Gym
Please come and join with us if you want to fit.
“ မငြိမ်းချမ်းခြင်း တို့ရဲ့ နောက်ကွယ် ”
Posted by
Unknown
at
5:06 AM
Friday, July 25, 2014
ခေါင်းဆောင်ဆိုသည့် စကားလုံးသည် ကမ်္ဘာဦးအစ လူသားများစတင် ပေါ်ပေါက်လာပြီး မကြာမီမှာပင် ခေါ်ဝေါ်သုံးနှုန်းခဲ့ကြခြင်းဖြစ်သည်။လူအများစုသည် အမဲလိုက်ပြီး အသက်မွေးနေကြစဉ်တွင် အလုပ်တာဝန်ခွဲဝေမှုဆိုသည်မှာ မရှိခဲ့သေးပေ။တစ်ဝမ်းစာအတွက် ခဲခဲယဉ်းယဉ်း ရှာဖွေစားသောက်ခဲ့ကြရသည်။ထိုမှတစ်ဆင့် အတွေ့အကြုံ နှင့် အသိအမြင်များ ပေါင်းစပ်လာကာ တစ်ဦးတစ်ယောက်ချင်း ရှာဖွေစားသောက်ခြင်းထက် အစုအဖွဲ့အလိုက် ရှာဖွေစားသောက်ခြင်းသည် အန်္တရာယ်လည်းကင်း၍ သားကောင် ရှာဖွေရ သည်မှာ ပိုမိုလွယ်ကူကြောင်း သိလာကြသည်။ထို့ကြောင့် စုပေါင်းဘုံစနစ်အောက်တွင် အလုပ် တာဝန် ခွဲဝေမှု ဆိုသည့်အသုံးအနှုန်းကို စတင်သုံးစွဲလာကြသည်။ ထိုအခါ အုပ်စုလိုက်၊ အသင်းအပင်းလိုက် အဖွဲ့အစည်းငယ်များပေါ်ပေါက်လာပြီး လူမျိုးစုလိုက် တာဝန်ယူ ဖြေရှင်းရမည့် ကိစ်္စရပ်များရှိလာကြသည်။ထိုအခါ အသက်အရွယ်အကြီးဆုံးဖြစ်ပြီး အတွေ့အကြုံ ၊ အသိဥာဏ်ဗဟုသုတ အများဆုံးဟုသတ်မှတ်ခံရသူတစ်ယောက်ကို ခေါင်းဆောင် အဖြစ်တင်မြှောက်လာကြသည်။
ရွေးချယ်တင်မြှောက်ခံရသည့် ခေါင်းဆောင်သည် အများနည်းတူ အလုပ်လုပ် ရလေသည်။အလုပ်လုပ်၍ထွက်လာသည့် အစားအသောက်အားလုံးကို လူမျိုးစုထဲက လူတိုင်း လူတိုင်းအား ဝေခြမ်းပေးရသည့်အလုပ်ကို ခေါင်းဆောင်လုပ်သူက တာဝန်ယူ လုပ်ဆောင် ပေးရလေသည်။လူတို့ရှာဖွေ၍ ရသည့် အရာဝတ်္ထုဟူသမျှသည် လူမျိုးစုပိုင်သာလျှင် ဖြစ်လေသည်။ခေါင်းဆောင်သည် ထိုပစ်္စည်းများ ခွဲဝေမှုကိုလည်း စီစဉ်ရလေသည်။ထိုအခါ ခေါင်းဆောင်သည် မိမိ၏အချိန်များစွာကို စီမံခန့်ခွဲရခြင်း၊လူအားလုံး ကိုယ့်အလုပ်ကိုယ် ကောင်းမွန်စွာ လုပ်မလုပ်ကို စစ်ဆေးကြည့်ရှုရခြင်းတို့၌ ကုန်လွန်စေလေသည်။တဖြည်းဖြည်း တစ်စစနှင့် လူမျိုးစု ခေါင်းဆောင်သည် လူမျိုးစုထဲက အခြားသာမန်လူများကဲ့သို့ အလုပ်လုပ်ခြင်းကိုစွန့်လွှတ်လိုက် လေတော့သည်။ထိုနည်းအားဖြင့် သူသည် လူမျိုးစုထဲက အခြားလူများနှင့် လုံးဝကွဲပြားခြား နားသွားတော့သည်။
ထိုအခါ အလုပ်ခွဲဝေမှုသည် တစ်နည်းတစ်ဖုံဖြစ်လာတော့သည်။ခေါင်းဆောင်သည် စီမံခန့်ခွဲခြင်း၊လူတို့အား အမိန့်သြဇာပေးခြင်းများကို ပြုလုပ်ရပြီး လူအများက လယ်ယာလုပ်ခြင်း၊အမဲလိုက်ခြင်းနှင့် ခေါင်းဆောင်၏ အမိန့်သြဇာကို နာခံခြင်းများ ပြုလုပ်လာကြသည်။အကယ်၍ လူမျိုးစု အချင်းချင်း စစ်မက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့လျှင် ခေါင်းဆောင်သည် ပို၍သြဇာတန်ခိုး ကြီးထွားသွားတော့သည်။စီမံခန့်ခွဲရန်အလုပ်များ အဆမတန် များပြားလာသောအခါ ခေါင်းဆောင်လုပ်သူသည် တစ်ယောက်တည်းဖြင့် ထိုအလုပ်များလုပ်ရန် မလွယ်ကူတော့ပေ။မိမိအား အကူအညီပေးရန်အတွက် အခြားသူများကို ရွေးကောက်ထား ရ လေတော့သည်။ဤနည်းအားဖြင့် စီမံခန့်ခွဲသူများ အများအပြားပေါ်ပေါက်လာလေသည်။သို့သော်လည်း ၄င်းတို့၏ အချုပ်မှာ ခေါင်းဆောင်လုပ်သူပင်ဖြစ်သည်။
ထိုနည်းအားဖြင့် စီမံခန့်ခွဲသူများနှင့် သာမန်အလုပ်သမားများဟူ၍ လူတန်းစား ကွဲသွားလေတော့သည်။ထိုအခါ သူတို့တွင် ယခင်က ကဲ့သို့ သာတူညီမျှမှု မရှိတော့ပေ။စီမံခန့်ခွဲသူများသည် သာမန်အလုပ်သမားများ အပေါ် သြဇာလွှမ်းမိုးစ ပြုလာလေတော့သည်။စီမံခန့်ခွဲသူများသည် လူမျိုးစုပိုင် ပစ်္စည်းဥစ်္စာများကို ကြည့်ရှုစောင့်ရှောက်ရန်အလုပ်သည် သူ့အလုပ်ဖြစ်သည်ဟု ယူဆထားလေသည်။သူ၏ တန်ခိုးသြဇာ တိုးတက်ကြီးမားလာသောအခါ ခေါင်းဆောင်လုပ်သူသည် လူမျိုးစုပိုင် ပစ်္စည်းတော်တော် များများကို ငါပိုင်ဖြစ်သည်ဟူသော အတွေးဆန်း ပေါ်ပေါက်လာလေသည်။
ခေါင်းဆောင်လုပ်သူ သေဆုံးသွားသည့်အခါတွင် လူမျိုးစုအတွင်း ခေါင်းဆောင်အသစ် ရွေးကောက် တင်မြှောက်ကြရသည်။များသောအားဖြင့် ခေါင်းဆောင်လုပ်သူ၏ အိမ်ထောင်စုထဲမှ လူများသည် အခြားသူများထက် စီမံခန့်ခွဲသည့် လုပ်ငန်းကို ပိုနားလည်ကြသည်။ခေါင်းဆောင်လုပ်သူ နှင့်အတူနေထိုင်ရခြင်း၊ခေါင်းဆောင်၏ အလုပ်များကို ကူညီ လုပ်ကိုင် ပေးရခြင်းတို့ကြောင့် လုပ်ငန်းသဘောကို ကျွမ်းကျင်နေကြခြင်းဖြစ်သည်။ထိုအခါ ထိုခေါင်းဆောင်အိမ်ထောင်စုထဲမှ တစ်ဦးဦးသာလျှင် ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရလေသည်။ဤနည်းအားဖြင့် ခေါင်းဆောင်လုပ်သူ၏ အိမ်ထောင်စုသည် အခြားအိမ်ထောင်စုများနှင့်မတူ တသီးတခြားဖြစ်သွားလေသည်။သူ၏သား သို့မဟုတ် ညီအစ်ကိုသာလျှင် ခေါင်းဆောင်နေရာကို ဆက်ခံဖို့ရာ လိုလားသည်မှာ ဓမ်္မတာဖြစ်သွားတော့သည်။
အစဦးတွင် လူမျိုးစုထဲမှ လူများသည် ထိုအပြောမျိုးကို နှစ်သက်သဘောကျခြင်း မရှိကြချေ။သို့ရာတွင် အချိန်အနည်းငယ် ကြာလာသောအခါ ရိုးသွားပြီးလျှင် ခေါင်းဆောင်အသစ် တင်မြှောက်ခြင်းသည် အလုပ်သဘောမျိုးအားဖြင့် မရှိတော့ပေ။ခေါင်းဆောင် ကုလားထိုင်(သို့) နေရာသည် ရိုးရာဆက်ခံခြင်း သဘောမျိုးဖြစ်လာခဲ့လေသည်။လူမျိုးစုပိုင် ဘုံအဖြစ် ရှာဖွေထားသော ပစ်္စည်းဥစ်္စာများသည်ပင် ခေါင်းဆောင်လုပ်သူ ကွယ်လွန်ပြီးသည့် နောက်ပိုင်းတွင် သူ၏ အိမ်ထောင်စုပိုင် အဖြစ်ကျန်ရစ်ခဲ့လေတော့သည်။ယခင်က လူအားလုံး စုပေါင်းပြီး လူမျိုးစုအတွက် အလုပ်လုပ်ကိုင်ကြသည်။ကိုယ့် ကိုယ်ကျိုးအတွက်ဟူ၍ လုပ်ကိုင်ခြင်းမရှိကြပေ။ထို့ကြောင့် လူမျိုးစုထဲတွင် ချမ်းသာသူ၊ဆင်းရဲသူ ဟူ၍ မရှိဘဲ လူမျိုးစုပိုင် ပစ်္စည်းအားလုံး၏ ဝေစုရှင်များဖြစ်ကြသည်။သို့ရာတွင် လူမျိုးစုခေါင်းဆောင်က လူမျိုးစုပိုင် ပစ်္စည်းအားလုံးကို အပိုင်စီးပြီး သူ့ပစ်္စည်း သူ့ဥစ်္စာဟု ခေါ်လိုက်သည်နှင့် တစ်ပြိုင်နက် လူတို့၌ လူဆင်းရဲနှင့် လူချမ်းသာဟု ကွဲပြားခြားနားမှု ပေါ်ပေါက်လာရခြင်းဖြစ်သည်။
ထိုလူမျိုးစုခေါင်းဆောင်များသည် ကာလကြာလာသောအခါ ရာဇာ(ဘုရင်)၊မဟာရာဇာများ ဖြစ်လာကြသည်ဟု မှန်းဆကြည့်မိပါသည်။ခေါင်းဆောင်လုပ်သူသည် တဖြည်းဖြည်းနှင့် ဘုရင်ဖြစ်လာပြီး သူ၏စိတ်ထဲတွင် တိုင်းပြည်နိုင်ငံများ အတွင်းရှိ ပစ်္စည်းဥစ်္စာမှန်သမျှ ငါပိုင်ချည်းသာ ဖြစ်သည်ဟူသော အတွေးဆန်းများ ပေါ်ပေါက်လာကြတော့သည်။ဘုရင်တို့သည် လူတို့က သူတို့အား စီမံခန့်ခွဲရန်အတွက်နှင့် တိုင်းပြည်အတွင်းရှိ စားသောက်ဖွယ်ရာနှင့် ပစ်္စည်းဥစ်္စာများကို ခွဲဝေပေးရန်အတွက်သာလျှင် ရွေးကောက်တင်မြှောက်ထားသည် ဟူသော အချက်ကို မေ့လျော့သွားကြလေတော့သည်။
ဘုရင်တို့သည် ထာဝရ ဘုရားသခင်က အခွင့်ထူးပေးထားသူများ သဖွယ် ကိုယ့်ကိုကိုယ် ထင်မြင်လာကာ မဖွယ်မရာ ပြုမူကျင့်ကြံကြတော့သည်။တိုင်းသူပြည်သားများ ထမင်းငတ်နေချိန်တွင် သူတို့သည် စည်းစိမ်ယစ်မူးနေကြသည်။ကာလကြာရှည်လာသောအခါ အချို့တိုင်းပြည် နိုင်ငံများ၌ တိုင်းသူပြည်သားတို့သည် သည်းမခံနိုင်တော့ဘဲ ဘုရင်များကို မောင်းထုတ်ပစ်ကြတော့သည်။သာဓက ပြရလျှင် အင်္ဂလန်ပြည်သူပြည်သားတို့က သူ့တို့ဘုရင် ပထမချားလ်စ်ကို ပုန်ကန်ထကြွ ပြီးလျှင် အဆုံးစီရင်လိုက်ကြပုံကိုလည်းကောင်း၊ပြင်သစ်တွင် တိုင်းသူပြည်သားတို့က တော်လှန် ခြားနားပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ ဘုရင်အဖြစ်မထားတော့ဟု ဆုံးဖြတ်လိုက်ပုံ ကိုလည်းကောင်း၊ရုရှားပြည်သူ ပြည်သူသားတို့က “ဇာ”ဘုရင်ကို နှင်ထုတ်လိုက်ကြပုံ ကိုလည်းကောင်း ကြည့်လျှင် သိနိုင်ပါသည်။
ယခုအခါတွင် တိုင်းပြည်နိုင်ငံ ပေါင်းများစွာ တို့၌ ရှင်ဘုရင်ဟူ၍ပင် မရှိကြ တော့ပေ။တိုင်းနိုင်ငံအများစုသည် သမ်္မတနိုင်ငံများဖြစ်လာကြသည်။အင်္ဂလန်နိုင်ငံတွင် ဘုရင်ရှိသေးသော်လည်း သူတို့တွင် ဘာအာဏာမျှ မရှိကြတော့ပေ။အာဏာအားလုံးကို ပါလီမန်က သိမ်းပိုက်ထားသည်။ထိုပါလီမန်တွင် ပြည်သူပြည်သားတို့က ရွေးကောက်တင်မြှောက်သည့် ခေါင်းဆောင်များထိုင်ကြသည်။အိန်္ဒိယနိုင်ငံတွင် နှစ်ဆယ်ရာစုခေတ်လောက်ထိ ရာဇာများ၊မဟာရာဇာများက လှပကောင်းမွန်သည့် အ၀တ်အစားဝတ်ဆင်ပြီး တန်ဖိုးကြီး မော်တော်ကားများဖြင့် သွားလာနေကြသည်။ထိုအသုံးစရိတ်များသည် တိုင်းသူပြည်သားတို့ထံမှ အခွန်အတုတ်စည်းကြပ်ကောက်ယူထားသော ငွေကြေးများထဲမှ ဖြစ်ကြသည်။အခွန်အတုတ်ကိုပေးခြင်းမှာ ထိုအခွန်အတုတ်ဖြင့် စာသင်ကျောင်း၊ဆေးရုံ၊စာကြည့်တိုက်၊ပြတိုက် လမ်းပန်းနှင့်အခြားတိုင်းသူပြည်သားတို့အတွက် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများကို ပြုလုပ်ရန်ဖြစ်သည်။
လူမျိုးစုခေါင်းဆောင်မှစတင်၍ ဘုရင်စနစ်မှသည် သမ်္မတခေတ်အထိ အဆင့်ဆင့်ပြောင်းလဲလာသော်လည်း ခေါင်းဆောင်ဟုဆိုလိုက်လျှင် သာမန်ပြည်သူပြည်သားတို့၏ အထက်တွင် ရှိနေပြီး လုပ်ပိုင်ခွင့်နှင့် အာဏာသည်လည်း ခေါင်းဆောင်လက်ထဲတွင်သာ ရှိနေဆဲဖြစ်ပါသည်။လူမျိုးစုတစ်စုမှသည် အသင်းအဖွဲ့အစည်းတစ်ခု ထိုမှ တိုင်းပြည်နိုင်ငံ တစ်ခု၏ ကောင်းခြင်း ဆိုးခြင်းနှင့် တိုးတက်ခြင်း၊ဆုတ်ယုတ်ခြင်းသည်လည်း ခေါင်းဆောင်လုပ်သူ၏ လက်ထဲတွင်ရှိနေပါသည်။ကမ်္ဘာဦးခေတ်မှသည် ယနေ့အထိ ခေါင်းဆောင်ဆိုသည်ကို ပြည်သူပြည်သားများက တင်မြှောက်ခဲ့ကြခြင်းဖြစ်ပါသည်။ခေတ်စနစ်များ မည်မျှ တိုးတက်ပြောင်းလဲသွားသော်လည်း ခေါင်းဆောင်လုပ်သူ၏ နေရာသည် အရေးကြီးဆုံး အခန်းကဏ္ဍတွင် ပါဝင်နေဆဲ ဖြစ်နေပြီး နောင်နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင်လည်း အရေးပါနေ ဦးမည်။
နေရာရရှိလာသည့် အချိန်ကာလ ကြာမြင့်လာသော အခါ ထိုနေရာဆိုသည်ကို သံယောဇဉ် တွယ်လာမိတော့သည်။နေ့စဉ်ဖြတ်သန်းနေရသည့် ဘ၀ထဲမှာပင် လူတို့သည် နေရာဆိုသည်ကို တွယ်တာတတ်ကြသည်။သတိထားကြည့်မိလျှင် သိနိုင်ပါသည်။ရုံးဖယ်ရီ၊ကျောင်းဖယ်ရီ နေရာထိုင်ခုံများကို သင့်သလို မထိုင်တတ် ကြသလို၊ရုံးခန်းစားပွဲ ကျောင်းထိုင်ခုံများကိုလည်း သတ်သတ်မှတ်မှတ်သာ ထိုင်လိုကြသည်။အချိန်တို အတွင်းသာ ထိုင်ရသည်ဖြစ်ပြီး အပိုင် မဟုတ်မှန်း သိသော်လည်း ကိုယ့်နေရာ အဖြစ် တွယ်တာ နေတတ်သည်။လူနေအိမ်များကိုလည်း အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့သွားရလျှင် အလွမ်းပြေ နေရာဟောင်းလေးကို လာပြန်ကြည့်တတ်ကြသည်။နေရာစွဲမှ တစ်ဆင့် ဒေသစွဲ၊နိုင်ငံစွဲ ၊လူမျိုးရေး အစွဲတွေ ထိ ရှိလာကြသည်။ကိုယ့်နေရာ၊ကိုယ့်ဒေသ၊ကိုယ့်လူမျိုး၊ကိုယ့်နိုင်ငံကို ချစ်သည့်စိတ်သည် နေရာစွဲမှ စတင်လာသည်ဟုပင် ဆိုနိုင်သည်။ထိုအခါ ပိုင်ဆိုင်လိုစိတ်က ပူးတွဲပါလာတော့သည်။
ကိုယ့်နေရာ ဒေသလေးကို ကိုယ်ပိုင် စီမံခွင့်၊ကိုယ်တိုင် အုပ်ချုပ်ခွင့်များ လိုချင်လာသည်။သည့်အတွက်ကြောင့်
လူမျိုးစုတိုက်ပွဲများ ဆင်နွဲခဲ့ကြသည်မှာ ကမ်္ဘာဦး အစ ကတည်းက ဖြစ်သည်။ပြည်ထောင်စုဖွား၊ညီနောင်များဟု ဆိုဆို မြန်မာပြည်ဖွား သွေးချင်းများဟု ပြောပြော တစ်မြေထဲနေ တစ်ရေထဲ သောက်ကြသည် ဆိုသော်လည်း ဒေသစွဲနှင့် ပတ်သက်လာလျှင် စစ်ဖြစ်ပွားဖို့ ၀န်မလေး ဖြစ်နေကြသည်။မြန်မာပြည် လွတ်လပ်ရေး မရခင်ကလည်း တောင်ပေါ်၊မြေပြန့် ခွဲခြားအုပ်ချုပ်ရေး ပြဿနာ ပေါ်ပေါက် ခဲ့ရသလို၊လွတ်လပ်ရေးရပြီးသည်မှ ယခုချိန်ထိ ရင်ဆိုင်နေရသည်မှာလည်း တိုင်းရင်းသား မျိုးနွယ်စုများနှင့် ငြိမ်းချမ်းယူနေရသည့် ကိစ်္စဖြစ်သည်။လက်နက်နှင့် ငြိမ်းချမ်းရေး လှဲလှယ်ရသည့် အကြိမ်မှာလည်း မရေတွက်နိုင်တော့။အမှန်တစ်ကယ် ငြိမ်းချမ်းချင်ပါရဲ့လားဟုပင် သံသယ၀င်မိ လာသည်။သက်ဆိုင်ရာ နှစ်ဖက်တာဝန်ရှိသူ အကြီးအကဲများ၏ အလုပ်လုပ်နေပါသည် ဟူသော အကြောင်းပြချက်များအောက်တွင် အိုးအိမ်နှင့်အသက် စတေးခဲ့ရသည့် တိုင်းရင်းသားပြည်သူနှင့် တပ်မတော်သားငယ် တို့၏ ဘ၀ပေါင်းက များစွာ။
မယုံကြည်မှုများ၊အလိုလောဘများ၊မလို မောဟများကြား ငြိမ်းချမ်းရေးဆိုသည်က ပျောက်ဆုံးနေရသည်။ သည်အတိုင်း ဆက်သွားနေရလျှင် နောင်လာ နောင်သားတို့သည် ငြိမ်းချမ်းရေး ဆိုသည့် စကားလုံးကိုပင် ကြားဖူးတော့မည် မထင်။မငြိမ်းချမ်းမှု၏ မူရင်းကို ပြောပါဆိုလျှင် ခေါင်းဆောင်မှုနှင့် နေရာက စခဲ့သည်ဟု ဆိုရမည်။နေရာဆိုသည်ကို တွယ်တာစရာဟု မသတ်မှတ်လျှင်၊ခေါင်းဆောင်ဆိုသည်မှာ အခွင့်ထူးခံဟု မသတ်မှတ်ထားလျှင် ထိုနေရာ တည်မြဲရေးအတွက် တိုက်ခိုက်နေဖို့ မလိုအပ်တော့ပါ။အလုပ်တာဝန် ခွဲဝေမှုမရှိ၊ပိုင်ဆိုင်မှု မြေနေရာ သတ်မှတ်ထားခြင်းမရှိ၊အများနည်းတူ အလုပ်လုပ်ရသည့် ခေါင်းဆောင်၊လူမျိုးစုပိုင် ပစ်္စည်းသည် ဘုံပိုင် ပစ်္စည်း အဖြစ် သုံးစွဲနေကြသည့် ကမ်္ဘာဦး အစကို ပြန်တွေးကြည့် စေချင်သည်။ထိုအနေအထားထိ ပြန် မဟုတ်တောင် ပဋိပက်္ခ ဖြစ်နေကြသူ အချင်ချင်း ယုံကြည်မှုတိုးပြီး အလိုလောဘ အနည်းငယ်စီ လျှော့ချလိုက်လျှင် ငြိမ်းချမ်းရေးနှင့် တော်တော်နီးစပ်နိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။
ကမ္ဘာ့ ဖလားနဲ့ ကျွန်မ စကား
Posted by
Unknown
at
8:01 AM
Sunday, July 13, 2014
ကမ်္ဘာ့ဖလား ဘောလုံးပွဲ ကာလများကတော့ ဘယ်နေရာသွားသွား ထိုအလုံး ကိစ်္စနှင့်လွတ်ကို မလွတ်နိုင်ပါဘူး။တစ်ချို့ဘောလုံးပွဲစဉ် တွေကလည်း ညည့်နက် သန်းခေါင် အချိန်တွေ ဖြစ်နေတတ်ပါတယ်။ဘောလုံးပွဲကြည့်ပြီး နောက်တစ်နေ့ မနက်ရောက် တော့လည်း သက်ဆိုင်ရာ လုပ်ငန်းခွင်ကို ၀င်ကြတဲ့သူတွေများပါတယ်။အိမ်မှာ အေးအေး ဆေးဆေး ပြန်အိပ်နေနိုင်တာ ဆိုလို့ သက်ကြီးပိုင်းတချို့လောက်ပဲ ရှိမယ်ထင်ပါတယ်။ဒါကြောင့်လည်း ကျန်းမာရေး ဂျာနယ်အချို့က “ဘောပွဲ မကိုက်အောင်နေနည်း” ဆိုပြီး အစားအသောက် အနေအထိုင်ကအစ အကြံပေးထားတာတွေတောင် တွေ့ရပါတယ်။
ကျွန်မ ကတော့ ဘောလုံးပွဲဆိုတာကို ခံစားကြည့်လို့ မရတဲ့သူ တစ်ယောက်ပါ။ဘယ်နှယ့် ကွင်းအကျယ်ကြီးထဲမှာ ဘောလုံးတစ်လုံးတည်း ထည့်ထားပေးပြီး လူအယောက်နှစ်ဆယ် လောက် ၀ိုင်းကန်နေကြတာကို အိပ်ရေးပျက်ခံပြီး ကြည့်ကြရတယ်လို့ ကျွန်မရဲ့ သဘောထားကို မိတ်ဆွေတစ်ယောက်ကို ပြောပြမိတော့ “ခင်ဗျားပြောမှပဲ ဘောလုံးပွဲ အရသာ ပျက်တော့တယ်၊ ကျွန်တော် ဖီဖာအဖွဲ့ကို ပြောပေးမယ် ကွင်းထဲမှာ ဘောလုံးတွေ အများကြီးထည့်ထား ပေးပါလို့”ဆိုပြီး ကျွန်မကို ရယ်နေခဲ့ဖူးပါတယ်။အဲဒီ ရက်ထဲတွေမှာတော့ ကမ်္ဘာ့ဖလား ဘောလုံးပွဲ အကြောင်းမှ ၀င် မပြောနိုင်ရင် ဘယ်စကားဝိုင်းကိုမှ ၀င်လို့မရဘူးဖြစ်နေတော့တယ်။
ကျွန်မ သင်တန်းသူတွေကလည်း ဒီကမ်္ဘာ့ဖလား အကြောင်းပဲ ပြောနေ ကြတာ ဆိုတော့ ဘောလုံးအကြောင်းတွေ ဖော်ပြတဲ့ ဂျာနယ်တွေ ကျွန်မလိုက်ဖတ်တယ်။ဖွင့်ပွဲ အခမ်းအနားမှာ ရိုက်ထားတဲ့ အခွေတွေကြည့်ဖြစ်တယ်။ကမ်္ဘာ့ဖလား ဘောလုံးပွဲ သီချင်းဖြစ်ခဲ့ဖူးတဲ့ “ရှာကီရာ” ရဲ့ ”၀ါးကား ၀ါးကားသီချင်းကိုတော့ ကျွန်မလည်း ကြိုက်ပါတယ်။ အံ့သြတာတစ်ခုက ၂၀၁၄ ကမ်္ဘာ့ဖလားမှာ ဗိုလ်စွဲမဲ့ အသင်းကို ခန့်မှန်းပြီး လောင်းကြေး ထပ်ကြတာကိုပါပဲ။ကိုယ် ကိုယ်တိုင် ၀င်ကန်ရတာလည်း မဟုတ်ပဲနဲ့ မသေချာတဲ့ အရာတစ်ခုကို သူများကန်တာကြည့်ပြီး ရဲရဲကြီး ခန့်မှန်းရဲလိုက်ကြတာလို့ တွေးမိလို့ပါ။
ကျွန်မတို့ သုံးတန်းနှစ်တုန်းကတော့ ဘောလုံးပွဲ အကြောင်း စာထဲမှာ သင်ခဲ့ဖူးတယ်။သေသေချာချာတော့ မမှတ်မိပါဘူး။တစ်သင်းကို လူဆယ့်တစ်ယောက်ရှိပြီး သူ့နေရာနဲ့သူ တာဝန်ယူပြီးကန်ကြရတယ်။ဘောလုံးကို လိုက်ကန်ချင်းတိုင်းလည်း ကန်လို့မရ၊ အပြစ်ပေးတာတွေကလည်း ကျွန်မသိသလောက် လက်ပစ်ဘောတဲ့၊ ကွင်းထဲမှာ လူတွေ အတူတူကန်နေကြရင်းက လူကျွံသွားလို့ လူကျွံဘောတဲ့၊ ထောင့်ကန်ဘောနဲ့ ပြီးတော့ တစ်ကွင်းလုံးမှာ ကန်နေကြတဲ့ လူအယောက်နှစ်ဆယ်လောက်က ၀င်မကန်ကြတော့ဘဲ တစ်ဖက်အသင်းက တစ်ယောက်ပဲကန် အခြားတစ်ဖက်အသင်းရဲ့ဂိုးတိုင်ရှေ့မှာ တည့်တည့်ကြီး၊ အခြားအဖွဲ့ကလည်း ဂိုးလ်ကီပါလို့ခေါ်တဲ့ ဂိုးဖမ်းသမား တစ်ယောက်ထဲကဖမ်းရမှာ ဖြစ်တဲ့ ပယ်နယ်တီ တဲ့။
ကွင်းထဲက ဒိုင်လူကြီးတွေကျတော့လည်း ဘောလုံးကို မထိမိအောင် ရှောင်ပြီး ဘောကန်သမားတွေနဲ့အတူ ပြေးလိုက်ရတာ ဖတ်ဖတ်ကိုမောလို့။ဒီကြားထဲကတောင် သူတို့မမြင်လိုက်ရတဲ့ အဖြစ်အပျက်တွေကြောင့် ပရိတ်သတ်နဲ့ အငြင်းပွားကြ။၁၉၈၆ခုနှစ် ကမ်္ဘာ့ ဖလားပွဲမှာ ဗိုလ်စွဲခဲ့တဲ့အာဂျင်းတီနားအသင်းက မာရာဒိုနာက လက်နဲ့ပုတ်သွင်းလိုက်လို့ နိုင်ခဲ့တာလို့ကြားဖူးခဲ့တာပဲ၊ဘာတဲ့ Hand of God ဆိုလားတောင် ပြောနေကြတယ်။။ပွဲကြည့် ပရိတ်သတ်တော်တော်များများက မြင်လိုက်ပေမဲ့ ကွင်းလယ်ဒိုင်လူကြီးက မမြင်လိုက်လို့ ရခဲ့တာတဲ့၊အဲဒီလိုလည်း ဖြစ်ပြန်ရောလားလို့ ကျွန်မ တွေးကြည့်မိတယ်။အခုခေတ်မှာ ပွဲစဉ်ကိုပြန်ကြည့်လို့ရတဲ့ ခေတ်မီစက်တွေက ပေါ်နေပြီဆိုတော့ အဲဒီလို မဖြစ်လောက်တော့ဖူးထင်ပါတယ်။ဖီဖာအဖွဲ့ကြီး ကလည်း ပရိတ်သတ် တောင်းဆို တင်ပြတာတွေကို လိုက်ညှိဖြေရှင်းပေးရင်းက ဂိုးတိုင်ကိုချဲ့ပေးဖို့ ကိစ်္စပါ ပါလာတော့တယ်။ဂိုးလ်ကီပါတွေကလည်း ဂိုးတိုင်သာ ချဲ့မယ်ဆိုရင် ဒီအတိုင်းသာ ကန်သွင်းလိုက်ကြပါတော့လို့ ပြောကြတယ်တဲ့။
ဆရာမင်းလူရဲ့ “အချစ်နဲ့ဘောလုံး” စာအုပ်ဖတ်လိုက်ရတော့ ဘောလုံးပွဲဆိုတာ စည်းလုံးညီညွတ်တဲ့ စိတ်ကို ပေါ်ပေါက်စေတာပဲလို့ လက်ခံမိပြန်တယ်။၂၀၁၀ ကမ်္ဘာ့ ဖလားမှာ အုပ်စုအဆင့်က ထွက်ခဲ့ရတဲ့ ပြင်သစ်အသင်းကို အပြစ်ပေးအရေးယူပေးဖို့ ပြင်သစ်ပြည်သူတွေက တောင်းဆိုကြတယ်လို့ ဖတ်လိုက်ရတယ်။ပြင်သစ်အစိုးရကလည်း စုံစမ်းမှုတွေ ပြုလုပ်ပြီး အပြစ်ပေးအရေးယူခဲ့တယ်ဆိုပဲ။အဲဒီလိုဆိုတော့လည်း ဘောလုံးပွဲဆိုတာ တနည်းအားဖြင့် မျိုးချစ်စိတ်ကို ဖော်ပြတာပဲလို့ ကျွန်မခံစားလိုက်မိတယ်။ရှုံးထွက် ထွက်ပေးလိုက်ရတဲ့ အသင်းက အားကစားသမားတွေလည်း ငို၊ပွဲကြည့်ပရိတ်သတ်လည်း ငိုကြနဲ့ တွေ့ရတော့ ဘောလုံးပွဲဆိုတာ စည်းလုံးညီညွတ်ဖို့ အတွက် အကောင်းဆုံးသော စည်းရုံးနည်းတစ်ခုပါလားလို့ ကျွန်မ သတိထားမိပြန်တယ်။
ဒီနှစ် ကမ်္ဘာ့ ဖလားပြိုင်ပွဲ ရဲ့ အိမ်ရှင်နိုင်ငံကတော့ ၂၀၀၇ခုနှစ်တုန်းက အိမ်ရှင်ဖြစ်ခဲ့ဖူးတဲ့ ဘရာဇီးနိုင်ငံပါပဲ။ဒါပေမဲ့ ဘရာဇီးရဲ့ နိုင်ငံရေးပိုင်း မတည်ငြိမ်မှုတွေ၊အသုံးပြုမဲ့ ကွင်းတိုင်းအတွက် ဘတ်ဂျက်ငွေဟာ အကန့်အသတ် ကျော်လွန်နေတာတွေ ကြောင့် ပြည်သူတွေဆီက မကျေနပ်သံတွေ ကြားနေရပါတယ်။ပြည်သူ အချို့ကျတော့ လည်း ငါးကြိမ် ချန်ပီယံဆိုတဲ့ ဘောလုံးသမိုင်းက သူတို့ နိုင်ငံအတွက် ဂုဏ်ယူ စရာ ဖြစ်လို့နေပါတယ်။ ကမ်္ဘာ့ဖလား ဘောလုံးပွဲ လက်ခံကျင်းပခွင့်ရတဲ့ နိုင်ငံဟာ နိုင်ငံခြားဝင်ငွေ အမြောက်အမြား ရတာကြောင့် နိုင်ငံ့စီးပွားသိသိသာသာ တိုးတက်လာတယ်လို့ သိလိုက်ရတဲ့ အချိန်မှာတော့ ကျွန်မ ကမ်္ဘာ့ ဖလား ဘောလုံးပွဲဆိုတာကို တော်တော် စိတ်ဝင်စားသွားတယ်။၂၀၁၀ မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ တောင်အာဖရိက နိုင်ငံက ဆင်းရဲမွဲတေတဲ့ နိုင်ငံထဲမှာ ပါတယ်လို့သိရပါတယ်။ကမ်္ဘာ့ဖလားပွဲပြီးတဲ့အခါ သူတို့နိုင်ငံ စီးပွားရေး ဦးမော့လာနိုင်တာကို တွေ့ရတယ်။အဲဒါကြောင့်ထင်ပါရဲ့ တောင်အာဖရိကနိုင်ငံက ၂၀၂၀ မှာလည်း အိုလံပစ်အိမ်ရှင်ဖြစ်ရေးအတွက် အိုင်အိုစီကို ကမ်းလှမ်းနေကြပြန်ပြီ။
ကျွန်မ တို့နိုင်ငံအနေနဲ့ကတော့ မြန်မာဘောလုံးအသင်း သွားရောက်ယှဉ်ပြိုင်ခွင့် ဆိုတာ အသာထားလို့၊တစ်ကမ်္ဘာလုံး ကြည့်ခွင့်ရှိနေတဲ့ ကမ်္ဘာ့ဖလားဘောလုံး ပြိုင်ပွဲဆိုတာကို လူတိုင်း ကြည့်ခွင့်တောင် မရနိုင်ကြပါဘူး။စကိုင်းနက်ဆိုတဲ့ ပြာတာတာ အ၀ိုင်းလေးတပ်ထားပြီး ဘောလုံးပွဲလိုင်း အတွက် ငွေသွင်းထားပါမှ ကြည့်ခွင့်ရကြရတယ်။အဲဒီတော့ ကမ်္ဘာ့ ဖလားဆိုတာ မြန်မာ ပြည်သူတွေနဲ့ ခပ်ဝေးဝေး ဖြစ်နေသလားလို့ ခံစားရတယ်။ကျွန်မကတော့ စိတ်ကူးယဉ်တယ် လို့ ပြောပြောကမ်္ဘာ့ဖလား ဘောလုံးပွဲကို အိမ်ရှင်နိုင်ငံအဖြစ် ကျွန်မတို့ နိုင်ငံကသာ ကျင်းပခွင့် ရခဲ့မယ်ဆိုရင်၊ ကမ်္ဘာ့နိုင်ငံ အသီးသီးက ဘောလုံး အားကစားသမားတွေနဲ့ ပွဲကြည့်ပရိတ်သတ်တွေ လာကြစမ်းပါစေ။နိုင်ငံရေး မတည်ငြိမ် မှုတွေ၊ဘာသာရေး ပဋိပက်္ခ်္ခတွေ ခဏမေ့ထားလို့ ဘယ်တုန်းကမှ စိတ်မ၀င်စားခဲ့တဲ့ အလုံးတစ်လုံးထဲကို လူနှစ်ဆယ်လောက် ၀ိုင်းကန်ကြနေတဲ့ ဘောလုံးပွဲဆိုတာကြီးကို မထတမ်း အားပေးပစ်လိုက်မှာ တစ်ကယ်ပါ။
Subscribe to:
Posts (Atom)