-
My Novel
.................
-
About Me
Khin Thandar
-
Miss Myanmar Gym
Please come and join with us if you want to fit.
“ကြွေတစ်လှည့်”
Posted by
Unknown
at
5:35 AM
Wednesday, August 13, 2014
( ၁ )
“ပိန်ပိန် အဖေတို့ရော ”
အိမ်ပေါ်သို့ အပြေးတစ်ပိုင်းဖြင့် တက်လာရင်း ရေဒီယိုတင်ထားရာ စင်ဆီသို့ အမောတကော သွားနေသည့် အစ်ကိုကြီးက ကျွန်မကို လှမ်းမေးလိုက်ခြင်းဖြစ်သည်။မောင်နှမတစ်တွေထဲတွင် လူမညှက်သော်လည်း ပိန်းပါးလွန်းသည့် ကျွန်မကို အစ်ကိုကြီးက ပိန်ပိန်ဟု ခေါ်လေ့ရှိသည်။အရေးအခင်း ကျောင်းပိတ်ရက်များ ဖြစ်နေသဖြင့် မောင်နှစ်ယောက်ကလည်း အိမ်တွင်မရှိ။အမေကလည်း အသုဘတစ်ခုကိုလိုက်ပို့နေပြီး အဖေကလည်း သူ့မိတ်ဆွေတစ်ယောက်အိမ်သို့ရောက်နေသည်။အစ်ကိုကြီးက ကျွန်မကိုမေးလိုက်သော်လည်း အဖြေကို မစောင့် တစ်အိမ်လုံးကို ဝေ့ကြည့်လိုက်ရင်း ဘယ်သူမှ မရှိမှန်း သိပုံရသည်။ကက်ဆက်ကိုသာ နှစ်သက်တတ်သည့် အစ်ကိုကြီးက ရေဒီယိုဖွင့်သည်ဆိုတော့ ကျွန်မ အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။သူကလည်း ရေဒီယို လှည့်နေရင်း “နင်ဘာမှ မသိဘူးမလား ရေဒီယိုနားထောင်” ဟု ဆိုကာ ရေဒီယို အသံကို ဆောင်းဘောက်နှင့် ချိတ်ဆက်နေသည်။ဘေ့စ်သံ ကျယ်လောင်လောင် နှင့်အတူ မြူးကြွကြွ စစ် သီချင်းသံထွက်လာသည်။
“ရဲရဲတောက် တို့ဗမာတွေ၊သတ်္တိခဲတွေ၊ရာဇ၀င်ထိုးလောက်အောင် စွန့်ပေ၊ဒို့တိုင်း ဒို့ပြည်၊လွတ်လပ်ရေးကို အာဇာနည်သွေးတွေ အရိုးကြေကြေ၊ဒို့ပြေ ဒို့မြေ။”
ခေတ်ဆွေးကို ပြောင်းပြန်၊ခေတ်သစ်ကို စီမံ၊လွတ်လပ်ဖို့ စိတ်ကြံ၊ညီစေနော် ဒို့ရဲဘော်၊ချီတက်ကြစို့ တူပျော်ပျော်-----ဘယ် ညာ ဘယ်ညာ-------
သီချင်းသံက တစ်ဝက်တစ်ပျက်နှင့် ရပ်သွားပြီး သတင်းကြေငြာသည့် အသံထွက်လာသည်။ကျွန်မသိသည်က ည ၈နာရီမှသာ သတင်းကြေငြာသည်။ယခု အချိန်က ညနေ ၄ နာရီသာသာလေး ရှိသေးသည်။အချိန်အခါမဟုတ် သတင်းကြေငြာသည်ဟု ကျွန်မ ထင်လိုက်မိသည်။
အစ်ကိုကြီးက “နားထောင် အဲဒါ အမိန့်ကြော်ငြာစာ” စကားကို ဆုံးအောင် မဆက်။
“ယနေ့ စက်တင်ဘာလ ၁၈ရက်နေ့မှ စတင်၍ တပ်မတော်မှ အာဏာသိမ်းလိုက်သည်။ထို့ကြောင့် သပိတ်စခန်းအသီးသီးတွင် ရောက်ရှိနေသည့် သူများ ယနေ့ည ၁၂နာရီ နောက်ဆုံးထားပြီး ထွက်ခွာပေးပါရန်” ဆိုသည့် အမိန့်ကြော်ငြာဖြစ်သည်။အတိအကျတော့ ကျွန်မ မမှတ်မိတော့ ထိုသို့ အဓိပ်္ပ်္ပါယ်သက်ရောက်သည့် စာသားများ ဖြစ်သည်။ခပ်တိုတိုသာ ကြေငြာပြီး စစ်သီချင်းကို ဆက်ကြားနေရသည်။
“တစ်မျိုးလုံးအတွက်ကို အသက်နဲ့လဲမည် အာဇာနည်ပီပီ၊အရေးရှိခဲ့လျှင် ရှေ့က ရပ်ကာ အသေခံမယ် ယုံကြည်၊ငါတို့ တပ်မတော် အမှန်ဖြစ်သည်၊နိုင်ငံ့တပ်မတော် အမှန်ဖြစ်သည်၊ နိုင်ငံ့တပ်မတော် အမှန်ဖြစ်သည်၊ အင်အားကို ကြီးမားအောင် ကူညီ။--------တပ်မတော်ကြီးကို အင်အားရှိဖို့ အရာရာမှာ ကူညီ၊ရဲဘော် အပေါင်းကို ကိုယ့်သွေးသားမို့ အစဉ်မမေ့အပ်ပေသည်။”----------
နောက်တစ်ကြိမ် သတင်းကြေငြာသံ ထွက်ပေါ်လာသည်။အကြောင်းအရာကတော့ အရင်ကြေငြာသည့် အတိုင်းသာ ဖြစ်သည်။အစ်ကိုကြီးကို လှမ်းကြည့်လိုက်တော့ ကျောပိုးအိတ် တစ်လုံးထဲသို့ အ၀တ်အစား တစ်ချို့ထည့်နေသည်ကို တွေ့ရသည်။သူ့ပုံကို ကြည့်ရသည်မှာ အရေးကြီးကိစ်္စ်္စတစ်ခုကို လျှို့ဝှက်စွာ ဆောင်ရွက်တော့မလို။
“ကိုကြီး ဘာတွေဖြစ်နေတာလဲ ပြောအုံးလေ”
“နင် မကြားဘူးလား ရေဒီယိုက ကြေငြာနေတာ” စင်ရှိရာသို့ မေးငေါ့ပြရင်း “သေချာ နားထောင်”ဟု ထပ်ဆင့်ပြောလိုက်သေးသည်။ထိုအချိန် စစ်သီချင်းသံ နောက်တစ်ပုဒ်က ထပ်မံထွက်ပေါ်လာပြန်သည်။
“ဗမာ ဗမာ ကမ်္ဘာပေါ်မှာ ကြွားနိုင်စေဖို့ရာ၊ဗျူဟာပညာ တို့အမျိုးသားတို့ နားလည်စေချင်တာ၊ဗျူဟာပညာ သင်ကြားကြလို့ ကြိုးစားတို့ဗမာ၊ တို့အမျိုးရဲ့ အကျိုးတွက် သယ်ပိုးစေဖို့ရာ------------
----- အောင်လံထွန်းပြောင်၊ကြယ်ပေါင်းခကာ၊ဗမာ့ အောင်လံပါ၊ဆောင်ရန် ကျင်းတော့ အလင်းရောင်ပေါ် ဗမာတို့ရဲ့ တပ်မတော်----------”
စစ်သီချင်းသာ ပြောင်းသွားသည်၊သတင်းကြေငြာချက်က အတူတူပဲမို့ ကျွန်မ ဆက်နားမထောင်ဖြစ်တော့။ကျွန်မစိတ်ထဲတွင်တော့ ဆောင်းဘောက်ဖြင့် ဖွင့်ထားသည့် သီချင်းသံက နားထောင်၍ပင် ကောင်းနေသေးသည်။ အစ်ကိုကြီးက ကျွန်မကို လှမ်းကြည့်ပြီး “သိပြီလား ဘာတွေဖြစ်နေတယ်ဆိုတာ” ဟုဆိုကာမေးနေသည်။
“သိတယ်လေ၊တပ်မတော်က အာဏာသိမ်းလိုက်တယ်တဲ့၊သပိတ်စခန်းက လူတွေ ကိုယ့်အိမ် ကိုယ်ပြန်ကြတော့လို့ ပြောတာ မဟုတ်ဘူးလား။ကိုကြီးလည်း အဲဒါကြောင့် အိမ်ပြန်လာတာ မလား”
ကျွန်မက ဆိုလိုက်တော့
“ငါ အိမ်ပြန်လာတာ မဟုတ်ပါဘူး ထွက်ပြေးမလို့ အ၀တ်အစားတွေ လာယူတာ၊ငါတို့ အဖွဲ့တွေ ဒီနေ့ညပဲ ထွက်ကြမယ်၊မ၀ါကြီးလည်းပါတယ်။အဖေနဲ့ အမေ့ကို ကန်တော့ခဲ့တယ်လို့ပြောလိုက်။နင်လည်း လိမ်လိမ်မာမာနေ။”
“တပ်မတော် အာဏာသိမ်းတာနဲ့ ကိုကြီးက မဆီမဆိုင် ဘာလို့ထွက်ပြေးရတာလဲ” ကျွန်မရဲ့ အမေးကို အစ်ကိုကြီးက ဒေါသတကြီးနဲ့
“ဟာ ငါတို့က သပိတ်စခန်းမှာ ရက်တွေ အများကြီး သွားနေပြီး လုပ်အားပေးခဲ့ကြတာလေ၊ ထွက်မပြေးရင် အဖမ်းခံရမှာပေါ့ဟဲ့ ငပိန်ရဲ့” တဲ့။
အစ်ကိုကြီးက ကျွန်မကို သာမန်ချိန်များတွင် ပိန်ပိန်ဟု ခေါ်တတ်ပြီး သူစိတ်တိုလျှင် သည့်ထက် လှပသည့် နာမ်စား ဖြစ်သည့် ငပိန် ဆိုသော အသုံးအနှုန်းကို သုံးလေ့ရှိသည်။ထိုအချိန်က ကျွန်မက ကိုးတန်းကျောင်းသူ။အစ်ကိုကြီးပြောသည့် စကားများက သိပ်အဆက်အစပ် မရှိဟု ကျွန်မ ခံစားရသည်။အရေးအခင်းကာလများက ကျွန်မ အတွက်တော့ ပျော်ရွှင်ဖွယ်။ကျောင်းစာများနှင့် ကင်းဝေးပြီး သူငယ်ချင်း စာအုပ်ဆိုင်မှ စာအုပ်များ ငှားဖတ်ခွင့်ရခဲ့သည်။ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ကဗျာများဖတ်ပြီး ကူးထားရသည်မှာ အမော။ဆရာမ ဂျူး ၏ စာအုပ်များကို အားလုံးဖတ်ခွင့်ရသဖြင့် အတော်ကျေနပ်နေမိသည်။ထိုအချိန်က ဆရာမက ၀တ်္တုရေးအား ကောင်းနေချိန်ဖြစ်သဖြင့် အရင်တစ်အုပ်ကို ကျွန်မ မဖတ်ရသေးမီ နောက်တစ်က ထွက်နှင့် နေပြီ၊နွေကျောင်းပိတ်ရက်များမှ အပြင်စာ ဖတ်ခွင့်ရသဖြင့် ဆရာမ စာအုပ်များကို အလျဉ်မီအောင် မဖတ်နိုင်ခဲ့။
အစ်ကိုကြီးကတော့ ကျောပိုးအိတ်တစ်လုံးဖြင့် အိမ်မှ ဆင်းသွားခဲ့ပြီ။အိမ်တွင် မည်သူမှ ရှိမနေသဖြင့် တားရကောင်းမှန်းလည်း ကျွန်မ မသိခဲ့။အဖေနှင့်အမေ ပြန်လာတော့ အကြောင်းစုံပြောပြမိသည်။အမေက စိတ်ပူသည့် ပုံပေါ်သော်လည်း အဖေကတော့ ခပ်အေးအေး အမူအရာဖြင့် “ဘယ်ကိုပြေးကြမယ်လို့ ပြောလဲ”ဟု မေးသည်။ကျွန်မ လည်းမေးမထားမိ၊အစ်ကိုကြီးကလည်း ပြောမသွားသဖြင့် မသိဘူးဟုသာ ဖြေနိုင်သည်။နောက်နေ့များတွင် သပိတ်ခေါင်းဆောင်အချို့နှင့် ၊ကျောင်းသားခေါင်းဆောင်များ အဖမ်းခံရသည် ဆိုသည့် သတင်းများက နယ်မြို့ကျဉ်းကျဉ်းလေးတွင် ပျံ့နှံ့လို့နေသည်။လူအနည်းအကျဉ်းလောက်သာ အဖမ်းခံရပြီး နောက်ထပ် အဖမ်းရသည့်သတင်း မကြားရတော့။အရေးအခင်းကာလများအတွင်းက ကျွန်မ အစ်ကိုကြီးနှင့် အိမ်နီးချင်း မ၀ါကြီး ဆိုသည့် အမတစ်ယောက်တို့ ဘယ်က ဘယ်လိုလုပ်ပြီး သပိတ်စခန်းသို့ ရောက်သွားကြသည်မသိ။မ၀ါကြီးက ဒုတိယနှစ် ကျောင်းသူဖြစ်သဖြင့် တက်္က်္ကသိုလ်ကျောင်းသူ၊ကျောင်းသားများနှင့် ဆုံမိပြီး ပါသွားခြင်းဖြစ်သည်။အစ်ကိုကြီးတော့ အတန်းတွေကျသဖြင့် ကျွန်မနှင့်အတူတူ ကိုးတန်းကျောင်းသားသာ ရှိသေးသည်။ဘယ်လိုပဲ ဖြစ်ဖြစ်သပိတ်စခန်းက လက်ခံ ထား၍သာ သူတို့နှစ်ယောက်စလုံး အိမ်ပြန်မလာကြ ခြင်းဖြစ်သည်။
( ၂ )
ထိုအချိန်ကာလများက အမေ ဈေးကပြန်လာတိုင်း စိတ်တိုပြီး ရေရွတ်သံကိုကြားနေရသည်။
“အိမ်မှာ သောက်ရေတစ်အိုး မဖြည့်တဲ့ကောင်က ဈေးထိပ်မှာ သတင်းစာရောင်းနေတယ်လေ၊အမေကို မြင်တာတောင် မသိသလိုနဲ့၊နေပူကျဲတဲ အဆောင်းမပါ ဘာမပါနဲ့ ဘယ်နေ့ ဖျားပြီးအိမ်ပြန်ရောက်လာမလဲ မသိဘူး”။
အစ်ကိုကြီးက “နတ်မျက်စိ” ဆိုသည့် သတင်းစာကို ဈေးထိပ်တွင် နံနက်ခင်းတိုင်း အော်ရောင်းလေ့ရှိသည်။ဆိုရှယ်လစ် ပါတီဥက်္က်္ကဌ၏ ပိုင်ဆိုင်မှုများ။အတွင်းရေးမှူး၏ အကျင့်ပျက် ခြစားမှု၊တိုးတိုးတိတ်တိတ် အငယ်အနှောင်း ဇာတ်လမ်းများကို ထိုသတင်းစာထဲတွင် ထည့်ရေးကြသည်။မည်သူမှ ကန့်ကွတ် ဟန့်တားမည့်သူ မရှိ။လွတ်လပ်စွာ ရေးကြ၊ရောင်းကြသည်။နတ်မျက်စိ ဆိုသည့်သတင်းစာက သပိတ်စခန်းမှ ပုံနှိပ်ထုတ်ဝေခြင်းဖြစ်သည်။ရောင်းအား အလွန်ကောင်းသည်။သတင်းစာရောင်းသည့်သူက အစ်ကိုကြီး အပါအ၀င် လေးယောက်ရှိသည်။မ၀ါကြီး၏ မိသားစုတို့က ကျွန်မတို့နှင့် မိသားစုတွေလို နှစ်အိမ့် တစ်အိမ် နေကြခြင်းဖြစ်သည်။အစ်ကိုကြီးက သပိတ်စခန်း တွင် ရှိနေသည့်အတွက် မ၀ါကြီးတို့ မိသားစုကလည်း သူတို့သမီးအတွက် စိတ်မပူကြ။
နယ်မြို့ကျဉ်းကျဉ်းလေး၏ လမ်းကလေးများတွင် ဆန်္ဒပြသူများက နေ့စဉ်နေ့တိုင်း ရှိနေကြသည်။တစ်ရက်တော့ ကျွန်မ ကိုယ်တိုင် မြင်တွေ့ခွင့်ရခဲ့သည်။မ၀ါကြီး၏ ညီမ မနီလာ နေမကောင်းသဖြင့် ဆေးခန်းသို့ စက်ဘီးဖြင့် လိုက်ပို့ပေးရသည်။ဆေးခန်းတွင် ရှေ့မှ လူနာများကို ထိုင်စောင့်နေခိုက် စီတန်းလှည့်လည်လာသည့် လူတန်းရှည်ကြီးကို တွေ့လိုက်ရသည်။ဘေးမှ ကျောင်းသားကြီး တစ်ချို့က ထမင်းထုပ်ထည့်ထားသည့် တောင်းများကို ထမ်းထားကြသည်။ရပ်ကွက်ထဲမှ အိမ်များက သပိတ်စခန်းမှ ကျောင်းသားများအတွက် ထမင်းထုပ်ဝေကြသည်။လူတန်းရှည်ထဲမှ ကျောင်းသားနှစ်ယောက်ထွက်လာပြီး ဆေးခန်းသို့ ၀င်ပြသည်။စောင့်နေကြသည့် လူနာများက ကြည်ဖြူစွာ အလှည့်ကျော်ခွင့်ပေးလိုက်ကြသည်။ဆေးခန်းမှ ဒေါက်တာက ဆေးဖိုးဝါးခ မယူလိုက်၊နောင် လိုအပ် လျှင်လည်း သပိတ်စခန်းမှ ကျောင်းသားများအတွက် ဆေးများပေးလှူမည်ဟု ပြောလိုက်သေးသည်။နောက်တစ်နေ့ မနက် နတ်မျက်စိ သတင်းစာထဲတွင် ထိုဆေးခန်းမှ ဆရာဝန်လင်မယားက သပိတ်စခန်းက ကျောင်းသားများအတွက် ဆေးဝါး ထောက်ပံ့ပေးနေကြောင်း စာလုံးအမည်းကြီးနှင့် ပါလာသည်ကို တွေ့ရသည်။
ရက်သတ်္တပတ် အနည်းငယ်ကြာသည်ထိ အစ်ကိုကြီးတို့အဖွဲ့ အဖမ်းခံရသည်ဟု မကြားမိသေး။အဖမ်းအဆီး ကိစ်္စ များကလည်း ငြိမ်သက်သလောက်ပင် ဖြစ်သွားသည်။နောက်တစ်နေ့တွင် နယ်မြို့အနီးရှိ ဂိုထောင်ရွာမှ တာဝန်ရှိ လူကြီးတစ်ယောက် အကြောင်းလာကြားပေးသဖြင့် သက်ဆိုင်ရာ မိဘများက ရွာသို့ရောက်နေသည့် ကျောင်းသားများအား သွားခေါ်ကြရသည်။ဂိုထောင်ရွာက ကျွန်မတို့ နေထိုင်ရာ နယ်မြို့လေးနှင့် ငါးမိုင်သာ ဝေးသည်။သည်လောက် နီးနီးရွာလေးသို့ ထွက်ပြေးကြလိမ့်မည် ဟု ကျွန်မ မထင်ခဲ့မိသည့် အတွက် အနည်းငယ် အံ့သြသွားရသည်။အိမ်ပြန်ရောက်လာသည့် အစ်ကိုကြီးနှင့် မ၀ါကြီးကို အိမ်နီးချင်း ရွယ်တူများက သူတို့၏ စွန့်စားခန်းကို စိတ်ဝင်တစားမေးကြသည်။ကျွန်မ ကတော့ သူတို့ ဘာကြောင့်ထွက်ပြေးပြီး၊ဘာကြောင့် အများနည်းတူ အဖမ်းမခံရသည်ကို ပိုပြီး စိတ်ဝင်စားမိသည်။
“ကိုကြီးနဲ့ မ၀ါကြီးက အဲဒီသပိတ်စခန်းမှာ ဘာတွေလုပ်ပေးခဲ့လို့ ထွက်ပြေးကြတာလဲ” ကျွန်မ အမေးကို
အစ်ကိုကြီးက “ငါက သတင်းစာ ရောင်းပေးတယ်လေ၊နင်မသိဘူးလား” ဟုအဖြေပေးသည်။
“ဒါဆို မ၀ါ ကြီးကရော”
“ငါက မနက် သူတို့ သွား ရောင်းမဲ့ သတင်းစာတွေကို မင်တုံးလိမ့်ပေးတာလေ”။
ကြီးမားသော သူတို့၏ တာဝန်များကို ပြောပြကြသည်။ထို့နောက် သပိတ်စခန်းမှ အဖြစ်အပျက်များ၊
ထွက်ပြေးတိမ်းရှောင်သွားသည့် ရွာတွင် သူတို့၏ ပျော်စရာ နေ့ရက်များကို ပြောပြကြသည်။
“ငါ ကတော့ ထမင်းထုပ် ဖြည်ရတာ စိတ်အ၀င်စားဆုံးပဲ၊ထမင်းထုပ် ပေးတဲ့ အိမ်တွေက တစ်နေ့ တစ်မျိုး မရိုးရအောင် စာတွေ ရေးထည့်ပေးကြတာ” မ၀ါကြီး၏ စကားကို ကျွန်မ စိတ်ဝင်စားသွားသည်။
“ထမင်းထုပ်ထဲ ဘာစာတွေ ရေးထည့် ပေးတာလဲ” ကျွန်မ၏ အမေးကို မ၀ါကြီးက
“ဒီမိုကရေစီ အောင်မြင်ပါစေ၊ငါးကြော် အရိုးထွင်စားပါ” ဆိုတာမျိုးတွေပေါ့”
“ဟင် ဘာဆိုင်လို့လဲ” ကျွန်မ၏ အမေးစကားကို အစ်ကိုကြီးက ၀င်ပြီး အဖြေပေးသည်။
“ဒီမိုကရေစီ မရခင် ကျောင်းသားတွေ တစ်ခုခု ဖြစ်သွားမှာ စိုးလို့ပေါ့ဟ”
“သြော်” တစ်လုံးသာ ကျွန်မ ရေရွတ်တတ်သည်။
ထိုအချိန်က နိုင်ငံရေးအသိ အများကြီးမရှိခဲ့သော်လည်း သူတို့ အဖမ်းမခံရသည်ကို ကျွန်မက ကြားကနေ အားမလို အားမရ ဖြစ်နေမိသည်။သူတို့ကို ဒုက်္ခရောက်စေချင်၍ မဟုတ်သော်လည်း အဖမ်းခံရမှ အရေးပါသည်ဟု ခံစားမိ ၍ဖြစ်သည်။
( ၃ )
ကျောင်းသားများ သွားရောက် တိမ်းရှောင်နေသော ဂိုထောင်ရွာသည် တောင်သူလယ်သမား အများစု နေထိုင်သော ရွာလေး ဖြစ်သည်။ရောက်စက ရွာသားများက ကြည်ဖြူစွာ ကျောင်းသားများအား ဖွက်ထားပေးကြသည်။နေစရာ၊စားစရာများ စီစဉ်ပေးကြသည်။လာရောက်တိမ်းရှောင်သည့် ကျောင်းသားဦးရေ အရေအတွက်ကလည်း များသည်။ထို့ပြင် အများစုက ကျွန်မ အစ်ကိုကြီးလိုပင် အိမ်မှာ လက်ကြောတင်းအောင် ဘာမှ မလုပ်ဘူးကြ။အရွယ်အကြီးဆုံး ကမှ ဒုတိယနှစ် ကျောင်းသား၊ကျောင်းသူများဖြစ်သည်။သူ့ထက်ငယ်သည့် ၇တန်း၊၈တန်း၊၉တန်း ကလေးများက အများစု ပါနေကြသည်။ကျွေးမွေးထားကြသည့် မိသားစုများအား အလိုက်တသိဖြင့် ကူလုပ်ပေးရကောင်းမှန်းလည်း မသိကြ။ထို့ပြင် ငယ်ရွယ်သူတို့ အချင်းချင်း အနေနီးစပ် ပြီး ချစ်သူများ ဖြစ်သွားကြသောအခါ ရွာ၏ ကောက်ရိုးပုံများနှင့်
စပါးနယ်သည့် တလင်းများက သူတို့၏ ချစ်ဗျူဟာ ခင်းစရာ နေရာများ ဖြစ်နေကြသည်။ကြာလာတော့ ရွာမှ
ငြိုငြင်လာကြသည်။သားသမီးချင်းလည်း ကိုယ်ချင်းစာမိသည့် ရပ်မိရပ်ဖ အချို့က မဖြစ်သင့်တာ မဖြစ်ရလေအောင် စဉ်းစားကာ မိဘများထံ လာရောက် အကြောင်းကြား ပေးကြခြင်းဖြစ်သည်။
အစ်ကိုကြီးနှင့် မ၀ါကြီးကတော့ သူတို့တွင် လုပ်စရာများ အများကြီးကျန်နေသေးသည်၊စီနီယာများ၏ ဆက်သွယ်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်ဟု မကြာခဏပြောလေ့ရှိသည်။အဖမ်းခံရသော ကျောင်းသား ခေါင်းဆောင်တစ်ယောက်က အရေးအခင်းကာလတွင် အိမ်ထောင်ကျသည်။သူ အကျဉ်းကျနေစဉ် မိန်းမက မီးဖွားသည်။ထိုတာဝန်သည် တို့တာဝန်ဖြစ်သည် ဟုဆိုကာ အစ်ကိုကြီးနှင့် မ၀ါကြီးတို့က သွားရောက်လုပ်ကိုင်ပေးကြသည်။ အမြွှာကလေးနှစ်ယောက်၏ နံမည်ပေး ကင်ပွန်းတပ်ကိစ်္စ၊ရက်တစ်ရာပြည့်၊တစ်နှစ်ပြည့် မွေးနေ့တွေထိ သွားနေကြတုန်းဖြစ်သည်။အဲသည့်နောက်တော့ ကျောင်းများ ပြန်ဖွင့်သည်။မ၀ါကြီးက ဒုတိယနှစ်ကို ဒုတိယအကြိမ် ပြန်တက်၍ အစ်ကိုကြီးက ကိုးတန်း မဖြေတော့ဘဲ စက်မှုအထက်တန်းကျောင်း ဆက်တက်သည်။မိဘများကတော့ အနည်းငယ် စိတ်အေးသွားကြသည်။အရေးအခင်းပြီးဆုံးချိန်တွင် အဖမ်းအဆီး ခံရသူများသည် ကံမကောင်းကြ၍ ဖြစ်သည်။သပိတ်စခန်းတွင် အတူနေပြီး၊လုပ်ဆောင်ကြသည့် အလုပ်သည်လည်း အတူတူပင်ဖြစ်သည်။သို့သော်လည်း စာရင်းပေါက်သည့် လူအချို့သာ အဖမ်းခံရသည်။အစ်ကိုကြီးနှင့် သတင်းစာ အတူရောင်းသူနှစ်ဦး အဖမ်းခံရသည်။အစ်ကိုကြီး ပါမသွားသည့်အတွက် အမေက စိတ်သက်သာရာ ရနေသည်။
ဆယ်တန်းတွင် တစ်နှစ်ကျထားသည့် မ၀ါကြီး ကျောင်းပြီးချိန်တွင် အလုပ်လျှောက်သောအခါ အသက်က ၂၅နှစ်ကျော်နေ ပြီဖြစ်သည့်အတွက် တော်တော်နှင့်အလုပ်မရ။ကျောင်းဆရာမ အလုပ်ပင် နယ်စပ်မြို့ ပန်ဝါသို့ တာဝန်သွားရောက် ထမ်းဆောင်နိုင်မှ ရမည်ဖြစ်သည်။ဝန်ထမ်း မိသားစုမှ ပေါက်ဖွားလာသူများ ဖြစ်ကြသည့်အတွက် ၀န်ထမ်းအလုပ်သာ လုပ်တတ်ကြသည်။သူ့အောက် မောင်နှစ်ယောက် ကျောင်းဆက်တက်ရန် ကျန်နေသေး သည့်အတွက်
မနီလာနှင့် ညီအစ်မနှစ်ယောက် စွန့်စွန့်စားစား မငြိမ်းချမ်သေးသော နယ်မြေသို့ သွားကြသည်။ကြမ်းတမ်းသော ရာသီဥတု ဒဏ်နှင့် ဆိုးရွားသော လမ်းပန်းဆက်သွယ်ရေးကို စိတ်ပျက်ကြသော်လည်း လစာနှစ်ဆ ပေးထားခြင်းနှင့် နေထိုင်စရာ အလကားရနေခြင်းကြောင့် အလုပ်ဆက်လုပ်နေကြရသည်။ပြည်မသို့ ပြန်လည် ပြောင်းရွှေ့လိုသော်လည်း သူတို့ ခန့်ထားစဉ်ကပင် အစိုးရခန့်မဟုတ်ခဲ့၊ဒေသခံ နယ်မြေမှ ငြိမ်းချမ်းရေးအဖွဲ့က လစာပေးထားကြခြင်းဖြစ်သည်။အစိမ်းသက်သက်နယ်မြေတွင် ခဏတာသာ တာဝန်ထမ်းမည်ဟု ဆုံးဖြတ်ထားသည့် ညီအစ်မနှစ်ယောက် ယခုဆိုလျှင် ဆယ့်ခြောက်နှစ်ပင် ပြည့်ခဲ့ကြပြီ။ထိုဒေသတွင်ပင် အိမ်ထောင်ကျ၍ သားသမီးများနှင့် အခြေကျနေကြသည်။
နှစ်နှစ် တစ်ခါ ဇာတိမြို့လေးသို့ ပြန်လာကြသည်။ “အဆင်ပြေလား”ဟု ကျွန်မက မေးတိုင်း
“ပြေအောင် နေ နေရတာပေါ့ဟယ်”ဟု ဖြေလေ့ရှိကြသည်။မရှိ မရှား သာမန် လူတန်းစားများသာ။
( ၄ )
အစ်ကိုကြီးကတော့ စက်မှုအထက်ကျောင်း ပြီးသည်နှင့် မိန်းမရသည်။အစိုးရအရာရှိ အဖေ့လက်အောက်တွင် ပင် အလုပ်ဝင်သည်။အတန်းပညာက စက်မှုအထက်ကျောင်းသာ အောင်ထားသဖြင့် ဘီအီး၊အေဂျီတီအိုင်တို့နှင့် ယှဉ်လိုက်သော် ရာထူးတက်ဖို့ တော်တော်ဝေးသည်။ထိုအခါ သူဝါသနာပါရာ ယာဉ်မောင်းရာထူးသို့ တစ်ဆင့်နိမ့် ပြောင်းရွှေ့ပစ်လိုက်သည်။ယာဉ်မောင်းရာထူးက ဂရိတ်ဝမ်း၊ဂရိတ်တူး ရာထူးတို့ယှဉ်သော် နိမ့်သည် မှန်သော်လည်း ဘ၀နေထိုင်မှုအတွက် အနည်းငယ် အဆင်ပြေသည်။ထို့နောက် အစိုးရ ယဉ်မောင်းထက် စာလျှင် ကုမ်္ပဏီ ယဉ်မောင်းက လစာ ပိုကောင်းသည်ဟု ဆိုကာ အလုပ်ထွက်ပစ်လိုက်ပြန်သည်။ထို့နောက် .............ထို့နောက် ပေါင်းများစွာ ရေကြည်ရာ မြက်နုရာရှာရင်း ယခုတော့လည်း အဝေးပြေးကားကြီးများ မောင်းနေပြန်သည်။အစ်ကိုကြီးကိုတော့ ကျွန်မက “အဆင်ပြေလား”ဟု မေးနေစရာမလို၊ သူ့ဘ၀ဖြတ်သန်းမှုကို မြင်နေရသည်။သူသည်လည်း မ၀ါကြီးတို့လို၊မြန်မာပြည်မှ လူများစုလို မရှိမရှား ဘ၀များ။
တစ်နှစ်က နွေကျောင်းပိတ်ရက် မ၀ါကြီးတို့၊မနီလာတို့ မိသားစု ပြည်မဘက် အလည်ပြန်လာကြသည်။ငယ်စဉ်ကတည်းက မောင်နှမတွေလို နေလာကြသဖြင့် ကျွန်မနှင့် အစ်ကိုကြီးလည်း ပျော်သည်။ကျွန်မ အိမ်တွင် တည်းခိုကြပြီး အစ်ကိုကြီးကပါ ထိုရက်များအတွင်း ကျွန်မအိမ်တွင်လာနေသည်။ပြောစရာ စကားများ မကုန်နိုင်ကြ။သက်ဆိုင်ရာ အိမ်ထောင်ဘက်များကို မေ့လျော့ထားကြပြီး ငယ်ဘ၀သို့ ပြန်ရောက်သွားကြသည်။ညည့်နက်သန်းခေါင်ထိ ပြော မပြီးကြ။မ၀ါကြီးတို့က တောင်ပေါ်မြို့လေး၏ နိုင်ငံရေး၊လူမှုရေး အခြေအနေ၊သူတို့၏ ကျူရှင် စီးပွားရေးများ။
ကျွန်မနှင့် အစ်ကိုကြီးကလည်း မြို့ပြ၏ရုန်းကန်လှုပ်ရှားရမှုများ၊မွမ်းကျပ်မှုများ။လိုက်မမီနိုင်တော့သည့် အပြောင်းအလဲများ စသည် ..............စသည်။ထိုမှ တစ်ဆင့် ငယ်ဘ၀က အရေးအခင်းကာလ များဆီရောက်လို့သွားကြသည်။အစ်ကိုကြီးနှင့်
မ၀ါကြီးတို့၏ စွန့်စားခန်းများကို ပြန်ပြောကြရင်း ရယ်မောကြရသည်။
မ၀ါကြီးက “မပြောပါနဲ့တော့ဟယ် အခုတွေးမိမှ ရှက်လိုက်တာ ဖမ်းမဲ့သူ မရှိဘဲနဲ့များ ငါတို့မှာ ထွက်ပြေး လိုက်ရတာ၊ကိုယ့်ကို ကိုယ် တစ်ကယ့်အရေးပါတဲ့သူလို့ ထင်နေတာ”။
အစ်ကိုကြီးကလည်း
“အဲဒီလိုတော့ ပြောလို့မရပါဘူး မကြီးရယ်၊အဲဒီအချိန်တုန်းကတော့ ငါတို့အသက်အရွယ်နဲ့ဆိုရင် တစ်ကယ် အရေးပါခဲ့တာပါ။ကံကောင်းလို့ အဖမ်းမခံရတာပဲ ကျေးဇူးတင်ရမယ်၊အခုတော့လည်း နိုင်ငံရေးဆိုတာ ကိုယ်နဲ့ မပတ်သက်သလိုတောင် ဖြစ်နေပါပြီ။ စစ်မှန်တဲ့ ဒီမိုကရေစီ ဘယ်တော့ရမလဲဆိုတာထက် ငါ့သား ဆယ်တန်းဘော်ဒါ စရိတ် ဘယ်တော့ အပြည့်သွင်းရမလဲ ဆိုတာကို ပိုစိတ်ဝင်စားနေမိတယ်”။
“အေး ဟုတ်တယ်နော် မောင်မောင်သန်း၊နင်နဲ့ငါ အဲဒီတုန်းကသာ အဖမ်းခံခဲ့ရရင် ငါလည်း သူတို့အဖေနဲ့တွေ့မှာမဟုတ်ဘူး၊ချစ်စရာ ပြောမကောင်းတဲ့ ဒီသားလည်း ထွက်လာမှာ မဟုတ်ဘူး။”
မ၀ါကြီးက သူ့သားငယ်လေးကို ချစ်ခင်စွာပွေ့ဖက်ရင်း ပြောနေသည်။သူတို့နှစ်ယောက် အပြန်အလှန်ပြောနေကြသည့် စကားဝိုင်းထဲမှ ကျွန်မ စိတ်တို့က ထွက်ခွာ၍ အတိတ်ဆီသို့ ပြန်ရောက်သွားသည်။ကျွန်မ အတွေးများကတော့ သူတို့နှင့်ပြောင်းပြန်။သူတို့ ကံမကောင်း၍ အဖမ်းမခံရခြင်းဖြစ်သည်။စိတ်ကူးဖြင့် သူတို့နှစ်ယောက်ကို ကျွန်မ ထောင်ထဲ ပို့ကြည့်နေမိသည်။ပြန်ထွက်လာမည့် သူတို့ဘ၀များက ယခုလက်ရှိ ဘ၀များနှင့် မည်သို့ ကွာခြားသွားနိုင်သနည်း။
အလို...... ဘုရားရေ မတွေးကောင်း တွေးကောင်း ကျွန်မ ဘာတွေ တွေးနေမိပါလိမ့်။
“ မငြိမ်းချမ်းခြင်း တို့ရဲ့ နောက်ကွယ် ”
Posted by
Unknown
at
5:06 AM
Friday, July 25, 2014
ခေါင်းဆောင်ဆိုသည့် စကားလုံးသည် ကမ်္ဘာဦးအစ လူသားများစတင် ပေါ်ပေါက်လာပြီး မကြာမီမှာပင် ခေါ်ဝေါ်သုံးနှုန်းခဲ့ကြခြင်းဖြစ်သည်။လူအများစုသည် အမဲလိုက်ပြီး အသက်မွေးနေကြစဉ်တွင် အလုပ်တာဝန်ခွဲဝေမှုဆိုသည်မှာ မရှိခဲ့သေးပေ။တစ်ဝမ်းစာအတွက် ခဲခဲယဉ်းယဉ်း ရှာဖွေစားသောက်ခဲ့ကြရသည်။ထိုမှတစ်ဆင့် အတွေ့အကြုံ နှင့် အသိအမြင်များ ပေါင်းစပ်လာကာ တစ်ဦးတစ်ယောက်ချင်း ရှာဖွေစားသောက်ခြင်းထက် အစုအဖွဲ့အလိုက် ရှာဖွေစားသောက်ခြင်းသည် အန်္တရာယ်လည်းကင်း၍ သားကောင် ရှာဖွေရ သည်မှာ ပိုမိုလွယ်ကူကြောင်း သိလာကြသည်။ထို့ကြောင့် စုပေါင်းဘုံစနစ်အောက်တွင် အလုပ် တာဝန် ခွဲဝေမှု ဆိုသည့်အသုံးအနှုန်းကို စတင်သုံးစွဲလာကြသည်။ ထိုအခါ အုပ်စုလိုက်၊ အသင်းအပင်းလိုက် အဖွဲ့အစည်းငယ်များပေါ်ပေါက်လာပြီး လူမျိုးစုလိုက် တာဝန်ယူ ဖြေရှင်းရမည့် ကိစ်္စရပ်များရှိလာကြသည်။ထိုအခါ အသက်အရွယ်အကြီးဆုံးဖြစ်ပြီး အတွေ့အကြုံ ၊ အသိဥာဏ်ဗဟုသုတ အများဆုံးဟုသတ်မှတ်ခံရသူတစ်ယောက်ကို ခေါင်းဆောင် အဖြစ်တင်မြှောက်လာကြသည်။
ရွေးချယ်တင်မြှောက်ခံရသည့် ခေါင်းဆောင်သည် အများနည်းတူ အလုပ်လုပ် ရလေသည်။အလုပ်လုပ်၍ထွက်လာသည့် အစားအသောက်အားလုံးကို လူမျိုးစုထဲက လူတိုင်း လူတိုင်းအား ဝေခြမ်းပေးရသည့်အလုပ်ကို ခေါင်းဆောင်လုပ်သူက တာဝန်ယူ လုပ်ဆောင် ပေးရလေသည်။လူတို့ရှာဖွေ၍ ရသည့် အရာဝတ်္ထုဟူသမျှသည် လူမျိုးစုပိုင်သာလျှင် ဖြစ်လေသည်။ခေါင်းဆောင်သည် ထိုပစ်္စည်းများ ခွဲဝေမှုကိုလည်း စီစဉ်ရလေသည်။ထိုအခါ ခေါင်းဆောင်သည် မိမိ၏အချိန်များစွာကို စီမံခန့်ခွဲရခြင်း၊လူအားလုံး ကိုယ့်အလုပ်ကိုယ် ကောင်းမွန်စွာ လုပ်မလုပ်ကို စစ်ဆေးကြည့်ရှုရခြင်းတို့၌ ကုန်လွန်စေလေသည်။တဖြည်းဖြည်း တစ်စစနှင့် လူမျိုးစု ခေါင်းဆောင်သည် လူမျိုးစုထဲက အခြားသာမန်လူများကဲ့သို့ အလုပ်လုပ်ခြင်းကိုစွန့်လွှတ်လိုက် လေတော့သည်။ထိုနည်းအားဖြင့် သူသည် လူမျိုးစုထဲက အခြားလူများနှင့် လုံးဝကွဲပြားခြား နားသွားတော့သည်။
ထိုအခါ အလုပ်ခွဲဝေမှုသည် တစ်နည်းတစ်ဖုံဖြစ်လာတော့သည်။ခေါင်းဆောင်သည် စီမံခန့်ခွဲခြင်း၊လူတို့အား အမိန့်သြဇာပေးခြင်းများကို ပြုလုပ်ရပြီး လူအများက လယ်ယာလုပ်ခြင်း၊အမဲလိုက်ခြင်းနှင့် ခေါင်းဆောင်၏ အမိန့်သြဇာကို နာခံခြင်းများ ပြုလုပ်လာကြသည်။အကယ်၍ လူမျိုးစု အချင်းချင်း စစ်မက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့လျှင် ခေါင်းဆောင်သည် ပို၍သြဇာတန်ခိုး ကြီးထွားသွားတော့သည်။စီမံခန့်ခွဲရန်အလုပ်များ အဆမတန် များပြားလာသောအခါ ခေါင်းဆောင်လုပ်သူသည် တစ်ယောက်တည်းဖြင့် ထိုအလုပ်များလုပ်ရန် မလွယ်ကူတော့ပေ။မိမိအား အကူအညီပေးရန်အတွက် အခြားသူများကို ရွေးကောက်ထား ရ လေတော့သည်။ဤနည်းအားဖြင့် စီမံခန့်ခွဲသူများ အများအပြားပေါ်ပေါက်လာလေသည်။သို့သော်လည်း ၄င်းတို့၏ အချုပ်မှာ ခေါင်းဆောင်လုပ်သူပင်ဖြစ်သည်။
ထိုနည်းအားဖြင့် စီမံခန့်ခွဲသူများနှင့် သာမန်အလုပ်သမားများဟူ၍ လူတန်းစား ကွဲသွားလေတော့သည်။ထိုအခါ သူတို့တွင် ယခင်က ကဲ့သို့ သာတူညီမျှမှု မရှိတော့ပေ။စီမံခန့်ခွဲသူများသည် သာမန်အလုပ်သမားများ အပေါ် သြဇာလွှမ်းမိုးစ ပြုလာလေတော့သည်။စီမံခန့်ခွဲသူများသည် လူမျိုးစုပိုင် ပစ်္စည်းဥစ်္စာများကို ကြည့်ရှုစောင့်ရှောက်ရန်အလုပ်သည် သူ့အလုပ်ဖြစ်သည်ဟု ယူဆထားလေသည်။သူ၏ တန်ခိုးသြဇာ တိုးတက်ကြီးမားလာသောအခါ ခေါင်းဆောင်လုပ်သူသည် လူမျိုးစုပိုင် ပစ်္စည်းတော်တော် များများကို ငါပိုင်ဖြစ်သည်ဟူသော အတွေးဆန်း ပေါ်ပေါက်လာလေသည်။
ခေါင်းဆောင်လုပ်သူ သေဆုံးသွားသည့်အခါတွင် လူမျိုးစုအတွင်း ခေါင်းဆောင်အသစ် ရွေးကောက် တင်မြှောက်ကြရသည်။များသောအားဖြင့် ခေါင်းဆောင်လုပ်သူ၏ အိမ်ထောင်စုထဲမှ လူများသည် အခြားသူများထက် စီမံခန့်ခွဲသည့် လုပ်ငန်းကို ပိုနားလည်ကြသည်။ခေါင်းဆောင်လုပ်သူ နှင့်အတူနေထိုင်ရခြင်း၊ခေါင်းဆောင်၏ အလုပ်များကို ကူညီ လုပ်ကိုင် ပေးရခြင်းတို့ကြောင့် လုပ်ငန်းသဘောကို ကျွမ်းကျင်နေကြခြင်းဖြစ်သည်။ထိုအခါ ထိုခေါင်းဆောင်အိမ်ထောင်စုထဲမှ တစ်ဦးဦးသာလျှင် ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရလေသည်။ဤနည်းအားဖြင့် ခေါင်းဆောင်လုပ်သူ၏ အိမ်ထောင်စုသည် အခြားအိမ်ထောင်စုများနှင့်မတူ တသီးတခြားဖြစ်သွားလေသည်။သူ၏သား သို့မဟုတ် ညီအစ်ကိုသာလျှင် ခေါင်းဆောင်နေရာကို ဆက်ခံဖို့ရာ လိုလားသည်မှာ ဓမ်္မတာဖြစ်သွားတော့သည်။
အစဦးတွင် လူမျိုးစုထဲမှ လူများသည် ထိုအပြောမျိုးကို နှစ်သက်သဘောကျခြင်း မရှိကြချေ။သို့ရာတွင် အချိန်အနည်းငယ် ကြာလာသောအခါ ရိုးသွားပြီးလျှင် ခေါင်းဆောင်အသစ် တင်မြှောက်ခြင်းသည် အလုပ်သဘောမျိုးအားဖြင့် မရှိတော့ပေ။ခေါင်းဆောင် ကုလားထိုင်(သို့) နေရာသည် ရိုးရာဆက်ခံခြင်း သဘောမျိုးဖြစ်လာခဲ့လေသည်။လူမျိုးစုပိုင် ဘုံအဖြစ် ရှာဖွေထားသော ပစ်္စည်းဥစ်္စာများသည်ပင် ခေါင်းဆောင်လုပ်သူ ကွယ်လွန်ပြီးသည့် နောက်ပိုင်းတွင် သူ၏ အိမ်ထောင်စုပိုင် အဖြစ်ကျန်ရစ်ခဲ့လေတော့သည်။ယခင်က လူအားလုံး စုပေါင်းပြီး လူမျိုးစုအတွက် အလုပ်လုပ်ကိုင်ကြသည်။ကိုယ့် ကိုယ်ကျိုးအတွက်ဟူ၍ လုပ်ကိုင်ခြင်းမရှိကြပေ။ထို့ကြောင့် လူမျိုးစုထဲတွင် ချမ်းသာသူ၊ဆင်းရဲသူ ဟူ၍ မရှိဘဲ လူမျိုးစုပိုင် ပစ်္စည်းအားလုံး၏ ဝေစုရှင်များဖြစ်ကြသည်။သို့ရာတွင် လူမျိုးစုခေါင်းဆောင်က လူမျိုးစုပိုင် ပစ်္စည်းအားလုံးကို အပိုင်စီးပြီး သူ့ပစ်္စည်း သူ့ဥစ်္စာဟု ခေါ်လိုက်သည်နှင့် တစ်ပြိုင်နက် လူတို့၌ လူဆင်းရဲနှင့် လူချမ်းသာဟု ကွဲပြားခြားနားမှု ပေါ်ပေါက်လာရခြင်းဖြစ်သည်။
ထိုလူမျိုးစုခေါင်းဆောင်များသည် ကာလကြာလာသောအခါ ရာဇာ(ဘုရင်)၊မဟာရာဇာများ ဖြစ်လာကြသည်ဟု မှန်းဆကြည့်မိပါသည်။ခေါင်းဆောင်လုပ်သူသည် တဖြည်းဖြည်းနှင့် ဘုရင်ဖြစ်လာပြီး သူ၏စိတ်ထဲတွင် တိုင်းပြည်နိုင်ငံများ အတွင်းရှိ ပစ်္စည်းဥစ်္စာမှန်သမျှ ငါပိုင်ချည်းသာ ဖြစ်သည်ဟူသော အတွေးဆန်းများ ပေါ်ပေါက်လာကြတော့သည်။ဘုရင်တို့သည် လူတို့က သူတို့အား စီမံခန့်ခွဲရန်အတွက်နှင့် တိုင်းပြည်အတွင်းရှိ စားသောက်ဖွယ်ရာနှင့် ပစ်္စည်းဥစ်္စာများကို ခွဲဝေပေးရန်အတွက်သာလျှင် ရွေးကောက်တင်မြှောက်ထားသည် ဟူသော အချက်ကို မေ့လျော့သွားကြလေတော့သည်။
ဘုရင်တို့သည် ထာဝရ ဘုရားသခင်က အခွင့်ထူးပေးထားသူများ သဖွယ် ကိုယ့်ကိုကိုယ် ထင်မြင်လာကာ မဖွယ်မရာ ပြုမူကျင့်ကြံကြတော့သည်။တိုင်းသူပြည်သားများ ထမင်းငတ်နေချိန်တွင် သူတို့သည် စည်းစိမ်ယစ်မူးနေကြသည်။ကာလကြာရှည်လာသောအခါ အချို့တိုင်းပြည် နိုင်ငံများ၌ တိုင်းသူပြည်သားတို့သည် သည်းမခံနိုင်တော့ဘဲ ဘုရင်များကို မောင်းထုတ်ပစ်ကြတော့သည်။သာဓက ပြရလျှင် အင်္ဂလန်ပြည်သူပြည်သားတို့က သူ့တို့ဘုရင် ပထမချားလ်စ်ကို ပုန်ကန်ထကြွ ပြီးလျှင် အဆုံးစီရင်လိုက်ကြပုံကိုလည်းကောင်း၊ပြင်သစ်တွင် တိုင်းသူပြည်သားတို့က တော်လှန် ခြားနားပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ ဘုရင်အဖြစ်မထားတော့ဟု ဆုံးဖြတ်လိုက်ပုံ ကိုလည်းကောင်း၊ရုရှားပြည်သူ ပြည်သူသားတို့က “ဇာ”ဘုရင်ကို နှင်ထုတ်လိုက်ကြပုံ ကိုလည်းကောင်း ကြည့်လျှင် သိနိုင်ပါသည်။
ယခုအခါတွင် တိုင်းပြည်နိုင်ငံ ပေါင်းများစွာ တို့၌ ရှင်ဘုရင်ဟူ၍ပင် မရှိကြ တော့ပေ။တိုင်းနိုင်ငံအများစုသည် သမ်္မတနိုင်ငံများဖြစ်လာကြသည်။အင်္ဂလန်နိုင်ငံတွင် ဘုရင်ရှိသေးသော်လည်း သူတို့တွင် ဘာအာဏာမျှ မရှိကြတော့ပေ။အာဏာအားလုံးကို ပါလီမန်က သိမ်းပိုက်ထားသည်။ထိုပါလီမန်တွင် ပြည်သူပြည်သားတို့က ရွေးကောက်တင်မြှောက်သည့် ခေါင်းဆောင်များထိုင်ကြသည်။အိန်္ဒိယနိုင်ငံတွင် နှစ်ဆယ်ရာစုခေတ်လောက်ထိ ရာဇာများ၊မဟာရာဇာများက လှပကောင်းမွန်သည့် အ၀တ်အစားဝတ်ဆင်ပြီး တန်ဖိုးကြီး မော်တော်ကားများဖြင့် သွားလာနေကြသည်။ထိုအသုံးစရိတ်များသည် တိုင်းသူပြည်သားတို့ထံမှ အခွန်အတုတ်စည်းကြပ်ကောက်ယူထားသော ငွေကြေးများထဲမှ ဖြစ်ကြသည်။အခွန်အတုတ်ကိုပေးခြင်းမှာ ထိုအခွန်အတုတ်ဖြင့် စာသင်ကျောင်း၊ဆေးရုံ၊စာကြည့်တိုက်၊ပြတိုက် လမ်းပန်းနှင့်အခြားတိုင်းသူပြည်သားတို့အတွက် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများကို ပြုလုပ်ရန်ဖြစ်သည်။
လူမျိုးစုခေါင်းဆောင်မှစတင်၍ ဘုရင်စနစ်မှသည် သမ်္မတခေတ်အထိ အဆင့်ဆင့်ပြောင်းလဲလာသော်လည်း ခေါင်းဆောင်ဟုဆိုလိုက်လျှင် သာမန်ပြည်သူပြည်သားတို့၏ အထက်တွင် ရှိနေပြီး လုပ်ပိုင်ခွင့်နှင့် အာဏာသည်လည်း ခေါင်းဆောင်လက်ထဲတွင်သာ ရှိနေဆဲဖြစ်ပါသည်။လူမျိုးစုတစ်စုမှသည် အသင်းအဖွဲ့အစည်းတစ်ခု ထိုမှ တိုင်းပြည်နိုင်ငံ တစ်ခု၏ ကောင်းခြင်း ဆိုးခြင်းနှင့် တိုးတက်ခြင်း၊ဆုတ်ယုတ်ခြင်းသည်လည်း ခေါင်းဆောင်လုပ်သူ၏ လက်ထဲတွင်ရှိနေပါသည်။ကမ်္ဘာဦးခေတ်မှသည် ယနေ့အထိ ခေါင်းဆောင်ဆိုသည်ကို ပြည်သူပြည်သားများက တင်မြှောက်ခဲ့ကြခြင်းဖြစ်ပါသည်။ခေတ်စနစ်များ မည်မျှ တိုးတက်ပြောင်းလဲသွားသော်လည်း ခေါင်းဆောင်လုပ်သူ၏ နေရာသည် အရေးကြီးဆုံး အခန်းကဏ္ဍတွင် ပါဝင်နေဆဲ ဖြစ်နေပြီး နောင်နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင်လည်း အရေးပါနေ ဦးမည်။
နေရာရရှိလာသည့် အချိန်ကာလ ကြာမြင့်လာသော အခါ ထိုနေရာဆိုသည်ကို သံယောဇဉ် တွယ်လာမိတော့သည်။နေ့စဉ်ဖြတ်သန်းနေရသည့် ဘ၀ထဲမှာပင် လူတို့သည် နေရာဆိုသည်ကို တွယ်တာတတ်ကြသည်။သတိထားကြည့်မိလျှင် သိနိုင်ပါသည်။ရုံးဖယ်ရီ၊ကျောင်းဖယ်ရီ နေရာထိုင်ခုံများကို သင့်သလို မထိုင်တတ် ကြသလို၊ရုံးခန်းစားပွဲ ကျောင်းထိုင်ခုံများကိုလည်း သတ်သတ်မှတ်မှတ်သာ ထိုင်လိုကြသည်။အချိန်တို အတွင်းသာ ထိုင်ရသည်ဖြစ်ပြီး အပိုင် မဟုတ်မှန်း သိသော်လည်း ကိုယ့်နေရာ အဖြစ် တွယ်တာ နေတတ်သည်။လူနေအိမ်များကိုလည်း အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့သွားရလျှင် အလွမ်းပြေ နေရာဟောင်းလေးကို လာပြန်ကြည့်တတ်ကြသည်။နေရာစွဲမှ တစ်ဆင့် ဒေသစွဲ၊နိုင်ငံစွဲ ၊လူမျိုးရေး အစွဲတွေ ထိ ရှိလာကြသည်။ကိုယ့်နေရာ၊ကိုယ့်ဒေသ၊ကိုယ့်လူမျိုး၊ကိုယ့်နိုင်ငံကို ချစ်သည့်စိတ်သည် နေရာစွဲမှ စတင်လာသည်ဟုပင် ဆိုနိုင်သည်။ထိုအခါ ပိုင်ဆိုင်လိုစိတ်က ပူးတွဲပါလာတော့သည်။
ကိုယ့်နေရာ ဒေသလေးကို ကိုယ်ပိုင် စီမံခွင့်၊ကိုယ်တိုင် အုပ်ချုပ်ခွင့်များ လိုချင်လာသည်။သည့်အတွက်ကြောင့်
လူမျိုးစုတိုက်ပွဲများ ဆင်နွဲခဲ့ကြသည်မှာ ကမ်္ဘာဦး အစ ကတည်းက ဖြစ်သည်။ပြည်ထောင်စုဖွား၊ညီနောင်များဟု ဆိုဆို မြန်မာပြည်ဖွား သွေးချင်းများဟု ပြောပြော တစ်မြေထဲနေ တစ်ရေထဲ သောက်ကြသည် ဆိုသော်လည်း ဒေသစွဲနှင့် ပတ်သက်လာလျှင် စစ်ဖြစ်ပွားဖို့ ၀န်မလေး ဖြစ်နေကြသည်။မြန်မာပြည် လွတ်လပ်ရေး မရခင်ကလည်း တောင်ပေါ်၊မြေပြန့် ခွဲခြားအုပ်ချုပ်ရေး ပြဿနာ ပေါ်ပေါက် ခဲ့ရသလို၊လွတ်လပ်ရေးရပြီးသည်မှ ယခုချိန်ထိ ရင်ဆိုင်နေရသည်မှာလည်း တိုင်းရင်းသား မျိုးနွယ်စုများနှင့် ငြိမ်းချမ်းယူနေရသည့် ကိစ်္စဖြစ်သည်။လက်နက်နှင့် ငြိမ်းချမ်းရေး လှဲလှယ်ရသည့် အကြိမ်မှာလည်း မရေတွက်နိုင်တော့။အမှန်တစ်ကယ် ငြိမ်းချမ်းချင်ပါရဲ့လားဟုပင် သံသယ၀င်မိ လာသည်။သက်ဆိုင်ရာ နှစ်ဖက်တာဝန်ရှိသူ အကြီးအကဲများ၏ အလုပ်လုပ်နေပါသည် ဟူသော အကြောင်းပြချက်များအောက်တွင် အိုးအိမ်နှင့်အသက် စတေးခဲ့ရသည့် တိုင်းရင်းသားပြည်သူနှင့် တပ်မတော်သားငယ် တို့၏ ဘ၀ပေါင်းက များစွာ။
မယုံကြည်မှုများ၊အလိုလောဘများ၊မလို မောဟများကြား ငြိမ်းချမ်းရေးဆိုသည်က ပျောက်ဆုံးနေရသည်။ သည်အတိုင်း ဆက်သွားနေရလျှင် နောင်လာ နောင်သားတို့သည် ငြိမ်းချမ်းရေး ဆိုသည့် စကားလုံးကိုပင် ကြားဖူးတော့မည် မထင်။မငြိမ်းချမ်းမှု၏ မူရင်းကို ပြောပါဆိုလျှင် ခေါင်းဆောင်မှုနှင့် နေရာက စခဲ့သည်ဟု ဆိုရမည်။နေရာဆိုသည်ကို တွယ်တာစရာဟု မသတ်မှတ်လျှင်၊ခေါင်းဆောင်ဆိုသည်မှာ အခွင့်ထူးခံဟု မသတ်မှတ်ထားလျှင် ထိုနေရာ တည်မြဲရေးအတွက် တိုက်ခိုက်နေဖို့ မလိုအပ်တော့ပါ။အလုပ်တာဝန် ခွဲဝေမှုမရှိ၊ပိုင်ဆိုင်မှု မြေနေရာ သတ်မှတ်ထားခြင်းမရှိ၊အများနည်းတူ အလုပ်လုပ်ရသည့် ခေါင်းဆောင်၊လူမျိုးစုပိုင် ပစ်္စည်းသည် ဘုံပိုင် ပစ်္စည်း အဖြစ် သုံးစွဲနေကြသည့် ကမ်္ဘာဦး အစကို ပြန်တွေးကြည့် စေချင်သည်။ထိုအနေအထားထိ ပြန် မဟုတ်တောင် ပဋိပက်္ခ ဖြစ်နေကြသူ အချင်ချင်း ယုံကြည်မှုတိုးပြီး အလိုလောဘ အနည်းငယ်စီ လျှော့ချလိုက်လျှင် ငြိမ်းချမ်းရေးနှင့် တော်တော်နီးစပ်နိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။
ကမ္ဘာ့ ဖလားနဲ့ ကျွန်မ စကား
Posted by
Unknown
at
8:01 AM
Sunday, July 13, 2014
ကမ်္ဘာ့ဖလား ဘောလုံးပွဲ ကာလများကတော့ ဘယ်နေရာသွားသွား ထိုအလုံး ကိစ်္စနှင့်လွတ်ကို မလွတ်နိုင်ပါဘူး။တစ်ချို့ဘောလုံးပွဲစဉ် တွေကလည်း ညည့်နက် သန်းခေါင် အချိန်တွေ ဖြစ်နေတတ်ပါတယ်။ဘောလုံးပွဲကြည့်ပြီး နောက်တစ်နေ့ မနက်ရောက် တော့လည်း သက်ဆိုင်ရာ လုပ်ငန်းခွင်ကို ၀င်ကြတဲ့သူတွေများပါတယ်။အိမ်မှာ အေးအေး ဆေးဆေး ပြန်အိပ်နေနိုင်တာ ဆိုလို့ သက်ကြီးပိုင်းတချို့လောက်ပဲ ရှိမယ်ထင်ပါတယ်။ဒါကြောင့်လည်း ကျန်းမာရေး ဂျာနယ်အချို့က “ဘောပွဲ မကိုက်အောင်နေနည်း” ဆိုပြီး အစားအသောက် အနေအထိုင်ကအစ အကြံပေးထားတာတွေတောင် တွေ့ရပါတယ်။
ကျွန်မ ကတော့ ဘောလုံးပွဲဆိုတာကို ခံစားကြည့်လို့ မရတဲ့သူ တစ်ယောက်ပါ။ဘယ်နှယ့် ကွင်းအကျယ်ကြီးထဲမှာ ဘောလုံးတစ်လုံးတည်း ထည့်ထားပေးပြီး လူအယောက်နှစ်ဆယ် လောက် ၀ိုင်းကန်နေကြတာကို အိပ်ရေးပျက်ခံပြီး ကြည့်ကြရတယ်လို့ ကျွန်မရဲ့ သဘောထားကို မိတ်ဆွေတစ်ယောက်ကို ပြောပြမိတော့ “ခင်ဗျားပြောမှပဲ ဘောလုံးပွဲ အရသာ ပျက်တော့တယ်၊ ကျွန်တော် ဖီဖာအဖွဲ့ကို ပြောပေးမယ် ကွင်းထဲမှာ ဘောလုံးတွေ အများကြီးထည့်ထား ပေးပါလို့”ဆိုပြီး ကျွန်မကို ရယ်နေခဲ့ဖူးပါတယ်။အဲဒီ ရက်ထဲတွေမှာတော့ ကမ်္ဘာ့ဖလား ဘောလုံးပွဲ အကြောင်းမှ ၀င် မပြောနိုင်ရင် ဘယ်စကားဝိုင်းကိုမှ ၀င်လို့မရဘူးဖြစ်နေတော့တယ်။
ကျွန်မ သင်တန်းသူတွေကလည်း ဒီကမ်္ဘာ့ဖလား အကြောင်းပဲ ပြောနေ ကြတာ ဆိုတော့ ဘောလုံးအကြောင်းတွေ ဖော်ပြတဲ့ ဂျာနယ်တွေ ကျွန်မလိုက်ဖတ်တယ်။ဖွင့်ပွဲ အခမ်းအနားမှာ ရိုက်ထားတဲ့ အခွေတွေကြည့်ဖြစ်တယ်။ကမ်္ဘာ့ဖလား ဘောလုံးပွဲ သီချင်းဖြစ်ခဲ့ဖူးတဲ့ “ရှာကီရာ” ရဲ့ ”၀ါးကား ၀ါးကားသီချင်းကိုတော့ ကျွန်မလည်း ကြိုက်ပါတယ်။ အံ့သြတာတစ်ခုက ၂၀၁၄ ကမ်္ဘာ့ဖလားမှာ ဗိုလ်စွဲမဲ့ အသင်းကို ခန့်မှန်းပြီး လောင်းကြေး ထပ်ကြတာကိုပါပဲ။ကိုယ် ကိုယ်တိုင် ၀င်ကန်ရတာလည်း မဟုတ်ပဲနဲ့ မသေချာတဲ့ အရာတစ်ခုကို သူများကန်တာကြည့်ပြီး ရဲရဲကြီး ခန့်မှန်းရဲလိုက်ကြတာလို့ တွေးမိလို့ပါ။
ကျွန်မတို့ သုံးတန်းနှစ်တုန်းကတော့ ဘောလုံးပွဲ အကြောင်း စာထဲမှာ သင်ခဲ့ဖူးတယ်။သေသေချာချာတော့ မမှတ်မိပါဘူး။တစ်သင်းကို လူဆယ့်တစ်ယောက်ရှိပြီး သူ့နေရာနဲ့သူ တာဝန်ယူပြီးကန်ကြရတယ်။ဘောလုံးကို လိုက်ကန်ချင်းတိုင်းလည်း ကန်လို့မရ၊ အပြစ်ပေးတာတွေကလည်း ကျွန်မသိသလောက် လက်ပစ်ဘောတဲ့၊ ကွင်းထဲမှာ လူတွေ အတူတူကန်နေကြရင်းက လူကျွံသွားလို့ လူကျွံဘောတဲ့၊ ထောင့်ကန်ဘောနဲ့ ပြီးတော့ တစ်ကွင်းလုံးမှာ ကန်နေကြတဲ့ လူအယောက်နှစ်ဆယ်လောက်က ၀င်မကန်ကြတော့ဘဲ တစ်ဖက်အသင်းက တစ်ယောက်ပဲကန် အခြားတစ်ဖက်အသင်းရဲ့ဂိုးတိုင်ရှေ့မှာ တည့်တည့်ကြီး၊ အခြားအဖွဲ့ကလည်း ဂိုးလ်ကီပါလို့ခေါ်တဲ့ ဂိုးဖမ်းသမား တစ်ယောက်ထဲကဖမ်းရမှာ ဖြစ်တဲ့ ပယ်နယ်တီ တဲ့။
ကွင်းထဲက ဒိုင်လူကြီးတွေကျတော့လည်း ဘောလုံးကို မထိမိအောင် ရှောင်ပြီး ဘောကန်သမားတွေနဲ့အတူ ပြေးလိုက်ရတာ ဖတ်ဖတ်ကိုမောလို့။ဒီကြားထဲကတောင် သူတို့မမြင်လိုက်ရတဲ့ အဖြစ်အပျက်တွေကြောင့် ပရိတ်သတ်နဲ့ အငြင်းပွားကြ။၁၉၈၆ခုနှစ် ကမ်္ဘာ့ ဖလားပွဲမှာ ဗိုလ်စွဲခဲ့တဲ့အာဂျင်းတီနားအသင်းက မာရာဒိုနာက လက်နဲ့ပုတ်သွင်းလိုက်လို့ နိုင်ခဲ့တာလို့ကြားဖူးခဲ့တာပဲ၊ဘာတဲ့ Hand of God ဆိုလားတောင် ပြောနေကြတယ်။။ပွဲကြည့် ပရိတ်သတ်တော်တော်များများက မြင်လိုက်ပေမဲ့ ကွင်းလယ်ဒိုင်လူကြီးက မမြင်လိုက်လို့ ရခဲ့တာတဲ့၊အဲဒီလိုလည်း ဖြစ်ပြန်ရောလားလို့ ကျွန်မ တွေးကြည့်မိတယ်။အခုခေတ်မှာ ပွဲစဉ်ကိုပြန်ကြည့်လို့ရတဲ့ ခေတ်မီစက်တွေက ပေါ်နေပြီဆိုတော့ အဲဒီလို မဖြစ်လောက်တော့ဖူးထင်ပါတယ်။ဖီဖာအဖွဲ့ကြီး ကလည်း ပရိတ်သတ် တောင်းဆို တင်ပြတာတွေကို လိုက်ညှိဖြေရှင်းပေးရင်းက ဂိုးတိုင်ကိုချဲ့ပေးဖို့ ကိစ်္စပါ ပါလာတော့တယ်။ဂိုးလ်ကီပါတွေကလည်း ဂိုးတိုင်သာ ချဲ့မယ်ဆိုရင် ဒီအတိုင်းသာ ကန်သွင်းလိုက်ကြပါတော့လို့ ပြောကြတယ်တဲ့။
ဆရာမင်းလူရဲ့ “အချစ်နဲ့ဘောလုံး” စာအုပ်ဖတ်လိုက်ရတော့ ဘောလုံးပွဲဆိုတာ စည်းလုံးညီညွတ်တဲ့ စိတ်ကို ပေါ်ပေါက်စေတာပဲလို့ လက်ခံမိပြန်တယ်။၂၀၁၀ ကမ်္ဘာ့ ဖလားမှာ အုပ်စုအဆင့်က ထွက်ခဲ့ရတဲ့ ပြင်သစ်အသင်းကို အပြစ်ပေးအရေးယူပေးဖို့ ပြင်သစ်ပြည်သူတွေက တောင်းဆိုကြတယ်လို့ ဖတ်လိုက်ရတယ်။ပြင်သစ်အစိုးရကလည်း စုံစမ်းမှုတွေ ပြုလုပ်ပြီး အပြစ်ပေးအရေးယူခဲ့တယ်ဆိုပဲ။အဲဒီလိုဆိုတော့လည်း ဘောလုံးပွဲဆိုတာ တနည်းအားဖြင့် မျိုးချစ်စိတ်ကို ဖော်ပြတာပဲလို့ ကျွန်မခံစားလိုက်မိတယ်။ရှုံးထွက် ထွက်ပေးလိုက်ရတဲ့ အသင်းက အားကစားသမားတွေလည်း ငို၊ပွဲကြည့်ပရိတ်သတ်လည်း ငိုကြနဲ့ တွေ့ရတော့ ဘောလုံးပွဲဆိုတာ စည်းလုံးညီညွတ်ဖို့ အတွက် အကောင်းဆုံးသော စည်းရုံးနည်းတစ်ခုပါလားလို့ ကျွန်မ သတိထားမိပြန်တယ်။
ဒီနှစ် ကမ်္ဘာ့ ဖလားပြိုင်ပွဲ ရဲ့ အိမ်ရှင်နိုင်ငံကတော့ ၂၀၀၇ခုနှစ်တုန်းက အိမ်ရှင်ဖြစ်ခဲ့ဖူးတဲ့ ဘရာဇီးနိုင်ငံပါပဲ။ဒါပေမဲ့ ဘရာဇီးရဲ့ နိုင်ငံရေးပိုင်း မတည်ငြိမ်မှုတွေ၊အသုံးပြုမဲ့ ကွင်းတိုင်းအတွက် ဘတ်ဂျက်ငွေဟာ အကန့်အသတ် ကျော်လွန်နေတာတွေ ကြောင့် ပြည်သူတွေဆီက မကျေနပ်သံတွေ ကြားနေရပါတယ်။ပြည်သူ အချို့ကျတော့ လည်း ငါးကြိမ် ချန်ပီယံဆိုတဲ့ ဘောလုံးသမိုင်းက သူတို့ နိုင်ငံအတွက် ဂုဏ်ယူ စရာ ဖြစ်လို့နေပါတယ်။ ကမ်္ဘာ့ဖလား ဘောလုံးပွဲ လက်ခံကျင်းပခွင့်ရတဲ့ နိုင်ငံဟာ နိုင်ငံခြားဝင်ငွေ အမြောက်အမြား ရတာကြောင့် နိုင်ငံ့စီးပွားသိသိသာသာ တိုးတက်လာတယ်လို့ သိလိုက်ရတဲ့ အချိန်မှာတော့ ကျွန်မ ကမ်္ဘာ့ ဖလား ဘောလုံးပွဲဆိုတာကို တော်တော် စိတ်ဝင်စားသွားတယ်။၂၀၁၀ မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ တောင်အာဖရိက နိုင်ငံက ဆင်းရဲမွဲတေတဲ့ နိုင်ငံထဲမှာ ပါတယ်လို့သိရပါတယ်။ကမ်္ဘာ့ဖလားပွဲပြီးတဲ့အခါ သူတို့နိုင်ငံ စီးပွားရေး ဦးမော့လာနိုင်တာကို တွေ့ရတယ်။အဲဒါကြောင့်ထင်ပါရဲ့ တောင်အာဖရိကနိုင်ငံက ၂၀၂၀ မှာလည်း အိုလံပစ်အိမ်ရှင်ဖြစ်ရေးအတွက် အိုင်အိုစီကို ကမ်းလှမ်းနေကြပြန်ပြီ။
ကျွန်မ တို့နိုင်ငံအနေနဲ့ကတော့ မြန်မာဘောလုံးအသင်း သွားရောက်ယှဉ်ပြိုင်ခွင့် ဆိုတာ အသာထားလို့၊တစ်ကမ်္ဘာလုံး ကြည့်ခွင့်ရှိနေတဲ့ ကမ်္ဘာ့ဖလားဘောလုံး ပြိုင်ပွဲဆိုတာကို လူတိုင်း ကြည့်ခွင့်တောင် မရနိုင်ကြပါဘူး။စကိုင်းနက်ဆိုတဲ့ ပြာတာတာ အ၀ိုင်းလေးတပ်ထားပြီး ဘောလုံးပွဲလိုင်း အတွက် ငွေသွင်းထားပါမှ ကြည့်ခွင့်ရကြရတယ်။အဲဒီတော့ ကမ်္ဘာ့ ဖလားဆိုတာ မြန်မာ ပြည်သူတွေနဲ့ ခပ်ဝေးဝေး ဖြစ်နေသလားလို့ ခံစားရတယ်။ကျွန်မကတော့ စိတ်ကူးယဉ်တယ် လို့ ပြောပြောကမ်္ဘာ့ဖလား ဘောလုံးပွဲကို အိမ်ရှင်နိုင်ငံအဖြစ် ကျွန်မတို့ နိုင်ငံကသာ ကျင်းပခွင့် ရခဲ့မယ်ဆိုရင်၊ ကမ်္ဘာ့နိုင်ငံ အသီးသီးက ဘောလုံး အားကစားသမားတွေနဲ့ ပွဲကြည့်ပရိတ်သတ်တွေ လာကြစမ်းပါစေ။နိုင်ငံရေး မတည်ငြိမ် မှုတွေ၊ဘာသာရေး ပဋိပက်္ခ်္ခတွေ ခဏမေ့ထားလို့ ဘယ်တုန်းကမှ စိတ်မ၀င်စားခဲ့တဲ့ အလုံးတစ်လုံးထဲကို လူနှစ်ဆယ်လောက် ၀ိုင်းကန်ကြနေတဲ့ ဘောလုံးပွဲဆိုတာကြီးကို မထတမ်း အားပေးပစ်လိုက်မှာ တစ်ကယ်ပါ။
ကျွန်မနှင့်ကျွန်မ၏ လောင်ဘက်များ (ဇတ်သိမ်း)
Posted by
Unknown
at
11:57 PM
Saturday, June 28, 2014
သမီးကို အရင်လိုက်ခေါ်ပြီးမှ
“အေးအေး ကလေးတစ်ယောက်လုံး ကားလမ်း ကူးပြေးသွားတာမမြင်ရအောင် ညည်းဘာလုပ်နေလဲ” လို့စိတ်တိုတိုနဲ့မေးလိုက်မိတယ်။
“သူ့ကိုဟိုဘက် လမ်းမကူး နဲ့လို့ပြောထားသားပဲ”တဲ့။
မေးတဲ့အဖြေကိုမပေးဘဲ သူ့အပြစ် လွတ်ကြောင်းပဲ ပြောပါတယ်။
(၈)
ကျွန်မတို့ရှေ့ မျက်နှာစာဘက် ကတ်္တရာလမ်းမကြီးရဲ့ တစ်ဖက်ခြမ်းမှာ ခရေပင်တန်းတွေရှိပါတယ်၊အပင်ပုပုလေး တွေနဲ့အပွင့်တွေ အများကြီး ပွင့်ပါတယ်။အပင်အောက်မှာ ကြွေကျနေတဲ့ ခရေပန်းတွေကလည်းအများကြီးပါ။စိန်စိန်ရှိတုန်းကတော့ သူတို့နှစ်ယောက်အတူတူ ခရေပန်းသွားကောက်နေကျပါ။သမီးလေး စိန်စိန်နဲ့အတူရှိနေတဲ့ အချိန်တိုင်း ကျွန်မစိတ်ချလက်ချ အလုပ်နိုင်တာတွေကို ပြန်သတိရ နေပါတယ်။သူရှိစဉ်က အိမ်အလုပ်တွေလည်း လှည့်ကြည့်စရာမလို၊ သမီးအတွက်လည်းစိတ်ချရပေမဲ့ ကျွန်မသူ့ကို စိတ်တိုင်းမကျဖြစ်ခဲ့ရပါတယ်။အိမ်မှုကိစ်္စတွေနဲ့မဆိုင်တဲ့ စာဖတ် စေချင်ရတာနဲ့ပတ်ဝန်းကျင် ဗဟုသုတ မသိရင်စိတ်တိုမိတာနဲ့ သူ့သင်ခဲ့ရတဲ့ အတန်းပညာကိုမေ့ထားပြီး ကျွန်မ အတင်း တွန်းခဲ့မိပါတယ်။ အခုမှ စိန်စိန်ရဲ့တန်ဖိုးကိုပိုမြင်လာပါတယ်။စိန်စိန်တစ်ယောက်လည်း ဘယ်အိမ်တွေရောက်ပြီး ဘာတွေများ လုပ်နေရပြီလဲလို့ ကျွန်မတွေးနေမိပါတယ်။
အိမ်မှာသင်တန်းသူတွေ များတော့ တစ်နေ့ကို ဖုန်စုပ်စက်နဲ့နှစ်ကြိမ် အနည်းဆုံးစုပ်ရပါတယ်။မီးပျက်တဲ့ရက်ဆိုရင်တော့ တံမြက်စည်းလှည်းရုံနဲ့မရဘဲ ကြမ်းပါ တိုက်ရပါတယ်။ဖုန်စုပ်စက်အသုံးပြုပုံကို အေးအေးကိုပြထားပေးပါတယ်။နွေဘက်ဆိုတော့ မီးက မကြာကြာ ပျက်နေပါတယ်။
“အေးအေးရေ မီးမလာဘူး တံမြက်စည်းလှည်းပြီး ကြမ်းတိုက်ပေးနော်” မနက်ပိုင်း အတန်းပြီးတာနဲ့ပြောလိုက်တာပါ။
“မီးလာတော့မှ ဖုန်စုပ်လိုက်မယ်လေ အမ ဖုန်စုပ်စက်ရှိနေပြီး ကြမ်းတိုက်ရမှာလား”တဲ့။
“ညည်းမီးက လာမလာ မသေချာပေမဲ့ သင်တန်းသူတွေကတော့ လာကြတော့ မှာလေ ဘယ်ဖြစ်မလဲ အခုပဲ လုပ်”ဆိုမှ ထပါတော့တယ်။
သူက အဲဒီလိုလေးကို ပြောတတ်တာထင်ပါတယ် လို့ တွေးကြည့်ပေးလိုက်ရပါတယ်။
အေးအေးဆိုတဲ့ကောင်မလေးက မျက်လုံးတော်တော်လှပါတယ်။မျက်နှာကို မိတ်ကပ်တွေ
အများကြီးမလိမ်းရင် ပိုတောင်မှလှသေးတယ်။လူပုံလည်း အရပ်မနိမ့်မမြင့် နဲ့ ကြည့်လို့ ကောင်းပါတယ်။တစ်မနက်ခင်းမှာတော့ ကျွန်မသင်တန်းသူတစ်ယောက်က
“အမ ကောင်မလေး ၀ရန်တာကနေ ဆိုက်ကားဂိတ် ကိုဘာတွေလုပ်ပြနေလဲမသိဘူးနော်၊ အခု ကျွန်မ လာတော့ ဆိုက်ကားသမားတွေက မော့ကြည့်ပြီး ရယ် နေကြတယ်။”
အဲဒီတော့မှ သူမနက် မနက် ၀ရန်တာကိုထွက်ရပ်တာ နဲ့သမီးလေးကားလမ်းကူးသွားတာ မသိတာတွေက ဒါကြောင့်ကိုး လို့ ကျွန်မ သတိထားမိပါ တော့တယ်။အေးအေး နေပုံ ထိုင်ပုံတွေနဲ့ဆို ဆိုက်ကားဂိတ်က တစ်ယောက်ယောက်နဲ့တော့ နောက်ဆက်တွဲ ဇာတ်လမ်းတွေ ပေါ်လာတော့မယ်။အိမ်မှာက သမီးနဲ့ကျွန်မ နှစ်ယောက်ထဲဆိုတော့ အဝေးရောက်နေတဲ့ အမျိုးသားက စိတ်ပူစ ပြုနေပြီ။ကျွန်မက ပြန်မပို့သေးဘဲ တင်းထားလို့သာ အမျိုးသားက ဘာမှ မပြောတာ။နောက်ဆုံးတော့ အေးအေးကိုလည်း ပွဲစားလက်ထဲ ပြန်အပ်လိုက်ရပါ တော့တယ်။
ကျွန်မကို ကျွန်မ သင်တန်းသူ အိမ်ရှင်မ အချို့က လူရ ကံကောင်း တယ် လို့ပြောကြတယ်။သူတို့က စိန်စိန်တို့၊ကြည်ပြာအေးတို့ကို ကြည့်ပြီးပြောတာပါ။အဲဒီတုန်းကတော့
“လူရ ကံကောင်းတယ်ဆိုတာ အိမ်ရှင်နဲ့လည်း ဆိုင်ပါတယ်၊သူတို့ကို ကိုယ်က ကောင်းကောင်းမွန်မွန် ဆက်ဆံရင် သူတို့ဘက်ကလည်း မဆိုးတတ်ကြပါဘူး” လို့ကျွန်မ ပြောခဲ့ဖူးပါတယ်။မိသားစုလို ဆက်ဆံရင်၊စနစ် တကျ လေ့ကျင့်ပေးရင် ဘယ်သူပဲဖြစ်ဖြစ် ကောင်းလာကြပါတယ်လို့ ကျွန်မကိုယ် ကျွန်မ အထင်ကြီးခဲ့မိပါတယ်။တစ်ကယ်တော့ အစကတည်းက အခံမကောင်းရင် ဘယ်လို ပြုပြင် ပြုပြင် မရနိုင်ပါလားလို့ တစ်စ တစ်စ နဲ့ သိလာရပါပြီ။လူထပ်ခေါ်ဖို့ ကျွန်မ တော်တော်စဉ်းစားရပါပြီ။ဒီလိုနဲ့ သမီးရယ်၊ အိမ်မှုကိစ်္စတွေရယ်၊အားကစားသင်တန်း တစ်ဖက်ရယ်နဲ့ ချာချာလည် ရပြန်ပါတယ်။နွေကျောင်းပိတ်ရက် တွေမှာ ကိစ်္စမရှိပေမဲ့ ကျောင်းပြန်ဖွင့်ခါနီးမှာတော့ မဖြစ်မနေ ကျွန်မအတွက် ကူဖော် တစ်ယောက်လိုပါပြီ။သမီးကို ဖယ်ရီကားပေါ်အရောက် ပို့ပေးရမဲ့ မနက်ပိုင်း အချိန်ရယ်၊ကျောင်းပြန် စောင့်ကြိုပေးရမဲ့ ညနေပိုင်း အချိန်တွေက ကျွန်မ သင်တန်းမှာ သင်တန်းသူ အများဆုံးအချိန် ဖြစ်နေပါတယ်။
အဲဒီအချိန်မှာ ကျွန်မ ယောက်မက ဖုန်း ဆက်လာပါတယ်။
“တို့အနားမှာ နယ်ဘက်ကနေ အလုပ်လာရှာတဲ့ သားအမိနှစ်ယောက်ရှိတယ်။အရမ်းရိုးသားတာပဲ ထမင်းတော့ချက်တတ်ပါတယ်။ဟင်းချက်တာနဲ့ မီးပူတိုက်တာတော့ တဖြည်းဖြည်းချင်း သင်ပေးပေါ့ဟာ၊အမေကတော့ အသက်ကြီးပါတယ်။သမီးကို ခေါ်ထားလိုက်ပေါ့”။
“မယုံရဲဘူး ယောက်မရယ်၊တောသားရဲ ဆွဲထုတ်ဆိုသလိုပဲ နယ်ကလာပေမဲ့ လူလည်တွေ များနေပြီ” ကျွန်မရဲ့ တွန့်ဆုတ်ဆုတ် အဖြေ။
“ပွဲစားနဲ့မှ မဟုတ်တာ သူတို့ရိုးသားတာ ငါ အာမခံတယ်။နင့်မှာ လူပိုတစ်ယောက်ရှိမှ ဖြစ်မဲ့ဟာကို၊လစာလည်း နင်အဆင်ပြေသလို ကြည့်ပေးပါလို့ ပြောကြတယ်။ခေါ်ထားလိုက် မနက်ဖန် သူတို့ကို ငါလွှတ်လိုက်မယ်၊ဒါပဲ”။
ယောက်မက သူပြောချင်တာ ပြောပြီးဖုန်း ချသွားပါတော့တယ်။ဒီတော့လည်း မနက်ဖန် ကျွန်မရဲ့ ကူဖော်လားဖြစ်မလား၊လောင်ဖက် ဖြစ်မလား မသိသေးတဲ့သူကို စောင့်ရုံပဲပေါ့။ ညဘက်ကျတော့ အမျိုးသားနဲ့ ဖုန်း ပြောရင်း ယောက်မ လွှတ်လိုက်မယ်ဆိုတဲ့ ကောင်မလေး အကြောင်း ပြောပြလိုက်တယ်။ကျွန်မနဲ့ဖုန်း ပြောပြီး အမျိုးသားက ယောက်မဆီ ဆက်လိုက်ပါတယ်။ဒီတစ်ခါ လွှတ်လိုက်မဲ့ ကောင်မလေးကို မျက်လုံးပဲ သေချာကြည့်ပေးပါ မျက်လုံးသိပ်လှနေရင် ခေါ်လို့မဖြစ်ဘူးလို့ စ နေတာပါ။အေးအေးတုန်းက မျက်လုံးလှပြီး အဲဒီမျက်လုံးနဲ့ပဲ ဟိုလိုကြည့် ဒီလိုကြည့်တွေလုပ်လို့ နောက်ဆက်တွဲ ဇာတ်လမ်းတွေကို ကြောက်ပြီးပြန်ပို့ခဲ့ရတာကိုး။
သားအမိနှစ်ယောက်ကို တွေ့လိုက်ရတဲ့အချိန်မှာ ရိုးသားပါတယ်ဆိုတဲ့ ယောက်မရဲ့ ထောက်ခံချက်ကို ကျွန်မ လက်ခံသွားပါတယ်။တစ်ကယ်ကို ရိုးရိုးအအ ပုံစံကြီးတွေပါ။သမီးလုပ်သူက အသက် ဆယ့်ကိုးနှစ်လောက် ရှိပါပြီ။လစာကိုတော့ အေးအေး ကိုပေးခဲ့ရတဲ့ နှုန်းအတိုင်း ကျွန်မ ပေးလိုက်ပါတယ်။ဒီတစ်ခါ ပွဲစားခလည်း ပေးစရာ မလို၊အမေလုပ်သူ ကလည်း သုံးလစာ ကြိုမယူပါဘူးတဲ့။တစ်လစာပဲ ယူသွားပါတယ်။ခေါ်ခဲ့ဖူးသမျှထဲမှာတော့ ဒီတစ်ခါ အကုန်အကျ အသက်သာဆုံးလို့ပြောရမယ်။ကောင်မလေး နံမည်က “နွေးနွေး”တဲ့။ကျွန်မ အမျိုးသားကတော့ နံမည်ကြားကြားချင်းပဲ
“အေးရာကနေ နွေးတော့လာပါပြီ၊ အခြေအနေတိုးတက် လာပြီလို့ ဆိုရမယ်”တဲ့။ ကျွန်မကို စ နေပါတယ်။နွေးနွေးရဲ့ မျက်လုံး မသိမသာလေးတော့ စောင်းနေသလိုပါပဲ၊
သူ မလုပ်တတ်တဲ့ အိမ်မှုကိစ်္စတွေကိုလည်း လိုလိုချင်ချင် သင်ယူပါတယ်။အတန်းကျောင်း ကိုလည်း ခုနစ်တန်းထိ နေဖူးတယ်တဲ့။သမီးလေးနဲ့ ပုံပြောတမ်း ကစားတာ၊ပန်းချီဆွဲကြတာတွေ တွေ့ရတော့ ကျွန်မလည်း စိတ်ချမ်းသာရတယ်။သမီးလေး ကျောင်းစဖွင့်တဲ့နေ့မှာ မိဘတွေ ကျောင်းကို လိုက်သွားရပါတယ်။စာအုပ်ဖိုးနဲ့ဘာကြေး၊ညာကြေးတွေ အတွက် ကောက်ခံဖို့ပါ။သမီးတို့ကျောင်းက ရှစ်နာရီခွဲမှာ တက်ပါတယ်။မိဘတွေကိုတော့ ကိုးနာရီခွဲမှ ကျောင်းထဲကို ၀င်ခွင့်ပေးပါတယ်။ကျွန်မရဲ့ မနက်ပိုင်း အတန်းက သင်တန်းသူများတာမို့ ကျောင်းဖယ်ရီနဲ့ လိုက်မသွားနိုင်ပါဘူး။နွေးနွေးကိုပဲ သမီးနဲ့အတူ ထည့်လိုက်ပါတယ်။ပြီးတော့
“ညီမလေးရဲ့ ကျောင်းရှေ့မှာပဲစောင့်နေနော် ဘယ်မှမသွားနဲ့၊အမ ကိုးနာရီကျမှ လိုက်ခဲ့မယ်”လို့ မှာလိုက်ပါတယ်။
ကျောင်းရှေ့ ကျွန်မရောက်သွားတော့ နွေးနွေးကို ရှာတာမတွေ့ပါဘူး။ဖယ်ရီတွေ ရပ်နားရာ ကျောင်းဝင်းထဲမှာ သွားကြည့်တော့လည်း မရှိ။အဲဒီအချိန် ကျောင်းထဲကို မိဘတွေကို ၀င်ခွင့်ပေးနေပါပြီ။ဆယ့်တစ်နာရီမှာ အပြီး ကျောင်းဝင်းထဲက ပြန်ထွက်ပေးကြရပါမယ်။ဒီတော့ ကျွန်မ ကျောင်းထဲကို အရင်ဝင်လိုက်ရပါတယ်။သမီးရဲ့ ကျောင်းကိစ်္စပြီးတော့ ပြန်အထွက်မှာ ဆရာမ တစ်ယောက်ရဲ့ ပြောနေသံကို ကြားလိုက်ရပါတယ်။
“မိန်းကလေး တစ်ယောက် ကိုးနာရီ မခွဲသေးဘဲနဲ့ ကျောင်းဝင်းထဲကို ဇွတ်ဝင်လာလို့ ကျောင်းအုပ်ကြီး ရုံးခန်းကို ပို့လိုက်ရတယ်။ခက်တာပဲ လူတွေကလည်း ဒီကျောင်း စည်းကမ်းကို သိရက်သားနဲ့ လုပ်နေကြတယ်”။ ကျွန်မ ခေါင်းကြီးသွားပါတယ်။အဲဒီ မိန်းကလေးက နွေးနွေး များဖြစ်နေမလားပေါ့။ပြောနေတဲ့ ဆရာမကို မိန်းကလေးရဲ့ ပုံပန်းသဏ္ဍန် မေးကြည့်တော့ ဆရာမကလည်း ပုံဖော်ပြောပြတာ ဝေေ၀၀ါးဝါး၊ကျွန်မ ကလည်း ရက်ပိုင်းပဲမြင်ဖူးထားတဲ့ နွေးနွေးပုံရိပ်ကို ၀ိုးတ၀ါးမို့ ပညာရှိပီပီ ကျောင်းအုပ်ကြီးရုံးခန်းကို ပြေးပဲကြည့်လိုက်ပါတော့တယ်။ရုံးခန်းရောက်သွားတော့ တွေ့ရတာ မိန်းကလေးက နွေးနွေး မဟုတ်တာမို့ ကျွန်မမှာ သက်ပြင်းချရမလား တွေးနေတုန်း အတွေးတစ်ခုက နောက်ထပ်ပေါ်လာပါတယ်။အခုရုံးခန်းမှာ နွေးနွေးကို မတွေ့ရတော့ နွေးနွေးပျောက်နေပြီပေါ့။ကျွန်မ ဘယ်ကို လိုက်ရှာရမလဲ။ကျောင်းပြင်ပြန်ထွက်လာတော့ အနီးအနား က ကားဂိတ်တွေအထိ ကျွန်မ လိုက်ရှာလည်း မတွေ့ရ။သမီးတို့ကျောင်းက မင်္ဂလာဒုံ- ပြည်လမ်းမကြီးပေါ်မှာ တည်ရှိတာမို့ လမ်းကြောကတော့ ရှင်းနေပါတယ်။ဒီအနီးအနား ၀န်းကျင် နွေးနွေး ဘယ်နား ရပ်နေ နေ သိသိသာသာ မြင်နေနိုင်ပါတယ်။
ကျွန်မ ကားလမ်းတစ်ဖက်ကို ဖြတ်ကူးပြီး မြောက်ဥက်္ကလာပ ထွက်တဲ့ဘက် အခြမ်းက ဘတ်စ်ကားမှတ်တိုင်မှာ ရှာကြည့်ဖို့စဉ်းစားလိုက်ပါတယ်။ဒီလမ်းကြောကတော့ ကျွန်မတို့ အိမ်ပြန်ရမဲ့ ဘက်နဲ့ ဆန့်ကျင်ဘက်မှာပါ။ဒီတစ်နေရာမှာ မှ ရှာမတွေ့ရင် ကျွန်မ ရဲစခန်းကို လူပျောက်တိုင်ချက် ဖွင့်ရတော့မလား၊ယောက်မကို အကြောင်းကြားရမှာလား။အတွေးပေါင်းစုံနဲ့ ကျွန်မ လမ်းဖြတ်ကူးဖို့ လုပ်နေပါတယ်။အဲဒီအချိန် ပြည်လမ်းအတိုင်း မောင်းလာတဲ့ တက်္ကစီ တစ်စီးက အရှိန်လျှော့တော့မလို လုပ်တယ်ထင်ပြီး ကျွန်မ လမ်းဖြတ်ကူးမလို့ လုပ်လိုက်ပါတယ်။ဒါပေမဲ့ ကား အရှိန်ပြန်မြှင့်လာတယ် ထင်ပြီး နောက်ပြန်ဆုတ်မိလိုက်ပါတယ်။ကျွန်မက တွန့်ဆုတ်ဆုတ်၊ကားအရှိန်ကလည်း လျှော့တော့မလို၊ပြန်တင်တော့မလိုနဲ့ နောက်ဆုံး ကျွန်မနဲ့ကား တိုက်မိတော့ မလိုအထိ ဖြစ်သွားရပါတယ်။
ရပ်သွားတဲ့ တက်္ကစီမောင်းသူ နေရာက ခေါင်းထွက်လာပြီး
“နင်သေချင်လို့လား ဘာတွေတွေးနေပြီး လမ်း ဖြတ်ကူးနေတာလဲ။တိုက်မိရင် မောင်နှမချင်း ငါလည်း အလျှော် မပေးနိုင်ဘူး။”ဆိုပြီး ကျွန်မ အစ်ကို က အော်ပါတော့တယ်။
အနားရောက်လာမှ သူကလည်း ကျွန်မ မှန်းသိတာပါတဲ့။
(၉)
အစ်ကို့ ကို အကျိုးအကြောင်း ပြောပြပြီး မောင်နှမနှစ်ယောက် လိုက်ရှာတော့မှ ကျွန်မ ထင်တဲ့အတိုင်း မြောက်ဥက်္ကလာပ လမ်းကြောပေါ်က ဘတ်စ်ကားမှတ်တိုင်မှာရပ်နေတာ တွေ့လိုက်ရပါတယ်။
“နွေးနွေးရယ်....ဘာလို့ ကျောင်းရှေ့မှာ စောင့်မနေတာလဲ။ရှာလိုက်ရတာ ဘယ်လိုဖြစ်ပြီး မဆီမဆိုင် ဒီဘက်အခြမ်းမှာ လာစောင့်နေရတာလဲ”။ကျွန်မရဲ့ အမောတကောအမေး။
“ဘတ်စ်ကားစီးရင် အပြန်မှာ ဆန့်ကျင်ဘက် မှတ်တိုင်က ပြန်စီးရတာဆို၊ကျောင်းရှေ့မှာ စောင့်နေတာ ကြာလာတော့ ဘယ်နှစ်နာရီ ရှိနေမှန်းမသိလို့ သေချာအောင် အပြန်စီးရမဲ့ ဘတ်စ်ကားမှတ်တိုင်က လာစောင့်နေတာလေ။အဲဒါကြောင့် အမ နွေးနွေးကိုတွေ့တာပေါ့”။
သူ့အတွေးနဲ့သူ နွေးနွေးရဲ့တုန့်ပြန်အဖြေပါ။သူ့မှာ နာရီမှ မရှိဘဲ၊ဟုတ်မှာပေါ့။သမီးတို့ ဖယ်ရီက ကျောင်းကို မနက် ၈နာရီလောက်ကတည်းက ရောက်နေတာဆိုတော့ ကျွန်မကို တစ်နာရီခွဲ နီးပါးလောက်စောင့်နေရတော့ ကြာတယ်ထင်မှာပေါ့။နွေးနွေးကို အပြစ် မတင်မိတော့ပါဘူး။
မိုးဦးကျစ ရက်တွေဆိုတော့ ညနေကျောင်းဆင်းချိန်ဆို မိုးက တအားသည်းပြီ။ကျောင်းလွှတ်ချိန်မှာ မိုးသည်းနေရင် ကျောင်းသားကြီးတွေကြား ညှပ်နေမှာစိုးလို့ ကျောင်းဖွင့်စ ရက်တွေ မှာတော့ သမီးကို သွားကြိုပေးလေ့ရှိပါတယ်။ကျွန်မနဲ့အတူ နွေးနွေးကိုပါ ခေါ်သွားပါတယ်။သူ့ကို ကြိုရမဲ့ အပေါက် နဲ့ ဖယ်ရီ ရပ်ထားတဲ့ နေရာတွေကိုပြထားပါတယ်။တစ်ပတ်လောက်နေတော့ နွေးနွေးကိုပဲ လွှတ်ပြီးကြိုခိုင်းလိုက်ပါတယ်။သမီးကတော့
“မေမေ မမနွေးနွေးက ဘယ်တော့မှ သမီးကို မမြင်ဘူး၊သူ့လက်ကို သွားဆွဲမှ သမီးကိုမြင်တာချည်းပဲ”တဲ့။
“သူကြည့်နေကျ မဟုတ်တော့ အဖြူအစိမ်းတွေတူနေတဲ့ သမီးတို့ကိုရောနေလို့ ဖြစ်မှာပေါ့၊သမီးမြင်လည်း ရတာပဲလေ”။ ကျွန်မ စိတ်ထဲ ဒီကိစ်္စက သာမန်ပါ။
စနေ တစ်ည မှာတော့ သမီးက အိမ်စာတွေလည်း ပြီးပြီ။မမ နွေးနွေးနဲ့ ပုံပြင်စာအုပ်ဖတ်မယ်လို့တောင်းဆိုနေပါတယ်။သူတို့ကို ပုံပြင်စာအုပ်တစ်အုပ် ထုတ်ပေးပြီး အနားမှာ ကျွန်မ ကလည်း စာဖတ်နေလိုက်ပါတယ်။ကျွန်မ အာရုံနဲ့ ကျွန်မ သူတို့ကို မေ့သွားပါတယ်။
“မမ ဖတ်လေ ဘာလို့လဲ ” သမီးရဲ့အသံ
- - - - - - - နွေးနွေးအသံက ခပ်တိုးတိုးမို့ ကျွန်မ မကြားရဘူး။
“မမြင်ရဘူး ဟုတ်လား၊မေမေ့ကို ပြောလိုက်လေ” သမီးရဲ့ ထပ်ဆင့်အသံထွက်လာပြန်ပါတယ်။ကျွန်မလည်း သူတို့ကိုကြည့်ပြီး ဘာဖြစ်နေကြတာလို့ မေးလိုက်ပါတယ်။
“မေမေ........မမနွေးနွေးကလေ ညဘက်ဆိုရင် သူ့မျက်လုံးက ဘာမှ မမြင်ရဘူးတဲ့၊နေ့ခင်းဘက်မှာတောင် တိုင်ကပ်နာရီကို မမြင်ရဘူးတဲ့”။
အခုချိန်ထိ သမီးရဲ့အသံကိုပဲ ကြားရသေးတယ်။ကျွန်မလည်း အဲဒီတော့မှ သတိထားမိတယ် အရင်ကောင်မလေးတွေတုန်းက ညဘက်ဆို တီဗွိကြည့်ကြပါတယ်၊နွေးနွေးကတော့ ရောက်ကတည်းက တစ်ခါမှ တီဗွိရှေ့ထိုင်တာ မတွေ့ရဘူးပဲ။
“နွေးနွေး ပြောပါအုံး၊ဘာဖြစ်တာလဲ”
ကျွန်မကို ဘာမှပြန်မဖြေခင် ငိုနေပါတယ်။ပြီးတော့မှ
“ကြက်မျက်သင့်တာလို့ ပြောတယ်၊သမီး ခြောက်တန်းနှစ်က အဖျား အရမ်းကြီးပြီး သတိလစ်သွားဖူးတယ်၊ရွာမှာက ဆရာဝန်လည်း မရှိဘူး။အနားကရွာမှာ တိုက်နယ်ဆေးရုံ ရှိပေမဲ့ ပိုက်ဆံမရှိတော့ သွားမပြနိုင်ပါဘူး။ရွာက ဆေးမြီးတိုတွေနဲ့ပဲ နေပြန်ကောင်းလာတော့ မျက်လုံး အဲဒီလိုဖြစ်သွားတာ။ညဘက်တွေဆို လုံးဝ မမြင်ရဘူး၊နေ့ခင်းဘက်မှာတော့ မှုန်ဝါးဝါးမြင်ရသေးတယ်”။
“အမကို ကြိုပြောရောပေါ့ နွေးနွေးရယ်၊အန်္တရာယ် များလိုက်တာ ကားလမ်းတွေကူးပြီး သမီးကို ကျောင်းကြိုခိုင်းမိတာ တစ်ခုခုဖြစ်သွားရင် ဘယ်ကောင်းမလဲ” ကျွန်မ မှာ အခုမှ ရင်
တမ မ ဖြစ်ရပါတော့တယ်။
“အမ ယောက်မက အမ အစ်ကို ကို ပြောနေသံကြားတယ်။သူတို့က မျက်လုံးကောင်းမှ ခေါ်မယ်ဆိုလား၊အဲဒါ အမ မခေါ်မှာစိုးလို့ ကြိုမပြောတာပါ။”
နွေးနွေးရဲ့ အဖြေကို ကျွန်မ ဇဝေဇ၀ါဖြစ်သွားပါတယ်။
“ဘယ်သူက ပြောတာလဲ မျက်လုံးကောင်းမှဆိုတာ”
“အမ ယောက်ျားက ဖုန်းဆက်ပြောတာတဲ့”။
အဲဒီတော့မှ ကျွန်မ သဘောပေါက်ပါတော့တယ်။အမျိုးသားက ယောက်မကို ဖုန်း ဆက် လှမ်းစတာကို ကြားသွားတာ နေမှာပါ။ပုံစံတစ်မျိုးနဲ့ ရောက်လာတဲ့ ကျွန်မရဲ့ ကူဖော်အတွက် မျက်မှန် စမ်းသပ်ပေးရပါတော့တယ်။သူတို့ပြောတဲ့ “ကြက်မျက်သင့်တယ်”ဆိုတာကိုတော့ မသိပါဘူး။မျက်စိက အားတော်တော်နည်းနေတာပါ။မမြင်ရတာကို အားစိုက်ပြီး စောင်းကြည့်တာ ကြာသွားတော့ သူငယ်အိမ်ပါစောင်းသွားပြီး မျက်စိစောင်းသလို ဖြစ်သွားတာပါ။စမ်းသပ်ခ နဲ့မျက်မှန်လုပ်ခက သူ့လခ တစ်လကျော်စာလောက် ရှိတာမို့ ကျွန်မကပဲ လုပ်ပေးလိုက်ပါတော့တယ်။မျက်စိမြင်ရရင် ကျန်တာတွေက အဆင်ပြေနိုင်တာမို့ နွေးနွေးကို ကျွန်မအတွက် မဆိုးဘူးလို့ ပြောရပါမယ်။အဲဒီလိုနဲ့တစ်လ ပြည့်တော့ သူ့အမေက နောက်တစ်လစာ အတွက် လခလာထုတ်ပါတယ်။လုံခြုံစိတ်ချရတဲ့ နေရာဖြစ်လို့ သူ့သမီးလေးကို ဒီမှာပဲ တစ်သက်လုံး ထားချင်တာပါတဲ့။နွေးနွေးကိုယ်တိုင်ကလည်း ကျွန်မ အိမ်မှာ ပျော်ပုံရပါတယ်။နှစ်ဦးနှစ်ဖက် အဆင်ပြေနေတယ် ပြောပါတော့။
တစ်ရက်မှာတော့ ယောက်မကပဲ ဖုန်းဆက်လာပြန်ပါတယ်။
“ယောက်မရေ......... စိန်စိန်ရယ် ငါ့ဆီကို ဖုန်းဆက်တယ်၊သူအခု လမ်း၄၀က အိမ်မှာ အလုပ်လုပ်နေတယ်တဲ့။အဲဒါ နင့်ဆီကို ပြန်လာချင်လို့ မပြောရဲလို့ သူ့ခေါ်ကို လာခေါ်ပေးဖို့ ငါ့ကို ဖုန်းလှမ်းဆက်တာ။ဘယ်လိုလုပ်ပေးရမလဲ”
“ဟင်... ဘယ်လိုလုပ်ပေးရမှာလဲ အိမ်မှာ နွေးနွေးရှိနေတာကို သူ့ပြန်ခေါ်လို့ ဖြစ်မလား၊ ဆွဲထားတုန်းကတော့ မနေချင်တော့ပါဘူး ဆိုပြီး အခုမှတော့ ...........”။
ကျွန်မ စကားကို ဆုံးအောင်မစောင့်ဘဲ ယောက်မက
“နွေးနွေးက ဘယ်သူမှ မရှိလို့ မရှိသုံးလေ၊စိန်စိန်ဆိုရင် သမီး အထာရော၊အိမ်မှုကိစ်္စတွေပါ ဘာမှ ပြန်သင်စရာ မလိုတော့ဘူး။နွေးနွေး အမေကို ငါကြည့်ပြောလိုက်မယ်”။
“မလုပ်နဲ့ ယောက်မ........ကိုယ်က အလိုရှိတုန်းက ခေါ်ထားပြီး အခုလူပြန်ရတော့မှ သွားတော့ လို့ မလုပ်ကောင်းပါဘူးဟာ စိန်စိန်ကိစ်္စ ဒီတိုင်းထားလိုက်”။
ကျွန်မနဲ့ယောက်မ ဖုန်းပြောနေသံကို နွေးနွေးလည်း ကြားနေမယ်ထင်ပါတယ်။နှစ်ရက်ခြားတစ်ခါလောက် ယောက်မ ဖုန်းဆက်လာပြန်ပါတယ်။စိန်စိန်ပြန်လာချင်နေတဲ့ အကြောင်းတွေပါပဲ။ကျွန်မ ကလည်း ငြင်းဆိုမြဲ။တစ်မနက်ခင်းမှာတော့
“ဒီနေ့ညနေ အမှိုက်ပစ်ရင်းနဲ့ အဲဒီအိမ်ကနေ စိန်စိန်ထွက်ခဲ့လိုက်တော့မယ်တဲ့၊ငါ့ကို .......ရွှေဆိုင်ထိပ်နားက လာကြိုပေးပါလို့ ဖုန်းဆက်တယ်။ဘယ်လိုလုပ်ရမလဲ”ယောက်မရဲ့ အရေးတကြီး ဖုန်းထဲက ပြောနေသံပါ။
“ယောက်မတို့ လျှောက်မလုပ်နော်။အဲဒါ အမှုပါဖြစ်နေအုံးမယ်။စိန်စိန် ချိန်းထားတဲ့နေရာကို မသွားနဲ့၊သူ့ကို ညည်း အမ ဆီ တိုက်ရိုက် ဖုန်းဆက်လို့ပြောလိုက်”။
နေ့တိုင်းနီးပါး စိန်စိန်အကြောင်းကို ပြောနေတော့ သမီးကလည်း
“မမစိန်စိန် ပြန်လာမှာလား၊မေမေ ပြန်ခေါ်လိုက်လေ” လုပ်တော့တာပဲ။
နွေးနွေးတစ်ယောက် မျက်နှာမကောင်းနေတာ ကျွန်မ သတိထားမိပါတယ်။အမှန်အတိုင်းပြောရရင် နွေးနွေးနဲ့အဆင်ပြေတယ်ဆိုပေမဲ့ စိန်စိန်လောက်တော့ မပြေနိုင်ဘူးပေါ့။လေးနှစ်ကျော်လောက် အတူနေလာတာဆိုတော့ သံယောဇဉ်ချင်း လည်း မတူဘူးလေ။သူတို့တွေ ချိန်းဆိုထားပြီး နှစ်ရက်မြောက်မှာ စိန်စိန် ကျွန်မ ဆီဖုန်းဆက်လာပါတယ်။ရွာမှာ တစ်ပတ်ပဲနေပြီး မနေနိုင်တာနဲ့ ရွာကပွဲစားကနေတစ်ဆင့် အခုနေတဲ့အိမ်ကို ရောက်နေတာတဲ့။ကျွန်မ ဆီကို ပြန်မလာရဲလို့သာ ကျွန်မတို့မိသားစုအကြောင်းတွေတော့ ပြောပြထားလို့ အဲဒီအိမ်ရှင်တွေကသိနေကြတယ်၊အိမ်ရှင် အမျိုးသားက ကျွန်မတို့အိမ်ကို ပြန်သွားချင်တာဆိုရင် သူခွင့်ပြုတယ်လို့ ကြိုပြောထားတယ်တဲ့။
စိန်စိန် ပြောတာတွေ နားထောင်ရတာ တစ်ခုခုတော့ လွဲနေသလိုပဲ ဘယ်အိမ်ရှင်မှ အဆင်ပြေနေတဲ့ အိမ်အကူကို အရင်အိမ်ပြန်သွားဖို့ မတိုက်တွန်းတတ်ပါဘူး။စိန်စိန်ရဲ့ လုပ်ရည် ကိုင်ရည်ကို မကြိုက်စရာမရှိနိုင်ဘူး။ပြီးတော့ အခု ခွင့်ပြုတယ်ဆိုတာက အိမ်ရှင် အမျိုးသား ဖြစ်နေပြန်တယ်။အိမ် အကူမရှိရင် ဒုက်္ခရောက်ရမှာက အိမ်ရှင်မလေ။အိမ်အကူ ကိစ်္စကို အိမ်ရှင်မ ကပဲ ဆုံးဖြတ်ရမှာ မဟုတ်ဘူးလား။စိန်စိန်ကို တော့ စဉ်းစားအုံးမယ်၊ ကိုယ့်သဘောနဲ့ ကိုယ် မထွက်ခဲ့နဲ့၊ ထွက်ခဲ့ရင် ပြန်မခေါ်တော့ဘူး လို့ ပြောထားရတယ်။အဲဒီနေ့ ညနေပဲ နွေးနွေး အမေ အိမ်ကို ရောက်လာတယ်။သူ့သမီးကို အလိုမရှိတော့ရင် မထားပါဘူး ပြန်ခေါ်သွားမယ်လို့ ကျွန်မကို ရန်တွေ့စကားဆိုတယ်။နွေးနွေးကလည်း သူ့အမေကို မြင်တော့ ငိုပြီး ပြန်လိုက်သွားတော့မယ်တဲ့။ကျွန်မ ဘာမှတောင် မပြောရသေးဘူး အထုပ်အပိုး ပြင်ဆင်ပြီး သွားတော့မယ်လို့ ဆိုကြတယ်။
(၁၀)
ကျွန်မက ဘာဖြစ်လို့ နွေးနွေးကို ပြန်ခေါ်သွားချင်ရတာလဲလို့ သူ့အမေကို မေးကြည့်ရပါတယ်။
“မဘုတ် ပြောနေသံကြားတယ်၊အရင် ကောင်မလေးကို ပြန်ခေါ်တော့မလို့ဆို သူပြန်ရောက်လာရင် နှစ်ယောက်ဘယ်ဖြစ်မလဲ”တဲ့။
မဘုတ်ဆိုတာ ကျွန်မ ယောက်မကို ပြောတာပါ။အိမ်ရှင်ဖြစ်တဲ့ ကျွန်မကတောင် ဘာမှ မဆုံးဖြတ်ရသေးဘူး၊သူတို့က နှစ်ယောက် ဘယ်ဖြစ်မလဲ ဆိုပါလား။နွေးနွေးက မျက်မှန်ချွတ်ပြီး ကျွန်မကို ပြန်ပေးတယ်။
“အစကတည်းက နွေးနွေးအတွက် လုပ်ပေးထားတာလေ၊အမက ဒီမျက်မှန်ကို ဘာလုပ်ဖို့လဲ ယူသွားပါ၊ပြီးတော့ နွေးနွေးကိုယ်တိုင် မနေချင်တော့တာလား။”
ကျွန်မရဲ့အမေးကို နွေးနွေးက ခေါင်းညိတ် အဖြေပေးတယ်။ဒီလိုဆိုတော့လည်း ရေစက်ကုန်ပြန်ပေါ့ တစ်ယောက်လို့ပဲ တွေးရပါတော့တယ်။နွေးနွေးပြန်တာ သေချာပြီဆိုတော့ စိန်စိန်ကို ပြန်ခေါ်ဖို့ ကိစ်္စ စဉ်းစားရပါပြီ။ဒီတစ်ပတ် အမျိုးသား ပြန်လာရင် စီစဉ်ရတော့မယ်။နောက်တစ်ကြိမ် စိန်စိန်ဖုန်းဆက်လာတော့ နေတဲ့လမ်း၊ရပ်ကွက်ကို သေချာမေးထားရပါတယ်။အမျိုးသား ပြန်အလာ စိန်စိန်ကို သွားခေါ်မယ်ဆိုတော့ အိမ်မှာ သမီးနဲ့ ထားခဲ့ရမဲ့သူ မရှိဘူးဖြစ်နေတယ်။အမျိုးသားက သူပဲသွားလိုက်တော့မယ်၊အထောက်အထား အဖြစ် ကျွန်မတို့ ခရီးထွက်တုန်းက စိန်စိန်နဲ့ ကျွန်မတို့ မိသားစုရိုက်ထားတဲ့ ဓာတ်ပုံကို ယူသွားမယ်လို့ ဆိုပါတယ်။
တစ်နေ့လုံး သူတို့ပြန်အလာကိုပဲ မျှော်နေမိပါတယ်။အဆင်မှ ပြေပါ့မလား၊စိန်စိန် ပြန်ပါမလာခဲ့ရင် နောက်တစ်နေ့ ဘယ်နေရာက ပွဲစားဆီကို ပြေးရအုံးမလဲပဲ ကျွန်မ တွေးနေမိပါတယ်။ညနေစောင်းလောက် အမျိုးသားနဲ့ စိန်စိန် ပြန်ရောက်လာကြတယ်။စိန်စိန်လက်ထဲမှာ အထုပ်အသေးလေး တစ်ထုပ်ကို ဆွဲလို့ ကျွဲကော်ကိုင်း မျက်မှန်လည်း တပ်ထားသေးတယ်။လူပုံစံကတော့ ဖြူပြီး ၀ နေပါတယ်။ကျွန်မကို မြင်တော့ ပြုံးစ စနဲ့
“အမ နေကောင်းလား”။
“ညည်း ထွက်သွားတုန်း ကသာ မကောင်းတာပါ၊အခုတော့ ကောင်းနေပါပြီ”။
အခန်းထဲကနေ သမီးက ထွက်လာပြီး
“မမ စိန်စိန် ပြန်လာပြီဟေ့” ဆိုပြီး ပြေးဖက်တယ်။
“မီးမီးလေး မမ မရှိတုန်း ဘာပုံတွေဆွဲထားသေးလဲ”
“အများကြီးပဲ ဆွဲထားတယ် မမကို ပြမယ်.... လာ”
သမီးနဲ့ စိန်စိန် စကားတွေ ရေပက်မ၀င်အောင် ပြောနေကြပါတယ်။ကျွန်မက
“သမီး နောက်မှ မမနဲ့ ဆော့၊ အခု ညနေစာ စားဖို့ ပြင်ဆင်လုပ်ရအုံးမယ်” ဆိုပြီး မနက်က နွေးနွေးချက်ခဲ့တဲ့ ဟင်းတွေကို ၀င်နွှေးရင်း စိန်စိန်နဲ့ စကားဆက်ပြောနေဖြစ်ပါတယ်။
သူကလည်း ကျွန်မ အိမ်က ကင်းကွာသွားတဲ့ နှစ်လအတွင်း အဖြစ်အပျက်တွေကို ပြောချင်နေပါတယ်။ကျွန်မ ကလည်း လက်သစ် ကောင်မလေးတွေရဲ့ အတွေ့အကြုံ အသစ်တွေ ကို ပြောပြနေချင်တယ်။ညနေစာ ပြင်ရင်း တစ်ယောက်တစ်လှည့် ပြောနေလိုက်ကြတာ ခရီးသွားက ပြန်လာတဲ့ အိမ်သားတစ်ယောက်နဲ့ ပြောနေသလိုပါပဲ။ကျွန်မ အမျိုးသားက မီးဖိုချောင် အပေါက်ဝကနေ ရပ်ကြည့်ပြီး
“ အခုမှပဲ ပုံမှန် အသံပြန်ထွက်လာတော့တယ်”တဲ့။ကျွန်မကို လှမ်း စ နေပါတယ်။
အမျိုးသားကို တွေ့တော့မှ ကျွန်မ သတိရသွားတယ်
“ပြောပါအုံး မေးမလို့ မေ့နေတာ စိန်စိန်ကို ဘယ်လို ပြောခေါ်ခဲ့ကြတာလဲ။”
ဒီတော့မှ အမျိုးသားက
“အမလေး ......တစ်ကယ့်စွန့်စားခန်းပါပဲအေ။ရပ်ကွက်ရုံးကို အရင်သွားရတော့ အိမ်နံပါတ်ကို ပြောပြီး စိန်စိန့် ဓာတ်ပုံပြရတယ်။ဧည့်စာရင်း တိုင်ထားတာရှိလား၊ဒီကောင်မလေးကို ရပ်ကွက်ထဲမှာ သွားသွားလာလာ တွေ့မိသလားလို့၊ဧည့်စာရင်း တိုင်ထားတာ တွေ့တယ်။အကျိုးအကြောင်းပြောပြတော့ အိမ်လိပ်စာ ညွှန်လိုက်ကြတယ်”
“အိမ်ရောက်သွားတော့ အဲဒါ သိချင်တာ” ကျွန်မက မစောင့်နိုင်ဘဲ မေးလိုက်မိတယ်။
“ပြောပါ့မယ်၊အိမ်ရှင်အမျိုးသမီးနဲ့တွေ့တယ်၊ဓာတ်ပုံထုတ်ပြတော့ ယူကြည့်တယ်။အထူးသဖြင့် ဓာတ်ပုံထဲက ကိုကြီးပုံကို ကြည့်တာပေါ့။အရွယ်ရောက်တဲ့ မိန်းကလေးတစ်ယောက်ကို လာပြန်ခေါ်တာ ယောက်ျား တစ်ယောက်တည်း ဖြစ်နေတော့ သူတို့မှာလည်း တာဝန်ရှိတာပေါ့၊ပြီးတော့ သူ့ယောက်ျားကို ဖုန်းလှမ်းဆက်တယ်။တစ်ဖက်က ပြန်ထည့်ပေးလိုက်လို့ ပြောတယ်နဲ့တူပါတယ်။အဲဒါနဲ့ စိန်စိန်လည်း အ၀တ်အစားတွေ ထည့်နေတယ်။အဲဒီအချိန် သူတို့သမီး အကြီးမလေးက မမစိန်စိန် လိုက်မသွားရဘူးဆိုပြီး အော်ငိုတော့တာပဲ။”
“ဟယ် ဟုတ်လား ကလေးက ဘယ်အရွယ်လောက် ရှိပြီလဲ”ကျွန်မ ကလေး အတွက် စိတ်မကောင်း ဖြစ်သွားပါတယ်။မိခင်ချင်းလည်း ကိုယ်ချင်းစာမိလို့ပါ။
“သမီးထက် တစ်နှစ်လောက် ကြီးမယ်ထင်တယ်” အမျိုးသားက အဖြေ
စိန်စိန်က
“မီးမီးလေးထက် နှစ်တန်းလောက် ကြီးမယ် ထင်တယ်၊သူတို့ မောင်နှမ နှစ်ယောက်က ဟောင်ကောင်မှာ ကျောင်းသွားတက်တာ။အခု ကျောင်းပိတ်လို့ ခဏ အလည်ပြန်လာကြတာပါ။နောက်လ လောက်ဆို ပြန်သွားကြပြီ။”“အော် ဒါဆို သူတို့ လင်မယား နှစ်ယောက်ပဲ ကျန်ရစ်မှာပေါ့”။ကျွန်မတို့ စကားအဆုံး
အမျိုးသားက စကားဆက်ပြန်တယ်။
“စိန်စိန် အ၀တ်အစားတွေ ထည့်နေတုန်း ဖုန်းဝင်လာတယ်။သူ့ယောက်ျားက ဘာပြောလိုက်လို့လည်း မသိဘူး၊အင်းပါ သိပါတယ် ပေးလိုက်မှာပါလို့ ပြောနေသံကြားတယ်။ပြီးတော့ စိန်စိန်ကို အခုလအတွက် လခ ယူသွားလို့ပေးတယ်။စိန်စိန်က အခုမှ လဆန်းရက် ပဲရှိသေးတာ မယူပါဘူး ဆိုတော့ ညည်း ဦးလေးက ပေးခိုင်းလိုက်တာ ယူသွားပါတဲ့။ငိုနေတဲ့ကလေးက သမီးတို့အိမ်မှာ မနေတော့ဘူးဆိုရင် မျက်မှန် ပြန်ထားခဲ့လို့ အော်နေတယ်။သူ့ အမေက အဲဒီလို မလုပ်ရဘူး၊မျက်မှန်က စိန်စိန် အတွက်လုပ်ထားတာ ဘာလုပ်ဖို့လဲ၊တော်ပြီ မငိုနဲ့တော့တဲ့။စိန်စိန် တစ်ယောက်အတွက်နဲ့ ဆူညံ ရှုပ်ယှက် ခတ်သွားတာပဲအေ”။ အမျိုးသားက မောသွားသလို သက်ပြင်းချတယ်။
ညဘက်ရောက်တော့ ကျွန်မက စိန်စိန်ကို
“ပြောပြပါအုံး နှစ်လ အတွင်း ညည်းရဲ့ ဖြစ်အင်တွေ”လို့စကားစလိုက်ပါတယ်။
ဒီတော့မှ စိန်စိန်က ဇာတ်စုံခင်းတော့တယ်။သူရွာပြန်ရောက်သွားတော့ သူနဲ့ အမေတူ အဖေကွဲ ညီမလေးက ကိုယ်ဝန်ရှိပြီး တစ်ဖက်က တာဝန်မယူသလို ဖြစ်နေကြတယ်။စိန်စိန်တို့ အမေက ဆုံးသွားပြီး အခုသူ့ ညီမလေးရဲ့အဖေနဲ့ နောက်မိထွေးတို့ အတူနေကြတယ်။စိန်စိန်ဘက် ကြည့်ရင်တော့ ပထွေးနဲ့မိထွေး တော်မှာပေါ့။ညီမလေးနဲ့သူ သာ ပတ်သက်မှု ရှိတာလေ။ဒါပေမဲ့ စိန်စိန်က နှစ်ယောက်စလုံးကို အဖေနဲ့အမေပဲ သူ့လစာ အကုန် အဲဒီနှစ်ယောက်ကို ပေးနေတာ။အခု ညီမ ကိုယ်ဝန်ရှိတဲ့ ကိစ်္စမှာ မိထွေးကလည်း ဘယ်လို ဆောင်ရွက်ပေးရမှန်းမသိဘူး။အဖေလုပ်သူကလည်း တစ်ချိန်လုံး မူးနေတာ။ဒီနေရာမှာ စိန်စိန်က ကယ်တင်ရှင်ပေါ့။ တစ်ဖက်ကောင်လေးက ဆယ်တန်းအောင်ပြီး အဝေးသင် တက်နေတာ။သူ့ညီမ အလုပ် လုပ်နေတဲ့ ထမင်းဆိုင်ပိုင်ရှင်သား။ကောင်မလေးက စာတောင် ကောင်းကောင်း မဖတ်တတ်ဘူး။
တောနယ်ဘက်ဆိုတော့ တာဝန်မယူဘဲ ထားလည်းဘယ်သူ့မှ ဘာမှ မလုပ်ကြဘူး။စိန်စိန် ရောက်သွားတော့ ကောင်လေးရဲ့ ကလေး ဟုတ် မဟုတ် သွေးစစ်ကြည့်မယ်။ဟုတ်ရဲ့သားနဲ့ တာဝန်မယူရင် သုံးဆယ် မြို့ပေါ်က အမျိုးသမီးရေးရာကို တက်တိုင်မယ်။အဲဒီအတွက် ကုန်ကျစရိတ်ကို သူအကုန်ခံမယ်ဆိုပြီး လက်စွပ်နဲ့နားကပ်ကို ရောင်းပစ်လိုက်တာ။ရန်ကုန်မှာ အနေကြာသွားတော့ အသိအမြင်ကျယ်လာတာရယ်။စာတိုပေစတွေ ဖတ်ပြီး ဗဟုသုတ ရှိနေတော့ စိန်စိန် လူတွင်ကျယ် လုပ်တော့တာပေါ့။အဆုံးသတ်မှာ တစ်ဖက်က တာဝန်ယူရပြီး မင်္ဂလာစရိတ် အကုန်အကျမှာ မိန်းကလေးဘက်ကလည်း နည်းနည်း ၀င်ပါ ရတော့ သူ့ရဲ့ ရှိစုမဲ့စုလေး ကုန်သွားတော့တာပဲ။
ညီမ ကိစ်္စပြီးသွားတော့ ရွာမှာ လုပ်စရာ မရှိတော့ဘူး။သူတို့ရွာက သုံးဆယ်မြို့နဲ့ နီးတယ် ဆိုပေမဲ့ တော်တော် ခေါင်တယ်၊သောက်သုံးရေကလည်း မသန့်၊အစားအသောက်
ကလည်း ရှားနဲ့။စိန်စိန်ကလည်း ၀င်ငွေမရှိတော့ သူ မိဘနေရာ ထား ထားတဲ့ ပထွေးနဲ့မိထွေးက မကြည်ဖြူချင်တော့ဘူး။ဒီတော့ ပြန်ပါသွားတဲ့ အ၀တ်အစား အကောင်းစားတွေကို ပေါင်တယ်၊ရောင်းတယ်။အဲဒါတွေကုန်တော့ သူရွာမှာ မနေနိုင်တော့ဘူး။ရန်ကုန်နဲ့ အဆက်အသွယ်ရှိတဲ့ ရွာက ပွဲစားတစ်ယောက်နဲ့ ရန်ကုန်ပြန်လိုက်လာပြီး အခုနေတဲ့ အိမ်ကို ရောက်တော့တာပဲ။ရွာမှာ စုစုပေါင်းမှ ဆယ်ရက်ထဲ နေခဲ့တာနော်။
“အဲဒီအိမ်ရောက်မှ ရေ ၀၀ သောက်ရ၊ထမင်းကောင်းကောင်း စားရတော့တယ် အမရယ်၊ရွာမှာ ဘယ်လိုတွေ နေ နေကြတယ်မသိဘူး၊ရေကလည်း ညစ်ပတ်၊အစားအသောက်ကလည်းရှား၊ အလုပ်အကိုင်က မရှိနဲ့၊သမီးက ကိုးနှစ်သမီးလောက် ကတည်းက ရွာက ထွက်ခဲ့တာဆိုတော့ အခြေအနေတွေကို အဲဒီလောက်ဆိုးနေမှန်း မသိခဲ့ဘူး”
စိန်စိန်က ရွာဇာတ်လမ်းကို ညည်းညူသံနဲ့ အဆုံးသတ်လိုက်ပါတယ်။
(၁၁)
နောက်တစ်နေ့ စိန်စိန်ရဲ့ ရန်ကုန် ဖြတ်သန်းမှု လက်ကျန် ဇာတ်လမ်းကို ဆက်ကြပါတယ်။
ရွာမှာ နေတာထက်စာရင် ရန်ကုန်က အများကြီးသာတာပေါ့။အဲဒီအိမ်မှာ ရောက်သွားစက ကလေးနှစ်ယောက်ကလည်း ပြန်မရောက်သေးဘူး။အိမ်ရှင် ဦးလေးကြီးက သူစားဖို့ သူ့ဘာသာချက်တာ။ဘေးက နည်းနည်းပါးပါးပဲ ၀ိုင်းကူပေးရတာ။အိမ်ရှင် အန်တီစားဖို့တော့ သမီးပဲချက်တယ်။ဟင်းချက်ပုံ ချက်နည်းကိုတော့ သူ့အကြိုက်ဘေးကနေ ပြောပေးတယ်။သူတို့က တရုတ်လူမျိုးတွေလေ။တစ်တိုက်လုံး အမျိုးတွေ နေတာ ထင်တယ်။အောက်ထပ်မှာ ဦးလေးရဲ့ အမ အပျိုကြီးနေတယ်။သိပ် အသွားအလာတော့ မရှိကြဘူး။အိမ်သားက နှစ်ယောက်တည်းရယ်။လုပ်စရာ သိပ်မရှိတော့ ပျင်းလာတာပေါ့။ဒီတော့ စာတွေဖတ်ချင်လာတယ်။ရွာမှာတုန်းကတော့ ရေဘယ်လိုသောက်ရမလဲ၊အစားကို ၀င်အောင် ဘယ်လိုစားရမလဲ တွေးနေရတော့ စာဖတ်ဖို့အကြောင်း သတိမရဘူး။အခု ရန်ကုန် ရောက်လာတော့ နေရေး၊စားရေး မပူရတော့ စာတွေ အရမ်းဖတ်ချင်လာတယ်။ဘယ်လိုပြောရမလဲဆိုတော့ တစ်ခုခုကို ဆာလာ သလို ဖြစ်နေတာ။အဲဒီအချိန်မှာ အမ အိမ်ကို စ လွမ်းတော့တာပဲ။
ဖတ်စရာ စာအုပ်တွေ အများကြီးရှိပြီး စာဖတ်ချိန်ပေးထားတာတွေ၊ဖတ်ပြီးတဲ့ စာတွေကို ပြန်ဆွေးနွေးပေးတာတွေ တစ်ကယ် အဖိုးတန်မှန်းသိတော့တယ်။ပြီးတော့ အမ ပြော ပြောနေတဲ့ စကားတစ်ခွန်းကို ပြန်သတိရတယ်။“စာတွေ ဖတ်နိုင်ဖို့ဆိုတာ စားဝတ်နေရေး မပူပင်နေရဖို့ရယ် ပြီးတော့ အချိန်ရယ် ဆိုတာ ရှိမှဖြစ်တာ။ဖတ်ခွင့်ရတုန်း များများ ဖတ်ထား” ဆိုတာလေ။ဒီတော့ တွေ့သမျှ ကလေးကာတွန်း၊ပုတက် ဂျာနယ်၊မင်္ဂလာ တရားတော် စာအုပ်တွေပါ မကျန် အဲဒီအိမ်မှာ တွေ့သမျှ ဖတ်မိနေတယ်။ဖတ်စရာ ကုန်သွားတော့ ချိတ်ထားတဲ့ ဓာတ်ပုံတွေ ဖြုတ်ပြီး ဖုန်သုတ်တယ်။တစ်နေ့ ဓာတ်ပုံ ပန်းချီကား တစ်ခု ဖုန်သုတ်နေရင်းနဲ့ ဓာတ်ပုံထဲမှာ အမပုံကို တွေ့လိုက်တယ်။ပန်းချီ ပြန်ဆွဲထားတာ ဆိုတော့ သိပ်မသေချာဘူး ဖြစ်နေတာနဲ့ အိမ်ရှင် အန်တီဆီက မူရင်းဓာတ်ပုံကို တောင်းကြည့်မိတယ်။
ဆိုကရေးတီး ပြိုင်ပွဲမှာ အဲဒီအိမ်က ညီမလေးက ဆုယူနေတဲ့ပုံ။နိုင်ငံတော် အကြီးအကဲ တစ်ယောက်က ဆုပေးနေတာကို ဆုဘောင်ကြီးကို ၀ိုင်းကိုင်ပေးနေတဲ့ နှစ်ယောက်မှာ တစ်ယောက်က အမ ဖြစ်နေတာ ဟုတ်တယ်။ဒီမှာ ကတည်းက အဲဒီပုံတွေ တွေ့ပေမဲ့ အမှတ်တမဲ့ ဖြစ်နေခဲ့တာ။ရေစက်ရှိတယ် ဆိုတာ ဟုတ်မယ် ထင်တယ်နော်။အဲဒီတော့လည်း အမ အိမ်ကိုတင် လွမ်းတာ မဟုတ်တော့ဘူး။အမကိုပါ လွမ်းလာတာ။နောက်ရက်တွေကျတော့ ကလေးနှစ်ယောက်က ဟောင်ကောင်က ပြန်ရောက်လာကြတယ်။လုပ်စရာ အလုပ် နည်းနည်းများလာတော့ နေသာထိုင်သာ ပြန်ရှိလာတယ်။သူတို့ ကွန်ပျူတာ ဂိမ်းကစားရင် သမီးက ၀င်ကစားပေးတော့ အိမ်ရှင်အန်တီက အံ့သြသလိုကြည့်ပြီး ညည်းက ကွန်ပျူတာကိုင်တတ်တယ်ပေါ့၊ကျူပ်တောင် မကိုင်တတ်ဘူးလို့ပြောတယ်။အန်တီက အတန်းပညာ ခြောက်တန်းထိ နေခဲ့ရပြီး၊ဘာကိုမှလည်း လေ့လာချင်ပုံ မရဘူး။ဦးလေးက ဆရာဝန်လေ။မိဘတွေ ပေးစားကြတာလို့ ပြောတယ်။အဲဒါကြောင့်လား မသိပါဘူး။ရန်မဖြစ်တဲ့ ည မရှိဘူး။
သူတို့လင်မယား ရန်စဖြစ်ပြီ ဆိုတာနဲ့ အောက်ထပ် အဒေါ်အပျိုကြီးက မောင်နှမ နှစ်ယောက်နဲ့အတူ သမီးကိုပါ သူ့အိမ်မှာ ခေါ်ထားတယ်။ရန်ဖြစ်ချိန်ကလည်း အနည်းဆုံး နှစ်နာရီလောက်ကြာတယ်။ကလေးနှစ်ယောက်က ကွန်ပျူတာလည်း မကိုင်ရတော့ ပျင်းတယ် လုပ်တော့တာပဲ။အကြီးမ လေးက မီးမီးလေးထက် နှစ်နှစ်လောက် ကြီးတာဆိုတော့ ပုံလည်း မပြောချင်တော့တာနဲ့ မစန်္ဒာ ၀တ်္ထုတိုတွေ၊ခင်နှင်းယု နဲ့ ဂျာနယ်ကျော် ၀တ်္ထုထဲက ဇာတ်လမ်းတွေ ပြောပြတာပေါ့။အဒေါ်အပျိုကြီးက ၀င်နားထောင်ပြီး တအံ့တသြနဲ့ ဘယ်က ဖတ်ဖူးလာတာလဲတဲ့။သမီးကလည်း အမတို့အကြောင်းပြောချင်နေတာနဲ့ အတော်ပဲ။စာအုပ်စင် အကြီးကြီး ရှိတဲ့အကြောင်း၊စာတွေ ဖတ်ခိုင်းတဲ့အကြောင်းတွေပါ ပြောပြလိုက်တော့ အဲဒီအိမ်လိပ်စာပေး ညည်း မပြန်ရဲရင် ငါကိုယ်တိုင် ပြန်လိုက်ပို့ပေးမယ်တဲ့။ပြီးတော့ သူ့အခန်းထဲက စာအုပ်စင်ကို လိုက်ပြတယ်၊ဖတ်ချင်ရင် ယူဖတ်ခွင့်ပေးမယ်တဲ့။စာငတ် နေတဲ့ ပြဿနာတော့ ပြေလည်သွားတယ်။
တစ်ရက်မှာ အငယ်ကောင်လေးက သူ့အဖေရဲ့ နားကြပ်ကို ယူဆော့နေလို့ သမီးက စတယ်သို စကုတ် (ှအနအ့သ-ျခသစန) ကိုယူမဆော့နဲ့ လို့ ပြောလိုက်တာ ဦးလေး ကကြားသွားပြီး သမီးကို ခေါ်တယ်။ဘယ်ကလာတာလဲ၊အရင်ဘယ်လိုအိမ်မျိုးမှာ နေခဲ့တာလဲနဲ့ မေးတော့တာပဲ။မောင်နှမ နှစ်ယောက်က သူတို့အချင်းချင်းနဲ့ သူ့အဖေကိုဆို အင်္ဂလိပ်လို ပြောကြတာကိုး။သမီးကလည်း အမှတ်တမဲ့နဲ့ နားကြပ်ကို အင်္ဂလိပ်လို ပြောလိုက်မိတာပေါ့။အဲဒါနဲ့ ဒီအိမ်က ဦးရဲ့အကြောင်းပြောပြရတာပေါ့။မီးမီးလေးနဲ့အတူ အင်္ဂလိပ်စာတွေ သင်ပေးတဲ့အကြောင်း။ဈေးစာရင်းကို အင်္ဂလိပ်လို ရေးတဲ့အကြောင်းတွေရောပေါ့။ဦးလေးက မေးတယ် ဘာလို့အဲဒီအိမ်ကို ပြန်မသွားတာလဲတဲ့။သမီးက မပြန်ရဲတော့လို့ ဆိုတော့
ဆက်သွယ်ကြည့်ပါ။သူတို့က လိုလိုလားလား ပြန်ခေါ်ရင် ပြန်သွားလိုက်ပါ။အန်တီ မသိအောင်တော့ ဆက်သွယ်ကြည့်ပေါ့တဲ့။သမီးလေ စကားတောင် ပြန်မပြောနိုင်ဘူး၊အဲဒီ ဦးလေးကို အံသြလွန်းလို့ ကြည့်နေမိတယ်။
စိန်စိန်ရဲ့ ဇာတ်လမ်းကို နားထောင်နေတဲ့ ကျွန်မ၊တစ်ခါ တစ်ခါမှာ ပိတိ မျက်ရည် ကျလိုက်ရ၊တစ်ခါ တစ်ခါတော့ ၀မ်းနည်း မျက်ရည် ကျလိုက်ရ။သူ့ ဇာတ်လမ်းလည်း ပြီးရော သူ့ကို သမီးတစ်ယောက်လို မွေးစားပါ။လခလည်းမယူတော့ပါဘူး။ရွာလည်း မပြန်တော့ဘူးတဲ့။မယုံမရဲ ဇာတ်လမ်းတွေမို့ ကျွန်မက
“လခ မယူလည်း စုထားပေးမယ်။သမီး တစ်ယောက်လိုကတော့ အရင်ကတည်းက ညည်းကို ထားခဲ့တာပါအေ။” ပြောရတယ်။ဒီလိုနဲ့ နောက်နေ့တွေက စပြီး ကျွန်မကို “မေမေ”၊သမီးတို့ အဖေကို သမီးလေး ခေါ်သလို “ဖဖ”လို့ ပြောင်းခေါ်တော့တာပါပဲ။ကျွန်မ အိမ်ကို သူ ရောက်စက ဆယ့်လေးနှစ် သမီးသာ ရှိသေးတာမို့ ကျွန်မ ဆယ့်ခြောက်နှစ်လောက်က အိမ်ထောင်ကျခဲ့ရင် သမီးတော်လို့ ရလောက်တာပဲလေ။မေမေ ဆိုတော့လည်း မေမေပဲပေါ့။
(၁၂)
နှိုင်းယှဉ်စရာ ရှိမှ တန်ဖိုး ဆိုတာကို ပိုမြင်တတ်ကြတယ် ထင်ပါတယ်။စိန်စိန် အခုတစ်ခေါက် ပြန်အလာမှာ ကျွန်မ လုံးဝ မပြောရတော့သလောက်ပါပဲ။အိမ်သန့်ရှင်းရေး၊ အချက်အပြုတ်အပါအ၀င်၊အနေအထိုင် အပြောအဆိုတွေက အစပေါ့။အရင်က လို သမီးလေး နဲ့အပြိုင် ရန်ဖြစ်၊စိတ်ကောက်တာလည်း မရှိတော့ပါဘူး။ကျွန်မ ကလည်း ကြားထဲက ကြုံခဲ့ရတဲ့သူတွေနဲ့ ယှဉ်လိုက်ရင် အများကြီးကွာခြားနေတာမို့ သူ့အပေါ် အပြစ်မမြင်တော့ တာလည်း ပါမယ် ထင်ပါတယ်။စိန်စိန် မိဘတွေကလည်း ကျွန်မအိမ်ကို ပြန်ရောက်နေတာ မသိကြတော့ လေးလလောက် ငြိမ်းချမ်းနေတယ်လို့ ဆိုရမယ်။ငါးလမြောက်မှာတော့ စိန်စိန် ပထွေး ကျွန်မအိမ်ကို ရောက်လာပါတော့တယ်။စိန်စိန် ရွာက ထွက်ခဲ့စဉ်က သူ့အိမ်က မသိအောင် ထွက်ခဲ့တာ။ပွဲစားကို ရန်ကုန်က အိမ်လိပ်စာ မပြောဖို့ ပိတ်ခဲ့ပါတယ်။ဒါပေမဲ့ သူ့ပထွေးက မပြောရင် တိုင်မယ်တောမယ်တွေလုပ်လို့ လိပ်စာပြောလိုက်ရတာ။
လမ်း၄၀ အိမ်ကိုရောက်သွားတော့ အရင်အိမ်က ပြန်ခေါ်သွားပြီ ဆိုလို့ လိုက်လာတာတဲ့။အဓိကတော့ ပိုက်ဆံလာတောင်းတာပါ။စိန်စိန်က လခ မယူတော့ဘဲ ဒီမှာပဲ နေတော့မဲ့ အကြောင်းပြောတော့ လောလောဆယ် ပြန်စရာ လမ်းစရိတ်ရယ်၊ရန်ကုန်မှာ စိန်စိန်ကို ရှာနေတဲ့အချိန် ပိုက်ဆံမရှိလို့ အသိတစ်ယောက်အိမ်မှာ မှတ်ပုံတင်ပေါင်သုံးထားတာ ရွေးဖို့ ရယ်တော့ ပေးလိုက်ပါတဲ့။လေးလစာ စုပေးထားတဲ့ စိန်စိန်လခ ကျွန်မဆီမှာ ရှိနေတော့ ပေးလိုက်ရတာပါပဲ။နောက်တစ်ခါ မပေးလိုက်ရအောင် စိန်စိန်လခတွေကို စုထားပြီး ကျွန်မ သူ့အတွက် လက်ဝတ်လက်စားတွေ လုပ်ပေးထားပါတယ်။အရင် သူ စက်ချုပ်တတ်ထားတဲ့ ပညာလေးရှိတော့ ကျွန်မကလည်း ဓားစက်တစ်လုံးဝယ်လိုက်ပါတယ်။အရင်အိမ်မှာ စက်ခုံ ရှိပြီးသားဆိုတော့ ကျွန်မသင်တန်းသူတွေ အပ်တဲ့ ထမိန်၊ပုဆိုး၊ကလေး အင်္ကျီလေးတွေ အပ်ထည် လက်ခံပြီး ချုပ်ပါတယ်။အဲဒီက ရတဲ့ ပိုက်ဆံအချို့ကိုလည်း စုထားပေးပါတယ်။ဒီလိုနဲ့ သူ့မှာ နားကပ်၊လက်စွပ်၊ဆွဲကြိုး၊ဟန်းချိန်း တစ်ဆင်စာ ပိုင်ဆိုင်မိနေပါပြီ။
ကျွန်မက နှစ်စဉ်ခရီးထွက်နေကျ ဆိုတော့ စိန်စိန်ကလည်း အမြဲပါပါတယ်။သူ ကျွန်မ အိမ်က ခွာသွားတဲ့ နှစ်လအတွင်းက ကျွန်မ ခရီးထွက်နေကျ လ မဟုတ်တော့ သူရောက်ကတည်းက တစ်နှစ်မှ မပျက်ပါနေတာပေါ့။အရင်က စိန်စိန်က အသက်ကလည်းငယ်၊ လူကောင်ကလည်း သေးတော့ မှတ်ပုံတင်မပါလည်း ထောက်ခံစာနဲ့ ခရီးသွားရတာ အဆင်ပြေခဲ့ပါတယ်။အခု အသက်ကလည်း နှစ်ဆယ်ကျော်လာ၊လူကောင်ကလည်း နည်းနည်းကြီးလာတော့ မှတ်ပုံတင်က ရှိမှ ဖြစ်တော့မယ်။အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် စိန်စိန် ပထွေးက ရွာမှာ မှတ်ပုံတင်တွေ လုပ်ပေး နေလို့လာခေါ်တာ ဆိုပြီး ရောက်လာပါတယ်။နေ့ချင်းပြီး ဆောင်ရွက်ပေးနေတာဆိုတော့ လိုက်သွားလို့ ကျွန်မ ကလည်း တိုက်တွန်းလိုက်ပါတယ်။
“တစ်ရက်၊နှစ်ရက်လောက်ကြာလည်း နေလိုက်ပေါ့၊မှတ်ပုံတင် ရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး”
ကျွန်မ ထပ်ဆင့်လောကွတ် စကားတောင် ပြောလိုက်ပါသေးတယ်။
သုံးရက်မြောက်နေ့မှာ ဖုန်းဆက်လာပါတယ်။
“မေမေရေ သမီးသူတို့ကို ဈေးဆိုင်လေး တည်ပေးမလို့လုပ်နေတယ်၊ပြန်မလာသေးဘူးနော်”
“မလာသေးဘူးဆိုတာ ဘယ်လောက်ကြာမှာလဲ။ညီမလေးက နောက်တစ်ပတ်ဆို ကျောင်းပြန်ဖွင့်ပြီလေ”
ကျွန်မရဲ့ အမေးစကားကို ချက်ချင်းမဖြေသေးဘဲ သူတုံ့ဆိုင်းနေပါတယ်။ခဏကြာမှ
လေသံ ခပ်တိုးတိုးနဲ့
“မေမေ လူထပ်ရှာလိုက်ပါတော့ သမီးပြန်လာဖြစ်မှာမဟုတ်တော့ဘူးထင်တယ်။ဒီမှာ သူတို့ တော်တော်ဒုက်္ခရောက်နေတယ်။ပါလာတဲ့ လက်ဝတ်လက်စားတွေ ရောင်းလိုက်ပြီး အိမ်ဆိုင်လေး တည်ပေးထားတယ်၊သမီးလည်း ဒီမှာပဲ စက်ချုပ်စားတော့မလားလို့ စဉ်းစားနေတာ အပ်ချုပ်စက်တောင် တစ်လုံးဝယ်လိုက်တယ်။”
ကျွန်မ အိပ်မက်ထဲမှာ စကားပြောနေရသလိုပါပဲ။
“လုပ်ပြန်ပြီ၊ညည်း ရွာမှာ နေနိုင်လို့လား” ကျွန်မ စကားမဆုံးသေးခင်
“အခုရွာမှာ ရေတွင်းလည်း တူးထားကြတယ်၊ပြီးတော့ သမီးက သုံးဆယ်မြို့ပေါ်မှာ နေဖြစ်နေတယ်။ကျမ်းစာသင် ကျောင်းလည်း တက်ရမယ်”။
စိန်စိန်ရဲ့ စကားတွေက အဆက်အစပ် မရှိ သလိုပဲ။ကျမ်းစာသင် ကျောင်းတက်ရမယ်၊ ဟုတ်မှာပေါ့ သူတို့တစ်ရွာလုံးက ခရစ်ယာန်တွေချည်းပဲလေ။ကျွန်မအိမ်ကို ရောက်လာတော့ ကျွန်မ ဆွမ်းတော်ကပ်ရင် သူလိုက်ကပ်တယ်၊ဘုရားပန်းလဲတယ်၊ခရီးထွက်ရင်လည်း ကျွန်မတို့
ဖူးသမျှ ဘုရား အကုန် သူလိုက်ဖူးတာပဲ။သမီလေးက ညအိပ်ယာဝင် ကျွန်မတို့ကို ကန်တော့ရင် ရောယောင်ပြီး သူကပါ လိုက် ကန်တော့သေးတာ။ဒါပေမဲ့ ကိုယ်ယုံကြည်ရာ မိရိုးဖလာ ဘာသာ ဆိုတာကိုတော့ ထိန်းသိမ်းကြရ မှာပဲလေ။ကျွန်မက
“ကျမ်းစာသင်ကျောင်းက ဘယ်လောက်တက်ရမှာလဲ”ဆိုတော့
“တစ်လလောက်ကြာမယ် နောက်တစ်ပတ်မှာ နှစ်ခြင်းအရင်ခံရမယ်၊ပြီးမှ တက်ရမှာ”
“ဒါဆိုလည်း ပြီးအောင် တက်လိုက်လေ၊အဲဒါပြီးသွားမှ ဖုန်းပြန်ဆက်လိုက်ပေါ့၊လူမရှာသေးပါဘူး”။ ကျွန်မလည်း သံယောဇဉ် မပြတ်နိုင်ဘဲ အချိန်ပေးလိုက်ပါတယ်။အဲဒီရက်တွေမှာ ကျွန်မကတော့ ထုံးစံအတိုင်း သမီးကျောင်းဖွင့်စ ရက်တွေရယ်၊သင်တန်းတစ်ဖက်ရယ်၊အိမ်မှုကိစ်္စတွေရယ်နဲ့ လုံးလည်လိုက်တော့တာပါပဲ။လူရှာဖို့ဆိုတာ မလွယ်သလို စိန်စိန် လာပြန်နေတဲ့ နှစ်ကလည်း နှစ်နှစ် လောက်ကြာသွားတာဆိုတော့ သံယောဇဉ်ဖြစ်နေတာလည်း ပါတယ်။ကျွန်မကို ကျွန်မ ပတ်ဝန်းကျင်၊ကျွန်မ သင်တန်းသူနဲ့ မိတ်ဆွေအချို့က မေးငေါ့ကြပါတော့တယ်။တစ်ခါ ခံရပြီးတာတောင် အမှတ်မရှိဘဲ မြှောက်စားလို့ အခုလို ဖြစ်ရတာလို့ဆိုကြတယ်။စိန်စိန် ရှိစဉ် ကတည်းကလည်း သတိပေးစကား ပြောကြတယ်။
အခုလည်း ဂရုဏာဒေါသောနဲ့ လက်ဝတ်လက်စားတွေ ဆင်ပေးထားတာကိုး၊ ပြန် မတောင်းထားဘူးလားနဲ့ မေးကြပါတယ်။ကျွန်မ ရှင်းပြရပါတယ်၊ကျွန်မ ဆင်ပေးထားတာ မဟုတ်ပါဘူး၊ဒါတွေက သူ့လုပ်အားခတွေပါ။သူ လခ မယူဘူးဆိုပေမဲ့ ပေးရမဲ့လစာအတိုင်း ကျွန်မ စုပေးထားတာပါ။လူတစ်ယောက်ရဲ့ လုပ်အားကို ဘယ်လူတစ်ယောက်ကမှ အလကား မခိုင်းစေရဘူးလို့ ကျွန်မခံယူထားလို့ပါ။ဒါကြောင့် ကျွန်မက လိုက်တောင်းစရာ မလိုသလို၊သူကလည်း ပြန်လာပေးစရာ အကြောင်းမရှိပါဘူး။တစ်လ မပြည့်ခင် စိန်စိန် ဖုန်းဆက်လာပါတယ်။
“မေမေရယ် လူရှာလိုက်ပါတော့။အိမ်ဆိုင်က အကြွေးကျလို့ ပြုတ်သွားပြီလေ။ရွာမှာကလည်း ဘယ်သူမှ တစ်လနေလို့ တစ်ခါ အင်္ကျီချုပ် မ၀တ်ကြပါဘူး။အပ်ချုပ်စက်လည်း ပေါင်ထားရတယ်။ညီမလေးကလည်း ကလေးဆုံးသွားပြီး ယောက်ျားနဲ့ကွဲနေတယ်။အခု သမီးက သုံးဆယ်မြို့ပေါ်က ထမင်းဆိုင်မှာ အလုပ်ဝင်နေပြီ။မေမေ့ကိုလည်း မျက်နှာပူတယ်၊ဒုက်္ခလည်း မပေးချင်တော့ဘူး။ပါလာသမျှလည်း ကုန်ပြီဆိုတော့ ပြန်မလာချင်တော့ဘူး။အဲဒါ လှမ်းပြောတာ မေမေပေးမယ်ဆိုရင်တော့ ကျန်ခဲ့တဲ့ အ၀တ်အစားတွေ အပါးကို လွတ်ပြီး ယူခိုင်းလိုက်မယ်။သမီးတော့ မလာချင်တော့ဘူး”
အမော တွေကိုဆက်တိုက် ပြောသွားတဲ့ စိန်စိန် စကားအဆုံး ကျွန်မ ဘာပြန် ပြောရမှန်း မသိတော့ပါဘူး။ကျွန်မ တွေးထားတာ သူ ပြန်မလာဖြစ်ရင်တောင် ဓားစက်လာယူလို့ ပြောမလို့ပါ။အင်္ကျီ ဖြည်ရုံ၊သီရုံသာ လုပ်တတ်တဲ့ ကျွန်မ အတွက် ဓားစက်က အသုံးမလိုပါဘူး။အခုတော့ တစ်လအတွင်း အပ်ချုပ်စက်တောင် မရှိတော့တဲ့ အဖြစ်။ကျွန်မ တို့ကလည်း သူ့ကို သံယောဇဉ်ရှိသလို၊သူကလည်း သူနဲ့ပတ်သက်ရာ မိသားစုကို သံယောဇဉ်
ရှိမှာပဲလေ။ဒီတစ်ခါတော့ စိန်စိန် ကျွန်မတို့အိမ်က ထွက်ခွာသွားခြင်းအပေါ် ဒေါသ မရှိတော့ပါဘူး။တာဝန်ယူတတ်တဲ့ စိတ်ရှိသူ အတွက် တာဝန်တွေဆိုတာ ပေါ်လာစမြဲလေ။ သူ့အရည်အချင်းရယ်၊သူ့စိတ်ထားလေးရယ်က သူ့ကို အကျိုးပေးမှာပါ။သူ့အဖေ လာတော့ စိန်စိန်အ၀တ်အစားတွေ၊အသုံးအဆောင်တွေ အားလုံး ထည့်ပေးလိုက်ပါတယ်။နောက်ဆုံးလခ အဖြစ် သိမ်းထားပေးတဲ့ ပိုက်ဆံပါ ထည့်ပေးလိုက်တယ်။စိန်စိန်လက်ထဲ ရောက် မရောက်တော့ ကျွန်မ မသိပါဘူး။စိန်စိန်ဇာတ်လမ်း တစ်ခန်းရပ်လို့ လူရှာဖို့ ကိစ်္စ လုံးပန်းရပါတော့တယ်။
ဒီတစ်ခါတော့ ကျွန်မ ဇာတာ တက်လာပြီထင်ပါတယ်။အစ်မအရင်းလို ခင်နေတဲ့ မိတ်ဆွေတစ်ယောက်က လူရှာပေးပါတယ်။ဘာမှသင်ပေးစရာ မလိုလောက်အောင်၊ အနေအထိုင်၊အချက်အပြုတ်၊အိမ်မှုကိစ်္စတွေကအစ ကျွန်မ စိတ်တိုင်းကျရပါတယ်။သမီးလေးနဲ့ မရင်းနှီးသေးတာ တစ်ခုပါပဲ။ဒါကလည်း သမီးက အတန်းကြီးလာတော့ ကျောင်းစာတွေ များလာပြီး ဆော့ချိန်နည်းနေတော့ အဆင်ပြေပါတယ်။စေတနာ အကျိုးပေးဆိုတာကို ကျွန်မ ကတော့ ယုံပါတယ်။စိန်စိန်အပေါ် ကျွန်မ လုပ်နိုင်တာ လုပ်ပေးခဲ့ပြီးပါပြီ။ကျွန်မနဲ့အတူနေစဉ် သူ့အပေါ် ထားခဲ့တဲ့ စေတနာကြောင့် ဒီတစ်ခါ သူ့ထက် အဆင်ပြေတဲ့သူကိုတောင် ရပါသေးတယ်။ကျွန်မ ဘ၀နဲ့ကျွန်မ တော့ ငြိမ်းချမ်းနေပါတယ်။စိန်စိန်ကရော.............. ဒီအတွေးလေးတော့ ၀င်မိနေပါသေးတယ်။
သုံးလလောက်ကြာသွားတော့ စိန်စိန် ဆက်သွယ်လာပါတယ်။ထမင်းဆိုင်က အဆင်မပြေ တဲ့အကြောင်း၊သူ့မိသားစုဝင်တွေကို စိတ်ပျက်မိတဲ့အကြောင်း စုံလို့ပါပဲ။ကျွန်မကိုတော့ လူရတာ အဆင်ပြေလားလို့ မေးပါတယ်။ပြီးတော့ စသလို၊နောက်သလိုနဲ့
“မေမေ သမီးလာပြန်နေမယ်လေ”တဲ့။
“တော်ပါတော့အေ၊တစ်ခါ၊နှစ်ခါဆို ညည်းလွန်တာ။သုံးခါမြောက်ဆို ကျုပ်လွန်တာ ဖြစ်နေပြီ” ဆိုတော့ ရယ်ပြီး “ဒါဆို သမီးဘာလုပ်ရမလဲ”တဲ့။
“အရွယ်လည်းရောက်နေပြီပဲ၊ယောကျာ်းယူလိုက်ပေါ့” ကျွန်မလည်း နောက်နောက်ပြောင်ပြောင် ပြောလိုက်ပါတယ်။
“မေမေ တစ်ကယ်ပြောတာလား၊ယောက်ျားယူရင် ကောင်းမလားလို့ စဉ်းစားနေတာ”တဲ့။
“အားကိုးလောက်တယ်ထင်ရင် ယူပေါ့အေ” မယုတ်မလွန် စကားပဲ ကျွန်မ ပြန်ပြောလိုက်ပါတယ်။
နောက်တစ်ပတ်နေတော့ စိန်စိန် အိမ်ရောက်လာပါတယ်။ရွာကို ရောက်သွားပြီး အိမ်ဆိုင်တည်ဖို့အတွက် လက်ဝတ်လက်စားတွေ ရောင်းတော့ ရွာက လူတွေက ပြောကြတယ်၊နင့် မွေးစား အဖေနဲ့အမေ ရဲခေါ်ပြီးလိုက်လာရင် ဘယ်လိုလုပ်မလဲတဲ့။သမီးက ရယ်ပြီးပြောလိုက်တယ်၊အဲဒီလို လိုက်လာခဲ့ရင် လည်ဖြတ်ခံမယ်လို့။သူတို့က ရင်တထိတ်ထိတ်နဲ့ တစ်ပတ်လောက်ထိ စောင့်ကြည့်နေကြသေးတာ။ကျွန်မက “ဒါ ညည်းပိုင် ပစ်္စည်းတွေပဲအေ။ပြောပြလိုက်ပေါ့”လို့ဆိုတော့ “ဘယ်လိုပဲ ဖြစ်ဖြစ် မေမေ ပေးချင်မှ ရတာပါ”တဲ့။ ဒီတစ်ခါ စိန်စိန်ကို ကြည့်ရတာ လူကြီး အရမ်းဆန်သွားသလိုပဲ။အိမ်ထောင်ပြုခါနီးလို့ လူကြီးစိတ်ဝင်နေတာလား၊မိသားစု တာဝန်တွေ ထမ်းရတာများလို့ပဲလား မသိဘူး။တစ်ညအိပ်ပြီး ပြန်သွားတယ်၊မနက်ဖန် လာတောင်းကြတော့မှာ နှစ်ရက်နေရင် မင်္ဂလာဆောင်မယ်။ဘာသာလည်း တူတယ်တဲ့။ကောင်လေးက ဆယ်တန်းအောင်ပြီးတော့ ရွာမှာ လူကြီး လုပ်နေတယ်ပြောတယ်။
“ဒါဆို သူကြီးကတော်ပေါ့ မဆိုးပါဘူး” လို့ကျွန်မကပြောတော့
“အရက်တော့ အရမ်းသောက်တယ် မေမေရယ်။ရွာမှာက အရက်မသောက်တဲ့သူ မရှိဘူးဆိုတော့ အပါးတို့က အပြစ်လို့ မမြင်ကြပါဘူး”။
ပြန်ခါနီး ကျွန်မနဲ့အမျိုးသားကို ထိုင်ကန်တော့တယ်။
“နှစ်ခြင်းခံထားတာ ကန်တော့လို့ ရလို့လား” ကျွန်မကပြောတော့
“ဖဖနဲ့မေမေကိုတော့ ကန်တော့လို့ ရပါတယ်”တဲ့။
အိမ်ထောင်ကျသွားပြီဆိုရင်တော့ ကျွန်မတို့နဲ့ ဇာတ်လမ်း တစ်ကယ်ပြတ်ပြီပေါ့လို့ကျွန်မ တွေးနေတုန်း စိန်စိန်က
“အိမ်ထောင်ကျပြီးသွားလည်း သမီး အလည်ပြန်လာမယ်နော် မေမေ၊ကိုယ့်မိဘ အိမ်လို ဖြစ်နေတော့ လာချင်တယ်”တဲ့။
ကျွန်မ ခေါင်းညိတ်လိုက်ရုံမှ တစ်ပါး တခြားဘာမှ မပြောမိတော့ဘူး ထင်ပါတယ်။
(၁၃)
စိန်စိန်တစ်ယောက် ငြိမ်ချက်သားကောင်းနေလိုက်တာ ခြောက်လ လောက်ကြာ တယ်။တွေးလို့မှ မဆုံးခင် ဖုန်းဆက်လာပါတယ်။အလည်လာချင်လို့တဲ့။ရောက်လာတော့ ပါးချောင် နားချောင်တွေကျပြီး ပိန်ချုံးနေတယ်။အသားတွေကလည်း မည်းသွားလိုက်တာ။ကိုယ်ဝန်ခုနစ်လ ရှိပြီတဲ့။အာဟာရ ပြည့်ပုံလည်း မပေါ်ဘူး။သမီးကဆို ဘယ်သူလဲတဲ့ မမှတ်မိဘူး။သူ့ ယောက်ျားက ရွာလူကြီးဆောင်ရွက် နေရာ ကနေ နောက်တစ်ကြိမ် ရွေးတော့ မပါတော့ဘူး။ဒီတော့ သုံးဆယ်မြို့ပေါ်လာပြီး အစိုးရရုံးတစ်ခုမှာ အလုပ်ဝင်တယ်။အခုတော့ လာဘ်စားလို့ဆိုပြီး အလုပ်ပြုတ်သွားပြီတဲ့။
“ဟဲ့ လာဘ်စားရအောင် ရာထူးက ဘာရာထူး မို့လို့လဲ” ဆိုတော့
“ရာထူးကတော့ အစောင့်ပါ၊ဒါပေမဲ့ သူ့အထက်လူကြီးတွေနဲ့ ပေါင်းပြီး ပါတယ် ပြောတာပဲ။အရက်သောက်တာလည်း ပါမှာပေါ့။သူက ဘာကိုမှ သေချာသိတာမဟုတ်ဘူး။သူ့ဘာ သူတောင် ဘာလို့ ပြုတ်မှန်းမသိဘူး။”
“အခု ဘာလုပ်နေလဲ”
“သူ့အဖေအိမ်မှာ သူရင်းငှား ပြန်လုပ်နေတယ်။”
“အဆင်ပြေလား” မပြေမှန်းသိပေမဲ့ ကျွန်မ မေးလိုက်မိတယ်။
“ဘယ် ပြေမှာလဲ၊သူ့ကိုတော့ အခြား သူရင်းငှားတွေနဲ့အတူ သူ့မိဘအိမ်က ကျွေးတယ်။သမီးကိုတော့ စပါးတစ်တောင်း၊ မကျည်းသီး တစ်ပိဿာနဲ့ ငရုတ်သီး တစ်ထုပ်လာပို့ထားတယ်”။
“ကိုယ်ဝန်ဆောင်က ဒါတွေပဲ စားနေတာလား၊ဘယ်လိုလုပ် အာဟာရဖြစ်မှာလဲ”။
ကျွန်မ လည်း သူ့ရဲ့ဘ၀အမောတွေမှာ ၀င်ပတ်သက်မိနေပြန်ပါပြီ။နောက်ဆုံးတော့ မွေးဖွားစရိတ်၊အာဟာရဖြစ်မဲ့ အစားအစာတချို့နဲ့ မီးဖွားရင် အသုံးပြုရအောင် ထမိန်၊ပုဆိုးဟောင်း တွေ ထည့်ပေးလိုက်ပါတယ်။သူကို ခင်နေတဲ့ ကျွန်မ သင်တန်းသူ တစ်ချို့ကလည်း ကိုယ်ဝန်ဆောင် အားဆေးနဲ့ မုန့်တွေဝယ်ထည့်ပေးလိုက်ကြတယ်။ဒီလိုနဲ့ စိန်စိန်တစ်ယောက် သူ့ ဥခွံအဟောင်းကြီးထဲကို ပြန်ဝင်သွားပြန်တယ်။ပြန်ခါနီး ကျွန်မ အိမ်က တစ်ယောက်ကို ဒီအိမ်မှာပဲ လိမ်လိမ်မာမာ နေလို့ မှာသွားသေးဆိုပဲ။
စိန်စိန် တစ်ယောက် သူ့ဥခွံအဟောင်းထဲက တစ်ခါ ပြန်ထွက်လာတဲ့ အချိန်က ကလေးတစ်ယောက်၊နောက် တစ်ဗိုက်နဲ့ပါ။လူရုပ်မပေါ်အောင် စုတ်ပြတ်နေတဲ့ သူပုံစံကို ကျွန်မ မကြည့်ချင်တော့ လောက်အောင်ပါပဲ။ထုံးစံအတိုင်း မွေးစရိတ် လာတောင်းတာပါပဲ။သူ့ယောက်ျားကလည်း ဒီအိမ်က ပေးနေမှန်း သိနေတော့ မွေးခါနီးတိုင်း လွှတ်နေသလား မသိပါဘူး။ဒါ့အပြင် စိန်စိန်ကိုယ်တိုင်က လိုချင် မက်မောမှုတွေများလာပါတယ်။ကျွန်မတို့မှာ တာဝန်ရှိလို့ သူ့ကိုပဲ ပိုင်ဆိုင်တာတွေ ခွဲပေးရမလိုမျိုး ပြောလာပါတယ်။မကျည်းသီးမှည့် လေး၊ငါးပိရေကြိုလေး ပါလာပြီး သူ့ယောက်ျားက ပေးခိုင်းလိုက်သလိုမျိုးလည်း ပြောတတ် ပါသေးတယ်။လာတိုင်းလည်း အနှီးကအစ ကလေးအသုံးအဆောင် ပစ်္စည်း အဆုံး ပေးလိုက်မိတာပါပဲ။
ဒီတစ်ခါတော့ စိန်စိန်ပုံစံက အနေအထိုင်က အစ ညစ်ပတ်လာပါတယ်။တစ်ကယ့်ကို ပစ်စလက်ခတ်နေတတ်တဲ့ ရွာသူ တစ်ယောက် ပုံစံလိုမျိုးဖြစ်နေပါတယ်။အတူပါလာတဲ့ ယောက်မ လုပ်သူကလည်း အနေအထိုင်မတတ်၊ကလေးငယ်လေးက အော်ဟစ်ပြီးငို၊ဗိုက်တစ်လုံးနဲ့သူက ဟိုပြေးဒီပြေး။အဲဒီပုံတွေကြည့်ပြီး ကျွန်မ တော်တော် စိတ်ပျက်သွားပါတယ်။
“စိန်စိန် ဒုက်္ခရောက်တိုင်း ပြေးလာမနေနဲ့။အတူရှိစဉ်က လုပ်နိုင်တာ အကုန်လုပ်ပေးပြီး ခဲ့ပြီ။အဆင်မပြေတဲ့ပုံ လာ လာ ပြမနေနဲ့။တစ်ကယ်တော့ ဘာမှတော်စပ်ကြတာ မဟုတ်ဘူး။တာဝန်ရှိလို့ လုပ်ပေးနေတာလည်း မဟုတ်ဘူး။အတူနေခဲ့ဖူးတဲ့ သံယောဇဉ်ကြောင့်သာ။ညည်း ယောက်ျားကိုလည်း အစွမ်းအစရှိအောင် အလုပ် လုပ်ခိုင်းအုံး။နောက်တစ်ခါ မလာနဲ့တော့အေ မြင်ရတာ စိတ်မချမ်းသာဘူး”။
ကျွန်မလည်း အားမနာတမ်း ပြောလိုက်မိပါတော့တယ်။နောက်တစ်နေ့ မနက်မှာ သူတို့ပြန်သွားကြပါတယ်။ပေးနေကျ အတိုင်းတော့ ပေးလိုက်ရသေးတာပါပဲ။ စိန်စိန် ပြန်သွားပြီး နှစ်ရက်လောက်ထိ ကျွန်မ စိတ်မကောင်းပါဘူး။သူ့မှာ ရှိခဲ့ဖူးတဲ့ အရည်အချင်းတွေ၊စိတ်ဓာတ်လေးတွေ၊နေပုံထိုင်ပုံလေးတွေကို ကျွန်မ ပြန်တွေးမိပြီး နှမြောနေပါတယ်။ဘာမှ မဆိုင်တဲ့ လူနှစ်ယောက်ကို ကြည့်နေရသလိုပါပဲ။လူတစ်ယောက်ကို ပြုပြင်ပုံသွင်းတယ်ဆိုတာ အဲဒီလူမှာ ရှိတဲ့ ရှိရင်းစွဲ အရည်အသွေးနဲ့ ဆိုင်သလား။ဒါမှမဟုတ် ကျင်လည် နေထိုင်ရာ ၀န်းကျင်အလိုက် အရောင်ပြောင်းသွားတာလား။ငယ်ငယ်က ကျောင်းစာ ထဲမှာ သင်ခဲ့ရဖူးတဲ့ ကျေးညီနောင်လိုလား။ပုံပြင်ဆိုပေမဲ့ တစ်ကယ်ဖြစ်နိုင်တာပဲ။ရှိပြီးသား အရည်အချင်း တွေကရော ၀န်းကျင်ကြောင့် လျော့သွားနိုင်တယ်လား။ဒါဆို ကျွန်မတို့ လူတွေကို ပြုပြင်ပြောင်းလဲပေးလို့ မဖြစ်နိုင်တော့ဘူးလား။ လားပေါင်းများစွာ မေးခွန်းတွေနဲ့ ကျွန်မ အတွေးတွေ ချာချာလည်နေခဲ့ပါတယ်။
အခု အတူနေ ကလေးမလေး ကလည်း သုံးနှစ်လောက်ကြာလာတော့ ကျွန်မတို့ မိသားစုဝင် ဖြစ်လာတာပါပဲ။ကျွန်မ ကလည်း ကျွန်မ လုပ်နေကျအတိုင်း စာတွေဖတ်ခိုင်းပြီး၊အမျိုးသားကလည်း သမီးနဲ့အတူ အင်္ဂလိပ်စာ သင်ပေးနေပြန်ပြီ။လူတွေကလည်း ပြောကြပြန်ပြီ “ဒီလင်မယား အမှတ်မရှိဘူးတဲ့”။ပြောချင်တာ ပြောကြပါစေတော့........စိန်စိန်ကို စေတနာထားခဲ့လို့ ကျွန်မမှာ ဘာတွေမှ မယုတ်လျော့ခဲ့ပါဘူး။အခုရောက်လာတဲ့ သမီးကို စိန်စိန်လောက် ကျွန်မ အားထည့်ပြီး လုပ်မပေးရတော့ပါဘူး။အခံကောင်းတယ်လို့ ပြောရမှာပေါ့။အရင်တစ်ယောက် လုပ်သွားလို့ နောက်တစ်ယောက်ကို စေတနာ လျှော့ထားရမယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး။နောက်တစ်ယောက် လုပ်သွားတော့လည်း ဒီ့ထက်အဆင်ပြေ တဲ့ နောက်တစ်ယောက် ပေါင်းများစွာ ပေါ်လာပါလိမ့်မယ်။မပေါ်လာ တော့ရင်လည်း..........ကျွန်မ စေတနာမှာ တစ်ခုခု လွဲနေလို့ ဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ ကျွန်မ ကတော့ စေတနာရဲ့ အစွမ်းကို ယုံကြည်နေဆဲ............။
ည-၈နာရီ၊၅၈မိနစ်
၁၅.ဧပြီလ.၂၀၁၃ခုနှစ်။

ကျွန်မနှင့် ကျွန်မ၏လောင်ဖက်များ (ပထမပိုင်း) မဟေသီ မဂ္ဂဇင်းပါ အခန်းဆက် ၀တ္ထုရှည်
Posted by
Unknown
at
6:16 PM
Friday, June 27, 2014
(၁)
“အမရေ ကျွန်မပြောထားတဲ့ကောင်မလေး ခေါ်လာပြီနော်” ကျွန်မသင်တန်းသူ တစ်ယောက် အသံနဲ့ အတူလူပါ အိမ်ထဲဝင်လာပါတော့တယ်။ကျွန်မလုပ်လက်စ အိမ်အလုပ်တွေရပ်လို့သူတို့ ကိုထွက်တွေ့လိုက်ပါတယ်။ဂတုံးဆံပင်ပေါက်၊ အသား လတ်လတ်နဲ့ (၁၄)နှစ်အရွယ် မိန်းကလေးတစ်ယောက် မျက်လုံးလေးကလည် ကလည်နဲ့ ဧည့်ခန်းထဲမှာ ကျွန်မရဲ့ ဓါတ်ပုံတွေလိုက်ကြည့် နေတာတွေ့ပါတယ်။ဒီနေ့သင်တန်းပိတ်ရက်ဖြစ်လို့ ကျွန်မအိမ်မှုကိစ်္စတွေနဲ့ အလုပ်ရှုပ်နေတဲ့အချိန် သူတို့ရောက်လာတာပါ။
“နော်သိမ့်ရေ အမက မရတော့ဘူးတောင်ထင်နေတာ” သင်တန်းသူ ကိုလှမ်းပြောရင်းသူနဲ့အတူပါလာတဲ့ အမျိုးသမီးတစ်ယောက်ကို ဝေ့၀ိုက်ကြည့်လိုက်ပါတယ်။ကျွန်မသင်တန်း သူက ကရင်မလေးပါ။သူနဲ့အတူပါလာတဲ့ အမျိုးသမီးနဲ့ အလုပ်လုပ်မယ့် ကောင်မလေးကလည်းကရင်တွေဖြစ်ပုံရပါတယ်။
“အရင်အလုပ်လုပ်တဲ့ အိမ်ကမနေ့ကမှ အလုပ်ထွက် ရလို့ အမရေ”
“ဟင် ဒီလိုကြီးလား၊ အမက ရွာမှာသွားခေါ်ပေးမယ်ထင်နေတာ” အရင်အိမ်ရှင်တွေအတွက် ကျွန်မစိတ်မကောင်းဖြစ်သွားပါတယ်။အိမ်တစ်အိမ်မှာ ရုတ်တရက်အိမ်အကူ အလုပ်ထွက်သွား လို့ကသီလင်တဖြစ်ရတဲ့ ဒုက်္ခကိုခံစားဖူးတဲ့ အိမ်ရှင်မတွေပဲသိမှာပါ။
ကျွန်မမှာအားကစား သင်တန်းတစ်ဖက်၊အိမ်မှုကိစ်္စတစ်ဖက်၊သမီးငယ် မူကြို ကျောင်းပို့ရမဲ့ကိစ်္စတွေနဲ့တော်တော့်ကို ချာချာလည်နေရပါတယ်။အမျိုးသားက ရုံး မသွားခင် အိမ်မှုကိစ်္စ တွေကူညီလုပ်ပေးလို့သာ တော်နေသေးတယ်။အရင်ကောင်မလေးက သင်္ကြန်ခဏ အလည်ပြန်မယ်ဆိုပြီး ပြန်မလာတော့တာနဲ့ တစ်ယောက်တည်းဖြစ်နေတာ၊ လူသစ်ထပ်ရှာဖို့ အဆင်မပြေတဲ့သူများနေတော့ စောင့်ရင်းစောင့်ရင်းနဲ့ (၇)လလောက် ကြာသွားပြီ။ကိုယ်ဘာသာကိုယ်တောင် အဆင်ပြေ သလိုဖြစ်နေပါပြီ။ကျွန်မသင်တန်းသူ က မနေနိုင်လို့ ကောင်မလေးတစ်ယောက် လောက် အမကိုရှာပေးပါဦးမယ်လို့ ပြောနေတာကြာပြီ။
“သူအရင်အလုပ်လုပ်တဲ့အိမ်မှာ ၃ယောက်တောင်ရှိပါတယ်။အတူပါလာသူ အမျိုးသမီးက ကျွန်မရဲ့ ဘ၀င်မကျတဲ့လေသံကို ကြားဝင်ရှင်းပြ နေပါတယ်။
“သမီးဘာဖြစ်လို့ အဲဒီအိမ်မှာ ဆက်မလုပ်တော့တာလဲ”
“မအေးမိနဲ့ မတည့်လို့” တိုတိုတုတ်တုတ်နဲ့ ကလေးမက ကျွန်မကိုပြောပါတယ်။
“မအေးမိဆိုတာဘယ်သူလဲဟင်”
“သမီးတို့သုံးယောက်ထဲက အိမ်ရှင်နဲ့အခင်ဆုံးသူကိုပြောတာ”
“သြော်” ကျွန်မလည်းဆက်မမေးတော့ပါဘူး။ “နော်သိမ့်ရေ ပြောအုံးလေတစ်လဘယ်လောက်ပေးရမှာလဲ” ကျွန်မသင်တန်းသူစကားမပြန်ခင်အမျိုးသမီးက “အရင်အိမ်ကတော့ တစ်လ ခုနှစ်ထောင်ပေးတာပဲ”ကျွန်မကတော့ ခုနှစ်ထောင်မပေးနိုင်ဘူး အမရယ် အိမ်မှာ မိသားစုလည်းနည်းတယ်၊သမီးနဲ့အဖော်ရချင်တာပါ၊ငါးထောင်တော့ပေးနိုင်တယ်။”
“အင်းရတယ်” ကလေးမလေးက၀င်ဖြေပါတယ်။လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်တုန်း က အိမ်အကူများရဲ့ လုပ်အားခ ဈေးနှုန်းပါ။
“အမရေ ကျွန်မကတော့ စေတနာနဲ့ကူညီတာပါ၊ဒါပေမဲ့ဒီအမျိုးသမီးက တစ်ဆင့်ရှာခိုင်း ရတာဆိုတော့ သူလဲပွဲခလိုချင်လို့လိုက်လာတာ”
“အေးပေါ့ ဘယ်လောက်ပေးရမလဲ”
“တစ်လစာပဲ ပေးပါအမရယ်” အမျိုးသမီးက၀င်ဖြေပါတယ်။
“ကောင်မလေးအတွက်ရော ဘယ်နှစ်လကြိုပေးရမှာလဲ”
အိမ်ရှင် အိမ်ဖော်တွေရဲ့ထုံးစံအရ ကျွန်မမေးလိုက်ပါတယ်။
“တစ်လခပဲ ကြိုပေးလိုက်ပါ အရင်အိမ်ကို အကြွေးပေးစရာရှိလို့”
ကလေးမက၀င် ပြောပါတယ်။
“ဟင် ဘယ်လိုဖြစ်လို့ အိမ်ရှင်ကိုအကြွေးဆပ်စရာရှိနေရတာလဲ” ကျွန်မဇဝေဇ၀ါဖြစ်သွားတာနဲ့မေးလိုက်မိပါတယ်။
“နှစ်လုံးထိုးထားတဲ့ပိုက်ဆံ သူတို့စိုက်ပေးထားကြလို့”
၁၄နှစ်အရွယ် ကောင်မလေးမှာ နှစ်လုံးကြွေးရှိနေတယ်ဆိုတော့ ကျွန်မအံ့သြသွားပါတယ်။
အဲဒီအချိန်သမီးလေး နေ့ခင်းအိပ်ရာကနေနိုး လာပါတယ်၊ ဧည့်ခန်း ထဲ ကိုပြေး ထွက်လာပြီး သူရဲ့ မမအသစ်ကိုလှည့်ပတ်ကြည့်ပြီး ပြုံးပြနေပါတယ်သူ့မျက်နှာလေး က သဘောကျတဲ့ပုံပေါ်နေပါတယ်။ကောင်မလေးကလည်း သမီးကိုလှမ်းပွေ့လိုက်ပါတယ်။အဲဒီအမူအရာလေး မြင်လိုက်တာနဲ့ကျွန်မသူ့ကိုသဘော ကျသွားပါတယ်။မိခင်အများစုက ကိုယ့်ကလေးကို တစ်စိမ်းတစ်ယောက်က တစ်ကယ်ချစ် မချစ်ဆိုတာကို ခွဲခြားသိတတ် ကြပါတယ်။
“သမီး အဲဒါ သမီးနဲ့အတူနေမဲ့ မမ၊နံမည်ဘယ်လိုခေါ်လဲမေးလိုက်လေ”
“မမ နံမည် စိန်စိန်”
သမီးမမေးခင် ကောင်မလေးကအဖြေပေးပါတယ်။ဒီမိန်းကလေး က ကျွန်မအိမ်ရဲ့ အဖော် ငါးယောက်မြောက်ပါ။စိန်စိန်ကို ကျွန်မ ကြည့်နေရင်း အရင် လေးယောက်ရဲ့ ပုံရိပ်တွေ ပြန်ပေါ်လာပါတော့တယ်။
(၂)
စိန်စိန် အရင်ကောင်မလေး “ကြည်ပြာအေး” ကလည်းကရင်မလေးပါ၊ သမီးနဲ့လည်းအဆင်ပြေ၊ကျွန်မအတွက်လည်း အကူ အညီရပါတယ်။သင်္ကြန်ပြန်သွားပြီး (၃)လလောက်ကြာမှ ကျွန်မသင်တန်းသူ တွေက တစ်ဆင့်သိရတာ ကျွန်မအိမ်ကိုပြန် အလာမှာ သူ့အဖေနဲ့အတူ ဦးလေးအိမ်ကို ခဏ၀င်တော့ ဦးလေးရဲ့ယောက်္ခမက လေ ဖြတ်ပြီး၊အဒေါ်က မီးဖွားနေတာနဲ့ ကြုံနေ တယ်တဲ့။သုံးလေးလလောက် နေပေးပါဆို လို့သူ့အဖေကထားခဲ့ပြီး ရွာကိုပြန် သွားရောတဲ့။
ကျွန်မဆီလည်း လာ အကြောင်းကြားမပေးတော့ဘူး။ တာဝန်မဲ့ လိုက်ကြ တာလို့ ကျွန်မမှာ စိတ်တိုမိပါတယ်။အဲဒါ လေးယောက်မြောက် ကောင်မလေး ဇာတ်လမ်းပါ။ကျွန်မအိမ်မှာ နှစ်နှစ်နီးပါးနေသွားပါတယ်။ကျွန်မ ကရင်မတွေနဲ့ တော်တော် အကျိုး ပေးပါတယ်။သုံးယောက်မြောက် ကောင်မလေးကလည်း ကရင်မလေး ပါပဲ။“ထက်ထက်” တဲ့ အရပ်မြင့်မြင့် မျက်နှာလှလှလေးပါ။သူကတော့ ကိုးလ လောက်ပဲကြာ တယ်။သူ့အမေဆုံးလို့ဆိုပြီး အဖေကလာပြန်ခေါ်သွားတာပါ။ဒုတိယမြောက် အမျိုးသမီး ကတော့ “မစန်း” တဲ့၊ကျွန်မအိမ်မှာ နေဖူးတဲ့သူတွေထဲ မှာတော့ အသက်ကြီးဆုံးပါ။ ကျွန်မတို့နဲ့ ဆွေမျိုးနီးစပ်တော်တဲ့ အမတစ်ယောက်က ရှာပေးလိုက်တာပါ။
မြင်းခြံမြို့နဲ့ရှစ်မိုင်လောက်ဝေးတဲ့ ရွာတစ်ရွာကပါ။အမအိမ်ကိုရောက်နေတာ သုံးလလောက်ရှိပြီလို့ ပြောတယ်။ကျွန်မတို့မိသားစု သင်္ကြန်တစ်နှစ်မှာ နှစ်ဖက်မိဘများ ရှိရာ မန်္တလေးကိုအလည်ပြန်ကြပါတယ်။ပထမဆုံး မိန်းကလေး “မယဉ်မြ”ကို ကျွန်မအမေက မန်္တလေးကနေခေါ်ပေးထားတာပါ။ကျွန်မတို့မိသားစု မန်္တလေးကိုအလည်ပြန်တော့ သူ့အတွက်လည်း သူ့အမေနဲ့တွေ့ရမို့ အဆင်ပြေပါတယ်။မန်္တလေးကို ရောက်တယ် ဆိုရင်ပဲ ကျွန်မလည်းသူ့ အမေအိမ်ပြန်နေဖို့ ခွင့်ပြုလိုက်ပါတယ်။ လွတ်လွတ် လပ်လပ်လေး နေပါစေဆိုတဲ့ စေတနာနဲ့ပါ။သူကတော့ ဘယ်လောက်လွတ်လပ် လိုက်သလဲဆိုရင် သူ့ရည်းစားနဲ့ အိမ်တစ်အိမ်မှာ တွေ့နေကြသတဲ့၊ အဖေ့ဝန်ထမ်း မိသားစုတွေပြန်ပြောမှ ကျွန်မတို့သိရပါတယ်။ကျွန်မ အမျိုးသားက နောက်ဆက်တွဲ ဇာတ်လမ်းတွေပါလာမှာ ကြောက်လို့ ထားခဲ့လိုက်ပါတဲ့။အဲဒီလိုနဲ့ “မစန်း”ဆိုတဲ့ အမျိုးသမီး ကျွန်မတို့မန်္တလေးက အပြန်မှာပါလာခဲ့တော့တာ။
“မစန်း” ကကျွန်မကို “မမကြီး”လို့ခေါ်ပါတယ်။ကျွန်မက သူ့ထက်ရှစ်လလောက် ကြီးပါတယ်။ကျန်တဲ့မိန်းကလေးတွေအားလုံး ကျွန်မကို “အမ“ လို့ပဲခေါ်ပါတယ်။သူက အညာသူ စစ်စစ်ပါ။ဟင်းကောင်းကောင်း မချက်တတ်ဘူးလို့ပြောပါတယ်။သူတို့ရွာ မှာ ဘယ်သူမှ အင်္ကျီကိုမီးပူတိုက်မ၀တ်ကြပါဘူးတဲ့၊မီးပူလည်းမတိုက်တတ်ဘူးပေါ့။ကျွန်မတို့ လင်မယား နှစ်ယောက်စလုံးဟင်းချေးမများတတ်ပါဘူး။ အညာဟင်းတွေ ကိုလည်း ကြိုက်ပါတယ်။ဒါပေမဲ့ သူက အညာဟင်းကိုတော်တော် မကောင်းအောင် ချက်တတ်ပါတယ်။ကျွန်မ သင်တန်းအားတဲ့ အချိန်တွေမှာ ဟင်းချက်တာ ၀င်ပြပေး ပါတယ်။ သူချက်တဲ့ ဟင်းတွေကိုလည်း ချီးမွမ်းခန်းဖွင့်ပေးပါတယ်။
တစ်ရက်မှာ သူကြော်ထားတဲ့ ကန်စွန်းရွက်လေးက အဆင်ပြေပါတယ်။ဒါနဲ့ ကျွန်မက
“မစန်းရေ- ကန်စွန်းရွက်ကြော်လေး ကောင်းတယ်နော်၊အမကြော်ရင်တော့ ချခါနီးကျရင် ငြုပ်ကောင်းလေးဖြူးလိုက်တယ်၊မွှေးမွှေးလေးနဲ့ စားကောင်း တာပေါ့”
“ဟုတ်ကဲ့ မမကြီး”
ကျေနပ်နေတဲ့ မျက်နှာနဲ့ မစန်းက ပြန်ပြောပါတယ်။
နှစ်ပတ်လောက်အကြာမှာ သူကန်စွန်းရွက် ကြော်ပြန်ပါတယ်။ကျွန်မ အမျိုးသား ကထမင်းစားပွဲမှာ အရင်ထိုင်ပြီး
“ ကန်စွန်းရွက်မှာ ဘာဖတ်တွေ ကပ်နေတာလဲ မေးကြည့်ပါအုံး”တဲ့ ကျွန်မလည်း
“မစန်းရေ ကန်စွန်း ရွက်ထဲ ဘာတွေထည့်ထားတာလဲဟင်”လို့မေးတော့
“မဆလာအုပ်ထားတာ မမကြီး” တဲ့၊ ပြီးတော့ဆက်ပြောပါသေးတယ်
“မမကြီးပဲ ကန်စွန်းရွက်ကို ချခါနီးကျရင် မဆလာ အုပ်လိုက်ဆို”တဲ့။
သူနားလည်အောင် ကျွန်မ မပြောတတ်တာပဲဖြစ်မှာပါ။ကြည်ပြာအေး တုန်းကတော့ ကန်စွန်းရွက်ကြော်ဆိုပြီး လာချပေးတာကန်စွန်းရိုးချည်းပဲကြော်ထားတာ တွေ့ရတယ်။မေးကြည့်တော့ သူတို့ရွာမှာ ကန်စွန်းရိုးပဲကြော်စားကြ တာတဲ့၊အမှိုက်ပုံး ထဲက ကန်စွန်းရွက်တွေကို နှမြောတသကြည့်ရင်း
“အဲဒါဆိုလဲ တို့ကို ကန်စွန်းရိုးကြော် လို့ပြောပြီး ကျွေးပါအေလို့” ပြောရတော့တယ်။
မစန်းတစ်ယောက်က စကားပြော၊သီချင်းဆိုရင် အကျယ်ကြီးပြောတတ် ဆိုတတ်ပါတယ်။ကျွန်မနေရတာ အစိုးရတိုက်ခန်းပါ။ပန်းကန်းဆေးတဲ့ ပိုက်လိုင်းတွေ က တစ်ခန်းနဲ့ တစ်ခန်းဆက်နေတော့ အသံတွေကိုကြားနေရပါတယ်။သူသီချင်းဆိုပုံ က ရွာမှာ ကန်သင်းရိုးပေါ်ကအော်ဆိုသလို ဆိုတာပါ။ စာမဖတ်တတ်ပေမဲ့ ဖတ်တတ် ချင်ယောင်လည်း ဆောင်တတ်ပါတယ်။တစ်ရက်မှာ မစန်းတစ်ယောက် သီချင်းတစ်ပုဒ် ကို စိတ်ပါလက်ပါနဲ့အော်ဆိုနေပါတယ်။ပန်းကန်ဆေးရင်းဆိုတာဆိုတော့ တစ်တိုက်လုံး ကို သူ့အသံလှိုင်းက ပို့ပြီးဖြစ်နေတာပေါ့။
“ဒုံးယိမ်းတွေရွာထဲရောက်လာတယ်.......” သူအော် နေတာ တစ်စွန်းတစ်စ ကြားလိုက်ရပါတယ်။ကျွန်မလည်း မနေသာတော့ဘဲ
“မစန်းရယ် ဒုံးယိမ်းတွေ ရင်ထဲရောက်လာတယ် မဟုတ်ဘူးလား”လို့မေးလိုက်တော့
“မမကြီးကလည်း ရင်ထဲရောက်လာတယ်ဆိုရင် ဘယ်အဓိပ်္ပါယ်ရှိမှာလဲ၊ ရွာထဲ ရောက်လာတယ် ပါ၊ရွာထဲကိုဝင်လာတယ်လို့ ပြောတာလေ ”တဲ့။
“သြော် တေးရေးဆရာ ဘာလို့များသူ့လို မတွေးမိရတာပါလိမ့်” လို့ပဲမှတ်ချက်ချနိုင်ပါတော့တယ်။
မစန်းက မြန်မာဗီဒီယိုကားကလဲ အလွန်ကြိုက်ပါတယ်၊ဒါပေမဲ့ သူဘယ်တော့ မှ မင်းသား မင်းသမီး အမည်တွေကို တည့်အောင် မပြောတတ်ပါဘူး။ကျွန်မ အိမ်ကို ဧည့်သည်တွေ ရောက်တဲ့တစ်ညမှာ သူအိပ်ယာတွေပြင်ဆင်ပေးနေရတာတဲ့ မြန်မာ့ ရုပ်မြင်သံကြားကလာတဲ့ ဇာတ်ကားကို ဆုံးအောင်မကြည့်လိုက်ရပါဘူး။မနက်ကျတော့ ကျွန်မဧည့်သည် ကိုအပြေးအလွှား မေးနေသံကြားပါတယ်။
“အမ အမ မနေ့ညက ဂွေးဘာဖြစ်သွားလဲ” ကျွန်မ ဧည့်သည်လည်း မျက်လုံးအပြူးသားနဲ့ ကျွန်မကို
“သူဘာတွေမေးနေတာလဲဟေ” တဲ့ ကျွန်မစကားမပြန်နိုင်ခင်
“ဟိုကောင် မင်းသားကို ပြောတာလေ” လို့သူ့ရဲ့ နောက်ဆက်တွဲစကား ကြားရမှ ဧည့်သည်နဲ့ ကျွန်မ “ဟင်း” ချလိုက်ရပါတယ်။
တစ်ခါတစ်ခါ သူတစ်ယောက်ထဲ လက်ဟန်ခြေဟန်တွေနဲ့ စကားပြော နေ တတ် ပါတယ်။ကျွန်မလည်းစိုးရိမ်ပြီး မြင်းခြံကအမကိုဖုန်းဆက် မေးရပါတော့ တယ်။အမရဲ့ အဖြေကတော့ အေးဆေးပါပဲ
“ဒီမှာလည်းသူ အဲဒီလိုပြောနေကြပါတဲ့”။
မစန်းတစ်ယောက် ရွာဘုရားပွဲကိုပြန်ချင် တဲ့အချိန်မှာတော့ ကျွန်မရော အမျိုးသားပါ ကြည်ကြည်ဖြူဖြူ ပြန်လွတ်လိုက်ပါတယ်။သူပြန်မလာခင်နောက်ထပ် တစ်ယောက်ကို အမြန်ရှာပြီး ဒီမှာလူရနေပြီလို့ အမကတစ်ဆင့် အကြောင်းကြားခိုင်းရပါတယ်။ ဒီလိုနဲ့ “ထက်ထက်” ဆိုတဲ့ကောင်မလေး ကျွန်မအိမ်ကိုရောက်လာတာပါ။
(၃)
အခု စိန်စိန်ဆိုတဲ့ကောင်မလေးကတော့ ဆယ့်လေးနှစ်သမီးလေးပေမဲ့ မီးပူတိုက် တတ်၊ထမင်းဟင်းလည်း ချက်တတ်ပါတယ်။လူကောင်ကလည်း ခပ်သေးသေး ဆိုတော့ သမီးနဲ့လည်းကစားဖော်ဖြစ်နေပါတယ်။သန့်သန့်ပြန့်ပြန့် လည်းနေတတ် ထိုင်တတ် ပါတယ်။သမီးနဲ့လည်းပုလဲနံပသင့် ကျွန်မအတွက်လဲ အကူအညီရနဲ့ ဒီတစ်ခါလူရတာ ကံကောင်းတယ်လို့ဆိုရပါ မယ်။မေ့တတ်ပြီး ပျာယီးပျာယာ လုပ်တာကလွဲရင်ပေါ့လေ။ကျွန်မ သင်တန်းသူကိုလည်း ကျေးဇူး တင်မဆုံးပါဘူး။
မေ့တတ်တာကတော့ ညဘက်အိမ်သာထွက်လာရင် ကျွန်မ မီးလိုက်ပိတ် ပေးရတယ်၊ ဟင်းချက်နေရင်း မီးပျက်သွားရင် ခလုတ်တွေမပိတ်ဘဲ ဒီအတိုင်းထားခဲ့တယ်။ဂတ်စ်မီးဖိုသုံးပြီးရင် ခလုတ်ဖွင့်ခဲ့မယ်၊ရေတင်ပြီးရင် ရေပြည့်တာလဲ သူမသိ ၊ရေလျှံသံလည်း သူနားမစွင့် တော့ပါဘူး။သမီးနဲ့ကစားနေရင်ကစား၊ဒါမှမဟုတ်ကားတွန်း ကားကြည့်နေကြပါ တော့တယ်။မီးဖိုချောင်ပစ်္စည်းတွေယူသုံးပြီးရင် နေရာတကျပြန်ထားဖို့လည်း မေ့တတ် ပါတယ်။မီးပူတိုက်ပြီးရင် အရှိန်မပြယ်သေး တဲ့မီးပူကို မီးပူကြိုးပေါ်တင်ခဲ့တယ်။သမီးနဲ့လည်းဆော့ချင် အိမ်အလုပ်တွေလည်း မပြီးမှာစိုးတော့ဖြစ်သလိုလုပ်ခဲ့ ရော၊ သူ့ နောက်က လက်စလိုက်သိမ်းရတာတွေ များလွန်းလို့
“အမလည်း ညည်းရဲ့ တောက်တို မယ်ရ” ဖြစ်မှန်းမသိ ဖြစ်နေပါပြီ လို့ပြောရတယ်။
အတန်းပညာ နှစ်တန်းထိပဲနေခဲ့ရပေမယ့် စိန်စိန်က ဥာဏ်ရည်မြင့် ပါတယ်၊ သင်လွယ်တတ်လွယ်ထဲကပါ။သိချင်တတ်ချင်စိတ်လည်းရှိပါတယ်။သူ့ဥာဏ်ရည်လေးကို သတိထားမိတဲ့ကျွန်မက စာအုပ်တစ်ချို့ပေးဖတ်ပါတယ်။သူစာရေးတဲ့အခါမှာတော့ စာလုံးပေါင်း သတ်ပုံတွေမမှန်ပါဘူး၊ ဟတ်ထိုးနဲ့ တစ်ချောင်းငင် မှားတာတို့ ၀စ်္စနှစ်လုံးပေါက်ကျန်ခဲ့တာတို့၊ယပင့်နဲ့ယရစ်လွဲတာ တို့ဖြစ်တတ်ပါတယ်။စာရေးကျင့်မရှိတာ ကြာသွားလို့ထင်ပါတယ်။ကျွန်မတို့အိမ်မှာ ၀င်ငွေနဲ့ထွက်ငွေ ကိုထိန်းတဲ့သဘောနဲ့ တစ်လတစ်ခါ စာရင်း ချုပ်ပါတယ်။တစ်နေ့ချင်းအသုံးစရိတ်ကိုလုပ်ဖို့ စိန်စိန်ကိုတာဝန် ပေးလိုက်ပါတယ်။
တစ်ပတ်ပြည့်တဲ့နေ့မှ သူဆီကစာရင်းနဲ့ ကျွန်မတစ်ပတ်စာ စာရင်း လုပ်ပါ တယ်။သူ့ကိုဈေးစာရင်းလုပ်ခိုင်း လိုက်တဲ့အကျိုးကျေးဇူးကတော့စာလုံးပေါင်းသတ်ပုံ တွေမှန်လာပါတယ်။ဈေးဝယ်တဲ့တာဝန်ကို လည်းသူပဲယူထားပါတယ်။လအနည်း ငယ်အတွင်းမှာပဲ စိန်စိန်တစ်ယောက် ကျွန်မစာအုပ်စဉ်က စာအုပ်တွေတော်တော်များများ ကို ဖတ်နိုင်လာပါတယ်။ဂျာနယ်ကျော် မမလေး၊ခင်နှင်းယု၊မစန်္ဒာ စာအုပ်တွေကစ လို့ ဂျူးစာအုပ်တွေအဆုံး သူဖတ်ပြီးနေပါပြီ။သူဖတ်ပြီးတဲ့ စာအုပ်တွေအကြောင်းကိုလည်း
ကျွန်မနဲ့ သူ့အမြင်လေးတွေ ဆွေးနွေးလာပါတယ်။သူ့ကိုကျွန်မစာဖတ်ချိန်ဆိုပြီး သတ်မှတ်ပေးထားပါတယ်။မိသားစုသုံးယောက်သာရှိတဲ့ ကျွန်မတို့အိမ်မှာ သူ့အလုပ် အားချိန်တွေများပါတယ်။ကျွန်မခင်ပွန်းနဲ့သမီးလေးရုံးနဲ့ကျောင်းသွားချိန်၊ ကျွန်မ သင်တန်း ပြနေတဲ့အချိန်တွေဟာသူ့စာဖတ် ချိန်တွေပါ။သူစာဖတ်နေတဲ့ အချိန်လုပ်စရာ နည်းနည်းပါးပါး အလုပ်ပေါ်လာခဲ့ ရင်တောင် ကျွန်မလုပ်ပေးလေ့ရှိပါတယ်။
စာတွေအများကြီး ဖတ်နိုင်လာတော့သူ့အမူအရာ၊ အတွေးအခေါ်လေး တွေပါမြင့်လာပါတယ်။ဂျာနယ်ကျော် မမလေးရဲ့ “ရင်နင့်အောင်မွှေး”ဖတ်ပြီးတဲ့အခါ သူ့ကိုဘုရားပန်းအိုးတွေပြောင်အောင်တိုက်ဖို့ အထူးပြောစရာမလိုတော့ပါဘူး။အိမ်သန့် ရှင်းရေးကိုလည်း အရင် ကထက်ပိုပြီး ဂရုတစိုက်လုပ်တတ်လာပါတယ်။ဇာတ်ကောင် “မော်” ရဲ့စရိုက်လေးတွေအတိုင်းသူအတုလိုက်ခိုးကြည့်ပါတယ်။သူများသားသမီး အပျို အရွယ်မိန်းကလေး ခေါ်ထားရတာတယ်ဆိုတဲ့ တာဝန်ကလည်းကြီးပါတယ်။စိတ်ကစား တတ်တဲ့ အရွယ်လေးရောက်လာတဲ့အတွက် မိုးမိုး(အင်းလျား)ရဲ့ “ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား” ဆိုတဲ့စာအုပ် ပေးဖတ်ခြင်းနဲ့ကျွန်မထိန်းနိုင်ခဲ့ပါတယ်။
စိန်စိန်တစ်ယောက် မြန်မာစာတွေအများကြီးဖတ်နိုင်လာတဲ့ အချိန်မှာတော့ ကျွန်မ လောဘကြီးလာပါတယ်။
“စိန်စိန်ရေ ညည်းရဲ့ဈေးစာရင်း စာအုပ်ယူခဲ့” ကျွန်မသင်တန်းနားတဲ့တစ်ရက်မှာ သူ့ကိုပြောလိုက်တာပါ။
“ဒီနေ့ကစပြီး ဈေးစာရင်းကို အင်္ဂလိပ်လိုပဲရေးတော့မယ်”
“အမကလည်း သမီးမှ အင်္ဂလိပ်လိုမတတ်တာ”။စိန်စိန်ရဲ့ အဖြေ
“ညည်း အေ၊ဘီ၊စီ ရေးတတ်တယ်မဟုတ်လား၊အေဘီစီရေးတတ်ရင် အင်္ဂလိပ် လို ရေးတတ်ပြီလို့မှတ်”
“ဇယားတွေအသစ်ပြန်ဆွဲမယ်၊အမလုပ်ပြမယ် ဈေးဖိုးဆိုတဲ့ နေရာမှာံသကျနုနနစငညါ မုန့်မျိုးစုံအကွက်မှာညချေု ၊ကုန်ခြောက်ဆိုတဲ့အကွက်မွှာမသခနမပ စသည်ဖြင့် အစားထိုးပြီး ကျွန်မဆွဲပေးလိုက်ပါတယ်။
အချုပ်မှာတောံ့သကျနုနနစငညါယှအအေငသညနမပရ ိမန််ယ ်ညေခု် ရ ခသ်ာနအငခယြမသခနမပယ ၾနိငခငညန ယသအ့နမ် ဆိုပြီး ဇယားခြောက်ကွက် ထွက်လာ ပါတယ်။ပြီးတော့မွှသအေူ ဆိုပြီးအားလုံးကို ပြန်ပေါင်းဖို့ တစ်ကွက်ထပ်ဆွဲပေးလိုက် ပါတယ်။သူကလည်းကျွန်မဆွဲခေါ်သလောက် လိုက်လာနိုင်ပါတယ်ဈေးကပြန်ရောက်လို့ ဆွဲခြင်းချပြီးတာနဲ့ ကျွန်မကိုမေးခွန်းတွေဆက်တိုက် မေးပါတော့တယ်။
“အမရေ ချဉ် ပေါင်ရွက် ကိုဘယ်လိုခေါ်လဲ” ရုံပတေသီး၊ငြုပ်သီးစိမ်း၊၀က်၊အမဲ”
စသည့်ဖြင့် ခြင်း တောင်းထဲက၀ယ်သမျှထုတ်ပြီး အင်္ဂလိပ်လိုဘယ်လိုခေါ်သလဲဆိုတာ မေးပါတော့တယ်။
သုံးလလောက်အကြာမှာတော့ ကျွန်မနဲ့စိန်စိန် ဈေးစာရင်းလုပ်နေကြတာ အခုလိုကြားရပါတော့တယ်။
“မငဘျ က၈၀၀၊ဘနန် က၁၀၀၀၊သညငသည က၄၅၀၊ခ့ငူင စသတိနမ က၂၅၀၊ါမေိနည စနေ က၁၅၀၊အဲဒါဒီနေ့ ဈေးစာရင်းအကုန်ပဲ အမ”
စာလုံးပေါင်းရော အသံထွက်ပါမှန် အောင်ရေးနိုင် ထွက်နိုင်လာပါတယ်။စိန်စိန်ရဲ့ ဥာဏ်ရည်ကိုယုံကြည်လာတဲ့ ကျွန်မနောက်တစ်ဆင့် တက်ကြည့်ပါတယ်။လကုန် တိုင်းဈေးစာရင်း လချုပ်ကို နထခနူ ထဲမှာထည့်သိမ်းလေ့ရှိပါတယ်။ဥပမာ-မေလ အတွက် အသုံးစရိတ်တွေအားလုံးကို ႏထစနည်န် သ် ပြေ ဆိုပြီးသိမ်းထားတာပါ။ပြီးရင် ဃ့မေအ ဆွဲပါတယ်။တစ်လလုံးမှာ ဘယ်အသုံးစရိတ်က အများဆုံးဆိုတာ သိရအောင်ပါ။
အားလုံးပြီးသွားတဲ့အချိန်မှာ စိန်စိန်ကိုကွန်ပျူတာရှေ့ ခေါ်လိုက်ပါတယ်။
“စိန်စိန်ရေ အခုအမဆွဲထားတဲ့ ဃ့မေအ ကိုကြည့် အကြီးဆုံးအကွက်က ဘာအရောင်လဲ”
“ပန်းရောင်အကွက်ပါ အမ”။
“ဟုတ်ပြီ၊အဲဒီပန်းရောင်အကွက်က ဘယ်အသုံးစရိတ်ကို ကိုယ်စားပြုသလဲ ဆိုတာကြည့်နော်” ကျွန်မပြောပြီး ပန်းရောင်အကွက်ပေါ် ထောက်ပြလိုက်ပါတယ်။ “ံသကျနုနနစငညါ ဖြစ်နေတယ် အမရေ၊ ဈေးဘိုးက အများဆုံး ကုန်တာပေါ့နော်” စိန်စိန် တစ်ယောက် သူ့ဘာသာသူပြောပြီး ဘ၀င်မကျ ဖြစ်နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ အဲဒီလမှာ ကျွန်မအ၀တ်အစားနဲ့အလှကုန် နဲနဲဝယ်တာတောင် သူကိုင်သုံးနေရတဲ့ ဈေးဘိုးကိုမမီလို့ပါ။
ကျွန်မဇွန်လအတွက် ဃ့မေအ ဆွဲတဲ့အခါမှာတော့ စိန်စိန်ဟာ သူ့အရွယ်နဲ့ မလိုက်အောင် ဈေးဖိုးကို ထိန်းနိုင်လာတာ တွေ့ရပါတယ်။ဃ့မေအ ထဲကအကြီးဆုံးအကွက်ဟာ
သူကိုင်သုံးနေရတဲံ့သကျနုနနစငညါ မဟုတ်တော့ဘဲ သအ့နမျ လို့ခေါင်းစဉ်တပ်ထား တဲ့ ကားငှားစီးခ ဖြစ်နေပါတော့တယ်။ကျွန်မ သူရဲ့ ဈေးဖိုးထိန်းသိမ်းနိုင်မှုကို ဂုဏ်ပြုတဲ့ အနေနဲ့ လက်ပတ်နာရီတစ်လုံး ၀ယ်ပေးလိုက်ပါတယ်။
(၄)
သမီးလေး ၄နှစ် အရွယ်မျှာစနေုငညါ စသင့်ပြီထင်လို့ အမျိုးသားရဲ့တပည့်တစ်ယောက်ဆီမှာ တက်ခိုင်း ပါတယ်၊သမီးနဲ့အတူ စိန်စိန် ကိုပါတက်ခိုင်းဖို့ ကျွန်မဆုံးဖြတ်လိုက်တဲ့အခါ မိတ်ဆွေ တစ်ချို့က အံသြကြပါတယ်။အတန်းပညာ နှစ်တန်းထိပဲတက်ခဲ့ဖူးတဲ့ အိမ်ဖော်တစ်ယောက်ကျိုစနေုငညါ ထားပေးလို့တဲ့။
ကျွန်မကတော့ သူ့အရည်အချင်းကို ယုံကြည်ပြီးသမီးလေးအတွက်ပါ အထောက်အကူဖြစ်မယ် ထင်လို့တက်ခိုင်းလိုက်တာပါ။ကျွန်မထင်သလိုဖြစ်လာပါတယ်။ သမီးလေးနဲ့ သူအင်္ဂလိပ်စာတွေ အသံထွက်ကျက်နေသံကြားရပါတော့တယ်။နှစ်တန်းပဲအောင်ခဲ့ သူတစ်ယောက်က ၀ါကျ တွေထိရေးနိုင်လာပါတယ်။
အဲဒီကတစ်ဆင့်တက်လို့ ကျွန်မသူ့ကို တစ်ခုခုခိုင်းရင် အင်္ဂလိပ်လိုကြား ညှပ်ပြီးပြောကြည့်ပါတယ်။အစပိုင်းမှာတော့ သူကျွန်မကိုပြန်ပြန် မေးနေရပါတယ်။တဖြည်းဖြည်းနဲ့ ပြန်မေးစရာမလိုတော့ဘဲ ကျွန်မခိုင်းတာတွေကို မှန်အောင်လုပ်ပေး နိုင်လာပါတယ်။အင်္ဂလိပ်ကားတွေ အတူကြည့်ကြ ရင်လဲ အသံထွက် ကို လိုက်နားထောင်ပြီး ဘာပြောတာလဲဆိုတာ ကျွန်မတို့ကိုမေး ပါတော့တယ်။ကြာလာတော့ သူမမေးခင် ကျွန်မတို့က ပြောပြနေမိတော့တယ်။သူ့ကိုတော့ ကျွန်မ တို့မိသားစု စိတ်ထဲမှာ အိမ်အကူ လို့မြင်ကြည့်လို့ မရပါဘူး၊မိသားစုဝင်တစ်ယောက် လိုဖြစ်နေတာပါ။
ဒီလိုနဲ့စိန်စိန် ကျွန်မတို့နဲ့နေခဲ့တာသုံးနှစ်တောင်ပြည့်သွားပါပြီ၊သူ့ရဲ့ ဘ၀ အကျိုး ပေးအရ အတန်းပညာအများကြီး မတတ်ခဲ့တော့ ကျွန်မသူ့ကို အတတ် ပညာ တစ်ခုခုသင်ပေး ချင်နေပါတယ်။နွေကျောင်းပိတ်ရက် တစ်ခုမှာတော့ ကျွန်မသူ့ ကိုစက်နင်းတာသင်ပေးပါ တော့တယ်။ပုဆိုးဟောင်း၊အင်္ကျီဟောင်းတွေကို စက်ကြောင်း ဖြောင့်အောင်နင်းခိုင်းထားပါတယ်။ကျွန်မကလည်း စက်သာနင်းတတ်တာ ဆရာဖြစ် အ၀တ်စ ညှပ်တာ၊အတိုင်းအထွာယူနည်းတွေ မတတ်ပါဘူး။နောက်တော့ သူ့ကို စက်ချုပ် သင်တန်း တက်ခိုင်းလိုက်ပါတယ်။သူစက်ချုပ်သင်တန်းတက်နေတဲ့ အချိန်တွေ မှာ ကျွန်မတစ်ယောက် ကတော့ သင်တန်းတစ်ဖက်နဲ့မီးဖို ချောင်ကိစ်္စပါကူရ ပါတော့တယ်။
စိန်စိန်ကို ဘာသင်ပေးပေး အလွယ်တကူတတ်မြောက်တာတွေ့ရပါတယ်။အဲဒါကြောင့်ပဲ စိန်စိန်တစ်ခုခု မသိလို့ပြောမိရင် ကျွန်မမှာ သည်းမခံနိုင်အောင် ဖြစ်နေပါတယ်။ကျွန်မ သိသမျှဗဟုသုတအားလုံး သူသိရအောင် အချိန်ရရင် ရသလို ပြောပြ တတ်ပါတယ်။ တစ်ရက်မှာတော
့“အမရေဘယ်သူတွေက ရှို့လို့တောမီးလောင် လောင်နေတာလဲဟင်”
ဃဃွှဠ ခ့ညေညနူ ကိုကြည့်ရင်းသူကျွန်မကိုလှမ်းမေး လိုက်တာ ပါ။ကျွန်မလည်း စိတ်ဆိုးတကြီး နဲ့
“ညည်းဒါလေးတောင် မသိဘူးလားဟယ်၊ အခု ပြတဲ့ သတင်းက တောမီးလောင်တာ လေပြင်းတိုက်လို့ သစ်ပင်တွေတစ်ပင်နဲ့ တစ်ပင် ပွတ်တိုက်မိပြီး လောင်ကုန်တာလေ”။သူ့ကို ဒါလေးတော့ သိသင့်တယ် လို့ကျွန်မထင်ပြီး ပြောမိတာပါ။
ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် နောက်တစ်ရက်မှာပဲ ဘွဲ့ရပြီးသား ကျွန်မ သင်တန်းသူ တစ်ယောက်က အဲဒီလိုမေးခွန်းမျိုးမေးလာပါ တယ်။အဲဒီတော့မှ ကျွန်မ လည်း “သြော် ဘွဲ့ရတွေတောင် သတိမထားမိပဲ မေးကြတာ သူက နှစ်တန်းထိပဲ ကျောင်းနေ ရခဲ့ရတာကိုး ” လို့ ဖြည့်တွေးမိတော့တယ်။တစ်ကယ်တော့ ကျွန်မ စိန်စိန်ကို ကျွန်မရဲ့ ကိုယ်ပွားလုပ် နေမိတာပါ။ကြာလာတော့ သူလည်း ကျွန်မရဲ့ လောဘ တကြီးသင်ပေးမှုတွေကို ငြီးငွေ့လာတယ်ထင်ပါတယ်။စာတစ်အုပ် ဖတ်နေမယ့် အစား အခွေ တစ်ခွေပဲထိုင် ကြည့်ချင်နေပါတယ်။ကျွန်မပြောပြတဲ့ မီးဖိုချောင်က အလဟဿ ပစ်ရမဲ့ စွန့်ပစ်ပစ်္စည်းများအကြောင်း၊ကြွပ်ကြွပ်အိတ် မသုံးသင့်ရေး အကြောင်း နဲ့ လူတစ်ဦးစီ၊တစ်အိမ်ချင်းစီရဲ့ စည်းကမ်းရှိမှုက နိုင်ငံတစ်ခုထိပါ အကျိုးပြုနိုင်ကြောင်း ဒါတွေ ထိုင်နားထောင်နေမယ့်အစား၊ သမီးနဲ့ပြေးလွှား ဆော့ချင်နေပါတယ်။
စိန်စိန်ကျွန်မအိမ်ရောက်ပြီး လေးနှစ်မပြည့်တပြည့်မှာ သူ့အဖေ လိုက်လာပြီး
ခဏပြန်ခေါ်သွားချင်တယ်လို့ပြောလာပါတယ်။သင်္ကြန်အပြီးမှာပါပဲ၊ စိန်စိန်ကလည်း လိုက်သွား ချင်ပုံပေါ်ပါတယ်။ကျွန်မလည်း သူ့လခအပြင် လမ်းစရိတ်နဲ့ မုန့်ဖိုးပါပေးပြီး ပြန်လွှတ် လိုက်ပါတယ်။သိပ်ကြာကြာ မနေဖို့ လည်းမှာလိုက်ပါတယ်။ပြန်သွားပြီး နှစ်ရက်အကြာမှာ စိန်စိန် ကျွန်မဆီကိုဖုံးဆက်ပါတယ်။သူပြန်မလာနိုင် တော့တဲ့ အကြောင်း သူ့ညီမလေးမှာကိုယ်ဝန်ရှိနေလို့ မင်္ဂလာ ဆောင်ဖို့ကိစ်္စ သူလုပ်ရပေး ရမဲ့အကြောင်းနဲ့ သူ့ ရဲ့လက်စွပ်နဲ့နားကပ်ရောင်းရမှာဖြစ် လို့ ဘောင်ချာလိုချင်လို့ သူ့အဖေကို ကျွန်မတို့ ဆီကိုလွှတ်လိုက်မဲ့အကြောင်းတွေ ပြောလာပါတယ်။
ကျွန်မ စိတ်လည်း ဆိုး၊ဒေါသ လည်းထွက်တာနဲ့ဘောင်ချာကို ကိုယ်တိုင် လာယူလို့ပြောလိုက်ပါတယ်။ သူလာမယူခင် ကျွန်မဆင်ပေးထား တဲ့အ၀တ်အစားတွေ၊နာရီ
နဲ့ခရီးထွက်တုန်းက ရိုက်ထားတဲ့ သူ့တစ်ယောက်ထဲ ဓါတ်ပုံတွေပါ မကျန်အကုန် စနစ်တကျ ထုတ်ပိုးပေးထား ပါတယ်။ပီနန်အိတ်နဲ့တစ်လုံး အပြည့် ပါပဲ။သူအဖေနဲ့သူ လေးရက် မြောက်နေ့ မှာ ရောက်လာပါတယ်။ကျွန်မလည်း ဘာစကားမှ ထွေထွေထူးထူး ပြောမနေ တော့ဘဲ သူ့ပစ်္စည်းတွေကို ယူသွားတော့လို့ဆိုပြီး ပေးလိုက်ပါတယ်။ငိုမဲ့မဲ့ဖြစ်နေတဲ့ သမီးကို စိတ်ပြောင်း သွားအောင် ကျွန်မ ကာတွန်းကားတစ်ခွေ ဖွင့်ပေး လိုက်ပါတယ်။စိန်စိန်ကလည်း မျက်နှာတော့မကောင်းပါဘူး။သူနဲ့သူ့အဖေကားဂိတ်မှာ ကားစောင့်နေ တာကိုကျွန်မ တို့တိုက်ခန်းပေါ်က လှမ်းကြည့်ရင်မြင်နေရပါတယ်။နေပူပူမှာ ဘာအဆောင်းမှ လည်းမပါကြပါဘူး၊ ကားကတော်တော်နဲ့ မလာနိုင်တော့ သူ့အဖေက လမ်းလျှောက်ပြီး ခေါ်သွားပါတယ်။
ကျွန်မတို့လှမ်းကြည့်နေတာကို မြင်လို့ထင်ပါတယ်။
“ကိုကြီးရယ် စိန်စိန်ကို ရေခဲရေ တစ်ဗူးလောက်ထည့်ပေးလိုက်ရ အကောင်းသား”လို့ ကျွန်မခင်ပွန်းကိုပြောတော့
“ညည်းကလည်း စိတ်ဆိုးလို့သာတော်တော့တယ်၊အခုလိုက်ပေးလည်းမီပါသေးတယ်လို့” ကျွန်မကို နောက်နေတော့တယ်။အိမ်မှာနေတုန်းက ဈေးကပြန်လာရင် ရေခဲရေသောက် လိုက်ရမှ အမောပြေတာလို့ စိန်စိန်ပြောနေကျ စကားကို သတိရမိလို့ပါ။
ကျွန်မ ဘာကိုဝမ်းနည်းနေမှန်းမသိပါဘူး၊ကိုယ်.ကိုယ်ကိုလည်း ဒေါသထွက်နေပါတယ်။
တစ်ကယ်ဆို သူပြန်သွားချင်ရင်တောင် အမတို့အိမ်မှာ လူနောက်တစ် ယောက်ခေါ်လို့ရတဲ့ထိ နေပေးအုံးမယ်လေလို့ တော့ပြောသင့်တာပေါ့။ကျွန်မတို့က ဘယ်လောက် မိသားစုလိုထားထား သူ့မိသားစုအစစ်နဲ့တွေ့တော့ ကျွန်မတို့မိသားစု အကြောင်း သူ့ခေါင်းထဲမှာမရှိလို့ပေါ့။အတွေးတွေပေါင်းစုံနဲ့ကျွန်မ တစ်ယောက်တည်း စိတ်ဆိုး လိုက်ရန်ဖြစ်လိုက်နဲ့ အဲဒီရက်တွေမှာ လုံးလည်လိုက်နေပါတယ်။အမျိုးသားကတော့
“ကိုယ်.သမီးအရင်းတောင် အနားမှာတစ်သက်လုံး ခေါ်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ဒါသူများသားသမီးပဲ ညည်းပိုင်လို့လည်းမရ၊ဆိုင်လို့လည်းမရဘူးလေ နောက်တစ်ယောက် လူထပ်ခေါ်ဖို့ပဲစဉ်းစားတော့”တဲ့။
(၅)
နောက်ထပ်လူခေါ်ဖို့အတွက် အင်းစိန်ဘက်က ပွဲစားအိမ်တစ်အိမ်ကို ကျွန်မရဲ့ အစ်ကို ကလိုက်ပို့ပေးပါတယ်။ဒီခေတ်စကားနဲ့ပြောရရင် အဲ့ဒီမှာစတွေ့တာပဲ။ပွဲစားအမကြီးက အလုပ်လုပ်ဖို့ရောက်နေတဲ့မိန်းကလေးတွေကို
“ဒီကိုဆင်းလာကြအုံး၊ အလုပ်လုပ်ဖို့ခေါ်တဲ့သူ ရောက်နေပြီ”လို့
ပြောလိုက်တော့ မိန်းကလေး ဆယ်ယောက် လောက်ဆင်း လာကြပါတယ်။ကိုးနှစ်၊ဆယ်နှစ်အရွယ်မိန်းကလေးသုံးယောက်ကို လက်ညိုးထိုးပြပြီး
“သူတို့သုံးယောက်ပဲ နှစ်သောင်း၊ကျန်တာတွေ နှစ်သောင်းနဲ့အထက်” လို့ သူတို့ရဲ့လခနှုန်းထားကို ကျွန်မကို ရှင်းပြပါတယ်။ကျွန်မမျက်လုံးပြူးသွားပါတယ်၊ စိန်စိန်ရောက်နေတဲ့ လေးနှစ်အတွင်း ကျွန်မ အိမ်ဖော်ပွဲစားတွေနဲ့ အဆက်အသွယ်မရှိဘူး
ဖြစ်နေတော့ ဈေးတွေအဲဒီလောက်ကြီးနေမှန်းမသိပါဘူး။စိန်စိန်ကိုနောက်ဆုံးပေးလိုက်ရလခက
တစ်သောင်းထဲပါ။အဲဒါလည်းသူတောင်းတာပါ၊ကျွန်မသတ်မှတ်ပြီးပေးတဲ့လခ မဟုတ်ပါဘူး။ဈေးနှုန်းအကြောင်းပြောရင် အချိန်ကာလကိုလည်း ထည့်ပြောဖို့ လိုမယ်ထင်တယ်။၂၀၀၃ ခုနှစ်ကပါ။
ဆယ့်ကိုးနှစ်အရွယ် ရုပ်ရည်သန့်သန့်နဲ့ တစ်ယောက်ကိုကြည့်ပြီး
“သူဆိုရင် လခဘယ်လောက်လိုချင်တာလဲဟင်”လို့မေးမိတော့
ပွဲစားအမကြီးက
“သူကချက်တတ်၊ ပြုတ်တတ် ကလေးထိန်းတတ်အားလုံးမျက်နှာလွဲနိုင်လို့ လေးသောင်း”တဲ့။
“ဒါလူအကုန် လားဟင်”လို့ ပွဲစားရဲ့ အဖြေကို ကျွန်မက အမေးနဲ့ပဲ တုန့်ပြန်လိုက်ပါတယ်။့  “အပေါ်မှာကျန်တဲ့သူတွေက ငါးသောင်းနဲ့ အထက်ပဲရှိတော့တယ်”တဲ့
ကျွန်မလည်း အပေါ်ထပ်ကိုလှမ်းကြည့်ရင်း ငါးသောင်းနဲ့အထက် လခတောင်းတဲ့သူတွေက ဘယ်လိုပုံစံလေးတွေလည်းလို့တောင် ကြည့်ချင်စိတ်ပေါက် သွားတယ်။ဒါပေမဲ့ပွဲစား အစ်အမကြီးက ခေါ်မပေးတော့ပါဘူး၊ကျွန်မ ခေါ်နိုင်ပုံ မရဘူးလို့ထင်ပါလိမ့်မယ်။ တစ်ကယ်လည်း ကျွန်မ မခေါ်နိုင်ပါဘူး။
“ကလေးထိန်းဖို့သက်သက်ပဲဆိုရင် တစ်ပတ်လောက်စောင့်လိုက် ဧရာဝတီတိုင်းဘက်က လာဖို့ရှိသေးတယ်၊တစ်သောင်းခွဲလောက်နဲ့ ရမယ်။အခု နှစ်သောင်းတောင်းတဲ့ ကလေးတွေက ငယ်ပေမဲ့ ထမင်းဟင်းချက်တတ်ကြတယ်။”
ပွဲစားအမကြီးကပဲ ကျွန်မကို အဆုံးအဖြတ် ပေးလိုက်ပါတယ်။ကျွန်မလည်း “နောက်မှပဲပြန်လာခဲ့ တော့မယ်”လို့နှုတ်ဆက်ပြီး ပြန်လာခဲ့ ပါတယ်။အိမ်အပြင်ရောက်တော့ ကျွန်မအစ်ကိုက
“နင် စာရင်းမပေးခဲ့ဘူးလားတဲ့” ကျွန်မက
“မလိုပါဘူးဟယ်၊ခေါ်နိုင်တဲ့အချိန်၊ အချိန်မရွေးလာခေါ်လို့ရပါတယ်။လူမရှိလို့မှမဟုတ်တာ ကိုယ်ကမခေါ်နိုင်လို့သာ”လို့ပြောတော့
အစ်ကိုက
“မဟုတ်ပါဘူး၊ငါပြောတာ လခ အဲဒီလောက်ဆို ကျွန်မလည်း လုပ်ချင်တယ်လို့ စာရင်းမပေးခဲ့ဘူးလားလို့ ပြောတာ၊ နင်အပြင်မှာ အလုပ်သွားလျှောက်ရင် ဘွဲ့ရပဲဖြစ်ပါစေ ကွန်ပျူတာ တတ်လား၊ စပီကင်တတ်လားလို့ အမေးခံနေရအုံးမှာ၊ဒီအလုပ်က စရိတ်ငြိမ်းနော် နင်အတွေးမလွဲနဲ့တဲ့” ကျွန်မလည်း အစ်ကို့ စကားကိုသဘောကျပြီးရယ်နေမိတော့တယ်။
လူရှိမှဖြစ်မှာမို့ ကျွန်မလည်းနောက်ပွဲစားအိမ်ကို ရောက်ခဲ့ရပြန်ပါတယ်။ကျောက်မြောင်းဘက်မှာပါ၊သူ့တို့ဆီမှာလည်း ဈေးတွေက ရှေ့ပွဲစားအိမ်တုန်းကလိုပဲ မတိမ်းမယိမ်းပါ။ဒါပေမဲ့သူတို့ဆီမှာ လူပိုများပါတယ်၊ပွဲစားကယောက်ျားကြီးပါ။ “လူခေါ်ချင်လို့ လခနှုန်းသင့်မဲ့ထဲကရှာပေးပါ”လို့ကျွန်မက ပြောတော
“မိသားစုဘယ်နှစ် ယောက်ရှိလဲ”လို့သူ ကမေးပါတယ်။
“သုံးယောက်တည်းပါ၊ သုံးယောက် ဆိုတာတောင်အမျိုးသားက နေပြည်တော်မှာတာဝန်ကျ နေပါတယ်၊နှစ်ပတ်တစ်ခါပဲပြန် လာတာပါ။ကျွန်မနဲ့သမီးနှစ်ယောက်ထဲပါ”။
“ကလေးကဘယ်အရွယ်လဲ”တဲ့ ထပ်မေးပြန်ပါတယ်။
သမီးပါအတူပါလာတာမို့ “ဒီမှာပါလာတယ် ဒီနှစ်တစ်တန်းတက်မှာ”လို့ပြတော့ “ဒါဆိုကလေးက ပိစိလေးမှမဟုတ်တာ တစ်သောင်းခွဲတန်လောက်ရှိတယ် ခေါ်မလားတဲ့”။
အဲဒီအချိန်အထိ ကျွန်မ အလုပ်လုပ်မယ့် မိန်းကလေးကို မတွေ့ရသေးပါဘူး။တစ်သောင်းခွဲလောက်ဆို မဆိုးဘူး၊ကိုယ် လည်းတတ်နိုင်တာမို့ ကျွန်မလည်း
“ခေါ်ပြ ပါအုံးကြည့်မယ်လေ”လို့ပြောလိုက်ပါတယ်။
ကိုယ်က ပိုက်ဆံပေးပြီး လာခေါ်တာတောင် ဖြေလိုက်ရတဲ့မေးခွန်းတွေ မနည်းပါလား လို့တွေးနေမိတယ်။ခဏနေတော့ ဆယ့်ခြောက်နှစ် အရွယ် မိန်းကလေးတစ်ယောက် ကိုခေါ်လာပါတယ်။ပိန်ပိန်မည်းမည်းလေးပါ၊ရုပ်ရည်လေးက ညစ်ထပ်ထပ်ဖြစ်နေသလားလို့ စိတ်ကထင်တာနဲ့
“နောက်ထပ်မရှိတော့ဘူးလားဟင်” လို့မေးတော့
“လူတွေကတော့ အများကြီးပေါ့ အမတို့တတ်နိုင်တာပြပေးတာတဲ့” အဲဒီလိုပြောပြီး တခြား လူလာခေါ်တဲ့သူတွေကို မေးခွန်းတွေဆက်မေးနေပါတယ်။
ကျွန်မလည်းအောင့်သက်သက်နဲ့ ဆက်ထိုင်ရင်း သူများပြောတာ တွေနားထောင် နေမိတယ်။အမျိုးသမီးကြီးတစ်ယောက်က သူ့အိမ်မှာမိသားစု ခြောက်ယောက်ရှိတယ် လို့ပြောတော့ “အ၀တ်လျှော်စက်ရှိလားတဲ့” ပွဲစားက မေးပေးနေတယ်။
“ဘုရားရေ အ၀တ်လျှော်စက် မရှိရင် အိမ်ဖော်ခေါ်လို့မရဘူးထင်တယ်”လို့တောင် ကျွန်မတွေးနေမိပါတယ်။
အဲဒီအချိန်မှာပဲ ကျွန်မနားကိုကောင်မလေးတစ်ယောက် ကပ်လာတယ်။
“ အမ ကျွန်မကိုခေါ်မလားတဲ့”
နှစ်ဆယ်ဝန်းကျင်လောက်ရှိမယ် ထင်တယ်၊ရုပ်ရည်ကလည်း သန့်သန့်လေးပါ။
“အမအိမ်ကလူနည်းတော့ ကျွန်မလိုက်ချင်လို့ပါတဲ့”။
ကျွန်မလည်း
“သမီးက လခဘယ်လောက်သတ်မှတ်ထားတာလဲလို့”မေးတော့ “သုံးသောင်းခွဲပါ”တဲ့။
“အမလေး အဲဒီလောက် အမတို့မတတ်နိုင်ပါဘူး”လို့ပြောတော့
“ပထမကြိုတင်ပေးရမဲ့ သုံးလခပဲ အမသုံးသောင်းခွဲနှုန်းပေးလိုက်ပါ၊အမအိမ်ရောက်ပြီး နောက်လတွေ ကျရင်လျှော့ပေးပေါ့တဲ့”
ကျွန်မလည်းအဲဒီလိုရသလားလို့ စဉ်းစားနေတုန်းပွဲစားက
“ဟဲ့ နင့်ကိုဒီမှာ ထမင်းဆိုင်ကခေါ်ပြီးသားနော်၊ငါပွဲခလည်းယူပြီးသားတဲ့”
အဲဒီတော့မှ ကျွန်မလည်း သဘောပေါက်သွားတယ်။
ပွဲစားတွေက အလုပ်လုပ်မဲ့ မိန်းကလေးတွေရဲ့ လစာအတိုင်းသူတို့က ပွဲခတစ်လစာရကြတာကိုး၊ဥပမာ အခုမိန်းကလေးက သုံးသောင်းခွဲဆိုရင် ကျွန်မတို့ ခေါ်တဲ့သူဘက်က တစ်လစာ သူ့ကိုသုံးသောင်းခွဲပေးရမယ်။အဲဒီလိုပဲ အလုပ်လုပ်
တဲ့မိန်းကလေးတွေကလည်း သူတို့ရဲ့လခ တစ်လစာပေးရတယ်။ပွဲစားက သုံးသောင်းခွဲလခရမဲ့
မိန်းကလေးတစ်ယောက် အလုပ်ရသွားရင် ခုနှစ်သောင်းအသားတင်ရပြီပေါ့။ခုနကမိန်းကလေး က ထမင်းဆိုင်မှာအလုပ်မလုပ်ချင်ဘူး၊လခလည်း များများ မရ ရင်နေ လူနည်းပြီး သက်တောင့် သက်သာ နေရာလေးမှာနေချင်ပုံရပါတယ်။သူတို့ရဲ့ လစာဆိုတာ
ကိုပွဲစားတွေက သတ်မှတ်ကြတာပါ။ဘာတွေလုပ်တတ်လဲမေးပြီး ထမင်းဟင်းချက်၊ အ၀တ်ကောင်းကောင်းလျှော်တတ်ရင် ဘယ်လောက်၊ကလေးပဲထိန်းတတ်ရင် ဘယ်ရွေ့နဲ့ ပွဲစားက ခွဲခြားသတ်မှတ် ပေးထားတာပါ။
ဒါပေမဲ့ အဲ့ဒီပွဲစားက ကာရာအိုကေလို စားသောက်ဆိုင်တို့ အနှိပ်ခန်းတို့
တွေကလာခေါ်ရင်တော့မထည့်ပါဘူး။သူက သူနေတဲ့ကျောက်မြောင်းရပ်ကွက်မှာ မှတ်ပုံ တင်ထားရတာတဲ့။အဲ့ဒီလိုထည့်လိုက်လို့ မိန်းကလေးတွေကတိုင်ရင် သူလူပွဲစား ဆိုပြီးပြဿနာတက်မှာတဲ့၊အိမ်ဖော်သီးသန့်ပဲ ပွဲစားလုပ်တယ်ဆိုပဲ။လာခေါ်တဲ့သူတွေကို ရှင်းပြနေတယ်။နောက်ဆုံးတော့ ကျွန်မလည်းတစ်သောင်းခွဲဆိုတဲ့ ကလေးမလေးကိုပဲခေါ်လာ ဖြစ်ပါ တယ်။သူ့နံမည်က “အေးအေး”တဲ့။အိမ်အပြန်လမ်းမှာ သူ့အကြောင်းနည်းနည်း စပ်စုကြည့်တော့ရန်ကုန်ကိုတစ်ခါမှ မရောက်ဘူးဖူးတဲ့၊အဖေနဲ့စိတ်ဆိုးပြီး သူ့တို့ရွာကပွဲစားနဲ့လိုက်လာတာတဲ့။
“ဒါဆိုညည်းအဖေ ဒီအလုပ်လုပ်မှာ သိရဲ့လား၊သဘောတူပါ့မလား”ဆိုတော့
“အဖေနဲ့ဆက်သွယ်ပြီးပါပြီ၊သူသိတယ်”တဲ့။
“ရန်ကုန်ရောက်နေတာ ဘယ်လောက်ကြာပြီလဲ” ဆိုတော့
“နှစ်ပတ်ရှိသွားပြီလာခေါ်တဲ့သူတွေက သူ့ကိုမခေါ်ကြလို့ အလုပ်မရသေးတာ”တဲ့။“ညည်းတို့ဒီမှာ အလုပ်မရ သေးခင် ဘယ်လိုစားကြလဲ၊နေစရာကတော့ သူတို့ပေးနေ ထားတယ် မလား”လို့ ဆက်ပြီး စပ်စုကြည့်မိတယ်။ “နေစရာကတော့ အလကားနေရပါတယ်၊ သန်းခေါင်စာရင်း တိုင်ပေးထားတယ်၊ စားစရာကလည်းကျွေးထားတယ်၊အလုပ်ရပြီဆိုမှ လခထဲက ဖြတ် ယူတာ”။ “လခထဲကဘယ်လိုယူတာလဲ” ဆိုတော့
“အခုအမပေးခဲ့တဲ့ ကြိုတင်ငွေသုံးလစာထဲက တစ်လစာက ရန်ကုန်ကပွဲစားကို ပွဲခပေးရတယ်၊ ရန်ကုန်ကိုခေါ်လာတဲ့လမ်းစရိတ်နဲ့ ပွဲခအတွက် ရွာကပွဲစား ကိုနှစ်သောင်းပေးရတယ်၊ပြီးတော့မှထမင်းစရိတ်အတွက် တစ်ရက်ကို ငါးရာနဲ့ နှစ်ပတ်စာ နုတ်ယူထားတယ်၊ပိုတဲ့ပိုက်ဆံကို ရွာကပွဲစားနဲ့ အဖေကိုပြန်ထည့်ပေးလိုက်တယ်”။
“ဟယ် ဘယ်လောက်ကျန်တော့လို့လဲ”ဆိုတော့
“သုံးထောင်ကျန်တယ်လေ” တဲ့။
(၆)
ကျွန်မ ပေးခဲ့ရတာ ကောင်မလေးအတွက်ကြိုတင်ငွေသုံးလစာ လေးသောင်း ခွဲနဲ့ပွဲစား အတွက် တစ်လစာတစ်သောင်းခွဲဆိုတော့ ခြောက်သောင်းပေါ့။ ကောင်မလေးက ပွဲစား နှစ်ယောက်ပေါင်းပေးရတာ သုံးသောင်းခွဲနဲ့ထမင်းစရိတ်က တစ်ရက်ကိုငါးရာနဲ့ နှစ်ပတ်စာဆိုတော့ ခုနှစ်ထောင်၊စုစုပေါင်းသူပေးရတာ လေးသောင်းနှစ်ထောင်၊ ကျွန်မသူ့ကိုခေါ်ဖို့ပေးရတာ ခြောက်သောင်း၊သက်ဆိုင်တဲ့ သူ့အတွက်ကျန်တာ သုံးထောင်ထဲပါလား။ကျွန်မ စိတ်တွက်တွက်ရင်း မသက်သာသလိုခံစားလိုက်ရပါတယ်။ပြီးတော့ ကောင်မလေးကပြောပြသေးတယ် ပွဲစား အိမ်သားတွေ စားဖို့အတွက်ထမင်းဟင်းကူ ချက်ရတယ်၊အလုပ်မရသေးတဲ့ကောင်မလေးတွေက အဲဒီအိမ်မှာ အ၀တ်လျှော်၊မီးပူတိုက် ပေးရသေးတယ်တဲ့။
“အိမ်ဖော်လုပ်ဖို့စာရင်း မပေး တော့ဘူး၊ပွဲစားလုပ်စားတာ ပိုကိုက်မယ်ထင်တယ်လို့” အစ်ကို့စကားကို ပြန်နောက်ဖြစ်ပါတယ်။
အေးအေး အိမ်ကိုရောက်စမှာပဲ ကျွန်မ အမေက အိမ်အလုပ်တွေကိုပြပေးဖို့ နှစ်ပတ်လောက်လာနေပေးမယ်ပြောပါတယ်။တရားစခန်းဝင်နေတဲ့ အမေကိုအားနာပေမဲ့ သင်တန်းတစ်ဖက်နဲ့ကျွန်မလည်း အချိန်ပြည့်ကြည့်မနေနိုင်တာမို့ ကျေးဇူးတင်စွာနဲ့ ပဲလက်ခံလိုက်ရပါတယ်။အမေကအိမ်အလုပ်တွေကို အေးအေးကိုပြပေးနေတာဆိုပေမဲ့ သူပဲလုပ်နေတာပါ၊ထမင်းပေါင်းအိုးမသုံးတတ်လို့ဆိုတော့ ပြပေးရင်း အမေပဲတည်လိုက်တာ။ငရုတ်သီး ထောင်းတာ၊ကြက်သွန်ခွာတာလည်း အချိုးမကျလို့ဆိုပြီး အမေပဲလုပ်လိုက်တာပါ။အေးအေးက ဟင်းလည်းမချက်တတ်ဘူးတဲ့၊အမေက
“ညည်းတို့တောမှာ ဒီအရွယ်ဆိုရင် ထမင်းဟင်းချက်တတ်နေကြပါပြီအေ၊ညည်းက ဘာဖြစ်လို့ မလုပ်တတ်ရတာလဲ” ဆိုတော့
“အဖေနဲ့ကျွန်မနှစ်ယောက်ထဲရှိတာ ချက်မစားပါဘူး၊ထမင်းအဖြူ နှစ်ရာဖိုးနဲ့ချဉ်ပေါင်ကြော် တစ်ရာဖိုးဆို သားအဖနှစ်ယောက် စားလောက်တယ်”တဲ့။အေးအေးမှာ အမေမရှိတော့ဘူးတဲ့။
ကျွန်မ အမေ့ကို
“အိမ်အလုပ်တွေ နေပါစေအမေရယ် အမေ့မြေးနဲ့ အဖော်ရရင်တော်ပါပြီ၊သမီး ဘာသာ နိုင်အောင်လုပ်မယ်နောက်တော့လည်း တဖြည်းဖြည်းနဲ့ တတ်သွားမှာပေါ့” ပြောရတယ်။
အိမ်နဲ့တွဲပြီး သင်တန်းဖွင့်ရတာမို့ ကျွန်မအိမ်မှာ အေးအေးအတွက် သီးသန့်အခန်းပေး စရာမရှိပါဘူး။အမေက ဘုရားခန်းမှာအိပ်ပြီး၊အေးအေးကို အားကစားပစ်္စည်းတွေထားတဲ့ စက်ခန်းမှာသိပ်ရပါတယ်။ကျွန်မသင်တန်းက မနက်ငါးနာရီခွဲဆို စပါပြီ၊ရုံဝန်ထမ်း၊ ကုမ်္ပဏီဝန်ထမ်း တွေနဲ့ကိုယ်ပိုင်ဆိုင်ဖွင့်တဲ့သူတွေအတွက် အစောကြီး အတန်းကိုဖွင့် ပေးထားတာပါ။ ငါးနာရီခွဲအတန်းစဖို့ငါးနာရီလောက်တော့ နောက်ဆုံးထားပြီး နိုးမှရပါတယ်၊ဒီထက်သာစောရင်ရမယ် ငါးနာရီထက်နောက်ကျပြီးမှနိုးရင် သင်တန်း သူတွေ ရောက်လာတဲ့ အချိန်ဘာမှ အဆင်သင့်မဖြစ်လို့ ကသီလင်တဖြစ်ကုန်ပါတယ်။သူတို့ကလည်း အချိန်နဲ့အလုပ် လုပ်ရတဲ့သူတွေဖြစ်လို့ ကျွန်မဆီမှာနောက်ကျသွားရင် ဘတ်စ်စကားစောင့်ချိန်၊ ကားစီးချိန်တွေပါနောက်ကျပြီး သူတို့ရဲ့ အလုပ်မှာပါ နောက်ကျကုန်ပါတယ်။ဒါကြောင့် ကျွန်မ နောက်ကျမှ အိပ်ယာထလို့မဖြစ်ပါဘူး။
အေးအေးရောက်ပြီး နောက်တစ်နေ့မနက်ငါးနာရီမှာ ကျွန်မသူ့ကို အိပ်ယာက နှိုးပါတယ်။ ပြီးတော့ ကျွန်မလည်း မျက်နှာသစ်၊ အိမ်သာဝင်၊သနပ်ခါးလိမ်း၊ အင်္ကျီလဲနဲ့ သူ့ကိုမေ့သွားပါတယ်။ကျွန်မ အင်္ကျီလဲနေတုန်း ဘဲလ်မြည်သံကြားရပါပြီ၊ ကမန်းကတန်းနဲ့ ကျွန်မသင်တန်းသူတွေကို တံခါးသွားဖွင့်ပေးလိုက်ပါတယ်။အဲဒီအချိန်မှာ အေးအေးတစ်ယောက် စက်ခန်းထဲကနေ ရင်လျားနဲ့ထွက်လာပါတယ်၊ခြင်ထောင်တွေလည်း မသိမ်းရသေးပါဘူး။သင်တန်းသူတွေကို ခဏအိမ်ရှေ့ခန်းမှာထိုင်ခိုင်းပြီး ကျွန်မခြင်ထောင်တွေ ကူသိမ်းပေးလိုက်ပါတယ်၊သူ့ကိုတော့ အင်္ကျီအမြန်ဝတ်ခိုင်းလိုက်ရပါတယ်။
“ဘာဖြစ်လို့ ရင်လျားကြီးနဲ့အိပ်ရတာလဲ” လို့ကျွန်မမေးတော့
“နွေဘက်ဆို တစ်ခါမှ အင်္ကျီဝတ်မအိပ်ဘူးဖူး”တဲ့။
ဆံပင်စုတ်ဖွား၊ထမိန်ရင်လျားနဲ့ ကြုံလှီနေတဲ့သူ့ခန်္ဓာကိုယ် ကြည့်ပြီး ကျွန်မ သင်တန်း သူတွေကိုလည်း အားနာသွားပါတယ်။စောစောစီးစီး မြင်ရတဲ့မြင်ကွင်းက အဆင်မပြေလို့ပါ။နေ့ခင်းဘက် ကျွန်မသင်တန်းခဏနားချိန်မှာ အေးအေးက
“အမ ကျွန်မအဖေဆီကို ဖုန်းဆက်ချင်တယ်”လို့ပြောပါတယ်။
ကျွန်မလည်း “အလွယ်တကူ ဆက်သွယ်စရာဖုန်း နံပါတ်ရှိလို့လား” ဆိုတော့ သူ့အဖေနင်းတဲ့ဆိုက်ကားဂိတ်နားက လက်ဖက်ရည်ဆိုင်မှာ ဖုန်း ရှိတယ်တဲ့၊နံမည်ပြောခေါ်ခိုင်းပြီး ဆယ်မိနစ်နေရင်ပြန်ခေါ်လိုက်ရတယ်တဲ့။ကျွန်မလည်း သူပေးတဲ့ ဖုန်းနံပါတ်ကိုခေါ်ပေး လိုက်ပါတယ်။သူ့အဖေနဲ့ဖုန်း ပြောပြီးတာနဲ့ ကျွန်မလည်း သူ့ကို
“အေးအေး အဖေဆီပြန်ချင်လို့လား၊ ပြန်ချင်ရင်ပြန်နော်”လို့ပြောလိုက်ပါတယ်။
ဖုန်း ပြောနေရင်း သူငိုနေပါတယ်၊ပြန်လာလို့တော့ မရဘူးလို့ပြောနေသံကို ကျွန်မ ကြားလိုက်ရလို့ပါ။ ။
“မပြန်ချင်ပါဘူး အမ” ဆိုပြီးဘာမှဆက်မပြောတော့ပါဘူး။
တနင်္ဂနွေနေ့ ကျွန်မရဲ့သင်တန်းပိတ်ရက်မှာတော့ အမေက
“သမီးလည်းအားရက်ပဲ အမေအိမ်ကိုတစ်ရက်ပြန်လိုက်အုံးမယ်” ဆိုပြီးပြန်သွားပါတယ်။
မီးဖိုချောင်ကိစ်္စတွေ ၀င်ကူရင်းကျွန်မလည်း အေးအေးနဲ့ရင်းနှီးအောင် စကားတွေပြောနေပါတယ်။သမီးလေးနဲ့ သူကမရင်းနှီး သေးပါဘူး၊ စိန်စိန်နဲ့တုန်းက ကစားသလို ကစားနည်းတွေကို အေးအေး မကစားတတ်သလို ကစားချင်ပုံလည်းမရပါဘူး။အဲဒီတော့ သမီးကလည်း အေးအေးကိုမခင်ပါဘူး။သူတို့နှစ်ယောက် ရင်းနှီးသွားအောင် ကျွန်မက
“သမီးလေး မမက ပြေးလွှားပြီးမဆော့ချင်ဘူး အဲဒီတော့ ပုံပြောတမ်းကစားကြနော်”လို့ သမီးကို စည်းရုံးလိုက်ပါတယ်။ပြီးတော့ သူတို့နဲ့မလှမ်းမကမ်းမှာ ကျွန်မစာဖတ်နေလိုက်ပါတယ်။
“ငါပုံပြင်တော့ မပြောတတ်ဘူး၊ငါတို့ရွာကအကြောင်းတွေပြောပြမယ်လေ” အေးအေးက
အစချီလိုက်ပါတယ်။
“ငါလို့မပြောနဲ့ မေမေ မကြိုက်ဘူး မမ ကလို့ပြောနော်” သမီးလေးရဲ့သတိပေးစကားသံ ကိုပါကြားလိုက်ရပါတယ်။
ကျွန်မဘာမှဝင်မပြောပါဘူး၊ သူ့တို့ရွာကအကြောင်းပြောတော့လည်းကောင်းတာပဲ ရွာရဲ့ဓလေ့စရိုက်တွေ သမီးလေး ဗဟုသုတအဖြစ်ကြားရတာပေါ့ လို့တွေးနေပါတယ်။
“မမရဲ့သူငယ်ချင်းတွေနဲ့ ရွာမှာဆိုရင် စက်ဘီးငှားပြီး တစ်နေကုန်လျှောက်စီးနေတာပဲ၊ ညဘက်ကျရင်အဖေ့ဆီကပိုက်ဆံတောင်းပြီး ဗီဒီယိုရုံကိုသွားကြတာပေါ့”။
သမီးလေးရဲ့ အသံတိတ်နေပါတယ်။
“ငါ့သူငယ်ချင်း အေးရင်မ ဆိုမိုးချုပ်တာတောင်အိမ်မပြန်သေးဘူး၊အဲဒီကောင်မက သူများအိမ်တွေကို အလည်လိုက်သွား သေးတာ”။
“မမ ငါလို့ပြောပြန်ပြီ၊ ပြီးတော့ ကောင်မလို့မပြောနဲ့ မေမေကြားရင်ဆဲတယ်လို့ထင် နေအုံးမယ်” သမီးအသံလေးကြားလိုက်ရပြန်တယ်။
“အေးပါ ငါမေ့သွားလို့ ကောင်မဆိုတာ ဆဲတာမှမဟုတ်ဘဲ နင့်မေမေ မသိဘူးလား”တဲ့။သမီးက အဖော်မင်နေတော့ အေးအေးကို ကျွန်မသဘော မကျရင်ပြန်ပို့ လိုက်မှာစိုးနေပုံရပါတယ်။
“အဲတော့ မမကပြောရတယ် ဟဲ့ အေးရင် မိုးချုပ်ရင်တော့ ကိုယ့်အိမ်ကိုပြန်ပေါ့ နင့်ကိုငါ လိုက်ကြည့်ပြောနေလို့နော်၊နို့မို့ဆိုရင် နင် ------မ ဖြစ်တာကြာပြီလို့ပြောရတယ်”။ကျွန်မလည်း သမီးလေးမျက်နှာကို လှမ်းကြည့်လိုက်မိပါတယ်။
“မမ -----မ ဆိုတာဘာလဲဟင်”အဲ့ဒီအချိန်ထိ ကျွန်မဘာမှဝင်မပြောသေးဘဲ နားထောင်နေပါတယ်။
အဲဒီစကားကမှ ဆဲတာလို့ရှင်းပြရင်တော့ နောက်ကို အဲဒီလို မဆဲရဘူးနော်လို့ပဲ ကျွန်မသတိပေးလိုက်မယ်ပေါ့။ဒါပေမဲ့ ကျွန်မ ထင်ထားတာ ထက်ဆိုးပါတယ်။
“------မ ဆိုတာ ယောက်ျားလေးတွေကို ပလူးပလဲလုပ်ပြီး ပိုက်ဆံရအောင်ယူတာ ကိုပြောတာ”တဲ့၊ ကွက်ကွက်ကွင်းကွင်းမြင်အောင် အဓိပ်္ပါယ်ကိုရှင်းနေပါတော့တယ်။ ကျွန်မလည်းလန့်သွားပြီး
“အေးအေး ညီမလေးကိုဘာတွေပြောနေတာလဲ ဆက်မပြောနဲ့တော့”လို့ဟန့်လိုက်ပါတယ်။သမီးက ကျောင်းမဖွင့်သေးတော့ အေးအေးနဲ့အတူရှိနေမဲ့ အချိန်တွေများပါတယ်။ကျွန်မ မအားတဲ့ရက်တွေမှာဆို ဒီလိုစကားတွေပြောနေရင်ကျွန်မသတိထားမိပါ့ မလား၊ ဒီနေ့သင်တန်းပိတ်ရက်ဖြစ်လို့ သူတို့ပြောတာ တွေကိုသတိထားလိုက်မိတာ။နောက်နေ့တွေ မှာ ဘယ်လိုလုပ်ရမလဲ၊ကျွန်မစဉ်းစားနေတုန်း အမျိုးသားဆီက ဖုန်းဝင်လာပါတယ်။
ကျွန်မလည်း ပူပူနွေးနွေးကိစ်္စကိုပြောပြတော့အခုပဲ ပြန်ပို့လိုက်ပါတဲ့၊ စိတ်အနှောင့်အယှက်နဲ့နေ နေရမှာ စိတ်ပွန်းတီးပါတယ်တဲ့။အဲဒါနဲ့အေးအေးကို
“အေးအေးရေ ညည်းပြန်ဖို့လုပ်” လို့ဆိုတော့
“ဘာဖြစ်လို့လဲ အမ ကျွန်မပြန်ချင်တယ်လို့ မပြောဘူးနော်”တဲ့။
“မပြန်ချင်လို့မရဘူး ပြန်ပို့တော့မှာ”လို့ပြောတော့
“အမပြန်ပို့ချင်တာဆိုရင် တော့ပြန်မယ်၊ကျွန်မ ပြန်ချင်တာမဟုတ်ဘူးဆိုတာ ရန်ကုန်က ပွဲစားကိုပြောပေးနော်” တဲ့။
“ဘာဖြစ်လို့ ပွဲစားကို အဲဒီလိုပြောပေး ရမှာလဲ” လို့မေးတော့
“ကျွန်မတို့ကိုတစ်ခါတည်း ပြောထားတယ်၊ဘာ အဆင်မပြေပြေ ပြန်ချင်တယ်လို့အိမ်ရှင်ကို မပြောရဘူးတဲ့။မနေချင်တော့ဘူးပြောလို့ ပြန်ပို့တာဆိုရင်အမတို့ပေးထားတဲ့ ကြိုတင်ငွေသုံးလခကို ပြန်ပေးရမှာ၊အိမ်ရှင်ကမထားချင်လို့ ပြန်ပို့တာဆိုရင် အဲဒီ ပိုက်ဆံပြန်လျော်စရာမလိုဘူးတဲ့”။
ဟုတ်ပါတယ်၊ကျွန်မတို့နဲ့ပွဲစားစာချုပ် ချုပ်တုန်းက မိန်းကလေးက မပျော်လို့ပြန်ချင်တယ်ဆိုရင် ကျွန်တော်တို့ ပွဲစားခ ပါပြန်အမ်းပေးပါ့မယ်လို့ပြောတာကိုး။ကျွန်မလည်း ပွဲစားဆီကို ဖုန်း ကောက်ဆက်လိုက်ပါတယ်။
“လွန်ခဲ့တဲ့သုံးရက်က ခေါ်လာတဲ့ အေးအေးဆိုတဲ့ကောင်မလေးကို လာပြန်ပို့ချင်လို့ပါ”။ “ဘာဖြစ်လို့လဲ သူပြန်ချင်တယ်ပြောနေလို့လား သူ့ကိုဖုန်းခဏပေးလိုက်ပါ၊ ကျွန်တော်ပြောကြည့်အုံးမယ်”တဲ့။
“သူပြန်ချင်တာမဟုတ်ဘူး၊ကျွန်မပြန်ပို့ချင်တာပါ၊စိတ်ချ ရှင်တို့ဆီက ပွဲစားခရော သုံးလစာပါပြန်မယူပါဘူး၊လာပြန်ပို့ရင်သာ လူကိုလက်ခံပေးဖို့ဆက်တာ” ဆိုတော့မှ “အဲဒါဆိုလည်း လာပြန်ပို့လေ ကျွန်တော်က အမတို့နစ်နာမှာစိုးလို့ပါတဲ့”။
(၇)
ပွဲစားနဲ့ ဖုန်းပြော ပြီးပြီးချင်းပဲ ကားငှားပြီး ကျွန်မပြန်ပို့ပေးလိုက်ပါတယ်။ညရောက်တော့ ကျွန်မအစ်ကို ဆီကို ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြဖြစ်တယ်။အစ်ကိုက
“နင်က ရန်ကုန်မရောက်ဘူးတဲ့ သူကို ဖာလူဒါတိုက် ဒဂုံစင်တာပို့ပေးပြီးပြန်လွှတ်လိုက်တာပေါ့” လို့စ နေပါသေးတယ်။အေးအေးကို သွားခေါ်တုန်းက အစ်ကို့ တက်္ကစီလေးနဲ့သွားခေါ်ခဲ့တာပါ။ပွဲစားအိမ်ကအပြန် အစ်ကိုနဲ့ကျွန်မ တို့မိသားစု ရွှေပုစွန်မှာ အအေးဝင်သောက်ခဲ့ကြသေးတယ်၊ အေးအေးက ဖာလူဒါသောက်ခဲ့တာ လေ။ ပြီးတော့ ဒဂုံစင်တာမှာသမီးအတွက် ကျောပိုးအိတ်ဝင်ဝယ်ခဲ့ကြတာပါ။
“ပြောချင်သလိုပြော တော့ အစ်ကိုရေ သူတို့လူ သူတို့ပြန်ခေါ်ထားပေးတာပဲ ကျေးဇူးတင်အုံး”။ကျွန်မမှာတော့ ပွဲစားခ၊ကြိုတင်ငွေသုံးလစာအပြင် ကားငှားခပါ အဆစ်ပါသွားသေးတယ်။
နောက်တစ်ရက်မှာပဲ နောက်တစ်နေရာကနေ “အေးစန်္ဒာ”ဆိုတဲ့ မိန်းကလေးကိုခေါ်ခဲ့ဖြစ် ပြန်ပါတယ်။ထုံးစံအတိုင်း သုံးလစာနဲ့ပွဲခပါပေးပြီးတော့ပေါ့။သူ့ကိုအလွယ်တကူ အေးအေးလို့ပဲကျွန်မခေါ်လိုက်ပါတယ်။ကျွန်မအမျိုးသားကတော့
“အရင်တစ်ယောက်ကို သံယောဇဉ်မကုန်သေးလို့ ထင်တယ်၊စန်္ဒာလို့ခေါ်လည်းရသားနဲ့ အေးအေးလို့ပဲခေါ်တယ်နော်” တဲ့။
ဒီ အေးအေးကတော့ အိမ်မှုကိစ်္စအားလုံးလုပ်တတ်ပါတယ်။ဈေးလည်းဝယ်တတ်၊ မီးပူလည်းပုံစံတကျတိုက်တတ်ပါတယ်။သူကစာ တော့ လုံးဝမဖတ်တတ်ပါဘူး။သင်ပေးရင်တတ်ပါတယ်လို့ စိန်စိန်တုန်းကလိုပဲအားထည့်ဖို့ ကျွန်မကြိုးစား မိပြန်ပါ တယ်။ဒါပေမဲ့သူက စာသင်ဖို့လုံးဝ စိတ်မ၀င်စားပါဘူးတဲ့။
သမီးလေးနဲ့ကစားပေးဖော်တော့ရပါတယ်။သမီးကသူ့ရဲ့ စပီကင်စာအုပ်မွှာသသိ တို့ဠ.ါသသိ တို့ နထခနူနညအ တို့ ရလာတဲ့အခါကြွားရင်တော့ သူအသိအမှတ်ပြု မပေးတတ်ပါဘူး။စိန်စိန်တုန်းကတော့ အဲဒီလိုလာပြရင် မီးမီးလေးက အရမ်းတော်တာပဲဆိုတဲ့ စကားကြားနေရတော့ ဘာမှတ်ချက်မှ မပေး တဲ့အေးအေးကို သမီးကသိပ်မကျေနပ်ချင်ပါဘူး။သမီးနဲ့ကစားဖော်လေးရနေတာကိုပဲ ကျွန်မကျေနပ်နေပါပြီ။လက်သစ် အေးအေးကတော့ ပုံစံတစ်မျိုးပါ၊မနက်အိပ်ယာက ထတာနဲ့မျက်နှာသစ်ပြီး မိတ်ကပ်လိမ်းပါတော့တယ်။တော်ရုံလိမ်းတာဆိုရင် ကျွန်မ မပြောပါဘူး၊မျက်နှာတစ်ခုလုံးပြာနှမ်းနေအောင်လိမ်းတာပါ။မျက်ခုံးမွှေးကိုလည်း မြင်မကောင်းအောင်ဆွဲပါတယ်။ဖီးလိမ်းပြီးတာနဲ့ ၀ရန်တာ ကိုထွက်ရပ်ပါတော့တယ်။ကျွန်မလည်းသတိမထားမိပါဘူး၊သင်တန်းသူတွေပြမှ သတိထားကြည့်မိပါတယ်။သူ့ကိုဆံပင်ညှပ်ပေးဖို့ ကျွန်မနဲ့အပြင်သွားတုန်းက သူများမြင်ရင် တစ်မျိုး တယ်ထင်နေပါအုံးမယ်အေ ဆိုပြီးမျက်နှာ ကို နည်းနည်းပြန်ဖျက်ခိုင်းရတယ်။
အေးအေး ဟင်းချက်တဲ့နေရာမှာ ဆီနဲ့အချိုမှုန့် တော်တော်သုံးပါတယ်။ငါးပိရည်ထဲကို
တောင်အချိုမှုန့်တွေထည့်လွန်းလို့ ငါးပိရည်ကြိုက်တဲ့ ကျွန်မမှာ မစားနိုင်ဖြစ်ရပါတယ်။ဟင်းအနှစ်လုပ်ဖို့ ကြက်သွန်ဖြူ၊နီကိုလည်း ဟင်းတစ်အိုးစာအတွက် ဟင်းချိုခတ်တဲ့ ဇလုံနဲ့ တစ်လုံးအမောက်ထည့်ချက်တတ်ပါတယ်။ကျွန်မကဟင်းအနှစ်ကို အဲဒီလောက်ထည့်ချက်ရင် မကြိုက်လို့တ၀က်စာခွဲပေးခဲ့ပြီး ဒါပဲထည့်ချက်လို့ပေးခဲ့ပေမဲ့ ကျွန်မမီးဖိုအပြင်ထွက်လိုက်တာနဲ့ အကုန်ထည့်ချက်လိုက်ပါတော့တယ်။ဟင်းချက်တိုင်းသူ အဲဒီလိုလုပ်ပါတယ်။ကျွန်မကလည်း သင်တန်းတစ်ဖက်နဲ့ဆိုတော့ သူချက်တာကိုရပ်ပြီးကြည့်မနေနိုင်ပါဘူး။
“ဆီနဲ့အချိုမှုန့်ကိုကြိုက်ရင် ညည်း ပန်းကန်ထဲကိုထည့်စားအေ၊ ဟင်းအိုးထဲတော့ ထည့်မချက်ပါနဲ့” လို့တောင်းပန်လည်းမရပါဘူး။အရင်နေခဲ့တဲ့အိမ်မှာ အဲဒီလိုချက်ခဲ့ရလို့ပါတဲ့။
ကြာလာတော့ ကျွန်မစိတ်တိုလာပါတယ်။တစ်ရက်မီးပျက်နေတာနဲ့ အတော်ပဲ၊
ကျွန်မသူ့ကို
“အေးအေးရေ ဟင်း မချက်နဲ့အုံး၊မီးလည်းပျက်နေတာပဲ အမ မနက်ပိုင်းအတန်း ပြီးမှချက်ပြမယ် ထားလိုက်နော်”လို့ ဆိုပြီးကျွန်မသင်တန်းဆက်ပြနေလိုက်ပါတယ်။ ခဏနေတော့ “ဖျောက်”ဆိုတဲ့အသံအတူဂတ်စ်နံ့ကိုပါ ကျွန်မ ရလိုက်ပါတယ်။ဒါပေမဲ့ မထင်မိလို့ ကျွန်မလည်း ချက်ချင်းတော့ မီးဖိုချောင်ကို မ၀င်ဖြစ်လိုက်ဘူး။ဆယ်မိနစ်လောက်ကြာမှ ၀င်ကြည့်လိုက်တော့ ဆီတွေ၊ဟင်းအနှစ်တွေအများကြီးထည့်ပြီး ဆီသတ်နေပါပြီ။ကျွန်မဒေါသ တော်တော် ထွက်သွားပါတယ်။ဂတ်စ်မီးဖိုဖွင့်တာ ကျွန်မသူ့ကိုပြမထားဖူးပါဘူး။ဒါပေမဲ့ သူကျွမ်းကျွမ်း ကျင်ကျင်သုံးတတ်ပါတယ်။ပြောထားရက်သားနဲ့ ဘာလို့ချက်ရတာလဲလို့ ကျွန်မမေးတော့
“အမချက်တဲ့ဟင်း ကျွန်မစားနိုင်မှာ မဟုတ်ဘူးတဲ့”။ထွက်နေတဲ့ ကျွန်မ ဒေါသတောင် ပြန်ဝင်သွား သလိုခံစားလိုက်ရပါတယ်။အဲဒီလိုပြောရဲတာကို အံ့သြလွန်းလို့ပါ။
တစ်ယောက်အဆင်မပြေလို့ ပြန်ပို့ပြီး၊ နောက်ထပ်တစ်ယောက်ပါ ပြန်ပို့ရပြန်ပြီ ဆိုရင်ပတ်ဝန်းကျင်ကို ပြောပြဖို့တောင် ကျွန်မရှက်လာပါတယ်။ကျွန်မဆိုးလို့၊ဒါမှမဟုတ် ညံ့လို့လို့အထင်ခံရတော့မယ်။နည်းနည်းလောက်တော့ ဆက်သည်းခံရမယ်။နောက်တစ်ချက်က ကျွန်မမှာ နောက်ထပ် ပွဲစားခနဲ့ သုံးလစာ ပေးစရာမရှိတော့တာ လည်းပါပါတယ်။ကျွန်မရဲ့ ဒုက်္ခတွေကိုမျှဖို့ အမေပြန်ရောက်လာပြန်ပါတယ်။အမေက၀င်ချက်ပြပေး ပါတယ်၊သူ့မျက်နှာက မကျေနပ်တဲ့အမူအရာတွေ့ရပေမဲ့ ကျွန်မကတော့ ထမင်းစားရတာ အဆင်ပြေလာပါတယ်။တစ်ရက်မှာတော့ အမေကကျွန်မကို
“သမီးငါးဖယ်ကြော်တွေ နှိုက်စားသွားသေးလား”တဲ့။
“မစားပါဘူး အမေရယ်၊သမီး မီးဖိုချောင်ထဲတောင် ၀င်မလာသေးပါဘူးဘာဖြစ်လို့လဲ” လို့ဆိုတော့၊
“အမေ ငါးဖယ်ကြော်ထားတာ ခုနှစ်ခုတောင်လျော့နေလို့” တဲ့။“အမေ အရေ မှားတာဖြစ်မှာပါ” လို့ကျွန်မပြောတော့
“မမှားပါဘူး အေးအေးကိုမေးကြည့်အုံးမယ်တဲ့”။
အမေက ကျွန်မတို့ငယ်ငယ်လေးထဲက ဟင်းချက်ရင် အရေအတွက်ကိုမှတ်ပြီးမှ ချက်လေ့ရှိပါတယ်။အေးအေးကိုမေးဖို့ ကျွန်မအားနာနေတာနဲ့
“နေပါစေ အမေရယ် စားတာဆိုလည်း သူ့ဗိုက်ဆန့်သလောက်ပဲစားနိုင်မှာပါ၊ဗိုက်ဝရင် ထပ်စားနိုင်မှာမှမဟုတ်တာ”။လို့ဆိုလည်း အမေကတော့ မရပါဘူး
“ချက်ပြီးရင်လည်း ကျွေးဖို့ဟာပဲ၊ဒီလို စည်းကမ်းမရှိ နှိုက်စားတော့ မကြိုက်ပါဘူးအေ”
ဆိုပြီး အေးအေးမေးပါတော့တယ်။အေးအေးကတော့ အေးဆေးပဲဖြေပါတယ်။
“ဟုတ်တယ် ယူစား လိုက်တာ”တဲ့။
အမေက
“ပြီးရင် ထမင်းနဲ့စားဖို့လေ၊နောက်တစ်ခါ အဲဒီလိုမစားနဲ့နော်” လို့ဆိုတော့
“သမီးက ငါးဖယ်ကြော်ဆိုရင် ဒီတိုင်းပဲစားတတ်တာ၊ ထမင်းစားတဲ့အချိန်ကျရင် ထည့်မစားတော့ဘူးပေါ့”တဲ့။
အေးအေး အဖြေစကားကိုကြားလိုက် ရတဲ့ အမေကပါးစပ်အဟောင်းသားနဲ့ပဲ သူ့ကိုကြည့်နေပါတော့တယ်။
“အမေကလည်း အမြဲလာနေနိုင်တာမဟုတ်ဘူး၊ညည်းသူနဲ့နှစ်ယောက်ထဲ ဖြစ်ပါ့မလားအေ” နဲ့
ကျွန်မအမေကတော့ စိတ်မချစကားဆိုနေပါတယ်။ဒီလောက်ကတော့ ကျွန်မသည်းခံနေ လို့ရပါသေးတယ်၊သမီးလေးနဲ့အဆင်ပြေတယ်ဆိုရင်ပဲ တစ်မျိုးစိတ်ချမ်း သာပါပြီ။ ညနေစောင်းတွေမှာ သမီးလေးက တိုက်အောက်ကိုဆင်းဆော့ချင်တတ်ပါတယ်။တစ်နေ့လုံး တိုက်ခန်းထဲမှာနေ နေရတော့ဆင်းဆော့ခွင့်ပေးထားပါတယ်။အေးအေးကိုလည်း လိုက်ဆင်းခိုင်းပြီး
“ညီမလေးနဲ့အတူဆော့ပေးနော်၊သူ့အဖော်တွေရောက်လာရင် ဘေးကနေ စောင့်ကြည့်ပေးနေလိုက် စက်ဘီး၊ဆိုက်ကားတွေ ဖြတ်သွားတတ်တယ်၊ တစ်ခါတစ်ရံကား လည်းလာတတ်တယ်” လို့မှာလိုက်ပါတယ်။
ကားတွေကတော့ အလာနည်းပါတယ်၊ကျွန်မတို့တိုက်ရှေ့ကလမ်းက ကွန်ကရစ် လမ်းသွယ်လေးပါ။သူတို့ဆင်းသွားပြီး ကျွန်မလည်း ကျွန်မသင်တန်းသူတွေနဲ့ ကစားနေတာနဲ့ သူတို့ကို အာရုံထဲကမေ့သွားပါတယ်။မျက်နှာချင်းဆိုင် အခန်းက ညီမလေးတစ်ယောက်က
“အမရေ မီးမီးလေးကားလမ်းဖြတ်ကူးပြီး ခရေပင်အောက်ရောက်သွားပြီ” လို့
အော်လည်းအော် ပြီးတော့ သူအရင်ဆင်းပြေးသွားပါတော့တယ်။ကျွန်မ လည်းလန့်သွားပြီး သူ့နောက်ကဆင်း လိုက်သွားပါတယ်။အောက်ရောက်တော့ အေးအေး တစ်ယောက်က သူရဲ့ဆံပင်တွေကိုဖြန့်ပြီး ဆိုက်ကားဂိတ်ဘက်လှည့်ကာ အမူအရာမျိုးစုံ လုပ်ပြနေတာတွေ့ လိုက်ရပါတော့တယ်။
ဆက်လက်ဖော်ပြပါမည်။
Subscribe to:
Posts (Atom)