468x60

နှောင်တွယ်ရစ်ငင် ချစ်ချင်သော်လည်း

Tuesday, June 10, 2014
   နှဖူးပေါ် ၀ဲကျနေတဲ့ မောင့်ဆံပင် ပျော့ပျော့လေး၊ဘေးတိုက် မြင်နေရတဲ့ မောင့်နှာတံ စင်းစင်း၊ တင်းတင်းစေ့ထားတဲ့ မောင့် နှုတ်ခမ်းတွေကို ကြည့်ရင်း စိတ်တိုနေတဲ့ကြားက ကျွန်မ ရင်ခုန်မိနေပြန်ပြီ ။မောင်ကတော့ ပြောနေကျ စကားအတိုင်း “ No  ပြဿနာပါ ယွန်းရယ်” လို့ တီးတိုးလေး ရေရွတ်နေတယ်။မောင်စကားပြောရင် အဲဒီလိုပဲ ပြဿနာ မရှိပါဘူးလည်း မဟုတ်၊အင်္ဂလိပ်လို No problem  လို့လည်း အပြည့်အစုံ  မပြောနဲ့။သူ့ ညီမလေးကိုတောင်  My ညီမလေးလို့ ခေါ်တာတဲ့လေ။ဘယ်လောက် ချစ်ဖို့ကောင်းလိုက်သလဲ။မောင်ကတော့ ပြောနေကျ စကား အတိုင်း ရိုးရိုးလေး ပြောတာပါ။ရယ်နေကျအသံ အတိုင်း တိုးတိုးဖွဖွ ရယ်တာပါ။ကျွန်မ အတွက်သာ ထူးဆန်းနေတာ။ဟုတ်တယ် မောင်နဲ့ပတ်သက်ရင် ကျွန်မ က အသေးစိတ်က အစ အရာရာ အလေးထား မိနေတယ်။မောင်နဲ့ ကျွန်မကြား အဓိက ပြဿနာကလည်း ကျွန်မရဲ့ အသေးစိတ် အလေးထား မှုတွေကြောင့် ဖြစ်ရတာ။ကျွန်မ နံမည် “ခင်ယွန်းစံ”ကို မောင်က “ယွန်း” လို့ခေါ်ဝေါ် သုံးနှုန်းတယ်။“ကျွန်တော် တစ်ကယ်ချစ်တဲ့သူနဲ့ကျရင် ကိုယ့်ကိုကိုယ် “မောင်”လို့ နာမ်စား သုံးချင်တာ ယွန်းရဲ့” လို့ အစချီပြီး ကျွန်မ နဲ့စကားပြောလေတိုင်း “မောင်ကလေ”ဆိုတဲ့ နာမ်စားကို ရေလဲသုံးနေတော့တာ။မောင်က ယွန်းလို့ခေါ်ပေမဲ့ “မောင် နဲ့ ကျွန်မ”ဆိုတဲ့ အသုံးအနှုန်းလေးကို ပိုခုံမင်တာမို့ မောင်လို့ခေါ်မိတဲ့ အကြိမ်တိုင်းမှာ ကျွန်မကလေ ဆိုတဲ့ နာမ်စား ကလည်း တွဲလို့ပါမြဲ။
           အရင်က R -c 1 လို့ ခေါ်ကြတဲ့ ဗိုလ်တစ်တောင် တက်္ကသိုလ်နယ်မြေကို ခြေချမိတော့ ကျွန်မ တို့သူငယ်ချင်းတွေ “ဟင် တက်္ကသိုလ် နယ်မြေကလည်း စတိတ်ကျောင်းအတိုင်းပါပဲလား၊ငါတို့ တက်ခဲ့တဲ့ စတိတ်ကျောင်းကမှ ဒီထက် သားနား သေးတယ်”လို့ တစ်ယောက် တစ်ပေါက် အော်ခဲ့ကြပေမဲ့ ကျောင်းသားတို့ရဲ့ ထုံးစံအတိုင်း ခြေချမိရာ ပျော်သွားကြတာပါပဲ။“ပါဋိသင်တဲ့ ဆရာမက ငယ်ငယ်လေးဟဲ့ ချောလည်း ချောတယ်နော်”လို့ သူငယ်ချင်းတစ်ယောက်ရဲ့ အပြောကို နောက်တစ်ယောက်က “အခုမှ မဟာဝိဇ်္ဇာ ပြီးလာတာတဲ့ သူနဲ့စေ့စပ်ထားတဲ့ ကောင်လေးက ဒီကျောင်းမှာ တက်နေလို့  မနည်းလိုက်ပြီး တောင်းပြောင်းလာတာတဲ့”။ကျွန်မ တို့သူငယ် ချင်းတွေက ဒီလိုပဲ တစ်ယောက်ရဲ့ သတင်းပေးမှုကို နောက်တစ်ယောက် က နောက်ဆက်တွဲ သတင်းပြောနိုင်ကြတယ်။မိန်းကလေးချည်း ငါးယောက်တွဲ ကျွန်မ တို့သူငယ်ချင်းအဖွဲ့ကို Rc 1 မှာတော့ မသိသူ ခပ်ရှားရှားပဲ။အဲဒီ အချိန်ကတည်းက ကျွန်မက ဆရာမ ဆိုသူထက် သူနဲ့ စေ့စပ်ထားတယ်ဆိုတဲ့   ကျောင်းသားကို ပိုစိတ်ဝင်စားမိခဲ့တာ။

                                        (၂)
           ကဗျာလေးတွေ ဟိုနားတစ်စ၊ဒီနား တစ်စ ပါဖူးတဲ့ ကျွန်မက ဦးဆောင် စည်းရုံးပြီး တက်္ကသိုလ် စာပေ မဂ်္ဂဇင်း အဖွဲ့လေး ထူထောင်ဖြစ်တယ်။ကိုယ့်လိုပဲ စာရူးပေရူး မဂ်္ဂဇင်းအချို့မှာ ကလောင်သွေးစ ကဗျာဆရာတွေ ကလည်း ပူးပေါင်း ပါဝင်လာပြီး ကဗျာ စာအုပ်ထုတ်ဝေဖို့ အထိ ဖြစ်လာတော့တယ်။ကဗျာ စာအုပ် အတွက် ပန်းချီ ၀ါသနာရှင်များ ကလည်း စေတနာနဲ့ ကူညီလာကြမို့ မေဂျာမတူတဲ့ အနုပညာ မောင်နှမတွေ ကျောင်း ပရ၀ုဏ် ကျဉ်းကျဉ်းလေးမှာ တရုန်းရုန်းနဲ့ပေါ့။အဲဒီအဖွဲ့ ထဲမှာ ကဗျာလည်း မရေး ပန်းချီလည်း မဆွဲတတ်တဲ့ ကျောင်းသားတစ်ယောက်ကတော့ ကဗျာ စာအုပ် ဖြစ်မြောက်ရေးအတွက် အားကြိုးမာန်တက် ကူညီနေလေရဲ့။“ကျွန်တော်က ကဗျာတွေကို ချစ်တတ်ပြီး ပန်းချီပညာ ကို မြတ်နိုးတတ်သူပါ” ဆိုတဲ့ သူ့ရဲ့စကားသံ ကြားလိုက်ရတော့ ကျွန်မ မှာ ခင်မင်နှစ်လိုစိတ်တွေနဲ့ ကြည့်ခဲ့မိတယ်။နောက်မှ သိလာရတာ ပါဋိဆရာမ ချောချောလေးနဲ့ စေ့စပ်ထားတဲ့ သူ တဲ့လေ။မောင်နဲ့ ကျွန်မ တွေ့ဆုံမှုက အစကတည်း က လွဲနေခဲ့တာပါ။ကဗျာစာအုပ် ထုတ်ဖို့ အလုပ်တွေ ရှုပ်နေကြတဲ့ ရက်ထဲမှာပဲ မောင်နဲ့ကျွန်မ ခင်မင်မှုတွေ တိုးခဲ့ကြတယ်။ကျွန်မ မျက်နှာက ကလေးတစ်ယောက်နဲ့ တူလို့တဲ့။ ကျွန်မကို “ကလေးမ” လို့ခေါ်ရင်းက နောက်ပိုင်းတွေကျတော့ မောင်က ကလေး လို့ ခေါ်ခဲ့တာလေ။ချစ်သူ ဖြစ်ပြီးနောက်ပိုင်းမှာလည်း ရန်ဖြစ်ကြတဲ့ အချိန်မှာသာ “ယွန်း”လို့ခေါ်ပေမဲ့  ကျန်တဲ့ အချိန်တွေမှာတော့ “ကလေး” လို့ပဲ ခေါ်တတ်သူပါ။
           သိပ်မကျယ် လှတဲ့ တက်္ကသိုလ် နယ်မြေထဲမှာ ဆရာမ၊ မောင်နဲ့ ကျွန်မရဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေးက    မြန်နှုန်းမြင့် ပျံ့လွင့်နေလေရဲ့။မောင် ဆရာမကို ချစ်ခဲ့တာ လား ဆိုတဲ့ ကျွန်မရဲ့အမေးကို “ချစ်တယ်လို့ ထင်ခဲ့တာပါ”တဲ့။“မောင့် အဖိုးနဲ့ မမမေ အဖိုးက ရဲဘော်သုံးချိပ်ဝင်တွေလေ။သိပ်ချစ်ကြတာ သားသမီးတွေ လက်ထက်မှာ အမျိုးမတော် ခဲ့ရလို့ မြေးတွေ လက်ထက်မှာ လက်ဆက်စေချင်ကြတာ”တဲ့။မောင်က ဆရာမကို “မမမေ”လို့ ခေါ်တယ်။“မောင်က လူပျိုပေါက်အချိန်၊ မမမေကို မောင်နဲ့သဘောတူထားတဲ့သူ လို့ ပြကြတော့ မမမေကို သဘောကျမိခဲ့တယ်။ကိုယ်လုံး ကိုယ်ပေါက်တောင့်တောင့် မျက်နှာ လှလှ နဲ့ကွာ။သိတယ်မလား ယောက်ျားလေးတွေ အရွယ်ရောက်စမှာ အသက်ကြီးကြီး မိန်းမ တွေကို သဘောကျတတ် တယ်လေ။ပြီးတော့ ယောကျာ်းတွေ အများစုက ကိုယ်လုံးလှတဲ့ မိန်းမကို ကြိုက်တယ်ဗျ”တဲ့။ကျွန်မကို သူ့ရင်ခွင်ထဲ ဆွဲသွင်းထားပြီး ပြောပြနေတဲ့ မောင့်စကားသံတွေလေ။ “ကျွန်မ  ကျတော့ရော”  ဆိုတဲ့အမေးကို  “ကိုယ့်ချစ်သူကတော့ တဖြောင့်တည်းလေ”တဲ့။ပြောပြီး ရယ်နေတယ်။အသားဖြူဖြူ ပိန်ပိန် ပါးပါး ကျွန်မကိုယ်လုံးကို မောင်က တဖြောင့်တည်း တဲ့လေ။ကျွန်မ စိတ်ဆိုးမလို့ လုပ်နေတုန်း “အချစ်ဆိုတာ အဲဒါပဲလေ ကလေးရဲ့ ချစ်ချင်လို့ကို ချစ်တာ ကလေးမှာ မက်မော စရာဆိုလို့ မျက်နှာလေးပဲ ရှိတာ”တဲ့။မောင်က အဲဒီလိုမျိုးပါ။ရန်တွေ့မယ် စဉ်းစားထားတဲ့ ကျွန်မ နောက်ဆုံးတော့ ကျေနပ်လိုက်ရတာပါပဲ။
                                        (၃)
          မောင်နဲ့ ကျွန်မ အကြောင်း သိုးသိုးသန့်သန့် ကြားတဲ့ မမမေက မောင့်ကို ဘာမှ မမေးဘူးတဲ့။ပညာတတ် ပီပီ မျိုသိပ်ထားတာ နေမှာပေါ့တဲ့။ကျွန်မက “မဟုတ်ပါဘူး မောင့်ကို သူပဲ  အပိုင်ရမှာ သေချာလို့ ဘာမှ မပြောဘဲ နေတာ  နေမှာပေါ့”လို့ ဆိုတော့ “ မောင့်ကို အဲဒီလို ချုပ်ကိုင်လို့ မရပါဘူး၊မောင့်အချစ်နဲ့ မောင့် ခန်္ဓာ မောင်ယူချင်တဲ့ သူကို ယူမှာပေါ့ စေ့စပ်ထားကြတာပဲ လက်ထပ်ထားတာမှ မဟုတ်တာတဲ့”။မောင်က သတ်္တိရှိသားပဲ ဆိုတဲ့ ကျွန်မ အပြောကို “ကလေးက မောင့်ကို လျှော့တွက်နေတာကိုး အခုချက်ချင်း ကောက်ယူလိုက်လို့ ဟုတ်ပေ့ ဖြစ်နေအုံးမယ်”တဲ့။မောင်က အဲဒီလိုပဲ အညာလေသံနဲ့ “ဟုတ်ပ”လည်း မဟုတ်၊ရန်ကုန်လေသံနဲ့ “ဟုတ်တယ်”လည်း မပြော၊ဟုတ်ပေ့ လို့ သုံးတတ်တယ်။ကျွန်မ ကပဲ ချစ်တဲ့စိတ်နဲ့ ကြည့်လို့လားတော့ မသိဘူး မောင့် အမူအရာ၊မောင့် စကားအသုံးနှုန်းတွေက ဆွဲဆောင်မှုရှိနေတယ်။ကျွန်မ သူငယ်ချင်းတစ်စု ကန့်ကွတ်တားမြစ်သံတွေ၊ကဗျာ ဆရာ မောင်နှမတွေရဲ့ သတိပေးသံတွေက ကျွန်မ အချစ်ကို တိုး မပေါက်နိုင်ခဲ့ပါဘူး။မောင့်ကို ယုံကြည်နေတာထက် ပိုမြတ်နိုးတာပါ ဆိုတဲ့ ကျွန်မရဲ့ ကြေငြာသံကို “ကဗျာ ရေးနေတာ  မဟုတ်ဘူးနော် မယွန်း၊အချစ်ဆိုတာ ဘ၀ရဲ့ အစိတ်အပိုင်း တစ်ခုဆိုရင် သေချာ စဉ်းစား စေချင်တယ်တဲ့။ဝါသနာတူ ကဗျာဆရာတွေရဲ့ စေတနာ စကားသံတွေမှန်းလည်း ကျွန်မ သိပါတယ်။
          ကျွန်မ ကဗျာတွေဖတ်ပြီး ဝေဖန်ပေးတဲ့အခါမှာတော့ မောင်က စာဖတ်ပရိသတ် တစ်ယောက်အနေနဲ့ ဝေဖန်တတ်သူပါ။“မောင် အားမနာဘူးဗျနော် ကလေး ကဗျာတွေနဲ့ ပတ်သက်ရင် တစ်ကယ်ကောင်းမှ ကောင်းတယ် ပြောမှာ”လို့ မောင်က ဆိုလာတော့လည်း ကျွန်မ ၀ါသနာကို တန်ဖိုးထားသူရယ် လို့ အချစ်ပိုရပြန်တယ်။ညဘက်တွေ မောင့်ကို ဖုံးဆက်တဲ့အခါ မမမေ နဲ့အတူ ရှိနေရင် မောင့် လေသံတွေက သိပ်ကို တစိမ်း ဆန်လွန်းပါတယ်။ကျွန်မ မကျေမနပ် ရန်တွေ့တဲ့အခါ “ကလေးကလည်း မောင် ပြောချင်လို့ ပြောတာမှ မဟုတ်တာ သူ့ရှေ့မှာ ဆိုတော့ နည်းနည်းတော့ လေးစားသမှုပြုရတာပေါ့၊သိသာ သိစေ မမြင်စေနဲ့ ဆိုတဲ့ သဘောပေါ့ကွာ”တဲ့။ကျွန်မက ဒေါသ တကြီး “ဒါဆို ကျွန်မက မောင့်အတွက် ဘာလဲ၊မောင့်ရဲ့ ဘယ်နေရာမှာ လဲလို့”အော်ဟစ်မိရင် ပြုံးတုံ့တုံ့ အမူအရာနဲ့ “မောင့်ချစ်သူလေ၊မောင်ရဲ့ နှလုံးသား တစ်နေရာမှာ ထားတာတဲ့။“ဟုတ်တယ် အဲဒီနေရာမှာ ပို့ထားပြီး ကတည်းက လှည့်မကြည့်တော့ဘဲ ပစ်ထား တာမလား”လို့ ကျွန်မ ကဆိုတော့ “ကဗျာ ဆရာမကြီးကလည်း ကဗျာတွေ ရေးနေပြန်ပါပြီ၊မောင်တို့နှစ်ယောက် ချစ်နေတာကို သိရက်နဲ့ လွတ်လွတ် လပ်လပ် ခွင့်ပြုထားတဲ့ မမမေကို ကျေးဇူးတောင် တင်ရမှာ ကလေးရဲ့တဲ့”။မောင့်သဘောထားတွေက အဲ့ဒီလိုပါ။လူတစ်ယောက်အပေါ် ကျေးဇူးကြွေးတွေနဲ့  ကျွန်မ မောင့်ကို ချစ်နေရတာပါလား။
                                 (၄)
          ကျွန်မနဲ့ မောင်ရဲ့ တွေ့ဆုံမှု အလွဲ အပေါ်မှာ ကျွန်မ ဘက်က အလျှော့ပေးရမယ် ဆိုတာ အစကတည်းက သိပါတယ်။မပိုင်ပေမဲ့ ဆိုင်သူ ရှိပြီးသား မောင့်အပေါ်   တွယ်တွယ်


တာတာ ဖြစ်လွန်းတဲ့ ကျွန်မ ကိုယ် ကျွန်မလည်း မကျေနပ်ပါဘူး။မောင်ကတော့ အချိန်အတိုင်း အတာ တစ်ခုထိ စောင့်ကြည့်ပါ။မောင် စီစဉ်နေပါတယ်။သြ  ပြဿနာပါ ကလေးရဲ့” ဆိုတာ အကြိမ်ကြိမ် ပြောတတ်ပါတယ်။ဒါပေမဲ့လည်း ကျောင်းမှာ မမမေရဲ့ စက်ကွင်းအောက်၊မမမေ သူငယ်ချင်း ဆရာမ အချို့ရဲ့ အကြည့်တွေအောက်က လွတ်အောင်ရှောင်ကွင်းနေရတဲ့ အခါ၊မမမေ မောင့် အိမ်ရောက် နေချိန် ဖုံးခေါ်လိုက်မိလို့ “ကျွန်တော်”ချင်း ထပ်နေတဲ့ မောင့်စကားသံတွေ ကြားရတဲ့ အချိန်မှာတော့ ၀မ်းနည်း အားငယ်မိတာ အမှန်ပါ။ရှိခဲ့ ဖူးတယ် ထင်ရတဲ့ မာနတွေ အရည်ပျော် အဆင့်ကနေ အငွေ့ပျံ့ ကုန်နေပြီဆိုတာ ကျွန်မ ဘာသာ သတိထားမိတာမို့ ဘယ်သူ့ကိုမှ ရင်မဖွင့်ရဲ။ကျွန်မ သတ်္တိရှိတယ် လို့ ထင်ခဲ့တဲ့ မောင်က သတ်္တိရှိချင်ယောင် ဆောင် နေတာများလားလို့ အတွေးတွေ ၀င်လာတော့ ၀မ်းနည်းတဲ့ အဆင့်ကနေ ချုံးပွဲချ ငိုမိတဲ့ အဖြစ်က အကြိမ်ပေါင်းမနည်း။
       မောင်နဲ့ကျွန်မကြား ဒီလိုတွေ ကတောက်ကဆ ဖြစ်ပြီးတိုင်း ကျွန်မ ကပဲ ပြန်ချော့ခဲ့ရတာပါ။“ချစ်သူတွေကြားမှာ ဘယ်သူ အရင်စ ချော့ရမယ်လို့ မရှိပါဘူး ကလေးရယ်”လို့ မောင်ပြောတတ်ပေမဲ့ ချစ်သူသက်တမ်း တစ်လျှောက်မှာတော့ ကျွန်မ ကသာ ချော့ခဲ့ရသူပါ။သာမန် မိန်းကလေးတွေထက် နည်းနည်းပဲ အရပ်ပိုမြင့်တဲ့ ကျွန်မ က မြင့်မားလွန်းတဲ့ မောင့်အရပ်ကို ခြေဖျားထောက်ပြီး နမ်းလိုက်တဲ့ အပြုအမူတွေက မောင် အကျေနပ်ဆုံး ချော့နည်းတဲ့လေ။ကတောက်ကဆ  အဆင့်ကနေ ပြဿနာအဆင့် ကူးပြောင်းသွားတဲ့ အခါ ကျွန်မ ဘက်ကလည်း တင်းမာမှုတွေ ရှိလာပြီဆိုရင် မောင်က သူ့ခေါင်းကို မော့ထားပြီး“ ကလေးက နမ်းလည်း မနမ်း တတ်ပါဘူးကွာ”လို့ ဆိုလိုက်တာ နဲ့ ကျွန်မ ဘက်က အလိုလို ကျေအေးပြီးသား ဖြစ်သွားရတာတွေ။“မှားတဲ့သူဘက်က အရင် စ ချော့ပေါ့” ဆိုတဲ့ နိုင်ထက်စီးနင်း မောင့် စကားတွေကိုလည်း နာရ ကောင်းမှန်း မသိခဲ့ပါဘူး။
                           (၅)
       တိုးတက်ပြောင်းလဲလာတဲ့ ဒီဘက်ခေတ်ထဲမှာ ကျွန်မ တို့ တက်္ကသိုလ် ကျောင်းသားတွေ ကျောင်းသားသမဂ်္ဂအဖွဲ့ ပြန်ဖွဲ့ခွင့် ရခဲ့ကြပါတယ်။ဟိုးအရင်တုန်းက ကြားသာ ကြားဖူးပြီး သေချာ မသိခဲ့တဲ့ ကျောင်းသားသမဂ်္ဂဆိုတဲ့ အဖွဲ့ကို ဖွဲ့ဖို့ ကျွန်မတို့တွေ တက်တက် ကြွကြွ လှုပ်ရှားကြတာပေါ့။ရင်းနှီးပြီးသား စာပေ အသင်းသားတွေတင် မဟုတ်ဘဲ မေဂျာပေါင်းစုံက ကျောင်းသားတွေပါ ပါဝင်လာကြပါတယ်။မောင်နဲ့ ကျွန်မက ထိပ်ဆုံးကပေါ့။မောင်ရဲ့ အားသာချက်က လူမှုဆက်ဆံရေးတော်တော့ စည်းရုံးရေးကောင်းတယ်။ကျွန်မ ရဲ့ အားသာချက်က ကျောင်းသားတွေ သိသင့်တဲ့ စည်းမျဉ်းဥပဒေတွေ ကို နောင်တော်ကြီးတွေဆီက တစ်ဆင့်မေးပြီး ဖြန့််ဝေနိုင်တယ်။ကျောင်းသားတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်တွေ ရပြီး ချစ်သူနဲ့ အတူတွဲလုပ်ရတဲ့ ကျွန်မ ဘ၀ရဲ့ ပျော်စရာ နေ့ရက်များပေါ့။
      ဒါပေမဲ့ အဖွဲ့အစည်း အသင်းအပင်းနဲ့ အလှမ်းဝေးခဲ့တဲ့ ကျွန်မတို့တွေမှာ မညီညွတ်မှုတွေ တော့ ရှိနေကြတာပေါ့။စီနီယာ ကျောင်းသားကြီးများရဲ့ ကိုယ်ပြောတာမှ မှန်တယ်ထင်၊ကိုယ်လုပ်တာမှ ကောင်းတယ်ပြော၊ဂျူနီယာ ကျောင်းသားများရဲ့ အစွမ်းအစ


        ပြလိုတဲ့စိတ်နဲ့ ကိုယ့်ထက် တစ်ရက်လောက် ပိုကြီးရင်ကိုပဲ အန်းတိတ်ဖြစ်နေပြီ ထင်နေမှု ကြောင့် ကျောင်းသား သမဂ်္ဂအဖွဲ့ ပုံမပေါ်သေးခင် ပြိုကွဲမယ် ဖြစ်ရတာ ခဏ ခဏ။ကျွန်မ ကိုယ်တိုင်ကလည်း အဖွဲ့အစည်းဆိုတဲ့ စိတ်ကို မွေးမြူနေရဆဲ ဆိုတော့ ခံနိုင်ရည် အရေးပြားက ခပ်ပါးပါး။အဖွဲ့အစည်းအတွင်း သဘောထား ကွဲလွဲမှုတွေမှာလည်း ထိပ်တိုက်တိုးရတာက မောင်နဲ့ကျွန်မ။
      “စိတ်ပျက်လာပြီ မောင်ရယ် လူနှစ်ယောက်ရှိတာ သုံးဖွဲ့ကွဲနေတယ်၊ဆိုသလို ဖြစ်လာပြီ” လို့ ကျွန်မ ညည်းမိတော့ “လူနှစ်ယောက်ရှိတာ ဘယ်လိုများ သုံးဖွဲ့ ကွဲသလဲ ကလေးရယ် ပြောပါအုံးတဲ့”။“တစ်ယောက်ကို တစ်ဖွဲ့နဲ့ နှစ်ယောက်ကို တစ်ဖွဲ့လေ မောင်ရဲ့”လို့ ပြောမိတော့  မောင်က ရယ်ပြီး “စိတ်နည်းနည်း ရှည်စမ်းပါ ဘယ်နိုင်ငံရဲ့ ဘယ်အဖွဲ့အစည်း ကမှ မညီညွတ်တတ်ကြပါဘူး၊အဲဒါကိုက အဖွဲ့အစည်းရဲ့သဘောလေ”တဲ့။ကျောင်းသားကြီးတွေ လေသံ အတိုင်း ကျွန်မကို နားချတယ်။မောင့် အရည်အချင်းကြောင့် ကျွန်မတို့ အဖွဲ့လေး သူများကဲ့ရဲ့ မခံရအောင် ရပ်တည်နေနိုင်တာတော့ ၀န်ခံပါတယ်။ချစ်သူချင်း ဖြစ်တဲ့ မပြေလည်မှုရယ် သမဂ်္ဂအတွင်း အဆင်မပြေမှုတွေ ရယ် ပေါင်းလိုက်တော့ မောင်နဲ့ကျွန်မ ကြား ရန်မဖြစ်တဲ့ နေ့ရက်တွေ က မရှိသလောက်ရှား။
                            (၆)
      သမဂ်္ဂအတွင်း လှုပ်ရှားမှုတွေကို ကျောင်းချိန်ပြင်ပမှာ လည်း ဆောင်ရွက်ကြရပါတယ်။မောင်က ကျွန်မ နဲ့ နှစ်ယောက်တည်းရှိချိန်မှာသာ “မောင်” ဆိုတဲ့ နာမ်စား ထပ်တလဲလဲသုံးနှုန်း ပေမဲ့ အများ သူငါ ရှေ့မှာတော့ ကျွန်တော်လို့ ပြောတတ်သူပါ။တစ်ညနေ သမဂ်္ဂကိစ်္စ အတွက် အလုပ် လုပ်ကြရင်း အပြန် နောက်ကျ တော့ ကားငှားပြန်ကြရတယ်။ဗဟန်းကိုပြန်မဲ့ မောင် က ဗိုလ်တစ်ထောင် လမ်းမပေါ်မှာ ကားငှားဖို့စောင့်နေတယ်။သမိုင်းကို ပြန်ရမဲ့ ကျွန်မကလည်း  မောင့်နားလေး သွားရပ်ပြီး ကားငှားဖို့ စောင့်နေမိတယ်။တခြားမေဂျာ ကျောင်းသားတွေလည်း သူ့အုပ်စု နဲ့သူ ကားငှားဖို့ စောင့်နေကြတယ်။အဲဒီအချိန် မောင်က ကျွန်မ ဘက်လှည့်ပြီ “ကျွန်တော်က ဗဟန်းပြန်မှာဆိုတော့ ကားငှားဖို့က ယွန်းနဲ့ လမ်းကြောမသင့်ဘူးနော်။ကိုယ့်ဘာသာ ငှားပြန်လိုက်”တဲ့။ကျွန်မ ရုတ်တရက်ကြောင်သွားတယ်၊ မောင် ဘာပြောလိုက်တာလဲ။ကျွန်မ သူနဲ့အတူ လိုက်မယ်လည်း မပြောမိဘဲနဲ့၊ကျောင်းသူ တစ်ချို့ ကျွန်မကို ကွက်ကြည့် ကွက်ကြည့် လုပ်နေကြတယ်။ပြီးတော့ သူက အရင် ကားငှားပြီး ပြန်သွားတယ်။
     တစ်ကယ်ဆို  သူ့ထက် ပြန်ရမှာ  နည်းနည်း ပိုဝေးတဲ့ ကျွန်မကို အရင် ကား ငှားပေးလိုက်သင့်တာပေါ့။ကျွန်မ အငှားကားပေါ်အရောက် မနေနိုင်ဘူး မောင့်ကို ဖုံးလှမ်းဆက်လိုက်တယ်။“မောင် ဘာအဓိပ်္ပါယ်နဲ့ အဲဒီ စကားပြောသွားတာလဲ” ဆိုတော့ “မောင်တို့နားမှာ ရပ်နေတာ မမမေ တပည့်တွေလေတဲ့”။ကျွန်မ စိတ်တိုသွားတယ်“ဘာလဲ မမမေ တပည့်တွေရှေ့မှာ မောင့်နား ကျွန်မ ရပ်နေလို့ မရဘူးလား။ဘယ်သူက မောင့်နောက်ကို လျှောက်လိုက်မယ် ပြောနေလို့ ဒီစကားပြောရတာလဲ”လို့ ရန်တွေ့တော့ “ပြောမိပြောရာ ပြောလိုက်တာပါ၊ဘာအကြောင်းလို့ ရည်ရွယ်တာ မဟုတ်ပါဘူး”တဲ့။
            မရည်ရွယ်ဘဲ ထွက်တဲ့ စကားတောင် ဒီလောက် ထိခိုက်အောင် ပြောနိုင်တဲ့ မောင့်စိတ်ကို နည်းနည်း အံ့သြသွားတယ်။မောင်က ကျွန်မ ပတ်သက်ပြီး သမဂ်္ဂအဖွဲ့ဝင် တွေ တစ်မျိုးထင်သွား မှာကို စိုးရိမ်နေတာကိုး။ဒါဆို မိန်းကလေး ဖြစ်တဲ့ ကျွန်မ ဘက်ကိုရော မောင် ထည့်စဉ်းစားမိရဲ့လား။အဖြစ်အပျက်တွေကို သိကြရင် မောင့်ထက် ကျွန်မကို အပြစ်ပြောမဲ့သူက ပိုများမှာပါ။
      နောက်နေ့ မနက် ကျောင်းမှာ ပြန်တွေ့တော့ “သြ  ပြဿနာပါ ကလေးရယ်”လို့ ရယ်ရယ်မောမော ပြောနိုင်တယ်။ကျွန်မ မှာသာ နာကျင်ပြီး ကျန်ခဲ့ရတာ။“မောင် ဘာကို စိုးရိမ်နေတာလဲ၊လူတွေရဲ့ အကြည့် အပြောတွေကို ရင်မဆိုင်ရဲဘူး ဆိုရင်လည်း အစကတည်းက မောင် ကျွန်မကို မချစ်ခဲ့သင့်ဘူး”ဆိုတော့ “အချစ်မှာ အဲဒီလို မချစ်နဲ့လို့ လုပ်လို့မှ မရတာ”တဲ့လေ ၀ိနည်းလွတ် စကားပြောတယ်။လွတ်လပ်စွာ ချစ်ခွင့် မရှိတဲ့ ချစ်သူကို  ချစ်ခဲ့မိတဲ့ ကျွန်မ အပြစ်တွေပါ။ချစ်မိတဲ့နောက်ပိုင်း မပြတ်သားတဲ့ မောင့်ရဲ့စိတ်တွေကို ရိပ်မိပေမဲ့လည်း  မောင့်အချစ်နွံ့ထဲက ရုန်းမထွက်နိုင်ပြန်ဘူး။မိန်းကလေး တစ်ယောက်ရဲ့ မာန၊သိက်္ခာ တွေကို အောက်ခြေ ဇီးရိုးထိ ချထား ပေးခဲ့ပေမဲ့လည်း အသေးအဖွဲလေးတွေကို အပြစ်ရှာတတ်သူ အဖြစ်သာ မောင်က ကျွန်မကို မြင်ခဲ့တယ်။
      “ကလေး နံမည်မှာ ယွန်း ထည့် မှည့်ခဲ့လို့ထင်တယ်၊အရာရာကို တည့်တည့် မမြင်တတ်ဘူး၊တော်သေးတယ် မောင်က ယွန်း ဆိုတဲ့ နာမ်စား သိပ် မခေါ်မိလို့”တဲ့။ယွန်း ဆိုတာ ရွေ့လျားတဲ့သဘော၊မတည့်မတ် တဲ့ သဘောလို့ မောင်က အဓိပ်္ပါယ် ဖွင့်ခဲ့တယ်။
                               (၇)
       “ ဒီတစ်ခါ အဖြစ်အပျက်မှာတော့ မောင်လွန် လွန်းတယ်” လို့ ကျွန်မ ပြောလိုက်မိတော့တယ်။မောင်ကတော့ ပြောနေကျ စကားအတိုင်း “ သြ  ပြဿနာပါ ယွန်းရယ်” လို့ တီးတိုးလေး ရေရွတ်နေတယ်။ဆံပင်ပျော့ပျော့တွေ ၊နှာတံစင်းစင်း ၊တင်းထားတဲ့ နှုတ်ခမ်းလွှာတစ်စုံ ဆီကနေ ကျွန်မ အကြည့်တွေ လွှဲဖယ်လိုက်တယ်။မောင့်ကို မမြင်ရမှ၊မောင့် စကားသံ မကြားရမှ မောင့်နားမှာ ကျွန်မ မရှိတော့မှ ဒီ အချစ်နွံ့က ရုန်းထွက် နိုင်မယ် ထင်တယ်။သမဂ်္ဂ လှုပ်ရှားမှု အထိမ်းအမှတ်ပွဲလေး တစ်ခုအပြီးမှာ ဖိုင်နယ်က စီနီယာ အစ်ကိုကြီးတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ဖို့  ချိန်းထားတယ်။အရင်ထက်စာရင် အဖွဲ့အစည်းရဲ့ စည်းရုံးညီညွတ်မှုက တိုးတက်လာပြီမို့ အဖွဲ့သား အချင်းချင်းလည်း ချစ်ခင်ရင်းနှီးလာကြတယ်။
      မောင်ရော ကျွန်မပါ   လက်ဖက်ရည်ဆိုင် လိုက် မသွားခင် ပထမနှစ် ဂျူနီယာတန်းက ညီမငယ်တွေနဲ့ စကားရပ်ပြောနေကြတယ်။သူတို့နဲ့ လမ်းခွဲခါနီးမှာ မောင်က “ကျွန်တော်တို့ ကျောင်းရှေ့က လက်ဖက်ရည်ဆိုင်မှာ ကိုကြီးထွန်းတို့ အဖွဲ့နဲ့ ရှိနေမှာနော်၊သူတို့နဲ့ စကားပြောရင်း လက်ဖက်ရည် ဆိုင်ထိုင်မလို့ပါ”တဲ့။ဘယ်သူမှ မမေးဘဲ ပြောလိုက်တဲ့ မောင့် စကားကြောင့်  မောင့် မျက်နှာကို လှမ်းကြည့်လိုက်မိတယ်။မောင့် မျက်နှာပေးက အရင်တစ်ခါ ကိုယ့်ဘာသာ ကားငှားသွားလိုက်ပါ လို့ပြောတုန်း ကလို ပုံစံမျိုးနဲ့။မောင်ရော ကျွန်မပါ အရွယ်ရောက်ပြီးသား တက်္ကသိုလ်ကျောင်းသားတွေပါ။ကျွန်မတို့ နှစ်ယောက် ချစ်သူတွေမဟုတ်တောင် လက်ဖက်ရည်ဆိုင်မှာ အတူထိုင်ဖို့ကို ဘယ်သူ့ဆီက

  ခွင့်ပြုချက်မှ တောင်းစရာ မလိုဘူး ထင်ပါတယ်။ဂျူနီယာ ညီမတွေ ကျွန်မ တို့နှစ်ယောက်ကို အတွဲလိုက် သွားတယ်လို့ မြင်သွားမှာကို စိုးရိမ်နေတာလား။
        ကျွန်မ မမြိုသိပ်နိုင်ဘူး ဖွင့်ပြောမိတော့ “သူတို့တွေက မောင့်ကို သမဂ်္ဂနဲ့ ပတ်သက်ပြီး သီးသန့် စကား ပြောချင်တယ် လို့ ပြောထားလို့ပါ”တဲ့။အဲဒါဆို တစ်ခါတည်း လိုက်ခဲ့လို့ ရတာပဲဆိုတော့ သူတို့စိတ်ထဲ ယွန်းကို ပါစေချင်မှန်း မပါစေချင်မှန်းမှ  မသိတာတဲ့။ကျွန်မ တစ်ကိုယ်လုံး ဖျဉ်းကနဲ ဖြစ်သွားတယ်။“ကျွန်မကို မလိုလားဘူးဆိုရင် မောင်ကြိုပြောထားပေါ့၊ကျွန်မ မလိုက်ပါဘူး”လို့ပြောမိတော့ “အဲဒါတော့ ယွန်း သူတို့ကို ကိုယ်တိုင် သွားမေးကြည့်ပေါ့ မောင်ဘယ်သိမှာလဲတဲ့”။ပြီးတော့ “ သြ  ပြဿနာပါ ယွန်းရယ် ဆိုပြီး”ဘာမှ ဆက်မပြောတော့ဘူး။
        “သူတို့နဲ့မဆိုင်ဘူး သူတို့က မောင်နဲ့စကားပြောချင်နေတယ်ဆိုတာကို ကျွန်မကို ကြိုပြောရမှာပေါ့လို့”ဆက်ပြောမိတော့ “ယွန်း မင်းတို့ မိန်းမတွေ အတူတူပဲ နေရာတကာ အကုန်လုံးသိချင်နေတယ်။ပြောချင်မှ ပြောမှာပေါ့ မမမေ လည်း ဒီအတိုင်းပဲ၊ဒါက မောင့်ရဲ့ လွတ်လပ်ခွင့်၊မောင့်ရဲ့ လူမှုဆက်ဆံရေး။ ယွန်း အဲဒီလိုသာ အသေးစိတ် အကုန်လိုက် သိချင်နေရင် မောင် နေစရာ နေရာ မရှိတော့ဘူး။အသေးအဖွဲလေးကို ဘာလို့ ပြဿနာ လိုက်ရှာနေတာလဲ”တဲ့။ကျွန်မ “ဘုရားရေ”ဆိုတဲ့ စကားလုံးတောင် မရေရွတ်နိုင်တော့ဘူး။မောင့်ကို တအံ့တသြ ကြည့်နေမိတယ်။စကားလုံးတွေ ဆွံ့အ မသွားဖို့ တံတွေးတွေ ကို အခါခါ မြိုချ ထားနှင့်ရတယ်။
                           (၈)
        အခုကိစ်္စက ချစ်သူချင်းပတ်သက်တဲ့ ကိစ်္စမဟုတ်တော့ဘူး။သမဂ်္ဂကိစ်္စ ဆိုရင် သမဂ်္ဂအဖွဲ့ဝင် ဖြစ်တဲ့ ကျွန်မ လည်း သိသင့်တာပေါ့ လို့ တွေးမိတာပါ။စည်းရုံးမှုလေး စ ရနေချိန်မှာ မိန်းကလေးတွေက ခွဲခြား ခွဲခြားလုပ်ရင်တောင် ယောကျာ်းလေး ဖြစ်တဲ့ မောင်က လိုက်မလုပ်သင့်ဘူးလို့ ပြောတဲ့ ကျွန်မ စကားကို မောင်က ဆတ်ဆတ်ခါ နာနေလေရဲ့။ကျွန်မရဲ့ ခနဲ့သလို၊ရွဲ့သလို စကားတွေကို မကြိုက်ပါဘူးဆိုတဲ့ မောင့်အပြောကို ကျွန်မ မနာချင်ယောင် ဆောင်နေလိုက်တယ်။အထင်အမြင် လွဲမှာ စိုးလို့ ပြောမိ ပြောရာ ပြောလိုက်မိတဲ့ စကားတွေ အပေါ် မောင် မဖြေရှင်းနိုင်လို့ ဒီလိုပြောမှန်း မောင့်စကား တစ်ခွန်းက သက်သေခံတယ်။အဲဒါကတော့ “မောင်တို့နှစ်ယောက် အကြောင်းက ပေါ်တင် လျှောက်ပြောနေလို့ ကောင်းတာမှ မဟုတ်ဘဲ”တဲ့။ဒီစကား တစ်ခွန်းနဲ့တင် ကျွန်မ မောင့်ကို လက်လွတ်လိုက်သင့်ပါပြီ။
           ဒီစကား မဆိုင်ပါဘူးလို့ မောင်ငြင်းနေပေမဲ့ တစ်ခြားကျောင်းသူတွေနဲ့ သွားရင်    
မောင် ဘယ်သူ့ကို အဲဒီလို လိုက်ဖြေရှင်းဖူးပါသလဲ။ရင်ထဲမှာ တင်းကျပ်လာတယ်။မောင့် မမမေ အကြောင်းကိုတော့ မသိပါဘူး။ချစ်သူ သက်တမ်းတစ်လျှောက်မှာ မောင့်အကြောင်း ဘာကိုများ သိချင်ဖူးပါသလဲ၊ဘာကိုများ စပ်စု ဖူးပါသလဲ။မောင် နေစရာ နေရာ မရှိအောင် ဘယ်အရာတွေကိုများ တောင်းဆိုပြီး၊ဘယ်အရာတွေကိုများ ကန့်သတ် ထိန်းချုပ်ဖူးပါသလဲ။ကျွန်မ အတွက်သာ  မမမေ မငြိုငြင်ရအောင် မောင့်ကို ဖုံးဆက်ရမဲ့အချိန်၊မောင့်နားလေး နေရမဲ့အချိန်တွေကို ရွေးချယ်ကန့်သတ်ခံရတာပါ။မောင့်ဘက်ကို ဘာ များကန့်သတ်ဖူး ပါသလဲ။ “ခင်ယွန်းစံ” ဆိုတဲ့ မိန်းမက သိပ်ချစ်တဲ့ မောင့်ကို မပြောနဲ့ တခြားသူတွေ အပေါ်မှာတောင် စပ်စုတာ၊စွက်ဖက်တာ မလုပ်တတ်သူပါ။အခုကိစ်္စနဲ့ ပတ်သက်ပြီး ကျွန်မကို  သဘောထား သေးသိမ်တဲ့ မိန်းမတစ်ယောက် ဖြစ်အောင် မောင် ပြောထွက် တာကိုတော့ မအံ့သြဘဲ မနေနိုင်ပါဘူး။
      ပြည်တည်ပြီး အတွင်းလှိုက်စားနေတဲ့ အနာက ပေါက်ချိန်တန်ပြီထင်ပါရဲ့။အသေးအဖွဲတွေကို ပြဿနာ ရှာတတ်သူတဲ့လား။အဲဒီပြဿနာဆိုတဲ့ မီးကွင်းက ကျွန်မ ကိုယ်တိုင်အရင် လောင်မြိုက်ခံရတာပါ၊မောင့်ဆီကို ပို့လွတ်လိုက်တဲ့အချိန်မှာ အဲဒီမီးက အရှိန်သေပြီး ငြိမ်းတောင် ငြိမ်းနေပါပြီ။မောင့်ကို ချစ်ရတာ ပင်ပန်းလှပါပြီ။မောင့်လက်တွေကို ယုံယုံကြည်ကြည်နဲ့ ခိုတွယ်ခဲ့တာ ကျွန်မကိုယ်တိုင်ပါ။မောင် နေစရာ နေရာ မရှိအောင် မွန်းကြပ် နေပြီဆိုရင်လည်း မောင့်လက်တွေကို ကျွန်မ ကိုယ်တိုင်ပဲ ဖြေလျော့ ပေးလိုက်ပါတော့မယ်။
                           (၉)
         ငယ်ငယ်က နားထောင်ခဲ့ဖူးတဲ့ ကိုင်ဇာရဲ့သီချင်းစာသားလေးကို သတိရနေမိ တယ်။“ချန်ထားရစ်တဲ့သူ၊ကျန်နေခဲ့တဲ့သူ အတူနှစ်ယောက်လုံး ဆွေးကြရှာပြီ......”တဲ့။မောင်ရော ကျွန်မကို လွမ်းနေမလား။ကျွန်မကတော့ သူငယ်ချင်းတွေကြားထဲ တစ်ချိန်က  ကြေငြာခဲ့ဖူးသလို ယုံကြည်နေတာထက် ပိုမြတ်နိုးလို့ ကျွန်မ အချစ်တွေ ပုံလွန်နှင်းအပ်ခဲ့တာပါ။ကျွန်မ ကိုယ်တိုင် ချန်ထားရစ်ခဲ့ပေမဲ့ တစ်ကယ်တမ်း ကျန်ခဲ့ရသူက ကျွန်မ ပဲ ဖြစ်နေပါလား။ပတ်ဝန်းကျင်ရဲ့ မေးငေါ့မှုတွေ ကင်းလွတ်တဲ့ “မမမေ”ရဲ့ အချစ်တွေ အောက်မှာ မောင်စိတ် လုံခြုံနေမလား။“မမမေ” မောင့်ကို နမ်းတဲ့အချိန် “နမ်းလည်း မနမ်းတတ်ဘဲနဲ့” ဆိုတဲ့စကား မောင် ယောင်မှားပြီ ထွက်မိနေမလား။
         ကျွန်မကတော့ ပတ်ဝန်းကျင်ရဲ့ မေးငေါ့ ထိုးနှက်မှုတွေကို ကြောက်လို့ မောင့်ကို ရှောင်ခွာခဲ့တာ မဟုတ်သလို၊ “မမမေ”ကို စာနာလို့လည်း မဟုတ်ခဲ့ပါဘူး။ကျွန်မ ချစ်တဲ့ မောင်တစ်ယောက် စိတ်မလုံခြုံမှုတွေနဲ့ ကျွန်မ အနားမှာ ခေါ်မထားရက်လို့ပါ။   ကျွန်မစိတ်တွေ တစ်ပတ်ပြန်လည် ယိမ်းယိုင် မသွားခင် မောင့် အနားက ပြေးထွက်ခဲ့တာပါ။လွယ်လွယ်နဲ့ မပျောက်နိုင်တဲ့ အသည်းကွဲ ရောဂါအတွက် ဘယ်ဆေးမြီးတိုမှ  ကျွန်မ အလို မရှိပါဘူး။ကျွန်မအသည်း ကွဲမှ ကို ဖြစ်မှာပါ။ဘာလို့လဲဆို ကျွန်မ အသည်းမကွဲအောင် ကုစားနိုင်သူက ဟောဒီ လောကကြီးထဲမှာ မောင် တစ်ယောက်တည်း ရှိနေလို့ပါပဲ။

                                                 

Lik

ဖြတ်သန်းနေဆဲ ဘ၀တွေထဲ

Saturday, June 7, 2014

  
      ကျွန်မရဲ့ဖြတ်သန်းခဲ့ရ နှစ်ဘ၀ဆောင်းပါးကို ဖတ်ပြီးတဲ့မိတ်ဆွေတစ်ချို့က ဆယ်ကျော်သက်တွေနဲ့မိဘများရဲ့ ပဋိပက်္ခ ကိုရေးဖို့တိုက်တွန်းကြပါတယ်။ ကျွန်မကိုယ်တိုင်လည်း ဆယ်ကျော်သက်ဘ၀ကိုဖြတ်သန်းပြီးခဲ့သလို မိဘနေရာကိုလည်း ဖြတ်သန်း နေရတဲ့မိခင်တစ်ယောက် ဖြစ်ပါတယ်။ ကျွန်မကြားသမျှ၊ သိသမျှ၊ ကြုံခဲ့ရသမျှလေးတွေ ပြောပြချင်စိတ်ပေါ်လာလို့ ဒီဆောင်းပါးလေး ရေးဖြစ်သွားတာပါ။
       ကျွန်မပထမဆုံးဆွေးနွေးလိုတာက လူငယ်တွေနဲ့ဂီတအကြောင်းပါ။ ကျွန်မရဲ့အားကစားသင်တန်း
မှာ သင်တန်းသူတွေ အရွယ်စုံ ရှိပါတယ်။  Puberty  (အပျိုဖော်ဝင်စ)မှသည်Menopause (သွေးဆုံးချိန်) အရွယ်တွေထိရှိကြပါတယ်။အထူးသဖြင့် Teenger   အရွယ်တွေပိုများပါတယ်။ သူတို့လေးတွေက ဒီနေ့ထွက်သမျှ CD, VCD  ခွေတွေယူလာပြီး သင်တန်းမှာ ဖွင့်ခိုင်းပါတယ်။ သူတို့အိမ်မှာရှိတဲ့ မိဘ၊ဖိုးဖွားတွေက ဒီနေ့ခေတ်ရဲ့ ဂီတကိုမခံစားနိုင်၊ မကြားနိုင်တဲ့အတွက် ဖွင့်ခွင့်မပေးလို့ပါ။သူတို့နားထောင်ချင်တဲ့ သီချင်းတွေဖွင့်တိုင်း အိမ်ရှိလူကြီးများနဲ့ ပြဿနာတက်ကြလို့ပါတဲ့။ သူတို့ယူလာသမျှအခွေတွေ ကျွန်မ အလှည့် ကျအတတ်နိုင်ဆုံးဖွင့်ပေးပါတယ်။ သူတို့ကစားနေတဲ့အချိန်မှာ နားထောင်ဖို့ပေါ့။သူတို့ကတဆင့်တက်ပြီးကျွန်မကိုမေးလာကြပါတယ်၊အစ်မရော ဒဒီနေ့ ခေတ်ဂီတကိုခံစားလို့ရသလား၊ဘယ်လိုမြင်ပါသလဲဒ တဲ့။တစ်ချို့ထဲက သူတို့အမေတွေဆိုရင် ကျွန်မထက် ၂နှစ်၃နှစ်လောက်ပဲပိုကြီးကြပါတယ်။ ဒါ့ကြောင့်သူတို့ ကျွန်မရဲ့ အမြင်ကိုမေးကြတာပါ။
      သူတို့နားထောင်ဖို့အတွက် ဖွင့်ပေးထားတယ်ဆိုပေမယ့် ကျွန်မလဲဒီသီချင်း စာသားတွေကို လိုက်နားထောင် လိုက်ခံစားကြည့် မိပါတယ်။ ကျွန်မအမြင်ပြောရရင် ဂီတဟာ ဂီတပါပဲ၊ဘယ်ခေတ်ရဲ့ အကြောင်းကိုပဲရေးဖွဲ့ ရေးဖွဲ့ ဂီတဆိုတဲ့အဓိပ်္ပါယ် ပျောက်မသွားပါဘူး။သင်တန်းသူတစ်ယောက်က သူ့အိမ်မှာရှိတဲ့လူကြီးတွေရဲ့အမြင်ကိုပြောပြပါတယ်။ဒတို့ခေတ်ကသီချင်းတွေကမှ အနှစ်ရှိတာ၊ စာသားတွေကမှ အဓိပ်္ပါယ်ရှိတာဒတ၊ဲ့ ကျွန်မလက်ခံပါတယ်။ဒဒီခေတ်သီချင်းတွေကအဓိပ်္ပါယ်ဘယ်ရောက်မှန်းမသိ လျှောက်ရေးထားကြတာဒ တဲ့၊ဒါတော့ကျွန်မလက်မခံပါဘူး။ဒီခေတ်သီချင်းအားလုံး မဟုတ်ပါဘူး၊ တစ်ချို့သီချင်းတွေဟုတ်ပါလိမ့်မယ်၊ကျွန်မ မငြင်းလိုပါဘူး။ကျွန်မတို့ငယ်ငယ်တုန်းက ကိုအံ့ကြီး ဆိုတဲ့ဒသန်မာထွားကြိုင်းပြီးဒ အစချီတဲ့ယဉ်တစ်ကိုယ်မယ်သီချင်းဟာ မိန်းကလေးတစ်ယောက်ရဲ့ကျန်းမာကြံ့ ခိုင်တဲ့အလှကို ဖော်ညွှန်းပြနေသလို ဒီနေ့ခေတ် စိုင်းစိုင်းရဲ့ ဒ၃၄ ၂၄ ၃၆ အလှအပအရပ်အမြင့်က ၅ပေ၆ဒ ဆိုတဲ့စာသား ဟာလည်း ကျန်းမာကြံ့ခိုင်တဲ့ မိန်းကလေးတစ်ယောက်မှာရှိရမဲ့ အချိုးအစားတွေပါပဲ။
      ကျွန်မတို့ အမေခေတ်ထဲက ခေတ်စားခဲ့တဲ့ နေပူထဲလည်း လျှောက်ရဲပါတယ် ဆိုတဲ့သီချင်းက ကျွန်မတို့ခေတ်ထိဆက်လျှောက်  ရဲတုန်းပါပဲ။ဒါပေမယ့် ဒီနေ့ခေတ် မိန်းကလေးတွေ ခံယူချက်ပြောင်းကုန်ပြီ၊ဒလျှောက်သွားမယ်လာမပြောနဲ့၊ ဘတ်စ်ကားတွေကျပ်လွန်းတယ်၊နေပူထဲသွားတော့ အသားလေးမည်းပါမယ် ဆိုတဲ့သီချင်းစားသားကို သဘောကျလက်ခံနေကြပြီ။ရုပ်ဝတ်္တုသိပ်ဆန်လွန်း တာကိုအားမပေးပေမဲ့ သမီးရှင်တစ်ယောက်ဖြစ်တဲ့ ကျွန်မကတော့ ဒီစာသားလေးကိုလက်ခံနေမိတယ်။           ဒ
ဆံခြည်စေ့မျှမေ့မရလေဘူးဆိုတဲ့ မောင့်အချစ်မြားလဲ ကျွန်မတို့ အရွယ်ရောက်စမှာစူးခဲ့ကြတာ
ပါပဲ။မိန်းကလေးတစ် ယောက်ရဲ့ ကိုယ့်ချစ်သူအပေါ်ထားတဲ့အချစ်၊ ကိုယ့်ချစ်သူအပေါ်ကိုပိုင် ဆိုင်လိုမှုတစ်စိတ်တစ်ဒေသလှစ်ဟပြတဲ့ ဒီသီချင်းကိုခံစားပြီး ကြိုက်ခဲ့ကြတာပါပဲ။သူတို့ခေတ်မှာလည်း ရှင်ဖုန်းဆိုတဲ့ဒဒီနေရာကိုယ်သာပိုင်၊ဘယ်ခါအရှုံးနဲ့ မကြုံချင်ပါ---- ရင်မှာမေးချင်နေသော စကား၊အရင်လိုကိုယ့်ကိုချစ်သေးလားဒ ဆိုတဲ့စာသားလေးကိုပေးပြီးခံစားလိုက်ကြပါ။ကျွန်မဆိုလိုချင်တာက သီချင်းစာသားတွေ၊ ဂီတတွေက အဓိကမဟုတ်ပါဘူး။ဆယ်ကျော်သက်တွေ ခံစားကြည့်ချင်နေတဲ့ စိတ်ကလေးကို ခွင့်ပြုပေးဖို့ပါ။လူကြီးတွေရဲ့အကြိုက်နဲ့ မကိုက်ညီတာနဲ့ဒီသီချင်းတွေ နားမထောင်ရဘူး၊ဖွင့်ခွင့်မပေးဘူးလို့တော့ အနိုင်မကျင့်စေချင်ပါဘူး။
      သင်တန်းသူတွေယူလာသမျှ အခွေတွေဖွင့်ပေးရင်း ကျွန်မနဲ့ကျွန်မခင်ပွန်း အငြင်းအခုန် လုပ်ရပါတော့တယ်။သူ့နားထဲမှာ လည်း ဒီနေ့ခေတ်ရဲ့ သံစဉ်နဲ့စာသားကို အံမ၀င်ဘူးဖြစ်နေပါတယ်။ကျွန်မသမီးလေးကြီးလာရင်လည်း သူနဲ့သူ့အဖေ အငြင်းအခုန် လုပ်ကြရမဲ့အရေး ကျွန်မကြိုမြင်နေပါတယ်။လူကြီးနဲ့ လူငယ်ဆိုတာ ဒီလိုအသေးအဖွဲ့ကိစ်္စလေးတွေ အဆင်မပြေရင်းက ကြီးကြီမားမား ပြဿနာတွေဖြစ်သွားကြတာပါ၊ သဘောထားတွေကွဲလွဲကုန်ကြတာပါ။
      စာရေးဆရာ၊တေးရေးဆရာတွေ ဆိုတာခေတ်တစ်ခေတ်ရဲ့ ပုံရိပ်ကိုပုံဖော်ပေးနေကြသူတွေပါ။ကျွန်မတို့ငယ်စဉ်ကျေးလက်က လူငယ်တွေဒစာဥဒလွမ်းချင်းတေးကို မက်မက်မောမောအော်ခဲ့ ကြသ လို၊ဒီခေတ်ကျေးလက် လူငယ်တွေလည်း ကျားပေါက်ရဲ့ ဒမယ်တင်ဒ တမ်းချင်းတေးကိုအော်နေကြတာပါ။တို့ငယ်ငယ်ထဲက လွမ်းခဲ့တဲ့ စာဥ မင်းတို့ခေတ်မှာလည်းစာဥပဲဆက်လွမ်းနေရမယ်တော့ လုပ်လို့မရပါဘူး။
စာဥခေတ်က နေညိုချိန်တိမ်တောက်တာကိုကြည့်ရင်းဆုံခဲ့ကြပေ့မဲ့ မယ်တင်ရဲ့ခေတ်မှာတော့ ဦးတုတ်ကြီး ဗွီိဒီယိုရုံမှာဆုံကြတာ ဖြစ်ချင်ဖြစ် နေမှာပါ။စာဥတို့ခေတ်မှာ ရွာအ၀င်လမ်းလေးကိုပဲလွမ်းနေနိုင်ပေမဲ့ မယ်တင်တို့ခေတ်မှာတော့ ဆီကုန်နေတဲ့မီးခွက်အကြောင်းကလဲ မေ့ထားလို့မရပါဘူး။အမေတို့ခေတ်ကသုံးနှစ်သုံးမိုးစောင့်စားပြီး မိန်းကလေးတစ်ယောက်ကို ပိုးခဲ့ရပုံသီချင်းတွေခေတ်စားခဲ့မှာပါ။ကျွန်မ      အရွယ်ရောက်စမှာတော့ ကိုင်ဇာရဲ့ဒမြင်မြင်ချင်းတို့နှစ်ရောက်ဟာ အိနြေ်္ဒမရချစ်ကြတာ L...o....v.....e ..........Love”” လို့အော်နေကြပါပြီ။စားသုတ်သုတ်၊သွားသုတ်သုတ်လုပ်နေရတဲ့ ဒီဘက်ခေတ်မှာတော့  စိုင်းစိုင်းရဲ့“တိတ်တခိုးအချစ်ကြိတ်ပိုးဖြစ် ဘိုးဘွားခေတ်မှာချန်ကာထားရစ်----မြင်မြင်ချင်းအချစ်ကိုစိတ်မဆိုးသင့်” ဆိုတဲ့သီချင်းကိုကြိတ်ပြီးထောက်ခံနေကြမှာပါ။
        သီချင်းတစ်ပုဒ်ကို ကောင်းတယ်၊မကောင်ဘူးလို့ သတ်မှတ်ကြတဲ့နေရာမှာ နားထောင်သူရဲ့ စိတ်ခံစားချက်နဲ့ပဲဆိုင်ပါတယ်။ကိုယ့်စိတ်ခံစားမှုနဲ့ သီချင်းစာသားတည့်သွားကြတဲ့အခါ  ဒီသီချင်းကိုကြိုက်တယ်လို့ဖြစ်သွားတာပါ။သူတို့ခေတ်နဲ့သူတို့သီချင်း ခံစားနားထောင်ခွင့်  ပြုပေးကြပါ။
      ဒုတိယကလူငယ်တွေရဲ့ဝတ်စားဆင်မှုကိစ်္စပါ။ကျွန်မတို့အမေခတ်က ထမိန်ခြေမျက်စိ ဖုံးဝတ်မှလှတယ်လို့ ထင်ကြတာပါ။ ကျွန်မအပျိုဖော်ဝင်စမှာတော့ ကော်နီတို့ မေခလာတို့ကထမိန် တိုတိုဝတ်ပြီး စတိတ်စင်ပေါ်မှာ သီချင်းဆိုနေကြပါပြီ။ကျွန်မတက်္ကသိုလ်တတ်တဲ့အချိန် အမေ့ကွယ်ရာမှာထမိန်တိုတိုဝတ်ရတာကို အရသာတွေ့နေပါပြီ။ ဒီနေ့ခေတ်မှာတော့ ဂျင်းဘောင်းဘီ၊တီရှပ်နဲ့ ကျောပိုးအိတ် ယဉ်ကျေးမှုက ကမ်္ဘာပတ်နေပြီလို့ဆိုကြပါတယ်။မိန်းကလေးတစ်ယောက်အတွက် အရှက်အိနြေ်္ဒကို လုံခြုံမယ်ဆိုရင် ခွင့်ပြုသင့်ပါတယ်။သင်တန်းပေါင်းစုံ၊ ကျုရှင်ပေါင်းစုံ ဘတ်စ်ကားစီးပြီး ပြေးလွှားနေကြရတဲ့ မိန်းကလေးတွေအတွက် တီရှပ်ပွပွနဲ့ သိပ်မကျပ်တဲ့ ဘောင်းဘီက မြန်မာအင်္ကျီခါးတို ထက်စာ ရင်လုံခြုံမှုပိုရှိတယ်လို့ ထင်ပါတယ်။ကိုယ်သွားရမယ့်နေရာဒေသကိုတော့ ရွေးပြီးဝတ်ရမှာ ပေါ့လေ။
      ဆယ်ကျော်သက်ကျွန်မသင်တန်းသူတွေရဲ့ ငြီးတွားသံကိုမကြာခဏ ကြားရပါတယ်။ဒဒီအင်္ကျီကြီးအကြိုက်ဘူး၊အမေက အတင်းဝတ်ခိုင်းလို့ဒ၊ ဒဒီအရောင်ကသမီးနဲ့ မလိုက်မှန်းသိတယ်၊အမေ့ကို ပြောမရလို့ဒဆိုတဲ့ မကျေနပ်သံတွေပါ။အမေတို့ခေတ်မှာ အနီရောင်၊လိမေ်္မ်ာတောက်တောက် ၀တ်မှအလှပေါ်လွင်တယ် ထင်ကြပေမဲ့၊ ကျွန်မတို့ခေတ်ရောက်တော့ ဖက်ဖူးရောင်၊မော်ဒန်စိမ်းလေးမှ ဖက်ရှင်ကျတယ် ထင်လာကြတာပါ။ဒီနေ့ခေတ်မှာတော့  International Colour  ဆိုပြီး အနက်ရောင်ကိုထက်အောက်ဆင်တူ ၀တ်နေကြပါပြီ။ကျွန်မကိုယ့်ကိုကိုယ် အ၀တ်အစားဆင်တတ်စ အရွယ်ထဲက ကိုယ့်မျက်စိထဲ လှတယ်ထင်မှဝတ်ပါတယ်။ ဘယ်သူတွေက ဘယ်လောက်လှတယ်ဆိုဆို၊ ဒီအ၀တ်အစားနဲ့ ဘယ်လိုလိုက်တယ်ပြောပြော ကျွန်မမျက်စိထဲ မလှဘူးထင်ရင် မ၀တ်ပါဘူး။ကိုယ့်ကိုကိုယ့်လှ မလှ ကိုယ်အသိဆုံးဖြစ်တယ်ထင်လို့ပါ။သူတို့လေးတွေ မျက်စိနဲ့ လှမယ်ထင်တာလေးတွေ ၀တ်ခွင့်ပြုသင့်ပါတယ်။ ကိုယ့်တာဝန်ကိုယ်ယူရာလည်း ရောက်ပါတယ်။အလွန်အကျွံ မဖြစ်အောင်တော့ ၀ိုင်းထိန်းပေးရမှာပေါ့။
          တတိယအချက်က အမူအရာနဲ့အပြောအဆိုလေးတွေပါ။ဆယ်ကျော်သက် ဆိုတာ ဖိရင်ကြွ
တယ် ထိရင်ချမယ်လို့စိတ်ဆတ် နေတဲ့အရွယ်တွေပါ။သူတို့မှန်တယ်ထင်ရာကို ဇွတ်ပြော ပြီးအငြင်းသန်သူတွေပါ။သူတို့ကသာ အဲ့ဒီလို စိတ်အခြေခံဖြစ်နေမယ်၊ သူတို့ကိုတော့ နူးနူးညံ့ညံ့လေး ပြောမှကြိုက်ကြသူတွေပါ။မိဘတွေဘက်ကလည်း ဒဇောဒတွေအများကြီးကပ်နေကြတော့ စိတ်မရှည်နိုင်ကြပါဘူး။အမေကသူ စိတ်ဆိုးရင် ဒသမီးကိုကောင်မလို့ ခေါ်တယ်၊အဲ့ဒီအချိန်ဆို အမေ့ကိုသမီးသိပ်မုန်းတာပဲဒ တဲ့၊ကျွန်မသင်တန်းသူ တစ်ယောက်ရဲ့ ရင်ဖွင့်သံပါ။အဖေကိုချစ်တဲ့ သမီးတစ် ယောက်ကတော့ ညနေရုံးဆင်းလို့ သူ့အဖေအိမ်ပြန်လာရင် ထွက်ကြိုနေကျပါ၊တစ်ရက်တော့ သူ့အမေ ကဒဟိုမှာနင့်အဖေပြန်လာပြီပြောလို့ဒ ခြံအ၀င်ဝကို လှမ်းကြည့်လိုက်တာ သူမမြင်လိုက်လို့ “အမေက ဟုတ်လဲမဟုတ်ဘဲနဲ့” လို့ပြောလိုက်မိပါတယ်။အမေရဲ့တုန့်ပြန်ပုံကတော့ “ဟိုမှာနင့်လင်ဝင်လာတာ မမြင် ဘူးလား” ပါတဲ့၊အဲ့ဒီလိုပါးစပ် စည်းကမ်းမရှိတဲ့ အမေတွေနဲ့နေရတဲ့ ဆယ်ကျော်သက်တွေဘယ် လောက်များရှိနေမလဲ။အဲ့ဒီသမီးရဲ့ ရင်ထဲကိုဝင်ခံစားကြည့်လိုက်ပါ၊သူ့အချစ်ဆုံးအဖေ ကိုသူ့အမေ တပ်ပေးလိုက်တဲ့ ဂုဏ်ပုဒ်၊အဲ့ဒီနေ့ကစပြီး အဖေကိုခပ်ခွာခွာ နေလိုက်မိပါတယ်တဲ့။
      သားရှင်သင်တန်းသူ တစ်ယောက်ကတော့ သူ့သားအရွယ်ရောက်တော့ရိုင်းလာတယ်လို့ပြော ပါတယ်သူ့သားလေးက လေးတန်းပဲရှိပါသေးတယ်။တစ်နေ့ အဲ့ဒီကလေးက သူ့ညီမဆီက ကစားစရာတောင်းတာမရလို့ဆိုပြီးဆဲလိုက်တာ ကျွန်မသင်တန်းသူကြားလိုက်ရပါတယ်တဲ့။သူ့သားကိုရိုက်ပြီးဆုံးမတဲ့ အချိန်မှာတော့ သားရဲ့တုံ့ပြန်တဲ့စကားကြောင့် ဘာဆက်လုပ်ရမှန်း မသိတော့ဘူးတဲ့၊ဒဖေ့ဖေ့ကိုအရင်ရိုက်ပါလားမေမေ၊သူစိတ်တိုတိုင်း အဲ့ဒီလိုဆဲနေကြပဲဒတဲ့။အဖေ့ရဲ့ အပြုအမူ၊အနေအထိုင်တွေအားလုံးကို သားက အတုခိုးပါတယ်။ထို့အတူပါပဲ အမေရဲ့ စရိုက်တော်တော်များများက သမီးကိုလွှမ်းမိုးပါတယ်။မိဘတွေက ကိုယ်အမှတ်တမဲ့ လုပ်မိတဲ့ အပြုအမူ သားသမီးကလိုက်လုပ်ရင်မခံမရပ်နိုင်ဖြစ်တတ်ကြပါတယ်။      လူတွေတော်တော်များများက သူတို့လူကြီးဖြစ်သွားရင် လူငယ်ဘ၀ကဖြစ်သန်း ခံစားခဲ့ရတာတွေမေ့ပစ်လိုက်ကြပါတယ်။ကိုယ့်ရဲ့လက်ရှိရောက်နေတဲ့ဘ၀၊လက်ရှိသိနေတဲ့အသိတွေနဲ့ နှိုင်းယှဉ်ပြီးလူငယ်တွေကိုစိတ်တိုင်းမကျ ဖြစ်တတ်ပါတယ်။ကိုယ်အဲ့ဒီအရွယ်တုန်းကရော ဘယ်လောက်သိ၊ဘယ်လောက်လုပ်နိုင်ခဲ့သလဲ ဆိုတာ သတိမရကြတော့ပါဘူး။လူကြီးတွေဘက်က ကြည့်ရင်တော့ သူတို့လေးတွေအတွက် စေတနာအရင်းခံတာပါ၊လူငယ်တွေဘက်ကတော့ စေတနာဆိုတာ မြင်အောင်မကြည့် တတ်သေးတဲ့ အတွက် ကိုယ်ချင်းမစာကြဘူး၊ နားလည်မပေးနိုင်ကြဘူးလို့ပဲမြင်နေမှာပါ။ နောက်ဆုံးတင်ပြလိုတာက ဆယ်ကျော်သက်တွေနှဲ့နထ ကိစ်္စပါ။မိဘအများစုက အရွယ်ရောက်လာတဲ့သားသမီးတွေကို sex ကိစ်္စပြောဆိုဆွေနွေးဖို့ ၀န်လေးတတ်ကြပါတယ်။ တစ်ချို့ဆို ဒီကိစ်္စတွေကိုတမင်မသိရလေအောင် ကာထားတတ်ကြပါတယ်။ဒါပေမယ့်သူတို့နည်း သူတို့ဟန်နဲ့ သိလာကြတာပါပဲ။ဆေးပညာစာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတာတော့ (၆)လအရွယ်ကစလို့ လိင်နဲ့ ပတ်သတ်ပြီးသိနေပါပြီတဲ့။ အရွယ်ရောက်လာတဲ့ သမီးတစ်ယောက်အတွက် အမေတွေစိတ်ပူကြရပါတယ်။တချို့စိတ်ပူလွန်တဲ့ အမေတွေကြောင့် သမီးတွေနေစရာမရှိဖြစ်ရပါတယ်။အလွန်အကျွံစိတ်ပူနေမဲ့အစား သူတို့ကို ဒီကိစ်္စတွေနဲ့ပတ်သတ်လို့ရှင်းပြထားသင့်ပါ တယ်။
 မဂ်္ဂဇင်းတွေ၊ဂျာနယ်တွေ ဖတ်တတ်နေပြီဖြစ်တဲ့ လေတန်းကျောင်းသားလေး တစ်ယောက်က သူ့အမေကို မေးပါတယ်၊ဒမေမေ ပုတ်သင်ညိုပုံနဲ့ ဟာကြီးကဘယ်မှာသုံးရတာလဲ ဒတဲ့။အမေလုပ်တဲ့သူက ဒီကိစ်္စကိုရှင်းပြရမှာစိုးတဲ့အတွက် ကုန်ပစ်္စည်းကြော်ငြာ တစ်ခုပါလို့ ဝေ့လည်လည်အဖြေပေးလိုက်ပါတယ်။Condom  လို့ကလေးက သူ့ဘာသာသူသိလာတဲ့ အခါမှာတော့အမေကို မှတ်ချက်ချလိုက်ပါတယ်၊
“အမေက ဘာဗဟုသုတမှလဲမရှိဘူးတ”။  
       ကျွန်မ သားသမီးဆိုတဲ့ ဘ၀ကိုဖြတ်သန်းပြီးခဲ့ ပါပြီ၊ ယခုလက်ရှိ ဇနီးသည်ဆိုတဲ့ ဘ၀နဲ့ မိခင်ဘ၀ကိုဖြတ်သန်းနေဆဲပါ၊ ဒါ့အပြင်သင်တန်းဆရာမဆိုတဲ့ဘ၀ကိုလည်းယူထားပါသေးတယ်။ဖြတ်သန်းပြီးခဲ့တဲ့ ဘ၀ကိုပြန်ပြင်လို့ မရတော့ပေမဲ့ ဖြတ်သန်းနေဆဲ ဘ၀တွေထဲ မှာတော့အတတ်နိုင်ဆုံး အမှားလုပ်မိတာနည်းချင်ပါတယ်။ဒါကြောင့်လည်း ကျွန်မခင်ပွန်း၊သမီးလေးနဲ့ သင်တန်းသူတွေအပေါ်မှာ အာရုံအပြည့်ထားပြီး ဆက်ဆံပြောဆိုလေ့ရှိပါတယ်။ကျွန်မ သင်တန်းပြနေတဲ့ချိန်မှာတော့ ကျွန်မသင်တန်းသူတွေက အရေးကြီးဆုံးသူတွေပါပဲ။ သမီးလေးနဲ့ နေတဲ့အချိန်မှာ သမီးက ကျွန်မအတွက် အရေးကြီးဆုံးပုဂ်္ဂိုလ်ပါပဲ။ဇနီးသည်တစ်ယောက်ရဲ့ဘ၀ကိုယူထားချိန်မှာတော့ ကျွန်မခင်ပွန်းက ကျွန်မအတွက်တော့ VIP ပါပဲ။
     ကျွန်မသိခဲ့သမျှအတွေ့အကြုံလေးတွေ မျှဝေရုံသက်သက်ပါ၊စာဖတ်သူတို့သိထား တဲ့အတွေ့အကြုံလေးတွေနဲ့ ပေါင်းစပ်ပြီး ဖြတ်သန်းနေဆဲ ဘ၀တွေထဲမှာ အဆင်ပြေပြေနေနိုင်ကြပါစေ။      

ဖြတ်သန်းခဲ့ရ နှစ်ဘ၀။

   ကျွန်မရောကျွန်မခင်ပွန်းသည်ပါ စာဖတ်ဝါသနာရှိသူတွေမို့ ကျွန်မတို့မွေးဖွား လာတဲ့ရင်သွေးလေးကိုလည်း စာဖတ်ဝါသနာပါတဲ့သူ ဖြစ်စေချင်ကြတယ်။ကိုယ်ဝန်ရှိတဲ့ အချိန်ကစလို့ကျွန်မတို့ဝင်ငွေရဲ့သုံးပုံတစ်ပုံကိုစာအုပ်ဝယ်စု ဖြစ်ကြတယ်။နှစ်ဦးစလုံး ကအစိုးရ၀န်ထမ်းတွေမို့ လစဉ်တော့ပုံမှန်မ၀ယ်နိုင်ပါဘူး၊မွေးဖို့ဖွားဖို့လဲစုရသေးတယ်လေ။
အဓိက၀ယ်ဖြစ်တဲ့စာအုပ်တွေကတော့ မိဘနဲ့သားသမီးဆက်ဆံရေး၊ရသစာပေ၊သုတစာပေနဲ့ ကျန်းမာရေးဆိုင်ရာပညာပေးစာအုပ်တွေပါ။
      ဘ၀မှာရွေးချယ်ခွင့်တွေများစွာရှိပေမဲ့ မိဘတို့ သားသမီးတို့ဆိုတာရွေးချယ်ခွင့် မရှိပါဘူးအတိတ်ကံကြောင်းအရတွေ့ဆုံတော်စပ်ကြရတာပါ။တော်စပ်လာကြတဲ့ မိသားစုတိုင်းမှာလည်း မိဘနဲ့သားသမီးကြားလွဲမှားတဲ့ ပဋိပက်္ခ လေးတွေရှိစမြဲပါ။မိဘတွေဘက်က စေတနာအမှားရှိကြသလို၊သားသမီးတွေဘက်ကလည်းမိဘနေရာကိုဝင်ပြီး ကိုယ်ချင်းမစာ တတ်ကြသေးပါဘူး။
        ကျွန်မရဲ့ငယ်ဘ၀မှာလည်း စိတ်ဒဏ်လေးရှိခဲ့တာမို့ မိခင်လောင်းဘ၀ကိုပိုင်ဆိုင် ထား ချိန်မှာ စာတွေပိုဖတ်ဖြစ်ပါတယ်။ဒေါ်ရီကြိန်ရဲ့ (အပေးအယူမျှပါစေ)၊ ဆူဒိုနင်ရဲ့ (သားငယ်သမီးငယ်များ ပဲ့ပြင် ထိန်းကျောင်းခြင်းအနုပညာ)စာအုပ်တွေဆို ကျွန်မရဲ့လက်စွဲပေါ့။
     ကျွန်မစိတ်ဒဏ်ရခဲ့တာဒီလိုပါ။ကျွန်မ(၆)တန်းနှစ်မှာ အစ်မ၀မ်းကွဲတစ်ယောက်  ကျွန်မတို့အိမ်ကိုရောက်လာပါတယ်။သူ့မိဘတွေကတောဘက်မှာနေလို့  ကျွန်မအဖေတာဝန်ကျရာ နယ်မြို့လေးမှာကျောင်းလာထားတာပါ။အမေဘက်ကတော်စပ်တဲ့အစ်မပါ။ကျွန်မ မောင်နှမအရင်းလေးယောက်ထဲမှာ ကျွန်မတစ်ယောက်သာမိန်ကလေးပါပြီး ကျန်သုံးယောက် ကယောက်ျားလေးတွေပါ။အစ်ကိုတွေမောင်တွေကြားထဲနေရတဲ့ သမီးပီပီ အစ်မရောက်လာခြင်းကို ၀မ်းမြောက်ဝမ်းသာကြိုဆိုမိပါတယ်။
      ကျွန်မအစ်ကိုနဲ့အစ်မ၀မ်းကွဲက(၈)တန်းကျောင်းသားတွေပါ။မောင်အလတ်က (၄)တန်းကျောင်းသားဖြစ်ပြီး၊အငယ်ဆုံးမောင်လေးက မူကြိုတက်နေတုန်းပါ။ အဖေက အစိုးရဌာန တစ်ခုရဲ့ စက်ရုံတစ်ရုံမှာ စက်ရုံးမှူးတာဝန်ထမ်းဆောင်နေချိန်ပါ။အစိုးရအရာရှိပီပီ စည်းစနစ်ကြီးပါတယ်။ကျွန်မအခုချိန်မှ စည်းစနစ်ရှိတယ်လို့သိတာပါ၊ငယ်စဉ်ကတော့ အတော်လက် ပေါက်ကပ်တဲ့အဖေလို့ထင်ခဲ့မိပါတယ်။အမေကတော့သားသမီးတွေ အားလုံးရဲ့ဆန်္ဒကိုဖြည့်ဆည်းပေးချင်သူပါ။သူမဖြည့်ဆည်းပေးနိုင်တဲ့ ကိစ်္စဆိုရင် သားသမီးဘက်က ရပ်တည်ပြီးအဖေ့ကိုအရေးဆိုရပါတယ်။
          ကျွန်မတို့မောင်နှမတွေအားလုံး မုန့်ဖိုးလိုချင်ကြပါတယ်။အမေကလည်းပေး ချင်ပါတယ်၊ ဒါပေမဲ့အဖေကပိုက်ဆံကိုင်သုံးစွဲမှာကို မကြိုက်လို့ဆိုပြီး မုန့်ဝယ်ထည့်ပေးလိုက်ပါတယ်။အမေ့ရဲ့အကြိမ်ကြိမ်အရေးဆိုပေးမှုကြောင့် နောက်ဆုံးမှာမုန့်ဖိုးကိုင်သုံးခွင့်ရခြဲ့ကပါတယ်။
         
အဖေကတစ်တန်းကို ဆယ်ပြားနှုန်းပေးပါတယ်။အစ်ကိုနဲ့အစ်မက(၈)တန်း ဆိုတော့ပြားရှစ်ဆယ် ရပါတယ်။ကျွန်မက(၆)တန်းဆိုတော့ပြားခြေက်ဆယ်ပေါ့၊မောင်အလတ်က (၄)တန်းဆို  တော့ပြားလေးဆယ်ပါ။မောင်နှမတွေအားလုံး မုန့်ဖိုးကိုင်သုံးခွင့်ရလို့အတော့်ကိုပျော်နေကြပါတယ်။
        
         ကျွန်မပိုက်ဆံအိတ်လေးတစ်အိတ်လိုချင်နေပါတယ်။ကျူရှင်မှာ ကျွန်မသူငယ် ချင်းတစ်ယောက် ကိုင်လာတာကိုတွေ့တာပါ။သူငယ်ချင်းကသူ့အမေ၀ယ်ပေးတဲ့ဆိုင်ကိုပြပါတယ်။ကျွန်မအိမ်အပြန်လမ်းပေါ်မှာပါ။မုန့်ဖိုးတွေကိုစုပြီးပိုက်ဆံအိတ်လေးဝယ်ဖို့တွေးထားပါတယ်။တစ်ကယ်တော့ကျွန်မတို့ရတဲ့ မုန့်ဖိုးကသုံးစရာတောင်မလိုပါဘူး။အမေကမနက်ဆိုရင် ပဲပြုတ်နဲ့ထမင်းကြော်ကျွေးပါတယ်။ကျောင်းမှာလည်းနေ့လည် ထမင်းစားချိန်ဆိုရင် ထမင်း ချိုင့်ဖွင့်စားရုံပါပဲ၊ညနေကျောင်းဆင်းလို့ အိမ်ပြန်ရောက်ရင် အမေကမုန့်တစ်ခုခုအမြဲလုပ် ထားတတ်ပါတယ်။ကျွန်မအတွက်တော့မုန့်ဖိုးအပိုစုရုံပါပဲ။
       စိတ်ကူးလေးနဲ့မုန့်ဖိုးတွေစုခဲ့တာ ပိုက်ဆံအိတ်ရဖို့အတော်နီးနေပါပြီ။စိတ်ကူးလေးပုံမပေါ်ခင် တစ်နေ့မှာအိမ်ကိုဝင်ထွက်နေတဲ့ဧည့်သည်ရဲ့ ပိုက်ဆံပျောက်ပါလေရော။ ကျွန်မ အဖေတာဝန်ယူထားတဲ့ စက်ရုံက တောင်သူလယ်သမားတွေကိုထွန်စက်နဲ့ အပိုပစ်္စည်းရောင်းပေးရပါတယ်။အခုပိုက်ဆံပျောက်တဲ့ ဧည့်သည်ကသူပိုက်ဆံပျောက်နေတာ သုံးခါတောင်ရှိပြီ၊ဆရာနဲ့အစ်မ(ကျွန်မအဖေနဲ့အမေ)ကိုအားနာလို့ မပြောဘဲနေ နေတာတဲ့။အဲဒီအချိန်မှာအဖေက အစည်းအဝေးတက်ဖို့ တိုင်းမြို့ကိုခရီး ထွက်နေပါတယ်။တာဝန်အရှိဆုံး  အမေ ခေါင်းမီးတောက်တော့တာပါပဲ။စက်ရုံမှူးအိမ်မှာပိုက်ဆံ ပျောက်တယ်ဆိုတာ အတော် ကြားမကောင်းတဲ့ကိစ်္စပါ။ပျောက်တဲ့ပိုက်ဆံပမာဏ သိပ်မများ ပေမဲ့ ကလေးတွေအကျင့်စာရိတ်္တပျက်မှာစိုးလို့ တိုင်တာပါလို့ ဧည့်သည်ကပြောတော့အမေ ခမျာ  ရှက်လည်းရှက်၊ဒေါသလည်းအတော်ထွက်နေပါတယ်။ပိုက်ဆံကိုင်သုံးခွင့်ရထားတဲ့မောင် နှမလေးယောက်ကိုခေါ်ပြီး စစ်တော့တာပါပဲ။အစ်ကိုကြီးနဲ့မောင်အလတ်မှာ မုန့်ဖိုးလက်ကျန် တစ်ပြားမှ မရှိတဲ့အတွက် အမေ့ရဲ့မူအရ ဆက်လက်စစ်ဆေးစရာမလိုတော့ပါဘူး။           အစ်မ၀မ်းကွဲနဲ့ကျွန်မမှာပိုက်ဆံရှိနေပါတယ်။အမေက ကျွန်မတိုပိုင်စာ ကြည့်စားပွဲနဲ့လွယ်အိတ်တွေပါအကုန်စစ်ဆေးတာပါ။အစ်မကအရင်အစစ်ခံရပါတယ်။ဘာကြောင့်ပိုက်ဆံတွေအများကြီး ရှိနေတာလဲဆိုတဲ့မေးခွန်းကိုကျောင်းကထိန်ကပိုက်ဆံပါ၊ အတန်းမော်နီတာဖြစ်နေလို့ သိမ်းထားရပါတယ်ဆိုတဲ့ အဖြေနဲ့အမေ့ကိုကျေနပ်စေပါတယ်။ 
    လာပါပြီကျွန်မအလှည့်။ပိုက်ဆံအိတ်ဝယ်ချင်လို့ မုန့်မစားပဲစုထားပါတယ်ဆိုတဲ့ အဖြေဟာ အမေ့ဒေါသကိုပိုတိုးစေပါတယ်။ကျန်တဲ့မောင်နှမသုံးယောက် အစစ်အဆေးမှ ကင်း လွတ်ခွင့်ရပြီး ကျွန်မတစ်ယောက်ကိုပဲ အခန်းပိတ်စစ်ပါတော့တယ်။စက်ရုံမှူးအိမ်မှာပိုက်ဆံ ပျောက်တဲ့ကိစ်္စ လက်သည်မပေါ်ရင် အမေ့အတွက်အတော်ပဲဂုဏ်သိက်္ခာကျဆင်းရမှာမို့ လက်သည်ပေါ်မှဖြစ် မှာပါ။ချော့တစ်ခါ ခြောက်တစ်လှည့်စစ်မေး နေပေမဲ့အဖြေကတစ်ခု တည်းထွက်နေတာမို့ နောက်ဆုံးတော့ အမေဟာကျွန်မကိုယူပါတယ်လို့ဝန်ခံခိုင်းတော့တာပါပဲ။ ကျွန်မငြင်းဆန်တဲ့ အခါမှာတော့ ကြိမ်လုံးနဲ့ရိုက်နှက်ပြီး ဒီပိုက်ဆံကိုယူမိပါတယ်လို့ပြော ခိုင်းပါတော့တယ်။ဧည့်သည်လဲမနေသာတော့ပဲ ဘယ်သူယူသလဲဆိုတာသိပြီပဲ အစ်မရယ် တော်ပါတော့ဆိုမှ ရိုက်တာကိုရပ်ပါတော့တယ်။     ပိုက်ဆံအိတ်လေးနဲ့ဝေးခဲ့ရလို့ ကျွန်မအတော့်ကိုဝမ်းနည်းခဲ့ရပါတယ်။ကျွန်မ မယူမိတဲ့ပိုက်ဆံအတွက်ဓသူခိုးဓဆိုတဲ့ဂုဏ်ပုဒ်ကိုလည်းအတပ်ခံရပါတယ်။အစ်ကိုတွေမောင်တွေက ဟုတ်မှာပဲဆိုတဲ့အကြည့်၊ကစားဖော်တွေကကစားနည်းနဲ့မနိုင်ရင်  တို့က သူများ လိုပိုက်ဆံမခိုး ဘူးဆိုတဲ့အပြော၊ကျွန်မအဲဒီအရွယ်မှာ ရှက်တတ်နေပါပြီ။ပိုက်ဆံစုမိတာမှားလေခြင်း၊ ငါ့လက်ထဲပိုက် ဆံတစ်ပြားမှ မရှိရင်ဒီလိုအစွတ်စွဲခံရမှာမဟုတ်ဘူးဆိုတဲ့အတွေး ကလေးဘ၀က တွေးခဲ့မိပါတယ်။
     အဖေခရီးသွားကပြန်ရောက်လာတော့ အမေကဖြစ်ကြောင်းကုန်စင်ရှင်းပြပါတယ်။အဖေကတော့တစ်ခွန်းပဲမေးပါတယ်၊ ဓသမီးယူတယ်လို့ဝန်ခံလားဓတဲ့။နောက်တစ်လအကြာ အဖေ့အိတ်ထဲကပိုက်ဆံပျောက်ပြန်ပါတယ်။အဖေလည်းမောင်နှမလေးယောက်လုံးကိုခေါ်ပြီး စစ်ဆေးပြန်တယ်။ထုံးစံအတိုင်း အစ်ကိုကြီးနဲ့မောင်အလတ်ကတော့ ပိုက်ဆံမရှိကြပါဘူး။ကျွန်မအမှတ်သညာနည်းစွာ စုထားမိတဲ့မုန့်ဖိုးကလည်း ပျောက်တဲ့ပိုက်ဆံပမာဏနဲ့ အတော်ကိုကွာပြီးနည်း နေပါတယ်။အစ်မ၀မ်းကွဲမှာတော့ ပိုက်ဆံအတော်အတန်ရှိနေပါတယ်။
        အဖေစစ်ဆေးပုံက ထမင်းစားခန်းထဲကစားပွဲမှာ အမေအပါ အ၀င်အားလုံး ကိုထိုင် ခိုင်းပါတယ်။ကျွန်မတို့နှစ်ယောက်ဆီက ရှာတွေ့ တဲ့ပိုက်ဆံတွေ ကိုစားပွဲပေါ်တင်ထားပါတယ်။အဖေကအစ်မကို ဒီပိုက်ဆံတွေဘယ်ကရသလဲလို့မေးပါတယ်။အစ်မအဖြေကလည်း အရင်အတိုင်းပါပဲ၊ ကထိန်အတွက် ပိုက်ဆံပါ၊မော်နီတာဖြစ်နေလို့ သိမ်းထားရပါတယ်တဲ့။အဖေကသေချာလားလို့နောက်တစ် ကြိမ်မေးတဲ့အခါ အစ်မကလည်းသေချာကြောင်းပြောပါတယ်။
အဖေကအစ်ကိုကြီးကိုစာရွက်တစ်ရွက်ပေးပါတယ်။စာရွက်ထဲမှာ အက်္ခရာနဲ့ ဂဏန်းနံပါတ် တွေရေးထားပါတယ်၊ပြီးတော့အစ်မကိုသူ့ပိုက်ဆံမှာပါတဲ့နံပါတ်တွေကိုအော်ဆိုခိုင်းပါတယ်။သူဆိုတဲ့နံပါတ် စာရွက်ထဲမှာပါရင် အစ်ကိုကအမှတ်ခြစ်ရပါတယ်။ ဥပမာ-ဂဌ၈၃၇၁၇၅၅လို့ အစ်မကအော်ရင် အဖေပေးထားတဲ့ အစ်ကို့စာရွက်ထဲမှာ အဲ့ဒီနံပါတ်တွေပါနေပါတယ်။                                
        အဲ့ဒီလိုနဲ့တိုက်စစ်လာလိုက်တာ အစ်ကို့စာရွက်ထဲမှာ အမှတ် ခြစ် ရာ တွေ ပြည့် သွား ပါတယ်။စာရွက်ထဲကနံပါတ်တွေနဲ့ အစ်မပိုက်ဆံရဲ့နံပါတ်တွေ ဘာဖြစ်လို့တူနေရတာ လဲလို့ကျွန်မတို့ မောင်နှမတွေ တော်တော်အံ့သြကြပါတယ်။အဲ့ဒီအရွယ်မှာ ကျွန်မတို့တစ်တွေဟာ ပိုက်ဆံတစ်ရွက်နဲ့တစ်ရွက် အက်္ခရာတွေ၊နံပါတ်တွေကွဲလွဲသွားတယ်ဆိုတာ ဘယ်သူမှမသိကြ သေးပါဘူး။အဖေကသူ့ရဲ့ပျောက်မဲ့ ပိုက်ဆံတွေအတွက် နံပါတ်နဲ့အက်္ခရာကူးရေးထား ပြီးသားဖြစ်နေတာပါ။အဖေရှင်းပြမှကျွန်မတို့တွေသိကြပါတယ်၊ဒီခေတ်ကလေးတွေ ဆိုရင်တော့ သိချင်သိနေကြမှာပါ။အဖေကအစ်မကိုဆက်စစ်ဆေးပါတော့တယ်။ကျောင်းကထိန်အတွက်ပိုက်ဆံဆိုရင်လဲ အတန်းပိုင်ဆရာမနဲ့လိုက်တွေ့မယ်လို့ပြောပါတယ်။အဲဒီတော့မှအစ်မကသူယူ ကြောင်းဝန်ခံပါတယ်။အဖေကအမှုဟောင်းကိုပါပြန်ဖော်ပါတော့တယ်။ဧည့်သည်ပိုက်ဆံပျောက်တဲ့ကိစ်္စပါမေးတော့ အဲဒီတုန်းကလည်းသူယူတာပါတဲ့။အဖေကိုညာလို့ မရဘူးဆိုတာသိ လို့ထင်ပါရဲ့ အလွယ်တကူပဲဝန်ခံပါတယ်။  
အမေဟာအဲဒီအချိန်ကျမှ အတော်ကြေကွဲပါတော့တယ်။အမေရဲ့ “ စိတ် မကောင်း လိုက် တာ သမီးရယ်”  ဆိုတဲ့စကားတစ်ခွန်းက ကျွန်မရဲ့ “သူခိုး ”လို့အစွတ်စွဲခံခဲ့ရတဲ့အချိန်တုန်းကလို လူသိမများ ခဲ့ပါဘူး။အရွယ်တွေကြီး၊အတန်းပညာတွေတတ်လာတဲ့ အချိန်မှာတော့ကျွန်မပြန်သုံး သပ်မိပါတယ်။အမေ့ခမျာ အတန်းပညာလည်း သိပ်မတတ်တော့အဖေ့လိုပညာသားပါပါ ဘယ်လိုလုပ် သူခိုးဖော်ထုတ်နိုင်မှာလဲ၊အမှုပေါ်ရေးသာအဓိကထားခဲ့ တာကိုး၊သူ့သားသမီးတွေ အကျင့်စာရိတ်္တပျက်ပြားမှာပဲ စိုးရိမ်မိခဲ့တာကိုးလို့ ဖြေတွေးတွေးကြည့်ခဲ့ပါတယ်။
          ဒါပေမဲ့သမီးလေးမွေးဖွားပြီးတဲ့အချိန်မှာတော့ တမင်မတွေးပါပဲ အလိုလိုအဲဒီဖြစ်ရပ်  ကိုပြန်သတိရနေတတ်ပါတယ်။ကိုယ့်အလှည့်ကျရင်လည်း သမီးလေးကိုမှားယွင်းပြီး ဆုံးမမိမှာစိုးရိမ်နေပါတယ်။သမီးလေးမွေးဖွားပြီးနောက် ကျွန်မအစိုးရအလုပ်ကထွက်လိုက်ပါတယ်၊ အိမ်မှာပဲ င်္ငအညနျ ဃနညအနမ လေးတစ်ခုဖွင့်လိုက်ပါတယ်။ဝင်ငွေလေးအဆင်ပြေလာမို့အမေကို လစဉ်ကန်တော့နိုင်လာပါတယ်။ကျွန်မရဲ့စိတ်ဒဏ်ဘယ်လောက်များ ဆိုးသလဲဆိုရင် အမေ့ ကိုလစဉ်ငွေကြေးကန်တော့တိုင်း ငယ်ဘ၀ကဖြစ်ရပ် ကိုပြန်မြင်ယောင်လာလို့ မနည်း ကြိုးစားပြီးဖျောက်ခဲ့ရပါတယ်။
       အခုတော့ကျွန်မအလှည့်ရောက်လာပါပြီ။စာဖတ်နာတဲ့မိခင်၊ဥာဏ်ပညာနဲ့ သုံးသပ်တတ်တဲ့မိခင်တွေဟာ သားသမီးကိုနားလည်နိုင်တယ်၊ ထိန်းကျောင်းနိုင်တယ်၊ အမှား နည်းမယ်လို့ ကျွန်မတထစ်ချမှတ်ယူထားပါတယ်။တစ်ကယ်လည်းကျွန်မကြိုးစားပြီး နေထိုင် ကျင့်ကြံ့ခဲ့ ပါတယ်။သမီးလေးI.Q  မြင့်တာကျွန်မကြောင့်လို့တောင် ထင် တစ်လုံးနဲ့နေခဲ့ တာပါ။သမီးလေး(၂)နှစ်အရွယ်ရောက်တော့ ကျွန်မအိမ်မှာ Private Library လေး တစ်ခုထောင်လိုက်ပါတယ်။ကျွန်မသင်တန်းသူတွေနဲ့အိမ်နီးချင်းကလေးတွေကို စာဖတ်ဖြစ်အောင် ကျွန်မတိုက်တွန်းကြိုးစာခဲ့ပါတယ်။ဖတ်ပြီးတဲ့စာအုပ်တွေကို ဆွေးနွေးကြဖို့၊သူ့အမြင် ကိုယ့်အမြင်လေးတွေဖလှယ်ဖို့ ကျွန်မအချိန်ပေးခဲ့ပါတယ်။ထိုက်သင့်သလောက် အောင်မြင်ခဲ့ ပါတယ်။
      ကျွန်မသမီး၂နှစ်ခွဲအရွယ်မှာ တွတ်တီးတွတ်တာတွေ ပြောတတ်လာပါတယ်။ဥာဏ်ရည်လည်းမြင့်လို့ လေ့လာစူးစမ်းတာတွေသိပ်လုပ်တတ်ပါတယ်။ အိမ်နီးချင်းမိသားစုတွေမှာ ကလေးအငယ်မရှိကြလို့ သမီးကိုပဲဝိုင်းချစ်နေကြပါတယ်။ကျွန်မသမီးကစိတ်လည်း ကောက်တတ်ပါတယ်။ သူစိတ်ကောက်ရင် ကြမ်းပြင်မှာတုံးလုံးလှဲပြီး Tom&Jerry            ကာတွန်းကားထဲကကြောင်လေးလို ခြေရောလက်ပါဆင်းပြီးနေပြတတ်ပါတယ်။သူ့ရဲ့အမူအရာကိုချစ်ကြတော့ သင်တန်းသူတစ်ချို့နဲ့အိမ်နီးချင်းတွေကမကြာခဏ စတတ်ကြပါတယ်။ကျွန်မကလည်းကျေနပ်မိတာပါပဲ။
            တစ်နေ့တော့အိမ်နီးချင်းတစ်ယောက်က သမီးလိုချင်တဲ့အရုပ်လေးကို ပေးမလိုလုပ်ပြီး ပြန်ဖွက်ထားပါတယ်။သမီးကစိတ်ကောက်တဲ့အမူအရာမပြတော့ဆက်မစတော့ ဘဲပေး လိုက်ပါတယ်။အဲဒီအချိန်ကျတော့မှ သမီးကမယူဘဲ လွင့်ပစ်လိုက်ပါတယ်။ကျွန်မ သမီးရဲ့အမူ အရာကို မကြိုက်ဖြစ်သွားပါတယ်။သမီးကိုပြန်ကောက်လို့ ကျွန်မပြောတော့ မသိသလို
အမူအရာလေး လုပ်နေပါတယ်။ကျွန်မအမျိုးသားက သူ့ခြေသလုံးလေးကိုရိုက်ပြီး “ ကောက် ” လို့ ပြောတော့ ငိုမဲ့မဲ့နဲ့လှဲအိပ်လိုက်ပါတယ်။ဒါပေမဲ့အရုပ်ကို သူပြန်မကောက်ပါဘူး။ကျွန်မဒေါသအတော်ထွက်သွားပါတယ်။ဒီအရွယ်လေးနဲ့ဒီအမူအရာ ဒီစိတ်ရှိနေရမလားဆိုပြီး  သုံးလေးချက်ဆင့်ရိုက်လိုက်ပါတယ်၊ပါးစပ်ကလည်း ကောက် အခုကောက်လို့ပြောနေမိပါတယ်။ ကျွန်မရိုက်လိုက်တိုင်း လှဲအိပ်ပြီးသာငိုတယ် အရုပ်လေးကိုတော့ သူပြန်ကောက် မပေးပါဘူး။
            အဲ့ဒီအချိန်ကျွန်မအိမ်မှာ သင်တန်းသူတစ်ချို့နဲ့ အိမ်နီးချင်းတွေရှိနေပါတယ်။ကျွန်မစကားမအောင်တဲ့အတွက်ရှက်လည်းရှက် ဒေါသလည်းထွက်သွားပါတယ်။ကျွန်မသမီးကို ဆင့်ကာဆင့်ကာ ရိုက်လိုက်မိပါတော့တယ်။အဲ့ဒီအချိန်မှာတော့ကျွန်မစိတ်ထဲမှာ ဒေါ်ရီကြိန်လည်းမရှိ၊ဆူဒိုနင်ဆိုတာလည်း ဘယ်ရောက်နေမှန်းမသိတော့ပါဘူး။ကျွန်မကိုကျွန်မ မာနတွေကသာ ဖုံးလွှမ်းနေပါတော့တယ်။
        ကျွန်မနဲ့စာဆွေးနွေးဘက်လည်းဖြစ်၊ညီမတစ်ယောက်လိုခင်နေတဲ့ အိမ်နီးချင်းမိန်းက
 လေးက  သမီး ရဲ့ဖြစ်အင်ကိုသဘောပေါက်သွားပါတယ်။မိဘနှစ်ပါးရဲ့ ကောက်လို့ပြောနေတဲ့ စကားကို ၂နှစ်ခွဲအရွယ်သမီးငယ်က စိတ်ကောက်ခိုင်းနေတယ်ထင်တာပါ။အဲ့ဒီမိန်းကလေးကပဲမီးမီးလေး မမကိုအဲ့ဒီအရုပ်ယူပေး  လို့ပြောတော့မှ မျက်ရည်စက်လက်နဲ့ အရုပ်လေးကို            
ကောက် ပေးပါတော့တယ်။ကျွန်မ ဘယ်လိုဖြစ် သွားမှန်းမသိတော့ပါဘူး။ကျွန်မမျက်စိထဲမှာ               
ရုပ်ရှင် အနှေးပြကွက်လို ကျွန်မရဲ့ငယ်ဘ၀ဖြစ်ရပ်နဲ့သမီးလေးရဲ့ ရိုးသားတဲ့တုန့်ပြန်မှုတွေ           တစ်လှည့်စီပေါ်နေပါတော့တယ်။အမျိုးသားရော ကျွန်မပါတော်တော်နဲ့စကားမပြောနိုင်ပါဘူး။
အမျိုးသား ကတော့သမီးကို ပွေ့ပြီးငြိမ် နေပါတော့တယ်။     
          ကျွန်မသမီးကိုရိုက်ပြီးဆုံးမတဲ့နေရာမှာ သမီးကိုလိမ်္မာစေချင်တဲ့ ဆန်္ဒထက်ကျွန်မမာန        
ကြောင့်ရိုက်တာဆိုရင်ပိုမှန်ပါလိမ့်မယ်။ငါပြောရင် ငါ့သမီးက တစ်ခွန်းထဲနဲ့ရ တယ်ဆိုတဲ့
စိတ်၊ငါပြုစုပျိုးထောင်ထားတဲ့ သမီးကဒီအရွယ်လေးနဲ့ဒီလောက်သိနေပြီ၊ဒီလောက်တော်နေပြီလို့
အထင်ခံချင်တဲ့စိတ်တွေကလွှမ်းမိုးနေပါတယ်။နှစ်နှစ်ခွဲအရွယ်သမီးငယ်ကို ဖြည့်တွေးနားလည်
မပေးနိုင်လောက်အောင် ကျွန်မမာနတွေကြီးထွားခဲ့တာပါ။ 
              ကျွန်မအမေ ကျွန်မကိုရိုက်ပြီးဆုံးမတုန်းက ပိုက်ဆံတစ်ကယ်ခိုးတယ်ထင်လို့အကျင့်
 စာရိတ်္တပျက်ပြားမှာစိုးတဲ့စိတ်နဲ့ပါ။အတန်းပညာတွေတတ်ရင်၊စာပေဗဟုသုတတွေကြွယ်ဝရင်          ဒီလိုအမှားမျိုးဖြစ်မှာမဟုတ်ဘူးလို့ ထင်ခဲ့မိပါတယ်။ကျွန်မဘွဲ့ရတစ်ယောက်ပါ၊ စာပေ တွေဖတ်ရုံတင်မက Private Library လေးထောင်ပြီးလူငယ်တွေနဲ့ အတွေးအမြင် ဖလှယ်နေ တဲ့သူပါ။ကျွန်မပတ်ဝန်းကျင်က လူငယ်လေးတွေ သူ့တို့မိဘနဲ့ပဋိပက်္ခဖြစ်ရင်  ပုဏ်္ဏားတိုင်လုပ် ပြီးပြောဆို ဆုံးမ နေသူပါ။ကျွန်မသမီးတစ်ယောက်ထဲမွေးထားပြီး ကူဖော် လောင်ဖက် မိန်း ကလေးလည်းရှိနေပါတယ်။ မိသားစု စီးပွားရေးအရ မချမ်းသာသော်လည်း မကြောင့်မကျနေ နိုင်ပါ တယ်၊ အနားယူချိန် စာဖတ်ချိန်တွေ ရှိပါတယ်။စိတ်ဖိစီးမှု တွေသိပ်မများတဲ့ မိသားစုဘ၀ ကိုပိုင်ဆိုငထားသူပါ။ဒါတောင်မှ ကျွန်မ အမှန်မမြင်နိုင် ပါဘူး၊ဘာမှနားမလည်သေးတဲ့ သမီးကို အမှားလုပ် မိပါသေးတယ်။  
     အမေ့မှာသားသမီးလေးယောက်၊တူမတစ်ယောက်နဲ့ ရုံးဝန်ထမ်းခင်ပွန်းသည်ရဲ့တာ
ဝန်၊လျှော်ဖွတ်မီး ပူတိုက်၊ထမင်းဟင်းချက်ကိစ်္စအ၀၀ကို ကူမဲ့သူမရှိတစ်ယောက် ထဲကြဲခဲ့ ရတာပါ။ဒီကြားထဲအိမ်မှာ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးနဲ့မွေးမြူရေးလည်းလုပ်ပါသေးတယ်။မိသားစုတာဝန် လည်းမပျက်၊လူမှုရေးလည်းဆောင်ရွက်လိုက်ပါသေးတယ်။စီးပွားရေးအရလည်း အဖေအစိုးရ အရာရှိတစ်ယောက်လစာနဲ့လူ(၇)ယောက်အိမ်စရိတ်ကို မနဲအလျဉ်မီအောင် လုပ်နေရတာပါ။ဒီလောက် စိတ်ဖိစီးမှု တွေအများကြီးကြားက သားသမီးတွေရဲ့ စာရိတ်္တရေးရာအတွက် သူစေတနာနဲ့အမှားလုပ်မိတာပါလားလို့ အခုမှသေသေချာချာ သိမြင်နိုင်ပါတော့တယ်။ ကျွန်မစိတ်ဒဏ်ရခဲ့တာ(၆)တန်းနှစ်မှပါ၊သမီးလေးကို ကျွန်မစိတ်ဒဏ်ပေးမိတာနှစ်နှစ်ခွဲ လေးရှိပါသေးတယ်။သိပ်ငယ်သေးလို့ မမှတ်မိလောက်ဘူးထင်ပါရဲ့၊ကိုယ့်အလှည့်ကျတော့ ကိုယ့်လိုမှတ်ထားမှာစိုးလိုက်တာ။မတရားမှန်းသိပေမဲ့ သမီးလေးမမှတ်မိစေဖို့ ကျွန်မ ဆုတောင်းနေမိတယ်။
       ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဖြစ်ရပ်လေးကို မိဘနဲ့သားသမီးတာဝန်ယူထားရသူတွေအတွက် တစ်ခုခုကျန်ခဲ့မလားဆိုတဲ့စေတနာသက်သက်ပါ။မိဘနဲ့သားသမီး နှစ်ဦးနှစ်ဖက် ခံစားနားလည်နိုင်ကြပါစေ။                                            

                                                           
                                                      
                                                     

“ အပြစ် မတင်ရက်တော့ပါ”

Friday, June 6, 2014
       
                                            (၁)
           ဒီနေ့ ကျောင်းဆင်းခေါင်းလောင်းသံက နားဝင်ပိုချိုနေသလိုပဲ။မနက်ကျောင်းလာ ကတည်းက “ခိုင်မော်” ကပြောတယ် “ဘုန်းဘုန်း အညာဘက်ကို ခဏ ခရီးထွက်သွားတယ် တစ်ပတ်လောက်ကြာမယ်တဲ့”။ဒီလိုရက်မှာမှ ကြာခွက်နဲ့ ကြာပန်းတွေကို မခူးရင် နောင်တော်တော်နဲ့ ရမှာ မဟုတ်တော့ဘူး။ဘုန်းကြီးကျောင်းဝင်းထဲက ဖြတ်ပြန်ရင် အိမ်ပြန်ချိန်တော့ နောက်ကျတတ်တယ်။ကိစ်္စမရှိဘူး ပုံမှန်လမ်းက ပြန်ကြမယ့် အစ်ကိုကြီးတို့ကလည်း လမ်းမှာ ဆော့ပြန်ကြမှာဆိုတော့ အိမ်ရောက်ချိန်က တူလောက်ပါတယ်။ခက်တာက ဒီနေ့ အမေက ဘောင်းဘီရှည် ၀တ်ပေးလိုက်တယ်၊ဂါဝန်ဆိုရင် ကြာခွက်ထည့်ရတာ ပိုအဆင်ပြေမှာ။“ခိုင်မော်” က ကြာပန်းခူးရင် သိပ်လက်သွက်တာ အရိုးရှည်ရှည်ရမှ လည်ပင်းမှာ ဆွဲရင်လှတာ၊သူ့အရင် ရေကန်ထဲကို ဦးအောင် ဘယ်လို ဆင်းရင်ကောင်းမလဲ။
        ဘုန်းဘုန်းကရော တစ်ကယ် ခရီးထွက်သွားတာ ဟုတ်ရဲ့လား၊ မဟုတ်ခဲ့လို့ ဘုန်းဘုန်းမိသွားရင်တော့ သေပြီပဲ။ကျောင်းဖွင့်စ အချိန်တုန်းက ခြောက်တန်းက အောင်ခင်တို့အဖွဲ့ရယ် ကျောင်းပြေးပြီး ဘုန်းကြီးဝင်းထဲမှာ သွားဆော့ကြတာ၊ဘုန်းကြီးက တွေ့သွားတော့ ခါးထောင်ကျိုက်ခိုင်းပြီး ကြိမ်လုံးနဲ့ ဆော်ပလော်တီး၊ပြီးတော့ ကျောင်းအုပ်ကြီး ရုံးခန်းကို သူကိုယ်တိုင် လာအပ်ပြီး သူ့ရှေ့တင် ထပ်ရိုက်ခိုင်းသေးတာ။ကျောင်းအုပ်ကြီးကလည်း ဘုန်းဘုန်း တပည့် ဖြစ်ခဲ့ဖူးတာဆိုတော့ မလွန်ဆန်ရဲဘူး ထပ်ရိုက်ပြရတယ်။တစ်ပတ်လောက် မထနိုင်ကြဘူး။ဘယ်မိဘမှလည်း မပြောရဲကြပါဘူး။ဘုန်းကြီးနဲ့ တွေ့လို့ တော်သေးတာတဲ့၊ ဘုန်းကြီးနဲ့ မတွေ့ဘဲ ဘုန်းကြီးမွေးထားတဲ့ ခွေးတွေနဲ့တွေ့လို့ကတော့ အသားထစ်လန်အောင် အကိုက်ခံရမှာ။အဲဒီကတည်းက ဘုန်းကြီးကျောင်းဝင်းထဲက ကြာခွက်တွေ ဘယ်လောက် ဆွဲဆောင်၊ဆွဲဆောင် မသွားရဲကြတော့ဘူး။
             ခိုင်မော် ကတော့ ပြောတယ် အောင်ခင်တို့ အဖွဲ့က အဖြူနဲ့ အစိမ်းတွေ ၀တ်ထားလို့ ဘုန်းဘုန်းက အလွယ်တကူ တွေ့တာနေမှာပါ။တို့တွေက  အဖြူနဲ့ အစိမ်းဝတ်ထားတာ မဟုတ်တော့ ကိုရင်လေးတွေလည်း သတိထားမိမှာ မဟုတ်လောက်ပါဘူးတဲ့။နယ်မြို့တွေမှာက ဒီအတိုင်းပဲ  မူလတန်း ကလေးတွေက ကြိုက်ရာဝတ်လို့ရတယ်။ဘုန်းကြီးကျောင်းဝင်းထဲက လမ်းတွေက ရေညှိတွေနဲ့ ချော်တော့နေတယ်၊ဒါပေမဲ့ ဖိနပ်ချွတ်လျှောက်ရမှာဆိုတော့ ခြေကုပ်အား တော့ နည်းနည်း ရှိပါတယ်။အရေးကြီးတာက အစ်ကိုကြီးတို့ အိမ်ပြန်ရောက်ချိန်နဲ့ မရှေးမနှောင်းမှာ ပြန်ရောက်နေဖို့ပဲ။
           ကျောင်းဆင်းတာနဲ့ ကျောင်းဝင်းထဲက ပြေးထွက်ပြီး ခိုင်မော်နဲ့ နှစ်ယောက်အတူ ဘုန်းကြီးကျောင်း ရှိရာ လမ်းဘက်ကို ဖဲ့ထွက်ခဲ့ကြတယ်။အနောက်ဘက် ကနေ ဘယ်သွားမလို့ လဲဆိုတဲ့ အစ်ကိုကြီးရဲ့ လှမ်းအော်သံကို ကြားလိုက်ရတယ်။ဒါပေမဲ့ လှည့်ကြည့်လို့မဖြစ်ဘူး၊ သူသိသွားရင် မသွားဖို့ တားနေလိမ့်မယ်။ခြေကုန်သုတ်ပြီးပြေးကြရင်း ဘုန်းကြီးကျောင်းဝင်း ထဲရောက်လာတော့ ခြေလှမ်းတွေကို နည်းနည်းနှေးလိုက်ကြတယ်။ဘုန်းကြီးကျောင်းသားနဲ့    ကိုရင်လေး တွေ ရှိ၊မရှိလှမ်းကြည့်လိုက်ရင်း ခိုင်မော်က အော်တယ်“လှိုင်ရေ အခြေအနေ ကောင်းတယ် ကျောင်းဝင်းတစ်ခုလုံး တိတ်ဆိတ်နေတာပဲ”တဲ့။သူကတော့ ပြောပြောပြေးပြေး နဲ့ ရေကန်ထဲ ခုန်ချလိုက်တယ်။ လွယ်အိတ်ကို ရေကန်ဘေးပစ်ချလိုက်ပြီး သူ့နောက်ကနေ လိုက်ခုန်ဆင်းဖို့လုပ်နေတုန်း “ဝေါင်း ဝေါင်း ”ဆိုတဲ့ အသံနက်ကြီးနဲ့အတူ အယ်လ်ဇေးရှင်း ခွေးကြီးသုံးကောင် ပြေးထွက်လာတာတွေ့လိုက်ရတယ်။
       ဘာလုပ်ရမလဲ ကြောင်ကြည့်နေတုန်း ခိုင်မော်က “ပြေး လှိုင်ရေ ပြေး ကျောင်းဝင်း ထိပ်ထိ ရောက်အောင် ပြေး”ဆိုတဲ့ အော်သံကြားလိုက်ရတယ်။အဲဒီ ဘုန်းကြီးကျောင်းက ခွေးတွေက ဘုန်းကြီး ကျောင်းဝင်းထိပ် ထိပဲ လိုက်ဆွဲ လေ့ရှိကြတယ်၊ကျောင်းအပြင်ဘက်ရောက်သွားတာနဲ့ ဆက်မလိုက်တော့ဘဲ ကျန်ရစ်ခဲ့ကြရော။ကြောက်အား လန့်အားပြေးနေရင်းကမှ အဖေ ပြောထားတာ ကို သွား သတိရတော့တယ်။အရင်တစ်ခါ ဘုန်းကြီးကျောင်းထဲ ကြာပန်းသွားခူးတာ သိသွား တုန်းက နောက်တစ်ခါ ထပ်သွားရင် အရိုက်ခံရမယ်လို့ ပြောထားတာ။မေ့နေလိုက်တာ၊ အခု အားကုန်ပြေးနေရင်းမှ သတိရတော့တယ်။ကျောက်ပြားတွေက ရေညှိတွေနဲ့ ချော်နေတော့ ပြေးရင်းက ချော်လဲကျပါလေရော။ဘောင်းဘီရှည်က လည်းပြဲသွားပြီး ဒူးနှစ်ဖက်စလုံး စုတ်ပြတ်သွားတယ်၊သွေးတွေထွက်နေတာ မြင်ပေမယ့် ရပ်မနေရဲဘူး။ကုန်းထပြီး ကျောင်းဝင်း ထိပ်ရောက်အောင် ဆက်ပြေးရပြန်တယ်။
          နောက်ဆုံးတော့ ခွေးကိုက်မခံရဘဲ လွတ်ခဲ့ပါတယ်။ဒါပေမဲ့ လွယ်အိတ်နဲ့ လူတစ်ကိုယ်လုံးကတော့ ရွှံ့အလိမ်းလိမ်းပဲ။ ရေကန်နဲ့ ကျောင်းဝင်းထိပ်က နီးနေလို့ တော်သေးတယ်။နောက်မှပြန်သိရတာ ဘုန်းကြီးက သူ့ကျောင်းဝင်းတစ်ခုလုံးကို ကိုရင်လေးတွေနဲ့ ဘုန်းကြီးကျောင်းသား တွေကို အပ်ထားခဲ့တာတဲ့ သူတို့က ချောင်းပြီး စောင့်ကြည့်နေကြတာ ကျောင်းဝင်းထဲက ဖြတ်သွားရုံ သွားတာဆို ဘာမှ မလုပ်ပါဘူး၊ရေကန်ထဲ ဆင်းတာတွေ့လို့ ခွေးတွေကို လွတ်လိုက်ကြတာတဲ့။ခွေးရန်က လွတ်တော့မှ အိမ်မှာ ရင်ဆိုင်ရမယ့် ပြဿနာကို တွေးကြောက်မိ တော့တယ်။နေထိုင်ရာ စက်ရုံဝင်းထဲကို ၀င်လိုက်ရင်ပဲ ကျောင်းသား ကျောင်းသူနဲ့ တူတာဆိုလို့ တစ်ယောက်မှ မတွေ့ရတော့ဘူး။အဆော့မက်တဲ့ အစ်ကိုတွေ၊မောင်တွေကိုတောင် ဒီနေ့ မတွေ့ရတော့ဘူး။
           ရင်တထိတ်ထိတ်နဲ့ အိမ်ပြန် ရောက်တော့ အဖေက ဧည့်ခန်းထဲက ခုံမှာထိုင်စောင့် နေပြီး လက်ထဲမှာလည်း ကြက်မွေးတစ်ချောင်းကို ပြောင်းပြန် ကိုင်ထားတာတွေ့လိုက်ရတယ်။“သမီးမှာ အပြစ်ရှိတယ်ဆိုတာ သိတယ်နော် တိုင်ကိုဖက်ထားလိုက်”ဆိုတဲ့ အဖေ့ရဲ့ အသံကိုကြားလိုက်ရတော့ ဒူးတွေတုန်နေပြီး ၊“သမီးရှင်းပြ ပါရစေအုံး ဖေဖေရဲ့”လို့ စောဒက တက်လိုက် သေးတယ်။အမေကတော့ ဘာမှရှင်းပြနေစရာမလိုဘူးလို့ ၀င်ပြော တယ်။“သမီးရှင်းပြတာကို ဆုံးအောင် နားထောင်ပေးရမှာပေါ့ ”လို့ အဖေ့အပြောကို “ရှင် သားကြီးကျရင် အဲဒီလို နားထောင်ပေးလို့လား”ဆိုပြီး အဖေ့ကို ရန်လုပ်တယ်။အဖေနဲ့ အမေ့ရဲ့ အငြင်း အခုန်များကြားထဲ အခွင့်ကောင်းယူပြီး “သမီးက သွားချင်လို့ သွားတာ မဟုတ်ပါဘူး၊ခိုင်မော် က အတင်းခေါ်လို့ပါ”လို့ ၀င်ပြောလိုက်တယ်။အမှန်တော့ ကိုယ့် အပြစ်ကို သူများ လွဲချတာပါ။
     ဘာပဲဖြစ်ဖြစ် အပြစ်ရှိတာ ပေါ်လွင်တဲ့အတွက် အရိုက်တော့ ခံရမယ်လို့ အဖေရော အမေပါ ဆုံးဖြတ်ကြတယ်။ထမင်းချိုင့်နဲ့ လွယ်အိတ်ကို သူနေရာအတိုင်း စည်းကမ်းတကျ ထားပါရ စေလို့ခွင့်တောင်း လိုက်သေးတာ။အဖေက ခွင့်ပြုပေးပါတယ်။ပြီးတော့ တိုင်ကိုကပ် ရိုက်မယ်လည်း လုပ်ရော ရှုးပေါက်ပါရစေလို့ ပြောနေရင်းက  ရှုးတွေ ထွက်ကျပါလေရော။အဖေ့ဒေါသပဲ ပြေနေလို့လား သနားသွားလို့ပဲလားမသိဘူး၊ နောက်ဆုံးတော့ တစ်ချက်ပဲ အရိုက်ခံလိုက်ရတယ်။ရိုက်တုန်းက မျက်ရည်မကျရပေမယ့် ဒူးက ဒဏ်ရာကိုဆေးထည့်ပေးတော့မှ စပ်လွန်းလို့ ငိုလိုက် ရတာ။ညဘက်ရောက်တော့လည်း ခွေးလိုက်ဆွဲတဲ့ပုံတွေကို ပြန်မြင်ယောင်ပြီး ကြောက်လိုက်တာ။အရွယ်တော်တော် ရောက်သည်ထိ အဲဒီအဖြစ်အပျက်ကို ပြန်တွေးလိုက်ရင် ရင်တုန်တတ်တုန်းပဲ။
          ဖော်ပြပါ ဖြစ်ရပ် လေးကတော့ ကျွန်မ လေးတန်းနှစ်တုန်းက အဖြစ်အပျက်ကလေးပါပဲ။
                                        (၂)
            ကျွန်မ သမီးကို ကျောင်းစထားရပြီဆိုတော့ စိတ်ပူစရာတွေက အများသားပါလား။ကျွန်မတို့ ငယ်ငယ်တုန်းက နယ်မှာလို ကျောင်းကို ခြေလျင်လျှောက်သွားလို့ ရတာမဟုတ်ဘူး။ ကျောင်းကို ဖယ်ရီနဲ့ပို့ပေးရတာလေ။ကျွန်မ အမျိုးသားဌာနက ၀န်ထမ်း ကလေးတွေအတွက် ကျောင်းကားစီစဉ်ပေးလို့ တော်သေးတယ် ။ဝန်ထမ်းတစ်ယောက် ကလည်း စေတနာအလျောက် ကားနောက်ကနေ စပယ်ယာ လိုက်လုပ်ပေးသေးတာ ဆိုတော့ စိတ်ချရတာပေါ့။သမီး နှစ်တန်း တက်နေတုန်း ညနေ ကျောင်းဆင်းချိန်တစ်နေ့မှာ ကျောင်းဖယ်ရီ မစီးဘဲ ခြောက်တန်းက ကလေး တစ်ယောက်နဲ့ လိုင်းကားစီးပြီး ပြန်လာတယ်လို့ ကားနောက်က လိုက်ပေးတဲ့ ၀န်ထမ်းက ကျွန်မကို လာတိုင်တယ်။
            လူတစ်ကိုယ်လုံး စိတ်ပူလွန်းလို့ ထူပူသွားပြီး သမီးကိုလည်း ဒေါသထွက်သွားတယ်။သမီးကလည်း မျက်ရည်လည်ရွဲနဲ့ အိမ်ကို ပြန်လာတယ်။သမီးတို့ ကျောင်းရှေ့ကနေဆို လိုင်းကားက နှစ်ဆင့်စီးမှအိမ်ပြန်ရောက်တာ။ကားလမ်းကိုလည်း သုံးခါဖြတ်ကူးရတယ်။သူ့ကို ဘယ်သူက ကားလမ်းကူးပေးမှာလဲ သူနဲ့ အတူပြန်ခဲ့တဲ့ ကလေးကလည်း ခြောက်တန်းပဲ ရှိသေးတာ။မိဘက စိတ်ချရအောင် သည်လောက်စီစဉ်ပေးထား တာကို ဒီလို လုပ်ရမလား ဆိုပြီး ဒေါသထွက်ထွက်နဲ့ ကျွန်မ သမီးကို ဘာမှ မေးမနေတော့ဘူး   ရိုက်တော့တာပဲ။သမီးကလည်း တစ်ကိုယ်လုံး တုန်ပြီးငိုနေတာ ဘာမှပြန်မပြောဘူး။အမျိုးသားက “သမီးလည်း မေးကြည့်ပါအုံးအေ၊ စွန့်စားခန်းလုပ်ပြီး ပြန်လာရတာ သူလည်း ဘယ်လောက်ကြောက်နေလိုက်မလဲ”လို့ ၀င်ပြောပေးလည်း ကျွန်မ နားမ၀င်တော့ဘူး။ကျွန်မရဲ့  စိုးရိမ်စိတ်မပျောက်မချင်း သမီးကို ရိုက်နေမိတော့တာပဲ။
           အဲဒီအချိန်မှာ သမီးတို့ ကျောင်းဖယ်ရီက ငါးတန်းကလေးတစ်ယောက်က “အန်တီ ဒီနေ့ ဖယ်ရီက နောက်ကျတယ်၊သမီးတို့လည်း အကြာကြီးစောင့်နေရတာ အဲဒီအချိန်မှာ မမ နှင်းဦးက သူ့ အိမ်စာတွေများတယ်၊ကျူရှင်လည်း တက်ရအုံးမှာ အချိန်မမီမှာ စိုးလို့ လိုင်းကား နဲ့ပြန်တော့မယ်၊ ခင်သူဇာကိုလည်း ညီမလေး အိမ်စာတွေ များရင် လိုက်ခဲ့လေ လို့ခေါ်တာနဲ့ လိုက်သွားတာ” သမီးတို့လည်း တားသေးတယ် သူက အိမ်စာတွေများတယ်ဆိုပြီး လိုက်သွား တာ၊လမ်းဆုံမှာ သူတို့နှစ်ယောက် ကားတစ်ဆင့်စောင့် နေကြတုန်း သမီးတို့ကား နဲ့တွေ့လို့
          
           
        ပြန်တင်ခေါ်လာခဲ့တာ  ဆိုပြီးလာရှင်းပြပါတယ်။သမီးငယ်ငယ်လေး ကတည်းက အပြစ်တစ်ခုခု ကျူးလွန်လာ ခဲ့မိရင် ကျွန်မ အမျိုးသားက ကျွန်မကို “သမီးလေးကို ပွေ့ထားလိုက်ပါအုံး”လို့ ပြော လေ့  ရှိတယ်။ကျွန်မကလည်း ကိုယ့်ဒေါသနဲ့ ကိုယ် သူ အဲဒီလို ပြောလာ ရင် ပိုပြီး စိတ်တို တတ် တယ်။
         ပြီးတော့ အပြစ်လုပ်လာတဲ့သူကိုပဲ ပွေ့ထားစရာလားလို့ ပြောလေ့ရှိတာ ကျွန်မရဲ့ လက်သုံးစကား။သမီးက ကျောင်းစာနဲ့ပတ်သက်ရင် နည်းနည်းတော့ အစိုးရိမ်ပိုတတ်တယ်။ဒီခေတ်ကလည်း အိမ်စာပေးတာ များတဲ့ခေတ်ဆိုတော့   အိမ်စာတွေ အချိန်မီ မပြီးမှာ သူစိုးရိမ်လို့နေမှာပေါ့။အဲဒီတော့မှ သမီးကို ဘယ်လို ပြန်လာကြတာလဲလို့ ကျွန်မ မေးဖြစ်တယ်။ “ဘတ်စ်ကား ပေါ်မှာ သမီးက ကားခပေးမလို့  ကျောပိုးအိတ်ကို အရှေ့ဘက်ကို ယူတာ မရဘူး၊ဆွဲခြင်းနဲ့ ထီးကိုလည်း ကိုင်ထားရသေးတယ်။ပြီးတော့ သမီးတို့ ထိုင်ခုံနေရာလည်း မရဘူး။အဲဒါနဲ့ မမ နှင်းဦးက ကားခ သူပေးလိုက်မယ်ဆိုပြီး ပေးလိုက်ရော။ကားကလည်း  အမြန်မောင်းတယ် မေမေရယ် သမီး ကားပေါ်မှာ ကောင်းကောင်းရပ်လို့ မရဘူး။အဲဒီတော့မှ မေမေ သိရင် ဆူတော့မှပဲ ဆိုပြီး သမီး ဆင်းတော့မယ်လို့ မမနှင်းဦး ကို ပြောတော့ အခုမှတော့ ဆင်းလို့ မရတော့ဘူး ဆိုလို့ ဆက်လိုက်ခဲ့ရတာ” ဆိုပြီး သမီးက သူ့အပြစ်ကို ၀န်ခံပါတယ်။
        သည်တော့မှ ကျွန်မ သမီးကို သနားသွားတယ်။အဲဒီအချိန်မှာပဲ  “ညည်း ငယ်ငယ်တုန်းကတောင် ကြာပန်းခူးဖို့ လုပ်ရင်း ကျောင်းပြန်နောက်ကျသေးတာ ၊အခု သမီးက အိမ်စာ မပြီးမှာစိုးလို့ စိတ်ပူပြီး သူ့အတွေးနဲ့သူ လျှောက်လုပ်ရင်း ဖြစ်သွားတာပဲ” ဆိုတဲ့ အမျိုးသားရဲ့ တီးတိုးစကားသံကြောင့်  ကျွန်မ ငယ်ငယ်က ခွေးလိုက်ဆွဲခံ ခဲ့ရတဲ့ ပုံရိပ်တွေ ပြန်ပေါ်လာတယ်။ဒီအသက်အရွယ် ရောက်နေတာတောင် အဲဒီပုံရိပ်ကို ပြန်တွေးမိရင် ရင်က တုန်ချင်နေသေးတာ။ပြီးတော့ ဘတ်စ် ကားပေါ်မှာ ကြောက်နေမယ့် သမီးရဲ့ ပုံရိပ်ကို ပုံဖော်ကြည့်နေမိတယ်။ဒီတစ်ခါတော့ ကျွန်မ အမျိုးသား မတိုက်တွန်းရဘဲ သမီးလေးကို ကျွန်မ ပွေ့ထားလိုက်မိတော့တယ်။


                                                       
                                                  

                                                 
                                                

ဖူးငုံတို့နဲ့ Plan များစွာ


          လူ့ဘ၀ရဲ့ အဖြစ်ကို ရလာခဲ့ပြီဆိုရင် လူတစ်ယောက် အနေနဲ့ သူ့မှာ ဖြစ်နိုင်တာ မှန်သမျှ ဖွံ့ဖြိုး တိုးတက်မှုမှာ အကောင်းဆုံး ဖြစ်အောင် လုပ်ချင်ကြတာချည်းပါပဲ။ဒါပေမဲ့ လူတွေက ကိုယ်ဘာလုပ်ချင်လဲ၊ကိုယ်ဘာလိုချင်သလဲဆိုတာကို တိတိကျကျ မသိကြပါဘူး။သူများဘာလုပ်နေလဲဆိုတာ ကြည့်ပြီး သူများလုပ်တာ လုပ်ရရင် ကောင်းမှာပဲလို့ တွေးတတ်ကြပါတယ်။ဒါကြောင့်လည်း ဒီခေတ်လူငယ်တွေ ကိုယ့်အလုပ်မှာ မပျော်မွေ့တာ၊ ကိုယ့်အလုပ်ကိုယ် ကျေနပ်မှု မရှိကြတာတွေဟာ ကိုယ်တစ်ကယ်လိုချင်တာ ဘာလဲဆိုတာကို မသိကြလို့ပါ။ကိုယ်ဘာလုပ်ချင်သလဲ၊ကိုယ် ဘယ်လိုပညာမျိုး သင်ချင်တာလဲဆိုတာ ခိုင်ခိုင်မာမာ မသိတော့ သူများ အယူအဆနောက် အသာလေးမျှောပြီးတော့ လိုက်နေကြတယ်။ ခိုင်မာတဲ့ ယုံကြည်ချက်မရှိတော့ ဒီကွေ့မှာ ဒီတက်နဲ့လှော်မယ်၊ဟိုတစ်ကွေ့ရောက်တော့ ဟိုတက်နဲ့လှော်တာပေါ့ ဆိုသလိုမျိုးပဲ သူတို့လက်ထဲမှာ တက်တွေ အများကြီး ဖြစ်လာတော့တယ်။
        ဒီနေရာမှာ “တက်”ဆိုတာကို ဖူးငုံတို့ရဲ့ Plan  လို့တွေးကြည့်ရအောင်။ကြီးကြီးကျယ်ကျယ် သုံးနှုန်းရရင် ဖူးငုံတို့ရဲ့ မဟာစီမံကိန်းလို့ ဆိုကြပါစို့။လူငယ်တွေကြား
မှာ အငြင်းပွားနေကြတာ က အဲဒီ Plan ဆိုတာကို တစ်ခုတည်း ထားရမှာလား။Plan  တွေအများ ကြီး ထားရမှာလားဆိုတာပါပဲ။ဘုရင့်နောင်ထုံး နှလုံးမူရရင်တော့ ဖောင်ဖျက်တိုက်တဲ့ နည်းဗျူဟာက အောင်မြင်တယ်လို့ ဆိုရမယ်။အဲဒါက စစ်မြေပြင်တိုက်ပွဲဖြစ်နေတာကိုး။ဘ၀တိုက်ပွဲကျတော့ စဉ်းစားစရာ ဖြစ်လာပြီ။ ဏူညေ တစ်ခုတည်းကိုပဲထားပြီး  ဘ၀တိုက်ပွဲဝင်ကြတဲ့အခါ အောင်အောင်မြင်မြင် ဆုံးခန်းတိုင်သွား တဲ့သူတွေလည်း ရှိသလို၊ကျဆုံးသွားကြတဲ့သူတွေအဖို့လည်း အပိုဆောင်းထားတဲ့ ဏူညေ မရှိလေတော့ ဘာဆက်လုပ်ရမှန်း မသိကြဘဲ လမ်းခုလတ်မှာ ခါးဆက်ပြတ်သွားသလို ဖြစ်နေတော့တယ်။
          ဒါဆို Plan  တွေ အများကြီးထားရမှာလားလို့ မေးစရာရှိလာတယ်။အဲဒီလို ဆိုတော့ လည်း အထက်က ဖော်ပြခဲ့သလိုပဲ လက်ထဲမှာ ကိုင်ထားရမယ့် “တက်”အရေ အတွက်တွေ များနေလို့လည်း မဖြစ်ပြန်ပါဘူး။အင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်ကတော့ Plan   တွေကို A B C ထားလေ့ရှိတယ်လို့ ဖတ်ဖူးခဲ့တယ်။ကမ်္ဘာမှာ အကြီးကျယ်ဆုံး အော်ပရေးရှင်းတစ်ခုဖြစ်တဲ့ အိုစမာဘင်လာဒင်ကို ဖမ်းဆီးတဲ့ ကိစ်္စမှာ Plan   A   နဲ့ မအောင်မြင်လို့ Plan  Bကိုသုံးခဲ့ရတယ်လို့ တာဝန်ရှိ ပုဂ်္ဂိုလ်တွေ ဖြေတာ နားထောင် ခဲ့ရပါတယ်။Plan B မအောင်မြင်ခဲ့ရင် သူတို့မှာ Plan  C ရှိနေသေးတဲ့ အတွက် အောင်ကို အောင်မြင်ရမှာပါလို့ ဆက်လက်ဖြေကြားထားပါသေးတယ်။ဒါပေမဲ့လည်း အောင်မြင်ပြီးတဲ့ အချိန်မှ ပြောတာ ဆိုတော့ ဒါဟာ အမှန်ပါလို့ တတစ်ချ မှတ်ယူလို့ တော့ မဖြစ်သေးဘူးနော်။
          အဲဒီတော့ Plan  တွေ ဘယ်လောက် ထားရမယ်ဆိုတာ မတွေးခင် ဘယ်လိုထား ရမလဲဆိုတာ အရင်စဉ်းစားကြည့်ရအောင်။တစ်ချို့ကလည်း ဆိုကြတယ် ဘယ်နှနှစ်နေရင် စီးပွားရေး လုပ်ငန်းရှင်ကြီးဖြစ်ရမယ်။နောင်ငါးနှစ်ကြာရင် အောင်မြင်တဲ့ စာရေးဆရာ တစ်ယောက်ဖြစ်ရမယ်။အသက်ဘယ်အရွယ် ရောက်ရင် အထူးကု ဆရာဝန်ကြီး ဖြစ်နေရမယ်။
         
         
စသည်ဖြင့် ရည်မှန်းထားတယ်ပေါ့။စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ယောက်ဖြစ်ချင်တဲ့သူက ကိုယ့်မိဘ အသိုင်းအ၀ိုင်း နောက်ခံအင်အားနဲ့ ကိုယ့်မှာ စီးပွားရေးအမြင်၊အတွေ့အကြုံ ဘယ်လောက်ရှိနေလဲဆိုတာ အရင်စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။နောက်ငါးနှစ်နေရင် စာရေးဆရာ ဖြစ်ရမယ် ဆိုတဲ့သူကတော့ အစကတည်းကကို သူ့စီမံကိန်း မှားနေပြီလို့ ဆိုရလိမ့်မယ်။အောင်မြင်တဲ့ စာရေးဆရာ တစ်ယောက်လို့ တွေးနေရင် ပိုပြီးမဖြစ်နိုင်ပါဘူး။စာရေးဆရာဆိုတာ အဲဒီလို စီမံကိန်းနဲ့ ဖြစ်လို့ရတဲ့ အမျိုးအစားထဲမှာ ပါမနေလို့ပါပဲ။
         စာရေးဆရာဆိုတာ စာတွေအများကြီးဖတ်ဖို့ လိုတာ မှန်ပေမယ့် စာတွေ အများကြီး ဖတ်နိုင်တဲ့သူတိုင်း  စာရေးဆရာ မဖြစ်နိုင်ပါဘူး။ဒါကြောင့်ပဲ မြန်မာနိုင်ငံရဲ့ လူဦးရေ သန်းငါးဆယ်ကျော်မှာ  လူသိများအောင်မြင်နေတဲ့ စာရေးဆရာ အရေအတွက်က ငါးသန်း၊ငါးသိန်း၊ငါးသောင်း၊ငါးထောင် မဟုတ်ဘူး။ငါးရာတောင် ရှိ မနေနိုင်ပါဘူး။နောက်တစ်ခုက အသက် ငါးဆယ်အရွယ်ရောက်ရင် အထူးကု ဆရာဝန်ကြီးဖြစ်ရမယ်လို့ စီမံကိန်းချထားတဲ့သူ ဆိုပါတော့။ဒီနေ့ချိန်ခါ မြန်မာနိုင်ငံမှာ အထူးကု ဆရာဝန်တွေ ပေါများလာပြီလို့ ဆိုနိုင်ပေမယ့် လူဦးရေ သန်းငါးဆယ်နဲ့ ယှဉ်လိုက်ရင် အထူးကု အရေအတွက်က လက်တစ်ဆုပ်လောက်ပဲ ရှိတယ် လို့ ပြောရမယ်။သင်္ချာ စကားနဲ့ပြောရရင်တော့ လူတစ်ယောက်နဲ့ တစ်ယောက်က ပေးထားချက်တွေ မတူနိုင်ကြဘူး။ဒါကြောင့် ရလဒ်တွေ ကလည်း ကွဲလွဲကြမှာပဲလေ။
         ဒီနေရာမှာ အလျင်းသင့်လို့ စာရေးသူ ဖတ်ဖူးတဲ့ ဟာသလေး တစ်ခု အကြောင်းပြောပြချင်တယ်။ဗဟို ကျန်းမာရေး အဖွဲ့တစ်ဖွဲ့က ကျန်းမာပြီး အသက်ရှည်တဲ့ ယောက်ျားတွေက သေရည်သေရက် မသောက်သုံးကြဘူးဆိုတာ အတည်ပြုဖို့ ကျေးလက်ဒေသတွေထိ ကွင်းဆင်းပြီး စာရင်းကောက်ကြတယ်တဲ့။ရွာတစ်ရွာကို ရောက်တော့ ဦးကြီးတစ်ယောက် ထင်းခွဲနေတာကို တွေ့လို့ ၀င်ပြီးစုံစမ်းကြတယ်။အဲဒီအခါမှာ ထင်းခွဲနေတဲ့သူဟာ ဦးကြီးအရွယ်မဟုတ်ဘဲ အသက် ၈၇ နှစ်ရှိတဲ့ အဖိုးတစ်ယောက် ဖြစ်နေတယ်တဲ့။အဖိုးက သူ့ဘ၀မှာ သေရည်သေရက်နဲ့ပတ်သက်လို့ တစ်ကြိမ်တစ်ခါမှ မသောက်သုံး ဖူးခဲ့ဘူးလို့ ဆိုပါတယ်။ဗဟိုကျန်းမာရေးအဖွဲ့လည်း သူတို့လိုချင်တဲ့ အချက်ရပြီမို့ ၀မ်းသာအားရ နဲ့အဖိုးကို မှတ်တမ်းတင်ကြတယ်။
         အဲဒီအချိန်မှာပဲ အိမ်ပေါ်က ပုဂံခွက်ယောက် ကွဲသံတွေ နဲ့အတူ လူတစ်ယောက် အော်ဟစ်သောင်းကျန်း နေသံကို ကြားလိုက်ရတယ်။ဗဟိုကျန်းမာရေးအဖွဲ့လည်း အထိတ်တလန့် ဖြစ်သွားကြပြီး ဘာဖြစ်တာလဲလို့ အဖိုးကို မေးကြတယ်။အဲဒီအခါမှာ အဖိုးက “မလန့်ကြပါနဲ့ ကျွန်တော့် အဖေ အရက်မူးပြီးသောင်းကျန်းနေတာပါ။သူအရက်သောက်တိုင်း ဒီလိုပဲသောင်းကျန်းလာတာ ကျွန်တော့် တစ်သက် ရှိပြီလို့”ပြန်ဖြေလိုက်သတဲ့။ဒီဟာသလေးမှာ အသက်အရှည်ဆုံး အမျိုးသားက  တစ်သက်လုံး အရက်သောက်လာတဲ့သူ ဖြစ်နေတယ်။ဆိုလိုချင်တာ လူတစ်ယောက်နဲ့ တစ်ယောက် ခန်္ဓာကိုယ် ဖွဲ့စည်းပုံ၊ခံနိုင်ရည်ရှိပုံ၊ ကျန်းမာသန်စွမ်းပုံချင်းတောင် မတူနိုင်ကြပါဘူး။ကိုယ့်ခံနိုင်ရည်နဲ့ ကျန်းမာရေးအတွက် ဘ၀နေထိုင်မှု ပုံစံတွေလည်း လိုက်တူလို့ မဖြစ်ဘူးလေ။
        
                        ဒါဆို ဘာ Plan   မှ မထားရတော့ ဘူးလား လို့ ဖူးငုံတို့ မေးချင်ကြလိမ့်မယ်။ Plan ဆိုတာ ထားကို ထားရမယ်။ကိုယ်ဝါသနာနဲ့ ကိုက်ညီတဲ့ Plan   ဖြစ်နေဖို့တော့လိုတယ်။ကိုယ်ဖြစ်ချင်နေတာတွေက သူများတွေအတွက် အသေးအဖွဲလေး ဖြစ်ချင်ဖြစ်နေမယ်။လူအများသတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့တိုက်ပြီး အထင်ကြီးမှုလည်း ရချင်မှ ရမယ်။ဒါပေမယ့် ကိုယ်ရွေးချယ်ထားတဲ့ အရာကိုတော့ ခပ်လျော့လျော့ လုပ်လို့ မဖြစ်ဘူး။ကိုယ့်နဲ့ကိုက်တဲ့ အလုပ်ကို စိတ်ပါလက်ပါ ရေရည်လုပ်လာတဲ့ အခါကျမှ အဲဒီဘာသာရပ်၊အဲဒီအလုပ်နဲ့ ပတ်သက်ပြီး ကိုယ်ပိုင်ဥာဏ်နဲ့သိလာတဲ့ အချက်လေးတွေ ရှိလာတယ်။သူများမမြင်၊မသိတဲ့ ရှုထောင့် ဆက်စပ်မှုလေးတွေ တဖြည်းဖြည်းမြင်လာတော့တယ်။
         အဲဒီတော့ Plan  ထားပြီးရင် အဲဒီ Plan  နဲ့ပတ်သက်တဲ့ အရည်အချင်းဆိုတာကို ရှိအောင် အရင်လုပ်ထားရမယ်။အရည်အချင်းရှိမှ အခွင့်အလမ်းဆိုတာ ပေါ်လာရင် အသာလေး ၀င်လိုက်သွားရုံပဲ။အခွင့်အလမ်းပေါ်လာမှ အရည်အချင်းရှိအောင် ထ လုပ်လို့ မရဘူး။အခွင့်အလမ်းဆိုတာ တံတားအောက်က ဖြတ်စီးသွားတဲ့ မြစ်ရေလိုပဲ နောက်တစ်ကြိမ် ပြန်မလာနိုင်တော့ပါဘူး။တံတားအောက်မှာ အခွင့်အလမ်းဆိုတဲ့ မြစ်ရေတွေကတော့ စီးမြဲ စီးနေမှာပဲလေ၊ကိုယ့်နဲ့ကိုက်ညီတဲ့ အခွင့်အလမ်း ဖြစ်ဖို့ဆိုတာပဲ မလွယ်တာ။
          ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေးလုပ်ခဲ့တာ တစ်ချိန်မှာ တိုင်းပြည်ခေါင်းဆောင်လုပ်
ဖို့ ၊ ဘယ်နှစ်နှစ်ကြာရင် ပြည်သူတွေ ကြည်ညိုလာဖို့ဆိုတဲ့ ရည်ရွယ်မှ မရှိခဲ့တာ။ဒါပေမဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေလုပ်နေရင်းကပဲ တိုင်းပြည်ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်ခဲ့သလို၊ဗိုလ်ချုပ်ကို မသိမမှီလိုက်တဲ့ ပြည်သူတွေပါ ကြည်ညိုနေကြတာ ဒီနေ့ဒီချိန်ထိတိုင်အောင်ပါပဲ။
          မြန်မာ စကားပုံမှာ “ကျွဲကူး ရေပါ” ဆိုတဲ့ ဆိုရိုးစကားတစ်ခု ရှိတယ်။ချောင်းထဲကို ကျွဲ ဖြတ်ကူးတုန်းက ဒီချောင်းထဲက ရေတွေ ကိုယ်ပေါ်ပါလာအောင် သယ်လိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်မရှိဘူး။ဒါပေမဲ့ ချောင်းဖြတ်ကူးပြီးတဲ့ အချိန် သူ့ကိုယ်ပေါ်မှာ ရေက အလိုလို ပါလာတာပဲလေ။ကိုယ်ချထားတဲ့ ဏူညေ  အတိုင်းအကောင်အထည်ဖော် ပြီး လုပ်ဆောင်ချက်ဆိုတဲ့ ချောင်းကို ဖြတ်ကူးနေဖို့ပဲလိုတယ်၊အခွင့်အလမ်းဆိုတဲ့ ရေက အလိုလို ပါလာပါလိမ့်မယ်။



                                                     

                                                

တော်သူနေ ရှော်သူသေ


  • ၁။        ။“ မရင့်ကျက်သောသူသည် အရေးကိစ်္စတစ်ခုအတွက် သူရဲကောင်း ပီသစွာ သေလို၏။ထိုလက်္ခဏာသည် မရင့်ကျက်သောသူ၏ လက်္ခဏာချက်ဖြစ်သည်၊ ရင့်ကျက် သောသူ အဖို့ကား အရေးကိစ်္စတစ်ခုအတွက် ကျိုးနွံစွာ အသက်ရှင် နေထိုင်လို၏၊ဤသည်မှာ ရင့်ကျက်သောသူ၏ လက်္ခဏာချက်ဖြစ်၏။”
      အထက်ဖော်ပြပါ ၀ီလျံ စတစ်ကယ် ၏ အဆိုအမိန့်ကို ကျွန်မဖတ်ဖူးခဲ့ရစဉ်က လူတစ်ယောက် ကိုယ့်ကိုကိုယ် သတ်သေခြင်း ဆိုသည်မှာ မရင့်ကျက်သော စိတ်ဓာတ်ရှိ၍ ဖြစ်မည်ဟု ကောက်ချက်ဆွဲ ခဲ့ဖူးပါသည်။သည်ဘက်ခေတ်တွင်တော့ မရင့်ကျက်သောသူများ တော်တော် များပြား၍ လာပါသည်။နိုင်ငံတကာတွင် နေရာအနှံ၌ မိမိကိုယ်ကို သေကြောင်းကြံ မှုများ ကို ကြားသိနေရပါသည်။ကိုရီးယား  အနုပညာရှင်များ၊အနောက်နိုင်ငံမှ ဂီတအကျော်အမော်များနှင့်  စီးပွားရေး လုပ်ငန်းရှင်များပါ မကျန် မိမိကိုယ်ကို အဆုံးစီရင် သေကြောင်းကြံ နေကြကြောင်း ဖတ်ရှုနေရပါသည်။မကြာသေးမီ ကာလက အိန်္ဒိယနိုင်ငံတွင် စာသင် ကျောင်း တစ်ခုအတွင်းသို့ လူငယ်တစ်ယောက် ၀င်လာကာ သေနတ်ဖြင့် ပစ်ခတ်ပြီး နောက်ဆုံး မိမိကိုယ်ကို လည်း သေနတ်ဖြင့်ပစ်၍ အဆုံးစီရင်သွားကြောင်း သတင်းတစ်ပုဒ် နားထောင်လိုက်ရသည်။မရင့်ကျက်သော သူတစ်ယောက်အတွက် အခြားအပြစ်မဲ့ သူများပါ အသက်ဆုံးရှုံးကြရသည်။
  • ၂။      ။မိမိကိုယ်ကို သေကြောင်းကြံသူသည် တဒင်္ဂအတွင်း ရှုးသွပ်သွား၍ ဖြစ်သည်ဟု စိတ်ပညာရှင်များက မှတ်ချက်ပေးကြသည်။ကျွန်မစိတ်ထင် ကတော့ လောကကြီးတွင် သူခင်တွယ်စရာ ဘာမှ မရှိတော့၍ ဆက်လက် အသက်မရှင်ချင်တော့ လောက်အောင် စိတ်ဓာတ်ပျက်ပြားသွားတာ ဖြစ်မည်။ထူးခြားသည်မှာ ကျွန်မဖတ်ဖူး၊ကြားဖူးခဲ့ သမျှ မိမိကိုယ်ကို သေကြောင်းကြံမှုများထဲ တွင် ကိုယ်အင်္ဂါ မသန်စွမ်းသူများ မရှိသလောက် နီးပါး မပါဝင်ခြင်းပင်။မသန်စွမ်းသူများသည် လူနေမှု အဆင့်အတန်းကို ခဏဘေးဖယ်ထားလျှင်ပင် လူသာမာန်များ ထက် တစ်ဆင့်နိမ့် နေရသော ဘ၀ဖြစ်သည်။လွယ်လင့်တကူ ဘ၀ကို အရှုံးပေးလိုက်ဖို့ အကြောင်းပြချက်လည်း သိပ်မလို။
          နာဂစ်မုန်တိုင်းတိုက်ခတ်နေစဉ် အတွင်း ဘိုကလေးမြို့နယ်ပိုင် ရွာတစ်ရွာမှ လှေတစ် စင်းဖြင့် ထွက်ပြေးလာသူ ခြောက်ဦးအနက်မှ တစ်ဦးသာ အသက်ရှင်လျှက်ဖြင့် ဘိုကလေးမြို့နယ် ယာယီ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာပါသည်။ထိုအသက်ရှင် ရောက်ရှိလာသူမှာ မသန်စွမ်း လူငယ်တစ်ဦးဖြစ်နေပါသည်။လူမစွမ်း နတ်မသည်ဟု ဆိုလျှင် ဆိုနိုင်သော်လည်း ကျွန်မစိတ်ထင်တော့ ကြုံတွေ့နေရသည့် ဒုက်္ခကို အလွယ်တကူ အရှုံးမပေးဘဲ အသက်ရှင်လိုစိတ် ပြင်းထန်နေ၍ ဖြစ်ပါလိမ့်မည်။
  • ၃။       ။လွန်ခဲ့သည့်တစ်ပတ်က မိတ်ဆွေတစ်ယောက်လက်ဆောင် ပေးသည့် အမေရိကန် ဇာတ်ကားတစ်ကားကို ကြည့်ရင်း ကျွန်မ အတွေးစ တစ်ချို့ ပေါ်ထွက်လာပါသည်။ဇာတ်ကား၏ အမည်မှာ၁၂၇ံသကမျ  ဖြစ်ပြီး ဒါရိုက်တာမှာြူီ့ဥွြှုူုဥဗြျှွုန ဇာတ်ကားကို ရိုက်ကူးခဲ့ သီူနညညပ  သြပူန ဖြစ်ပါသည်။အသက်ဘေးမှ လွတ်မြောက်လာသူ တစ်ဦး၏ဖြစ်ရပ်     မှန် ဇာတ်လမ်းကို ရိုက်ကူးထား ခြင်းဖြစ်ပါသည်။ဇာတ်လိုက် မင်းသားသည် တောင်တက်သမား တစ်ဦးဖြစ်ပြီး     ကျောက်တောင် ကျောက်ကမ်းပါးများအား မှတ်တမ်းတင် ဗွီဒီယို ရိုက်ကူးရင်း  ကျဉ်းမြောင်းလွန်းသည့် ကျောက်ဆောင်နှစ်ခုကြား သို့ရောက်ရှိသွားပါသည်။သဘာဝအတိုင်း လှပနေသည့် ကျောက်ဆောင် ကျောက်တုံးများကြား တွယ်ကပ်ဆင်းနေစဉ် ကျောက်တုံးကြီးတစ်တုံးက ကျောက်ဆောင်နှစ်ကြားသို့ အပေါ်မှပြုတ်ကျလာကာ သူ၏ ညာလက်ဖ၀ါးနှင့်လက်ဖျံကို ဖိညှပ်မိသွားပါတော့သည်။နာကျင်မှုနှင့်အတူ အံ့အားသင့်သွားပြီး သူ့လက်ကို ဆွဲထုတ်ဖို့ ကြိုးစားကြည့်ပါသည်။ကျောက်တုံးကြီးကို သူ့တွင်ပါလာသည့် တောင်တက်ကိရိယာများထဲမှ ဓားဖြင့် ဖဲ့ထုတ်လိုက် လက်ကို ကြိုးစားပြီး အမျိုးမျိုးဆွဲထုတ်ကြည့်လိုက် လုပ်သော်လည်း  လွယ်လင့်တကူ မရနိုင်ကြောင်း သိသောအခါ စတင် ဖိညှပ်မိသည့် အချိန်ကို မှတ်တမ်းတင်လိုက်ပါသည်။
            ဇာတ်လမ်း၏ အမည်မှာ ၁၂၇ နာရီဆိုသောကြောင့် ငါးရက်လောက် အချိန်ကြာမည် ဟု  ထိုဇာတ်လမ်းကို ကြည့်နေရင်း ကျွန်မ ကြိုတင်တွက်ဆနေမိပါသည်။လက်ဖျံတစ်ခုလုံး ကို ဖိညှပ်ခံထားရသည့် အရှိန်ကြောင့် နာနေသော်လည်း သူ့အဖြစ်အပျက်ကို ဗွီဒီယိုမှတ်တမ်း တင် ရိုက်ကူးနေပါသည်။အဲသည့်အချိန်ထိ သူသည် လက်ညှပ်နေရုံဖြင့် မသေနိုင်ဟု တွေးမိသောကြောင့် ထင်ပါသည် သေရမည်ကို ကြောက်ရွံ့သည့် ပုံ မပေါ်သေး။နာကျင်လွန်းသည့်ဒဏ်ကို မခံစားနိုင်တော့သည့် အခါ သူ့ဘ၀တွင် ကြုံခဲ့ရသည့် ကြည်နူးစရာ အဖြစ်အပျက်များကို ပြန်မြင်ယောင်ကြည့်နေသည်။ လူ့ဘ၀၏ အခါးသီးဆုံးအချိန်တွင်ပင် ချိုမြိန် သည့် အရာကိုသာ တမ်းတတတ်သည်မှာ လူ့သဘာဝဖြစ်ကြောင်း ဖော်ပြနေသလို ခံစားရပါသည်။
         ညှပ်နေသည့်လက်ကို လွတ်မြောက်အောင် ကြိုးစားလိုက် မောပန်းနာကျင် လာသည့်အခါ ခေတ်္တနားပြီး ဗွီဒီယို ရိုက်လိုက်နှင့် သုံးရက်မြောက်လောက် ဖြစ်လာသောအခါ သေရမည်ကို အနည်းငယ်ကြောက်ရွံ့ လာပါသည်။ပါလာသည့် ရေဘူးနှင့် အစားအစာမှာ အလွန်နည်းပါးသောကြောင့် ရေငတ် သည့်ဒဏ်ကို စတင်ခံနေရပါပြီ။ကျောက်ကမ်းပါး အပေါ်ဘက်မှ လှုပ်ရှားသွားလာသည့် ခြေသံအချို့ကို ကြားမိသောအခါ အသက်ရှင်လိုစိတ် ပြင်းစွာဖြင့် အော်ဟစ်အကူအညီတောင်းနေမိပါသည်။သူရောက်နေသော ချောက်သည် နက်လွန်းသဖြင့် သူ့အသံကို မည်သူမျှ မကြားနိုင်ပါ။သူအော်ဟစ် အကူအညီတောင်းနေစဉ် သူဖွင့်ထားမိသည့် ဗွီဒီယိုကင်မရာသည် သူ့အားရိုက် ကူးထားလိုက်ပါသည်။သေငယ်ဇောကြောင့် ကြောက်ရွံ့တုန်လှုပ်နေသည့် လူတစ်ယောက်၏ ပုံကို သူကိုယ်တိုင် ပြန်မြင်လိုက်ရသောအခါ သူ့တွင် အသက်ရှင်လိုစိတ်  ပိုမိုပြင်းထန်လာပါသည်။
           ငါးရက်မြောက်နေ့တွင်  ညှပ်နေသည့် သူ့လက် မလွတ်နိုင်ပါက သူ့အသက်ပါ သေနိုင်ကြောင်း သေချာသိလိုက်မိသည့်အခါ အားကုန်ရုန်းကန်ရင်း လက်ကျိုးသွားပါတော့သည်။သူ့တွင်ပါလာသည့် ဓားသွားတုံးဖြင့် ကိုယ့်ကိုကိုယ် ညှင်းပန်းနှိပ်စက်သကဲ့သို့ ညှပ်နေသည့်လက်ကို ဖြတ်တောက် ပစ်လိုက်တော့ မှ လွတ်မြောက်သွားပါသည်။လူတို့သည် ခန်္ဓာကိုယ် အစိတ်အပိုင်း ချို့တဲ့သည်ကို ကြီးစွာသော ဒုက်္ခဟုထင်ကြသော်လည်း အသက်စွန့်ရမည့်ဘေးနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါတွင် တော့ ကိုယ်အင်္ဂါချို့တဲ့ခြင်းသည် အသေးအမွှားကိစ်္စသာ       ဖြစ်သွားတော့သည်။ “လောကတွင် အသက်ရှင်လိုစိတ်လောက် ပြင်းထန်သည့် စွမ်းအား မရှိသေး”ဆိုသည့်ထိုဇာတ်ကား၏ အနှစ်ချုပ်စာတန်းလေးကို ကျွန်မ သဘောကျမိပါသည်။
  • ၄။        ။ကျန်းမာခြင်း၏ တန်ဖိုးကို မကျန်းမမာဖြစ်နေသော အချိန်မှ သိပါသည်။သက်သောင့်သက်သာ နေရသည့်ဘ၀ကို ဆင်းရဲဒုက်္ခရောက်ချိန်မှ တန်ဖိုးထား ရကောင်းမှန်းသိပါသည်။အသက်ဘေးနှင့်ကြုံတွေ့ရချိန်မှာမှ လူသားတစ်ယောက်အဖြစ် အသက်ရှင်ရပ်တည်နေရသည့် အဖြစ်ကို အဖိုးတန်မှန်းသိကြပါသည်။တင်းပြည့် ကျပ်ပြည့်တန်ဖိုးရှိသည့် သူဆိုသည်မှာ မိမိနိုင်ငံ၊မိမိလူမျိုးအတွက် တင်သာမက လူသားမျိုးနွယ်စု တစ်ရပ်လုံးကို အကျိုးပြုနိုင်သူဖြစ်ရပါမည်။ထိုသို့ အကျိုးသယ်ပိုးနိုင်သည့် လူတစ်ယောက် ဖြစ်ရန်အတွက် အသက်ရှင်နေသည့် လူသားတစ်ဦးဖြစ်နေဖို့ အရင်လိုအပ်ပါသည်။


                                  
                                                          

                                                        
                                                 

တံတိုင်းလေလား ပေတံလား


          ကျောင်းသားတစ်ယောက် အတန်းတစ်တန်း တက်ရန်အတွက် အရည်အချင်း စစ်ဆေး ရာတွင် စာမေးပွဲဖြင့်ဆုံးဖြတ်ပါသည်။ပညာခေတ်ဟု ပြောရမည့် ယနေ့ကာလထဲတွင်လည်း အလုပ်ခွင် အတွက် အရည်အချင်းစစ်ရာတွင် စာမေးပွဲဖြင့်သာ ဆုံးဖြတ်ကြပါသည်။ထို့အပြင် အလုပ်ခွင် ရာထူးတိုး အတွက်လည်း စာမေးပွဲနှင့် လွတ်ကင်း၍ မရနိုင်ပြန်ပါ။ထို့ကြောင့် စာမေးပွဲသည် ကျွန်မတို့ ကျောင်းနေစအရွယ်မှသည် လုပ်ငန်းခွင် ထဲ ရောက်သည်ထိ ရှောင်လွှဲ၍ မရသော တံတိုင်းတစ်ခုဖြစ်နေပါသည်။တစ်နည်းအားဖြင့် ကျွန်မတို့၏ ကိုယ်ပိုင် အရည်အချင်းကို စာမေးပွဲဟူသော ပေတံဖြင့်သာ တိုင်းတာလေ့ရှိကြပါသည်။
          ကျွန်မတို့ငယ်စဉ်က လေးတန်းစာမေးပွဲသည် မြို့နယ်စစ်ဖြစ်ပြီး ရှစ်တန်းနှင့် ဆယ်တန်းစာမေးပွဲသည် အစိုးရစစ်ဖြစ်ပါသည်။ကျွန်မဘ၀တွင် စာမေးပွဲနှင့် ပတ်သက်သည့် စိတ်လှုပ်ရှားမှုသည် လေးတန်းနှစ်တွင် စခဲ့ပါသည်။မြို့နယ် စုပေါင်းရုံးကြီးတွင် တစ်မြို့နယ်လုံးရှိ လေးတန်းကျောင်းသား၊ကျောင်းသူများ စာမေးပွဲ သွားဖြေရပါသည်။သက်ဆိုင်ရာ မူလ တန်းကျောင်းအုပ်မှ ဦးဆောင်ကာ အတန်းပိုင် ဆရာ၊ဆရာမများ အုပ်ချုပ်မှုဖြင့် နှစ်ယောက်တစ်တွဲစီ တန်းစီလမ်းလျှောက်ကာ စာမေးပွဲ ဖြေရမည့်နေရာသို့ စနစ်တကျ သွားကြရပါသည်။ကျွန်မတို့သွားရာ လမ်းတစ်လျှောက်တွင် အခြားကျောင်းများမှ စာမေးပွဲလာဖြေသည့် ကျောင်းသား ကျောင်းသူများနှင့် ဆုံကြပါသည်။ထို့ကြောင့် စီတန်းသွားသည့် စည်းကမ်းပိုင်းကို ကျောင်းအချင်းချင်း မသိမသာ ပြိုင်ကြပါသည်။
          ပြီးလျှင် တန်းလုံးကျွတ်အောင်ချက်ကောင်းသည့် ကျောင်းအဖြစ် ဘယ်နှစ်နှစ်မြောက် ထိန်းထားနိုင်သည်ကို ဂုဏ်ယူစွာ ပြောလေ့ရှိကြသည်။ကျွန်မ တက်ခဲ့ရသည့် မူလတန်းကျောင်းသည် နှစ်စဉ် တန်းလုံးကျွတ်အောင်သည့် ကျောင်းဖြစ်ပါသည်။ကျောင်းအုပ် မှာ ဆရာမကြီးဖြစ်ပြီး ကျွန်မတို့ အတန်းပိုင်သည်လည်း ဆရာမ ဖြစ်ပါသည်။နှစ်စဉ် နှစ်တိုင်း တန်းလုံးကျွတ်အောင်သည့် ဂုဏ်ကို ထိန်းထားနိုင်ရန်အတွက် စာမေးပွဲမဖြေခင် တစ်လလောက်အလိုတွင် ကျောင်းသား ကျောင်းသူများကို စခန်းသွင်းထားပါသည်။အတန်းပိုင်ဆရာမအိမ်တွင် စခန်းသွင်းထားပြီး ကျွန်မတို့အတွက် ညအိပ်စရာနေရာ၊ အစားအသောက်က အစ စီစဉ်ပေးထားကြပါသည်။ကျွန်မတို့ မိဘများသည် ရံဖန်ရံခါမှသာ လာတွေ့ကြရပြီး ကျွန်မတို့ စားရေးအတွက် ပိုက်ဆံပေးရသည်ဟုလည်း မကြားမိခဲ့ပါ။တစ်ချို့တစ်လေ မိဘများကတော့ ဆန်အိတ်၊ဆီပုံး၊ငါးခြောက်များနှင့် မီးသွေးအိတ်များ ပေးသည်ကိုတော့  တွေ့ဖူးခဲ့ပါသည်။
         ကျွန်မတို့လေးတန်းဖြေမည့် နှစ်တွင် ဖြေဆိုမည့်ကျောင်းသားကျောင်းသူ သုံးဆယ်စာရင်းကို မြို့နယ် ပညာရေးမှူးရုံးသို့ ပေးပို့လိုက်ပြီးမှ ကျောင်းသူတစ်ယောက်သည် စာမေးပွဲ ဖြေဆိုကာနီးတွင် ညာလက်ဖျံရိုး ကျိုးသွားပါသည်။ညာသန်ဖြစ်သဖြင့် ဘယ်လက်နှင့်လည်း လေ့ကျင့်ရန် အချိန်မလုံလောက်တော့ပါ။ထိုကျောင်းသူ စာမရေးနိုင်၍ စာမေးပွဲ ၀င်မဖြေ ခဲ့လျှင် စာရင်းအရ လူသုံးဆယ်ရှိသည့် ကျွန်မတို့ကျောင်းသည် တန်းလုံးကျွတ်  အောင် သည် ဟု စာရင်းမထုတ်ပြန်နိုင်တော့ပါ။ထိုအခါ ကျွန်မတို့ကျောင်းအုပ်ကြီးက မြို့နယ် ပညာရေးမှူးထံသို့ ထိုကျောင်းသူ စာမေးပွဲဖြေဆိုနိုင်ရန် မည်သည့် နည်းလမ်းသုံးနိုင်သည်ကို မေးမြန်းပါတော့သည်။ပညာရေးမှူးက ဖြေဆိုမည့် ကျောင်းသူက ပါးစပ်က ပြောပေးပြီး သူ့ထက် အတန်းငယ်သည့် ကျောင်းသူတစ်ယောက် ယောက်ကို လိုက်ရေးခိုင်းလျှင် ခွင့်ပြုပေးနိုင်ကြောင်း ပြောပါသည်။ဖြေဆိုရမည့်နေရာကတော့ ပညာရေးမှူး ရုံးခန်းထဲတွင် ဖြစ်ပါသည်။ကျွန်မတို့ ကို စခန်းသွင်းထားသည့် အတန်းပိုင်ဆရာမ၏ သမီးငယ်သည် သုံးတန်းစာမေးပွဲကို ဖြေဆိုထားသူ ဖြစ်ပါသည်။ဆရာမက သူ့သမီးငယ်ကိုပါ လေးတန်းစာများ ကူကျက်ခိုင်းပါတော့သည်။
            စာမေးပွဲ ဖြေဆို သည့်အချိန်တွင်လည်း မိဘများလိုက်ပါစရာ မလိုဘဲ ကျွန်မ တို့တက် သည့် မူလတန်းကျောင်းများတွင်သာ စောင့်ကျန်ရစ်ခဲ့ကြပါသည်။ကျွန်မတို့မှာ ဖြေဆိုစရာ ခဲတံ အလုံအလောက် ရှိ၊မရှိ၊ကျွန်မတို့ ဖြေရမည့် သင်ခန်းစာတွေ ရ ၊မရ စသည့်တို့ကို ဆရာ၊ဆရာမတို့ ဘယ်လိုဆောင်ရွက်ပေးခဲ့ကြသည်ကို ကျွန်မ မမှတ်မိတော့ပါ။သေချာသည်ကတော့  ကျွန်မတို့ကျောင်း တန်းလုံးကျွတ်အောင်ခဲ့ သည်ချည်းဖြစ်ပါသည်။
          ယနေ့အခါတွင် လေးတန်းနှင့် ရှစ်တန်းသည် အစိုးရစစ် စာမေးပွဲ မဟုတ်တော့ပါ။ဖေဖော်ဝါရီလသည် အစိုးရစစ်ဖြစ်သည့် ဆယ်တန်းများမှအပ ကျောင်းသား၊ကျောင်းသူ များ စာမေးပွဲ ဖြေဆိုရသည့် လဖြစ်ပါသည်။မိဘရော သားသမီးများပါ စိတ်အလှုပ်ရှားရဆုံး လလည်း ဖြစ်ပါသည်။ယခုအခါတွင် ပညာရေးစနစ်သည်  ဃ့စေအနမ နညိ အနျအ ဟုခေါ်သည့် အခန်းဆုံးစာမေးပွဲများ ဖြေရပါသည်။ကျွန်မ သမီးတက်သည့်ကျောင်းသည် တစ်နှစ်လျှင် စာမေးပွဲ ငါးကြိမ်ဖြေရပြီး ရရှိလာသည့် အမှတ်ကို ငါးဖြင့်စားကာ နောင်နှစ် စာသင်နှစ်အတွက် အခန်းခွဲပါသည်။နောက်ဆုံးအကြိမ်ဖြေရသည့် စာမေးပွဲတွင် တစ်နှစ်လုံးသင်ကြားထားသည့် စာများ ကိုပြန်ကြည့်ရပါသည်။ထို့ကြောင့် ကျက်ရသည့်စာများသည် တခြားကျောင်းများနှင့်မတူ ပိုများသည်ဟု မိဘများကဆိုကြပါသည်။
         ကျွန်မတို့ ဖြေဆိုခဲ့သမျှစာမေးပွဲများသည်လည်း တစ်နှစ်လုံးသင်ထားသည်ကို ကျက်ရပြီး ဖြေဆို အောင်မြင်ခဲ့ခြင်းဖြစ်ပါသည်။ကျွန်မတို့ မိဘနေရာရောက်တော့မှ သူတို့ကျက် ရသည့် စာများကို များသည်ဟု ထင်နေခြင်းမှာ ကျွန်မတို့ ကိုယ်တိုင် ၀င်ကူကျက်ပေးနေရ ၍ ဖြစ်ပါသည်။ဘယ်သူက စ၍ ဘယ်ကစလိုက်သည်တော့ မသိပါ။သည်နေ့ခေတ်တွင် စာသင်ကျောင်း ၊ ကျူရှင် နှင့် ဂိုက်ဟုခေါ်သည့် စာကူကျက်ပေးသည့် သူများနှင့် ထားရှိပေးထားသော်လည်း မိဘများပါ ၀င်ပါနေကြရသည်။ကျွန်မသမီးကို ကိုယ့်အား ကိုယ်ကိုးစိတ်ရှိအောင် သင်ကြားပေးမည်  ဟု ကြွေးကြော်နေသော ကျွန်မကိုယ်တိုင်ပင် စာကူလုပ်ပေးနေမိပါသည်။
          ကျွန်မ လေးတန်းစာမေးပွဲဖြေစဉ်က စိတ်လှုပ်ရှားခဲ့ရသူမှာ ကျွန်မဖြစ်နေပြီး သမီး လေးတန်း ဖြေဆိုချိန်တွင်လည်း စိတ်လှုပ်ရှားရသူမှာ ကျွန်မ သမီးမဟုတ်ဘဲ ကျွန်မသာလျှင် ဖြစ်နေပြန် ပါသည်။ကျွန်မ စာမေးပွဲခန်းထဲတွင် ဖြေဆိုရန် ခဲတံကို မည်သူချွန်ပေးလိုက် သည်မသိသော်လည်း ကျွန်မသမီးဖြေဆိုရန်အတွက် ခဲတံများကို လိုသည်ထက် ပိုကာ အချောင်း
        နှစ်ဆယ်လောက်  ချွန်ပေးလိုက်မိပါသည်။ကျောင်းရှေ့တွင် ဖြေဆိုသူ ကျောင်းသား ဦးရေထက် လိုက်စောင့်ပေးသူ မိဘဆွေမျိုး ဦးရေက ပိုများနေတတ်ပါသည်။သားသမီးများ ကျောင်းထဲမ၀င်ခင်အချိန်ထိ မိဘများက ကူကျက်ထားသည့် စာများကို နှုတ်မှ ရွတ်ရင်း သားသမီးများကို စာနွေး ပေးနေကြသည်။စာရွတ်ပေးနေကြသည့်  မိဘများကို ကြည့်ရင်း သည်အသက်အရွယ် သည်ဥာဏ်ရည်နှင့်မှ သည်စာများက အတော်ဖြစ်နေသည်လား ဟု ကျွန်မ တွေးနေမိပါသည်။
        စာသင်နှစ်တစ်ခု၏ စာမေးပွဲကြီး ဖြေဆိုမပြီးခင် နောက်စာသင်နှစ်အတွက် ဘယ် ကျူရှင်ဝိုင်းက အစောဆုံးစနိုင်မည်ကို  စုံစမ်းကြရသည်။နွေရာသီကျောင်းပိတ်ရက်တွင် ကလေးများအတွက် ကွန်ပျူတာသင်တန်း၊အင်္ဂလိပ် စကားပြောသင်တန်း၊ပန်းချီသင်တန်း၊ စန်္ဒာရားတီးသင်တန်းနှင့် ရေကူးသင်တန်းများအတွက်လည်း စုံစမ်းကြရပြန်သည်။သင်ယူပြီးရင်း သင်ယူနေရသည့် သည်နေ့ခေတ်ထဲတွင် သမီးနှင့် ကျွန်မလည်း လိုက်ပါစီးမျောရင်း သမီးလေး
ဘ၀ တံတိုင်းများကို ဖြတ်ရမည့်အချိန် ၊အရည်အချင်းစစ် ပေတံဖြင့် အတိုင်းခံရမည့် အချိန်များကို ကျွန်မ စောင့်ကြည့်နေမိပါသည်။